တောင်ဒဂုံမြို့နယ် စည်ပင်သာယာ ဥက္ကဋ္ဌဦးဇော်လွင်မှ တောင်ဒဂုံမြို့နယ် အတွင်းရှိ လမ်းများအားပြင်ရန် အထက်မှ လမ်းပြင်ဖို့ ချပေးတဲ့ ကတ္တရာပီပါများအား စက်မှုဇုံအတွင်းမှ ပုဂ္ဂလိကစက်ရုံတွေကို ပြန်လည်ရောင်းစားခဲ့ပြီး ပြင်ဆင်ပေးမှု မရှိတဲ့ အတွက်ကြောင့် တောင်ဒဂုံရှိ လမ်းများ ပျက်ဆီးနေကြောင်း ဓာတ်ပုံများနဲ့တကွ ပေးပို့လာပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်ပြီး တောင်ဒဂုံမြို့နယ် စည်ပင်သာယာရုံးသို့ မေးမြန်း စုံစမ်းနိုင်ကြောင်း ရေးသားပေးပို့လာပါတယ်...
တောင်ဒဂုံမြို့နယ် စည်ပင်သာယာ ဥက္ကဋ္ဌဦးဇော်လွင်မှ တောင်ဒဂုံမြို့နယ် အတွင်းရှိ လမ်းများအားပြင်ရန် အထက်မှ လမ်းပြင်ဖို့ ချပေးတဲ့ ကတ္တရာပီပါများအား စက်မှုဇုံအတွင်းမှ ပုဂ္ဂလိကစက်ရုံတွေကို ပြန်လည်ရောင်းစားခဲ့ပြီး ပြင်ဆင်ပေးမှု မရှိတဲ့ အတွက်ကြောင့် တောင်ဒဂုံရှိ လမ်းများ ပျက်ဆီးနေကြောင်း ဓာတ်ပုံများနဲ့တကွ ပေးပို့လာပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်ပြီး တောင်ဒဂုံမြို့နယ် စည်ပင်သာယာရုံးသို့ မေးမြန်း စုံစမ်းနိုင်ကြောင်း ရေးသားပေးပို့လာပါတယ်...မသိနားမလည်တဲ့ ရိုးသားတဲ့ ရွာသူရွာသား (၆)ဦးမှ ဝန်ထမ်းကိုယ်တိုင် လာရောက်စည်းရုံးတဲ့ အတွက်ကြောင့် ယုံကြည်ပြီး နှမ်းတွေရောင်း၊ ပဲတွေရောင်း၊ ယာတွေရောင်းပြီး ရှိစုမယ့်စု ငွေ(၅)သိန်းစီကို ဝန်ထမ်းအဖြစ် ခန့်အပ်ခံရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးအပ်လိုက်ကြပါတယ်။ နေ့ရွှေ့၊ ညရွှေ့ အလုပ်လဲမရ အချိန်တွေ ကြာလာတာနဲ့ အမျှ ဘာသတင်းမှ မကြားရတဲ့ အတွက် ငွေပေးထားတဲ့ တောင်သူ (၆)ဦးမှ မြို့ပေါ်တက်ပြီး အလုပ်ရမရ မေးမြန်း စုံစမ်းရာမှာ ထို(ဒု)ဗိုလ်မှုးကြီးကျော်ဝင်းနဲ့ စာရေးမမြမြသိန်းတို့မှ မောက်မာရိုင်းစိုင်းစိုင်း စကားများဖြင့် ဆဲရေးတိုင်းတာပြီး မောင်းထုတ်ပါတယ်။ တောင်သူတွေမှာ ရှိစုမယ့်စု ငွေလည်းဆုံးရှုံး ၊ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြောခံရ သက်ဆိုင်ရာကို တိုင်ချင်ပေမယ့်လည်း (ဒု)ဗိုလ်မှုးကြီးဆိုတဲ့ အရှိန်အဝါနဲ့ ယူနီဖောင်းကို ကြောက်ရွံပြီး တရားစွဲဖို့လည်းမလွယ် ... မြို့ပေါ်တစ်ခေါက် တစ်ခေါက်တက်ဖို့လည်း စားရိတ်စားက မတတ်နိုင် ဖြစ်နေကြောင်း.. ဆုံးရှုံးသွားတယ့် ငွေအတွက်ကော ..နောက်လူတွေလည်း ဒီလိုအဖြစ်မခံရအောင် အသိပေးစေလိုကြောင်း. ... ယခုအဖြစ်အပျက်ကို သက်ဆိုင်ရာမှ မေးမြန်းစုံစမ်း ဖြေရှင်းပေးစေလိုကြောင်း လိမ်လည်ခံရသူ တောင်သူများမှ အရှင်ဓမ္မရာဇာမှ တစ်ဆင့် ရေးသားပေးပို့လာပါတယ်။
အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
ယင်း ဗညားဒလရပ်ကွက်တွင် ယခင်က သောက်သုံးရေ တူးဖော် မရခဲ့ပါ။ ယခု ပြည်တွင်း ပြည်ပ ရေအလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှန်ကန်သော ပေးဆပ်မှုတို့ကြောင့် ဗညားဒလရပ်ကွက်တွင် သောက်သုံးရေ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ယခု ထွက်ပေါ်လာသော အ၀ီစိရေသည် ဓာတုဓါတ်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ၊ လူတို့ သောက်သုံးရန် သင့်/မသင့် တို့ကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်ထား ပြီးဖြစ်ပါသည်။
ရေးသားသူ ဥာဏ်လင်းထက်...
