ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(ဒု) သမ္မတဦးတင်အောင်မြင့်ဦး(ရှစ်လုံး)နဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ဘယ်တွေသွား၊ ဘာတွေလုပ်နေလဲ...

ဝိုင်းပြထားတာကတော့ (ဒု)သမ္မတဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ပါ..
ဖေဖော်ရီလဆန်းပိုင်းက  (ဒု)သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ဘယ်တွေသွား၊ ဘာတွေလုပ်နေလဲလို့ မေးရပါမယ်...။ လတ်တလော သတင်းစာ မြင်ကွင်းတွေထဲမှာ ပျောက်နေတဲ့ သူတို့(၂)ဦးရဲ့ ခရီးစဉ်တွေပါ...။ ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းစာထဲမှာ ဖော်ပြပါရှိတာ မတွေ့ရသေးပါဘူး..။ သေချာတာကတော့ အင်မိုင်ခမြစ်(ခ) မေခမြစ်ပေါ်က စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ် ဆိုတာပါပဲ။
နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်ပြမယ့် ယခုခရီးစဉ် သတင်းကို စောင့်မျှော်နေပါတယ်...။ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းနေချိန်မှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို ဖော်ပြမယ်လို့ မျှော်လင့်ပါတယ်..။   မီဒီယာတွေ လက်လှမ်းမမှီနိုင်တဲ့ နေရာက အခြေအနေတွေပါ...။ ပြည်သူတွေကိုတော့ မလှည့်စားပါနဲ့လို့ ပြောပါရစေ..။ သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမယ်..။