ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း ငှားရမ်းမှုနှင့် ပတ်သက်ပြီး တိုင်ကြားစာ ....

နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း ငှားရမ်းမှုနှင့် ပတ်သက်ပြီး တိုင်ကြားစာ

ယခင်နိုင်ငံခြားရေး ဝန်ကြီးရုံးဟောင်း အား ခရိုနီ ကိုကိုထူး ၏ ငှားရမ်းမှုကြောင့် ပြသနာ တက်နေပါတယ်။
BOD စနစ်ဖြင့် ငှားရမ်းခွင့် ရရှိသူ ဦးတင်ထွန်းအောင် မှ ဦးရဲဝင်းအား အကျိုးတူလုပ်ငန်းအတွက် ၂၀.၇.၂၀၁၂ တွင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး ၌ အကျိုးတူလုပ်ငန်းစာချုပ်ချုပ်ဆိုပြီး ၁.၁.၂၀၁၃ တွင် ဦးကိုကိုထူး အား တနှစ်လျှင် အမေရိကန် ဒေါ်လာ 1.1 သန်း ဖြင့် ငှားရမ်းရာမှ ကတိဖျက်မှု့ကြောင့် ပြသနာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

အထက်ပါ ကိစ္စ နှင့် ပါတ်သတ်ပြီး ဦးတင်ထွန်းအောင် နှင့် ဦးရဲဝင်း တို့ ၂ ဦးထိပ်တိုက်ရှင်းလင်းရာမှ ဦးတင်ထွန်းအောင် မှ ဦးရဲဝင်း ပိုင်ဆိုင်သော မော်တော်ယာဉ် တစီး အား အလွဲသုံးစား ပြုလုပ်ထားကြောင်း တွေ့ရှိသဖြင့် ပုဒ်မ (၄၀၆) ဖြင့် အမှု့ဖွင့်ထားရာ ၂၅.၁၂.၂၀၁၃ ရက်နေ့တွင် ခရိုင်ဥပဒေရုံးမှ တရားစွဲ ဖမ်းချုပ်ရန် ညွှန်ကြားထားပါသော်လဲ ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်း မရှိပါ...။ သတင်း နှင့် စာနယ်ဇင်း မီဒီယာ ၅၀ ကျော်အား ဖိတ်ကြား တင်ပြပါသော်လဲ သတင်းအမှောင်ချထားသကဲ့သို့ ယနေ့တိုင် ထူးခြားလာမှု့ မရှိခဲ့ပါ။

ထို့အပြင် တရားစွဲဆိုကြောင်း ကြော်ငြာစာ အား ကြေးမုံသတင်း စာတိုက်မှ အထက်မှ ခွင့်မပြုဟု ဆိုတာ ပယ်ဖျက်ပြီး ငွေပြန်အမ်းခဲ့ပါကြောင်း။ မြန်မာ့အလင်းတွင်သာ ကြော်ငြာခွင့် ရရှိခဲ့ပါကြောင်း..
ဥပဒေ အထက်၌ မည်သူမှ မရှိစေရဟု ဆိုသော်လဲ အထက်အဆင့်ဆင့်မှ အမှုတွဲဖိုင်အား အချိန်ဆွဲပြီး ထုတ်ဖော်ခြင်း မရှိသည်မှာ ထင်ရှားနေပါကြောင်း နှင့် ဥပဒေ အထက်တွင် မည်သူရှိနေပါသလဲဟု မေးမြန်းဖော်ထုတ်စေလိုပါကြောင်း... တင်ပြအပ်ပါတယ်...။

ရွှေသွေးကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ ရုပ်သံ
http://www.youtube.com/watch?v=kjrhfP9_3qs