မကြာမှီတွင် နိုင်ငံလုံးကျွတ် ဆန္ဒပြပွဲကြီးကို တစ်ပြည်လုံးအနှံ့ ဆင်နွှဲပါတော့မည်။ ရဟန်းရှင်လူ ၊ကျောင်းသား ကျောင်းသူ များအားလုံး ပါဝင်ဆင်နွှဲကြမည်။ ယခုတိုက်ပွဲသည် မြန်မာပြည် အတွက် နောက်ဆုံး ဒီမိုကရေစီတိုက်ပွဲဖြစ်ရမည်။ အားလုံးသိကြသည့်အတိုင်း လက်ရှိအစိုးရသည် တိုင်းပြည်တိုးတက်ရေးထက် သူတို့ကိုယ်ကျိုးကိုသာ လုပ်ဆောင်နေကြသည်မှာလည်း အားလုံး အသိပင်ဖြစ်သည်။ ပို၍ဆိုးဝါးစေသည့် အချက်ကား ၎င်းတို့သည် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားသော ဘာသာသာသနာကိုပင် ဖျက်စီးရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် အာဏာယစ်မူးကာ ရဟန်းသံဃာများ၏ ဦးခေါင်းကိုပင် ရိုက်နှက်ကာ အကျဉ်းထောင်သွင်းသို့ ပို့ဆောင်ခဲ့ကြပြီဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေးကိုကြည့်လျှင် မြန်မာလူမျိုးတွေ ညီညွတ် နေကြဆဲပင်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ရိုးရှင်းသော အရာတစ်ခုကို စဉ်းစားကြည့်ကြမည် ။ မြန်မာနိုင်ငံတွင် လူဦးရေ... သန်း(၆၀)နီးပါးရှိသည်။ လက်ရှိစစ်အစိုးရ၏ အင်အားနှင့် နိုင်းယှဉ်လျှင် များစွာကွာခြားလှသည်။ ထိုသန်း(၆၀) သော ပြည်သူများအား ထောင်ချရန်ထောင်မရှိ။ အားလုံးကို သတ်ရန် ဆိုသည်ကားလည်း မဖြစ်နိုင်၊ ကျွန်ူပ်တို့ဘာကို တွေးကြောက်နေကြသနည်း ။ စည်းလုံးညီညွတ်လျှင် အောင်ပွဲခံရမည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ လူသားများ တွေးပူနေကြသည့်အကြောင်းမှာ အားလုံးမပါဝင်မှာကို စိုးရိမ်နေကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်မိမိတို့တတ်နိုင်သော တာဝန်ကို ယူကာ တိုင်းပြည်အရေးတွင် တက်ညီ လက်ညီ ပါဝင်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
ကျွန်ူပ်တို့သည် မည်သူကိုမှ မုန်း၍မဟုတ် ။ စနစ်ဆိုးတစ်ခုကို တိုက်ထုတ်ခြင်းပင်ဖြစ်သည်။ မြန်မာပြည်သည် ယခုတိုက်ပွဲမဆင်နွှဲပါက နောင် ၁၀ နှစ်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်မည်။ တိုင်းသူပြည်သားများ၏ ၅၀% သည် ထမင်းနပ်မှန်အောင် မစားနိုင်ကာ ကျောင်းသူကျောင်းသားများ၏ ၅၀% သည် အလယ်တန်းပညာကို သာ သင်ကြားနိုင်မည်ဖြစ်သည်။ နောင်လာမည့်မျိုးဆက်များ ကျွန်ူပ်တို့ကဲ့သို့ မခံစားကြစေရန် ကျွန်ူပ်တို့တွင် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းသူပြည်သားတိုင်းသည်.... မြန်မာနိုင်ငံရေးနှင့် သက်ဆိုင်သည်။ မိမိတာဝန်ကိုမိမိ မယူနိုင်ခဲ့လျှင် နောင် တွင် သင်တို့သည် နေ့စဉ်နေ့တိုင်း နောင်တရကာ ကြီးစွာသော ဒုက္ခတို့ကို ခါးစည်းခံရမည်ဖြစ်သည်။ ကျွန်ူပ်တို့ ညီညွတ်လျှင် မကြာခင်အချိန်တွင် တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့တတ်နိုင်သော တာဝန်ကို ညီတူညီမျှယူကာ လူအခွင့်အရေး တိုက်ပွဲအတွက် တိုက်ပွဲဝင်ကြပါဆို့လို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ကျွန်ူပ်အကြံပေးလိုသည်မှာ ကျောင်းများတွင်လည်း ကျောင်းသားများသည် မိမိတို့နီးစပ်ရာကို စုစည်းအင်အား ယူထားကြပါ။ ပြည်သူလူထုသည်လည်း မိမိတို့နီးစပ်ရာကို စုစည်းကာ အားမွေးထားသင့်သည်။ ရဟန်းသံဃာများ နှင့်ရှင်သာမဏေများသည်လည်း ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ပင် ပြည်သူများ၏ ဒုက္ခကို ကူညီဖြေချင်းပေးကြပေလိမ့်မည်။ သတ်မှတ်သော နေ့ရက်များတွင် သတ်မှတ်သောနေရာကို ညီညွတ်စွာဖြင့် အရောက်ချီတက်ကာ တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို ကြွေးကြော်သံများဖြင့် ချီတက်ကြကာ အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့် တိုက်ထုတ်ကြပါစို့။
ဥာဏ်လင်းထက်
ပေးပို့လာသူ ဗမာ့သွေး...
