ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း..

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း..
(Messenger News Journal)
 
မေး။ ။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ် ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုးဆက်ကျောင်းသား တစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင်... ပါသလဲ။

ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ်စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့် ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင် တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန် တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။

မေး။ ။အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင်ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော်ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင် လည်း ညှိနှိုင်းတိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် ဘာတွေရှိလာနိုင်လဲ။

ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန် တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။

ကျွန်တော် အစိုးရသတင်းစာထဲမှာပါတဲ့ စကားလုံးတွေကို ပြောချင်တယ်။ ကျွန်တော် တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။

ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့်အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။

ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကိုလည်း ကျွန်တော်တို့ ကာကွယ်တာဆီးရမှာဖြစ်သလို ရိုဟင်ဂျာ အရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ်ဘာသာဝင်တွေကို စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်း သတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုခံယူချက်မျိုးထားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစားလိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့်တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမနာခံကြမယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။  မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီး ဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။

အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ်က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။

အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရမဲ့ နိုင်ငံရေးသမားစိတ်ဓါတ်ပဲ။

ဓာတ်ပုံ.. (Reuters) ဇွန်လ(၅)ရက်နေ့က ဆူးလေရှေ့က အစ္စလာမ်ဘာသာဝင်များရဲ့ ဆန္ဒပြမှုအတွင်းမှာ လာရောက် ဖျန်ဖြေပေးနေတဲ့ ကိုမြအေး

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..

“၀ီရသူ” သဘောထား (၃/၇၄)

by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 9:24pm ·
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော် ကြေငြာအပ်ပါသည်။ (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

          (ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။

          (ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။

          (ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။

          (င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။

          (စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။

          (ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန် သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။

          (ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။

          စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘော ကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။

          (ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။

          (ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည် အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။

          မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။

          ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ၀ိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံ တောင်းပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
Email- wirathu2012@gmail.com 

တာမွေမြို့နယ် အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်နှင့် အဖွဲ့ချုပ်အလံစတေကာ ကပ်ထားသော ကား ၂စီး ဖျက်စီးခံရ...

တာမွေမြို့နယ်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်နှင့် အဖွဲ့ချုပ်အလံ စတေကာ ကပ်ထားသော ကား ၂စီး ဖျက်စီးခံရ

သတင်း.. by Myanmar Mediamm on Tuesday, June 5, 2012 at 5:26pm
တာမွေအဖွဲ့ ချုပ်ရုံးဆိုင်းဘုတ် အားမြင်တွေ့ရစဉ်

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်အား အုတ်ခဲပိုင်းဖြင့် ပစ်ပေါက်ပြီး ဆိုင်ဘုတ်အား ဖျက်စီးခံခဲ့ရသည်ဟု သိရပါသည်။ ထို့ပြင် ကျောက်မြောင်း ရပ်ကွပ် ဓမ္မဒါန လမ်းတွင်း နေထိုင်သူ တဦးပိုင်ဆိုင်သည် တောင်းအေ့ အမျိုးစားကားတစီးအား  NLD အလံစတေကာ ကပ်ထားသည့်အတွက် " ခုချိန်ထိ ဒီအလံတွေ မခွာသေးဘူးလား " ဟုအော်ဟစ် ပြောဆိုခဲ့ပြီး ကားဘေး မှန်အား အုတ်ခဲဖြင့် ထုခဲ့ သဖြင့် ကားမှန်ကွဲသွားခဲ့သည့် ဟုသိရပါသည်။

အဆိုပါဖြစ်စဉ်များနှင့် ပါတ်သက်၍ တာမွေမြို့နယ်အဖွဲ့ချုပ်ရုံးအား ဆက်သွယ် မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ တဦးမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည် ။" ကျနော်တို့က ပထမတော့ ကျနော် တို့ ရုံးကိုပဲ ဖျက်စီးခံရတာလို့ ထင်ခဲ့တာ  ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ သွားတဲ့ အခါ ကြတော့ ကားတစီးလဲ အခွဲခံလိုက်ရတယ်လို့ သိရပါတယ်... တရားခံကိုတော့ ကျနော်တို့လည်း ကျနော်တို့ သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စုံစမ်းလိုက်တဲ့အခါ မှာတော့ ကားမှန်နဲ့ မြို့နယ် ရုံးဆိုင်းဘုတ်ကို  ဖျက်စီးသွားတဲ့ သူဟာ တယောက်ထဲ ဖြစ်နေတာကို တွေ့ရပြီး နာမည်ကတော့ အရှည်ကြီး(ခ) သီဟလှိုင် ဆိုသူဖြစ်ကြောင်း သိရပါတယ်..။ 

