ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့ရဲ့ ပြည်တွင်းလှုပ်ရှားမှု သတင်း.. ဓာတ်ပုံ..

ယခု ပြုလုပ်သည့် တပ်မတော်သာ အမိ တပ်မတော်သာ အဖ = NO ၊ ပြည်သူသာ အမိ ပြည်သူသာ အဖ = YES
လှုတ်ရှားမှုသည် မည်သည့်အဖွဲ့အစည်း ၊ မည်သူ တဦးတယောက် ရဲ့ ကူညီထောက်ပံ့မှုမှ မပါဝင်ပဲ မိမိတို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ကို အလိုမရှိကြောင်း လှုပ်ရှားမှုများတွင် ပြည်သူလူထုတရပ်လုံးနှင့်အတူ မျိုးချစ်တပ်မတော်သားများ၊ နိုင်ငံဝန်ထမ်းကောင်းများ နှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ အဖွဲ့အစည်းများ မှ ပူးပေါင်း ပါဝင်လာရန်အတွက် ရည်ရွယ် လှုပ်ရှားခြင်းဖြစ်ပါတယ်။ မိမိတို့ အဖွဲ့မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြုလုပ်ခြင်းသာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ၊ မည်သူတဦးတယောက်ရဲ့ လွှမ်းမိုးမှု့မှ မပါပဲ လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် စစ်အာဏာရှင် တစု ဘားတိုက်သို့ မလွှဲမသွေ ပြန်ရမည်မှာ အသေချာဟု ယုံကြည်စွာဖြင့်....

မည်သည့် စစ်အာဏာရှင်မှာ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့
www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
myayallzar@gmail.com