နာရေးကူညီမှုအသင်း(ရန်ကုန်
ဦးကျော်သူအား ကျေးဇူးတင်ပါသည်......
ဓာတ်ပုံ ...ပေးပို့လာသော ကိုမျိုးဆန်းဦးနှင့် သူငယ်ချင်းများအား ကျေးဇူးတင်ပါသည်။
ကိုဒီမိုရေ ရန်ကုန်မှာ ခုရက်ပိုင်း မီးကတော့ ပြန်ပျက်နေတယ်အစ်ကို.... အရင်ရက်တွေက အသေးစား စက်မှုလုပ်ငန်းလေးတွေကို မီးခဏဖြတ်လိုက်ပြီး... ပေးတော့ မီးကနဲနဲမှန်တယ်။ အခု အသေးစားက အော်တော့ မခံနိုင်တော့ဘူးလေ... သူတို့ကို ပြန်ပေးတော့.... နဲနဲပြန်ပျက်ပြန်ကော ပြသာနာက ဖြေရှင်းပုံ ဖြေရှင်းနည်း မှားနေတာပဲ... ဒီလောက် သောက်သုံးမကျတဲ့ ဦးနှောက်နဲ့ ဒီလောက် ခံနေရတာကတော့ ရှေးဘ၀ ကုသိုလ်ကံ အကြောင်းပဲ ဖြစ်မယ်ထင်တယ်။ မြန်မာပြည်မှာ ဖြေရှင်းပုံ ဖြေရှင်းနည်းမှားတွေကြောင့် ပြည်သူတွေမှာ ဆင်းရဲတွင်းနက် သထက် နက်တဲ့ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေရတယ်ဆိုတာ သူတို့မသိတာလား မသိချင်ဟန်ဆောင်နေလား တမင်လုပ်နေတာလား... ဒါမှမဟုတ် လုပ်စရာနည်းလမ်းမရှိလို့ ချောက်မှန်းသိလဲခုန်ချ နေကျတာလား.....။ အမှားကြီးတွေကို လုပ်ပြီး အဲဒီအမှားကြီးတွေကို မှန်ပါတယ်လို့ ထောက်ခံခိုင်း လိုက်လုပ်ခိုင်းနေကျတယ်...။ ပြည်သူမှာလဲ လက်နက်မိုး ထားတော့ အမှားတွေကို မှန်ပါတယ်လိုက်လုပ်.... အဲဒီအမှားတွေကိုပဲ ဆက်မှား
ဖုန်းမျိုးစုံရှိသောနိုင်ငံ ဖုန်းသာထုတ်ပေးနေတယ်။ လိုင်းကျတော့ မကောင်းဘူးဆိုတော့..။ ဒီဖုန်းကြီးကိုင်ပြီး ဘာလုပ်တော့မလဲ... ဖုန်းကလဲ နယ်မြေကန့်သတ်မှုတွေနဲ့ သုံးရတော့ ဆက်သွယ်ရေးစနစ် ဘယ်လိုလာပြီး တိုးတက်တော့မလဲ.. နှစ်တွေသာကြာသွားတယ်...။ ဆက်သွယ်ရေးလုပ်ငန်း ကတော့ဒီတိုင်းပဲ... တိုးတက်မလာဘူး။ ဖုန်းအလုံးရေများလို့ တိုးတက်တယ် ပြောမရဘူး....။ အလုံးရေများပြီး သုံးမရတာ..အဆင်မပြေ တာတွေရှိနေတာ... ။ ဒါတွေကို မပြင်ဆင်ပဲ ရှေ့အတင်းတက်နေတယ်။ နေပြည်တော်မှာ ကမ်းရိုးတန်းဖုန်းပဲရတယ်။ ကျန်တဲ့ဖုန်းသုံးမရဘူး.... ဖုန်းကိုင်တဲ့ သူကရန်ကုန်မှာ GSM ကိုင် နေပြည်တော်သွားရင် ကမ်းရိုးတန်းကိုင်... ရန်ကုန်ပြန်လာတော့ GSM ပြန်ကိုင် ဒီလို ဆိုတော့ ဆက်သွယ်ရေးစနစ်ကြီး တိုးတက်လာပြီ.... လို့ပြောရမလား တိုးတက်ပြီး... ဆုတ်ယုတ်တယ်ပြောရမလား။ ကောင်းလိုက်တာ... မှားနေတာကြီးကို မပြင်နိုင်ဘူး...။ ဆက်မှားနေတယ်.... အိတ်ချိန်းလား ဖုန်းလား... ရှေ့ဝန်ကြီးက celluler ... နောက်ဝန်ကြီးက cdma.. နောက်ထပ်ဝန်ကြီးက GSM နောက်ထပ် နောက်ထပ်က ကမ်းရိုးတန်း ...အခုနောက်တစ်မျိုး...cdma 480 cdme 800 ဆိုလား ၉၀၀ ဆိုလား..။ ကဒ်ဖုန်းကလည်း တစ်လတစ်ခါနော်။ ဒီကြားထဲ အင်တာနက် ဖုန်းတွေရှိသေးတယ။ ကဒ်ဖုန်းက gsm ထဲမှာပါတယ်...။ ဘယ်နိုင်ငံမှ မရှိဘူးထင်တယ်...။ အဲဒီတော့ ဘယ်ဖုန်းကိုကိုင်ကျမလဲ.....။ ဒါ တောင် cdma အထိုင်ဖုန်းရှိသေးတယ်...။ ၇နဲ့စတာ ကြိုးဖုန်းထဲမှာ digital နဲ့ analog ၂မျိုးရှိတယ်။ အင်တာနက်ဖုန်း ရှိသေးတယ်။ ipstar sattallite phone.... ၄၄ နဲ့စတာတွေ..... ADSL internet service ကနေ။ သုံးတဲ့ဖုန်းဆိုတာ ရှိသေးတယ်။