 အခုကျနော်တို့ တာမွေမြို့နယ်ရဲစခန်းမှာ ဦးတိုက်မှု အမှတ်စဉ် ၂၂/၂၀၁၂ အမှုဖွင့်ထားပြီး  အမှု့ ကို ရဲအုပ်စိုးဝင်းမှ လက်ခံ စုံစမ်းနေပါတယ်။ တာမွေတရားရုံးကိုလဲ သွားရောက်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့ တိုင်ကြားသွားမှာပါ...." ဟုတ်ပြောဆိုခဲ့သည်။ ဆက်လက် သိရှိရသည့် သတင်းများအရ အဆိုပါ အရှည်ကြီး(ခ)သီဟလှိုင်ဆိုသူမှာ တာမွေမြို့ နယ်ရဲ့ စွမ်းအားရှင် အဖွဲ့ဝင်တယောက် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း  အမက(၉) တာမွေ မဲရုံစောင့်အဖြစ် လုပ်ကိုင်ခဲ့ဘူးသည်ဟုသိရပါသည်။
ဖျက်စီးမှုများပြုလုပ်ခဲ့သူ တရားခံ သီဟလှိုင်(ခ) အရှည်ကြီး

ထို့အပြင်  တက္ကစီ ကားတစီးအားလည်း  ကားမှန်တွင် စတေကာ ကပ်ထားသည့်အတွက် ရှေ့မှန်အား အုတ်ခဲဖြင့် ထုခဲ့ရာ ကားမှန်ကွဲ ကြေသွားခဲ့သော်လည်း ရဲစခန်းတွင်လာရောက် တိုင်ကြားခြင်းတော့ မရှိဘူးလို့ သိရပါတယ်။  တရားခံ သီဟလှိုင်၏ ဓါတ်ပုံနှင့် ၎င်းဖျက်စီးခဲ့မှုများအား အောက်ပါ ပုံများတွင်ကြည့်ရှုနိုင်ပါသည်။
တာမွေအဖွဲ့ ချုပ်ရုံးဆိုင်းဘုတ် အားမြင်တွေ့ရစဉ်
ဖျက်စီးခံရသောကား
မှန်ကွဲစများနှင့် စတေကာအလံ
မှန်ကွဲစများနှင့် စတေကာအလံ

လှိုင်သာယာမြို့နယ် ကျန်စစ်သား အိမ်ယာတိုက်ခန်းများ အောက်မှ ကျူးကျော် အဆောက်အဦးများအား ဖယ်ရှားပေးပါရန် (တိုင်ကြားစာ)

သမ္မတကြီးနှင့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးခင်ဗျာ. 

ကျွန်တော် ကျမတို့နေထိုင်သော လှိုင်သာယာမြို့နယ် ကျန်စစ်သား အိမ်ယာတိုက်ခန်းများ အောက်တွင် တိုက်ခန်းနေ လူထုအတွက်၊ ကားပတ်ကင်အတွက် သော်လည်းကောင်း၊မီးဘေး ငလျင်ဘေးကြုံလာခဲ့လျှင် သော်လည်းကောင်း၊ တိုက်ခန်းနေပြည်သူများ အတွက်မြေကွက်လပ်ကို အိုးအိမ်ဦးစီးဌာနမှ ထားပေးခဲ့ပါသည်။

 ထိုမြေကွက်လပ်များပေါ်တွင်၊ ဆိုင်ခန်းများ၊ မီးစက်များ၊ ကားဂိုဒေါင်များ စိုက်ပျိုးရေးခြံများ အများအပြားကို ယခင် ရဝတ ၊ ယခုရပ်ကွက် အုပ်ချုပ်ရေးမှူး များအားမှ ပိုက်ဆံလာဘ်ငွေယူကာ ဝင်ရောက်ကျူးကျော် ဆောက်လုပ် နေကြသည်မှာ ကြာခဲ့ပါပြီ။ 
 ထိုကျူးကျော်မှုများကြောင့် လမ်းသွားလမ်းလာ ဆိုက်ကားများ၊ မော်တော်ကားများ ပိတ်ဆို့ခြင်းကြောင့် မကြာခဏ ထိခိုက်ဒဏ်ရာရမှုများ ကြုံတွေ့နေရခြင်း၊ ထိုဆိုင်များ မီးလောင်ခဲ့သော် ရပ်ကွက်နေ ပြည်သူများအတွက် ပြေးစရာ ထွက်ပေါက်မရှိခြင်း၊ ညစ်ပတ်နံစော်ပြီး သန့်ရှင်းမှု မရှိခြင်းတို့ကြောင့်၊ ရပ်ကွက်နေလူထုမှာ စိတ်သောကရောက် နေကြရပါသည်။ 

အထက်ပါပြသနာများကို လူကြီးမင်းများ ဖြေရှင်းပေးပါရန်နှင့် လာဘ်ငွေရယူကာ ပြည်သူလူထုအား ဂရုမစိုက် ကိုယ်ကျိုးရှာနေသော ရပ်ကွက် အုပ်ချုပ်ရေးမူးများအား၊ ထိထိရောက်ရောက် အရေးယူ ဖယ်ရှားပေးပါရန် တိုင်ကြားအပ်ပါသည်။