စည်ပင်သာယာရေးကော်မတီ ပေါ်တက်မယ်.. အလုပ်ကိစ္စရှိတယ်ဆိုရင်... မပုတင်ပါမှ.. ။ မပုတင်မပါရင် ဂိတ်ကကောင် ၂၀၀ တန် ၅၀၀တန် တစ်ရွက်ပေးတက်သွား။ အပေါ်ရောက်ရင် ပေါ်တင်ညှိလို့ရတယ်။ ကူညီပေးပါပြောလိုက်.. ကူညီပေးတယ်။ ဘယ်လောက်ဈေးနဲ့ ပေါ့ဗျာ... လူကြီးနဲ့ဈေးတည့်ရင် အောက်ခြေမှာ ကိုယ့်စာရွက်စာတမ်း မြန်မြန်ရွေ့အောင်.... စားပွဲတစ်ခု ကို ၃၀၀၀ လောက် ထပ်ပေးရတယ်။ ဖင်ခြင်းပေါက် စားပွဲတွေပေါ်မှာ ကိုယ့်စာရွက်တွေကို လိုက်ရွေ့နေရတာ။ ဒီကြားထဲမှာ မိတ္တူဖိုးကတော့... unlimited... တော်ကြာနေ မိတ္တူပေးအုံး.... နောက်တစ်ခါ မိတ္တူပေးအုံး။ နောက်နေ့လာမိတ္တူပေးအုံး...မော်တော်ယာဉ် လိုင်စင်ဝင်ရင်လဲ ဒီလိုပဲ... ကားကိုဝင်းထဲ မောင်းဝင်သွား.. ဖောင်ဝယ်... အကျိုးဆောင် ဆိုတာရှိတယ်။ သူတို့သတ်မှတ် ပေးထားတာ...အဲဒီကောင် လက်ထဲ ဖောင်ထည့်ပေးလိုက်.. သူက အကုန်ဖြည့်ပေးတယ်။ သူ့ကို သတ်မှတ်ထားတဲ့ ၀န်ဆောင်ခပေးလိုက်... လက်ဖက်ရည်ဖိုး ထည့်ပေးရတယ်။ မပေးရင် မကြည်ချင်ဘူး ...ပြီးရင် မိတ္တူကတော့ ပိုးစိုးပက်စက်စွဲ ..ဂျာနယ်တွေဝယ်... မ၀ယ်မနေရ ပိုက်ဆံသွင်း။ ပိုက်ဆံသွင်းရင် လက်ဖက်ရည်ဖိုး ထည့်ပေး..ယာဉ်စစ်ရင်လဲဒီလိုပဲ..ယာဉ်မစစ်ခင် ခဲခြစ်ရတယ်...ကားအင်ဂျင်မှာ နံပတ်ပါတယ်။ ဘော်ဒီမှာနံပါတ်ပါတယ်...အဲဒါကို ခဲသားလေးနဲ့ စာရွက်နဲ့ခြစ်တာ..။ အဲဒီလူကို ၁၀၀၀လောက်ပေး ငွေသွင်းကတည်းက ၀န်ဆောင်မှု အားလုံးအတွက် ပါပြီးသား.. ဒါက လက်ဖက်ရည်ဖိုး.. ထုံးစံ ပြီးရင် ကားစက်ဖုံးလှန်ထား... အင်ဂျင်နီယာလာစစ်မယ်။ ကားအပေါ် မှုတည်ပြီးတော့... ၃၀၀၀ ကနေ တစ်သောင်း.. အဲထက်ပိုရင်လဲပိုမယ်။ ကားမီးခိုးထွက်နေလား... ဘော်ဒီစုတ်ပြတ်နေလား။
မီးအစုံလင်းလား..... အင်ဂျင်ကောင်းလား... အဲဒါတွေစစ်တာ.။ များသောအားဖြင့် ကားကိုကြည့်လိုက်တယ် ..လီဘာနင်းခိုင်းတယ်.. နောက်ဖင်သွားကြည့်တယ်။ မီးခိုးထွက်ရင် သွားလုပ်ခိုင်းတယ်... ဒါက သာမာန်ပေါ့။ စောစောက လက်ဖက်ရည်ဖိုး ပေးထားတဲ့အပေါ်မှုတည်တယ်။ အိုကေရင် ... သူက လီဘာတစ်ချက်လောက် နင်းခိုင်းမယ်။ ပြီးရင် မကြည့်ဘူး...စစ်ဆေးချက်မှတ်တမ်းကို ဖြည့်နေမယ်။ မျက်နှာလွဲနေတယ်ပေါ့ဗျာ.... ပြီးရင်သူအောက်က လက်မှတ်ထိုး.. နောက်တစ်နေရာသွား။ နေရာတိုင်းတိုင်းမှာ လက်ဖက်ရည်ဖိုးပါမှနော်.... မပါရင်ငြိုငြင်တယ်..။ လက်မှတ်မထိုးပေးဘူး ...
မြန်မာ့ရေနံက ဓာတ်ဆီဒီဇယ် ဘောက်ဆာကားတွေ... ဒါရုံးကားတွေ... တံဆိပ်လဲပါတယ်။ အစိုးရကားပေါ့.. မရဘူးနော်။ ယာဉ်ထိန်းရဲက တားလိုက်တာနဲ့ ၅၀၀ပဲ.. ဘာမှလဲမဆိုင်ဘူး။ မဆိုင်လဲဆိုင်တယ်... ဒါထုံးစံပဲ ...ပေးရတယ်။ အဲလိုအချင်းချင်း ပြန်ခုတ်နေမှတော့... ဘယ်လာ ကောင်းတော့မှာလဲ။ ဒါတွေက ကြာတော့ ခေါက်ရိုး ကျိုးသလိုဖြစ်နေပြီ။ ဘယ်သူမှ ဒါမျိုးကို အထူးတစ်လည် မပြောတော့ဘူး... ။ ပေးလိုက်တာပဲ ထုံးစံဖြစ်သွားပြီ။ ခေါင်ကမလုံတော့ ဘယ်မှာလုံတော့မှာလဲ စိတ်ဓာတ်တွေ.. ပျက်ပြားကုန်ပြီ.. အကိုရေ နောက်မှ ပြည်တွင်းသတင်းမှန်တွေ ထပ်ပို့ပါဦးမယ်။
KSL မှပေးပို့လာပါတယ်။
တကယ် စစ်မှန်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရ တက်လာရင်တော့ ခံပေတော့ပဲ..။ တိုင်းပြည်က လူတွေရဲ့ စိတ်ဓာတ်တွေကို အကုန် ဖျက်ဆီးပစ်လိုက်ပြီလေ... ဒီသံသရာထဲမှာ လည်နေအောင် တမင်ဖန်တီးပေးထားတာပါ... တစ်ယောက်နဲ့ တစ်ယောက် အာဏာပိုင်တွေ မျက်စိဒေါက်ထောက် ကြည့်စရာမလိုပဲ... အပြန်အလှန် အားလုံးရဲ့ လာဘ်စားမှု ကွင်းဆက်တွေကို ချိတ်ထားတာလေ...။ ကမ္ဘာနဲ့ ယှဉ်ရင် ကျန်တာတွေတာ မထူးချွန်ရင်နေမယ်... မကောင်းတဲ့နေရာမှာ တော့ No .. 1to 10 ကတော့ ပြေးမလွတ်ပါဘူး... ဘယ်လောက်တောင် လာဘ်စားလဲဆို အသိဂျပန်တစ်ယောက် မြန်မာပြည် သွားလည်တာ ပြန်လာတော့ ဒေါနဲ့မောနဲ့ ဖြစ်ပြီး ပြန်လာတယ်လေ။ စရောက်ရောက်ခြင်း ရန်ကုန်လေဆိပ်မှာ ကာစတန်က စပြီး ဒုက္ခပေးတာ ခံရတာ... ဒီကယူသွားတဲ့ သူသောက်နေကျ ဆေးလိပ်ကို မျက်နှာပြောင်တိုက်ပြီး လေဆိပ်မှာ ပေးခဲ့ပါလို့ တောင်းတယ်တဲ့။
ဒီထက်ဆိုးတာကတော့ ရန်ကုန်က အပြန်လေဆိပ်မှာ အိမ်သာသွားမလို့ အိမ်သာထဲဝင်တော့ စက္ကူလိပ်ကို အပေါက်စောင့်က ကိုင်ထားပြီး သူ့ဆီက One Dollar ဆိုပြီးတောင်းပါတယ်တဲ့.. အဲ့ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်ပြီး ပြန်လာခဲ့တဲ့ အခါဒေါကြီးမောကြီးနဲ့ ဒီလိုနိုင်ငံတကာလေဆိပ်မှာ ဒါမျိုး မဖြစ်သင့်ဘူးဆိုတဲ့ အကြောင်း နိုင်ငံတကာ လှည့်လာတာ ဘယ်နိုင်ငံမှ မရှိဘူးဆိုတဲ့အကြောင်း.. ဒီကိစ္စကို မင်းတို့ပြောသင့်တယ်.. ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ပြန်တော့ ပြောလိုက်ပါတယ်.. သွားချင်ဦးလို့ တိုင်းပြည်မှာ အကြီးအကဲဆိုတဲ့ စစ်အာဏာရှင်တွေ လခ ဒေါ်လာတစ်ထောင်လောက်နဲ့ သိန်းပေါင်းများစွာ ချမ်းသာနေတာ..။ ဘယ်ကရတယ် ထင်ပါသလဲလို့ .. အိမ်သာစောင့် ကစက္ကူလိပ် ပြပြီးတောင်းတာ တော်သေးတယ်လို့ ဒီအာဏာရှင်တွေက လူမမြင်၊ သူမမြင် လူမသိသူမသိပဲ ခိုးယူသွားတာ ကပိုဆိုးတယ်လို့ ...စာရင်းမရှိ အင်းမရှိနဲ့ တိုင်းပြည် ဘဏ္ဍာတွေကို ထင်တိုင်းကြဲပြီး လက်နက်ပြပြီး ဓားမြတိုက်နေတာက အနှစ် ၅၀ပြည်တော့မယ်ဆိုပြီး ပြောပြလိုက်ရပါတယ်။ ဒီစံနစ်ဆိုးကြီး ရှိနေသရွေ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့လူမျိုးတွေ ကမ္ဘာ့အလည်မှာ ဒီထက်ပိုပြီး သိက္ခာကျဖို့ပဲ ရှိပါတော့တယ်..။
အောက်မှာယခင်တင်ထားတဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ အဓိပ္ပါယ်မရှိ ကိုးရိုးကားရားနိုင်လှတဲ့ လုပ်ဆောင်ချက်များ...(ဗီဒီယို). ပို့စ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
နောက်ထပ် ကမ္ဘာ့ အံ့ဘွယ် ဖယောင်းတိုင်မီးနဲ့ စက်မှုနိုင်ငံထူထောင်ပုံ...၊ သတင်းစာထဲမှ လျှပ်စစ်မီးအပြည့်အဝ ရနေပုံ. ၊ အချိန်လိုက် လျှပ်စစ်မီးပေးပုံ... ကလေးများကျောင်းမှာ အိမ်သာဆောက်လုပ်နေပုံကို ဗိုလ်ချုပ်ကြီးများစစ်ဆေးနေပုံ၊ မည်သည့်နိုင်ငံမှမရှိတဲ့ ဥပဒေများ၊ အပြစ်မရှိသူတွေက အကျဉ်းချခံနေရပြီး အပြစ်ရှိသူတွေက တိုင်းပြည်ခေါင်းဆောင်နေပုံ၊ ဦးခေါင်းမပါပဲ ၂၁နှစ်ကျော်ကြာအုပ်ချုပ်နေပုံ၊ အစရှိတဲ့ အကြောင်းအရာတွေကို ဆက်လက် ရိုက်ကူးဖော်ပြပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ကျွန်တော်ရဲ့ မွေးသက္ကရာဇ်က 1962
ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်မွေးဖွားနှစ်နဲ့ဆို
တစ်ထပ်တည်း ဖြစ်တဲ့နှစ်ပေါ့
ကျွန်တော်က လူ့လောကကြီးထဲရောက်စ
အူဝဲအူဝဲလို့ သံကုန်ဟဲပြီးအော်ဟစ်ချိန်
ဗိုလ်နေ၀င်းအစိုးရက
"သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်
တဲ့တဲ့ပစ်တာ သေနတ်ဆိုပြီး"
ပြည်သူကိုပစ်သတ်လို့ အာဏာသိမ်းချိန်ဟာ
တစ်ချိန်ထဲပဲ ဖြစ်ခဲ့တယ်လေ။
ဒါကြောင့် ကျွန်တော်ရဲ့ ဖွားဖက်တော်အဖြစ်ဟာ
အာ၊ဗော၊ကာ၊ယ၊ဆံ၊ရွှေ၊ကဏ်-မဟုတ်
သူယုတ်မာစနစ် အာဏာရှင်စစ်သာဖြစ်ခဲ့တယ်
အာဏာရှင်စနစ်နဲ့ဘက်ပြိုင်မွေး
ကျွန်တော့ကိုလည်း အာဏာရှင်လေးဖြစ်အောင်
ဒီစနစ်ဆိုးကြီးက ပို့ဆောင်ပေးခဲ့တယ်
ကျွန်တော်ရဲ့ မသိနားမလည် အသိမကြွယ်သေးတဲ့
ပကတိဖြူစင်တဲ့ နှလုံးသားဟာ
ဒီစနစ်ဆိုးရဲ့အရောင်ဆိုးပေးမှုကြောင့်
ရတာမလို လိုတာမရရင်
သံကုန်ဟစ်ဆို အော်ဟစ်ငိုပြီး
ဆဲဆိုကြိမ်းမောင်းခဲ့တယ်။
အာဏာရှင်စနစ်ကိုဖက်တွယ်ရစ်
ကိုယ့်ကိုယ်ကို ဟုတ်ပြီအထင်နဲ့ပေါ့
ငါမှငါ ငါသာလျှင်ပဓာန
ငါ့အောက်ငယ်သူ ငါ့ရွယ်တူနှင့်
ဂုဏ်ဝါကြီးသူဆိုတာ
ဗလာနတ္ထိ ငါမသိဘူး
ငါခေါ်ရင်လာ ခိုင်းတာလုပ်
ခံမပြောနဲ့ ခွေးဖြစ်သွားမယ်
အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး
ဝေဖန်ချက်တွေ ငါနားမလည်
ငါနားလည်တာငါကောင်းစားဖို့
ငါကလွဲရင် တစ်ခြားသူပင် လူမထင်ခဲ့ဘူး
ဒီလိုနဲ့ တဖြည်းဖြည်းကြီးပြင်းရစ်လို့
မျက်စိကိုဖွင့် နားကိုစွင့်ရစ်
စာတွေကို ဖတ်မှတ်ပစ်ကာ
ကိုယ့်ကိုယ်ကိုစမ်းစစ်ဝေဖန်လှစ်တော့
ငါဟာ-လူမှဟုတ်ပါ၏လော
ရလာတာကလူ့အဖြစ်
လုပ်နေတာတွေကလူမဆန်အာဏာရှင်ဆန် ပြီးဘီလူးတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနဲ့
ရိုင်းချင်တိုင်းရိုင်းလာတဲ့နှစ်ကို
လက်ချိုးလို့ တွတ်ရေစစ်တော့
တိုင်းပြည်အုပ်ချုပ် အာဏာရှင်မျိုးယုတ်တွေဆိုတဲ့
အာဏာရှင် ဘိုးအေဂျပိုးကြီး ဗိုလ်နေ၀င်း
လူတွေကို သန်းချီသတ်တဲ့ ဗိုလ်စိန်လွင်
ရူးကြောင် မှုးကြောင် ဒေါက်တာမောင်မောင်နဲ့
စောမောင် စန္ဒာဝင်းရဲ့ ကြိုးဆွဲရာကရတဲ့
ဗိုလ်သန်းရွှေ မောင်အေး ခင်ညွှန့်တို့ရဲ့ ဘ၀ဆိုပြီး
ပြောင်းလွှဲလာလိုက်တာ
ငါနဲ့ငါ့နိုင်ငံရဲ့ အာဏာရှင်သက်တမ်းဟာ
လေးဆယ်ကျော်လို့တစ်နှစ်တောင်စွန်းခဲ့ပြီပဲ
တိုင်းပြည်အုပ်ချုပ်မျိုးယုတ်အာဏာရှင်တွေက
ထင်ရာစိုင်း
တိုင်းပြည်အစေခံဝန်ထမ်းတွေက ထင်ရာနှံ့လို့
ငါတို့ တိုင်းပြည်မှာလည်း
နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးဟွးရေး အစရှိတဲ့အရေးတွေနဲ့
တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဟန်တွေလည်း
ဘာတစ်ခုမှ မကျန်တော့ပါလား
ဒီလိုသာဆက်ပြီး အာဏာရှင်ဆန်ကြရင်
မြန်မာဆိုတာ ဘယ်လိုဟာကို
မြန်မာလို့ခေါ်တာလဲလို့
မေးရမလိုဖြစ်တော့မည်။
မြန်မာဆိုတာ ကမ္ဘာမှာ
ချာတိချာတာနဲ့ရပ်တည်လာခဲ့တာမဟုတ်
ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ တင့်တင့်တယ်တယ်နေခဲ့တဲ့လူမျိုး
ဒါကို-ပုဂံကရှေးဟောင်းစေတီပုထိုးနဲ့
ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာအစစ်တွေက
သမိုင်းအဖြစ် သက်သေပြရစ်ခဲ့တယ်မဟုတ်လား
ရှေးခေတ်က မြန်မာတွေရဲ့ လက်ရာဟာ
ကမ္ဘာက လူတွေကို အံ့သြလောက်အောင်
အဆန်းတကြယ်အဖြစ်နဲ့ ကျန်ရစ်အောင် လုပ်နိုင်ခဲ့တယ်
ငါတို့နိုင်ငံ တိုင်းတစ်ပါးသူထံ
ချုပ်ချယ်ခံရပေမယ့်
တို့နိုင်ငံရဲ့ ရှေးခေါင်းဆောင်ကောင်းတွေကြောင့်
မြန်မာရဲ့ ယဉ်ကျေးမှုဂုဏ်ဟန်တွေဟာ ဘာတစ်ခုမှ မချွတ်ယွင်းခဲ့ပါဘူး
ကိုယ့်တိုင်းပြည်ကို
ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးရအောင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တွေက
အသက်သွေးချွေးခန္ဓာကိုယ်စတေးပြီး
လွတ်လပ်ရေးကို ရယူပေးခဲ့တယ်လေ။
အခုတော့ အာဇာနည်ခေါင်းဆောင်တွေ
ယူပေးခဲ့တဲ့ လွတ်လပ်ရေး
ဘယ်ဆီထွက်ပြေးလို့ သွားခဲ့ပြီလဲ
အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ
ကျောင်းသားသမဂ္ဂအသင်း
ဝိုင် အမ် ဘီ အေ အသင်း
ဂျီ စီ ဘီ အေ အသင်း
အမျိုးသမီး ကုမ္မာရီအသင်း
စသည့် နိုင်ငံရေးအသင်းတွေ
အစာငတ်ခံ ဆန္ဒပြမှုတွေဟာ
လွတ်လပ်ရေးမရခင်မှာ
လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်
အခုလွတ်လပ်ရေးရလို့
အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ
ကျောင်းသားသမဂ္ဂအသင်း
ရဟန်းပျို သမဂ္ဂအသင်း
စသည့်နိုင်ငံရေးအသင်းတွေနဲ့
အစာငတ်ခံ ဆန္ဒပြခွင့်ဆိုတဲ့
လွတ်လပ်ရေးဟာ ဘယ်ကိုထွက်ပြေးရစ်ခဲ့ပြီလဲ။
အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ
မြန်မာနိုင်ငံရဲ့ ပညာရေးကို
ကမ္ဘာက အထင်မသေးဝံ့ခဲ့ဘူး
ကမ္ဘာရဲ့ အုပ်ချုပ်ရေး ကုလသမဂ္ဂရေးဌာနမှာ
အတွင်းရေးမှုး မြန်မာဦးသန့်ပါဆိုပြီး
ခေါင်းဆောင်ကောင်း မွေးထုတ်လို့
ကမ္ဘာကတောင်မြန်မာကို လက်ဖျားခါခဲ့ရတယ်ဟုတ်လား
လွတ်လပ်ရေးရစ အချိန်ခါ သမယမှာ
အာရှမှာ မြန်မာက အစစအရာရာသာခဲ့လို့
အာရှရဲ့ စံပြနိုင်ငံဖြစ်ခဲ့တာကို
နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်
မြန်မာကိုမီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ရဲ့စကား
စင်္ကာပူမှာရှိတဲ့ Rangoon Road
Burmese house ဆိုတဲ့ မြန်မာနာမည်တွေက
သမိုင်းအဖြစ်သက်သေ ကျန်ရစ်နေခဲ့တယ်ဟုတ်လား
ဒီလို ကမ္ဘာမှာ မြန်မာဟေ့လို့
မော်မော်ကြွားကြွားတင့်တင့်တယ်တယ် နေနိုင်ခဲ့တာကို
အာဏာရှင် ဗိုလ်နေ၀င်းနဲ့ နောက်ပါလူတစ်စုရဲ့
ယုတ်မာကောက်ကျစ် ချိုးဖျက်ပစ်ခဲ့တာကြောင့်
အခုတော့ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး
အားလုံးပျက်စီး ရစ်ခဲ့ပြီ
အာဏာရှင် စနစ်ဆိုးဟာ
နိုင်ငံအတွက် ကောင်းကျိုးမပေး
ဆိုးကြိုးတွေကိုသာ ဆက်တိုက်ပေးနေခဲ့တယ်
မြန်မာအချင်းချင်း သွေးစည်းရမှန်းမသိ
ဘာမသိ ညာမသိနဲ့ အချင်းချင်းပြန်ချပစ်ခဲ့လို့
အားလုံးလဲ သွေးချောင်းစီးရစ်ခဲ့ရပြီလေ။
ရှုးတိုက်တိုင်း မကိုက်ကြပါနဲ့
ရှုးတိုက်လို့ ကိုက်တာလူမဟုတ်
ခွေးတွေရဲ့ အလုပ်ပါ။
သင်ဟာ လူလား ခွေးလား
လူဆိုရင် လူအလုပ်ကိုလုပ်ပါ
ခွေးအလုပ် မလုပ်ပါနဲ့
မေလ (၃၀) ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက်
ဒီပဲယင်းကို ခရီးထွက်ခဲ့စဉ်က
နိုဘယ်(လ်) ဆုရှင် အောင်ဆန်းစုကြည်သခင်နှင့်
ဒီမိုကရေစီလိုလား ပြည်သူများကို
ဇွတ်အတင်း အဓမ္မမုဒိန်းကျင့်ကာ
ရက်စက်စွာ သက်ဖြတ်ပစ်ကြ
ပြီးတော့မှ မလုပ်ရပါဘူးလို့ ကမ္ဘာကိုညာ
သင်တို့ရဲ့ မသမာတဲ့မာယာတွေကို
ရပ်တမ်းက ရပ်ပစ်ကြပါတော့
အို ... ပြည်သူအပေါင်းတို့
ဒို့နိုင်ငံအတွက် ကောင်းကျိုးမပေး
ဆိုးကျိုးတွေဆက်တိုက်ပေးနေတဲ့
စစ်အာဏာရှင်စနစ်ဆိုးကြီးကို
သင်ဟာလူပီသလို့ လူစင်စစ်ဖြစ်တယ်ဆိုရင်
ဆရာတော် သံဃာတော်များ
ဆရာ/ဆရာမ ကျောင်းသား ၀န်ထမ်းများနှင့်
ပြည်သူလူထုအားလုံးပေါင်းစုပြီး
အာဏာရှင် ဒီစနစ်ဆိုးကြီးကို
ကျူပင်ကိုနုတ် ကျူငုတ်မကျန်
တွန်းလှန်ပစ်ကြပါလို့ တိုက်တွန်းရင်း . . .
မင်းသုည ကွမ်းခြံကုန်း
ဘုန်းဘုန်း King Zero အားကျေးဇူးတင်ပါသည်။








.jpg)