 သမ္မတကြီး ဆောင်ရွက်နေသော သန့်ရှင်းသော အစိုးရအား နံမည်ဖျက်၊ အကျင့်ပျက် နေသော ကိုယ်ကျိုးရှာ ရဝတ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဖယ်ရှားပြီး အမှန်တစ်ကယ် လူထုအကျိုး ဆောင်ရွက်မည့် သူများဖြင့် အစားထိုးလဲလှယ်ပေးပါရန် မေတ္တာရပ်ခံ တိုင်ကြားအပ်ပါသည်။ 

ကျန်စစ်သားအိမ်ယာနေ ပြည်သူများ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများနဲ့ ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ကြေငြာချက်..

စစ်တွေမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူငယ်တဦး (Reuters) 

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် 
(ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊  ဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော  လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက် များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “၈၈ မျိုးဆက်ကျောင်းသားများ”မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်တွေဆေးရုံကြီးမှ ဒဏ်ရာရရှိသည့်လူနာများ မြင်ကွင်း (Reuters) 

အထူးသတင်းထုတ်ပြန်ချက် 
(ပြန်ကြားရေး ၀န်ကြီးဌာန)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော်အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း အစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့် အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ Website စာမျက်နှာတွင် လွန်ခဲ့သောမိနစ်ပိုင်းအတွင်းက သတင်းထုတ်ပြန် လိုက်သည်။

link-
http://www.ministryofinformation.gov.mm/index.php?option=com_content&view=article&id=137%3A2012-06-04-08-20-12&catid=1%3Alocal-news&Itemid=58&lang=en

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း.. (သတင်း၊ ဓာတ်ပုံ)


လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း 
မြန်မာပြည်တွင် စစ်ငြိမ်းချမ်းရေးအတွက် အမျိုးမျိုး ဖော်ဆောင်နေကြရာမှ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဆိုတဲ့ လူမှုကွန်ယက်အဖွဲ့ကတော့ ၃-၆-၂၀၁၂ ညနေပိုင်းတွင် ကချင်စစ်ဘေးဒုက္ခသည်များ အတွက် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တေးသီးချင်းများဖြင့် ရန်ပုံငွေလိုက်လံရှာဖွေ၊ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်..။ 

 ၈၈-ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ မမီးမီးတို့အဖွဲ့မှ ပါဝင်ကူညီ ဖျော်ဖြေခဲ့ ကြသည်။ ထိုလွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ကို မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့မှ ကိုရဲလွင်က ဦးစီးဦးဆောင်ဖွဲ့စီးထားပြီး တနင်္ဂနွေနေ့တိုင်း ရန်ကုန်၊ မန္တလေး မြို့နယ်အစုံ နေရာအနှံ့က ဖိတ်ကြားလာသော နေရာများသို့ ဖျော်ဖြေလာခဲ့ရာ အခုဆို (၈)ပတ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရှိ ရသည်။ 

ထိုပွဲတွင် တာဝန်ရှိသူ ဦးအောင်သန်းမှလည်း မြန်မာပြည်အနှံ့ စစ်ပွဲတွေ မငြိမ်းချမ်းသေးသ၍ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းကတော့ အဆက်မပြတ်လျှောက်လှမ်းရင်း မြန်မာပြည်အနှံ့ ၊ ကမ္ဘာအနှံ့မှာ ငြိမ်းချမ်းရေး တေးသီးချင်းတွေနဲ့ လျှောက်လှမ်း သွားမည်ဟု ပြောကြားခဲ့ပါသည်။ စစ်ပြီးတဲ့နေ့ဟာ လမ်းဆုံးတဲ့နေ့ ဆိုတာကိုလည်း တဆက်တည်းပဲ ပြောကြားပါသည်။ 

ထိုပွဲနဲ့ပတ်သက်၍လည်း အခုလာမည့် (၉) ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဒို့ရိုးရာ မြန်မာစားသောက်ဆိုင်တွင် ကချင်ဒေသ တစ်ကျော့ပြန် စစ်ဘေးသင့် တစ်နှစ်ပြည့်ပွဲကို နေ့လည် ၁း၀၀ မှ ၃း၀၀ ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 သတင်း၊ဓာတ်ပုံ လင်းဆက်

မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ.. 

အိမ်ကြက်ချင်း ခွပ်နေရတဲ့ ကချင်တိုင်းရင်းသား ဒေသက စစ်ပွဲတွေ အမြဲရပ်စဲပါတော့...။ ဒီစစ်ပွဲတွေကို အမြန်ရပ်ဆဲနိုင်အောင် စွမ်းဆောင် လုပ်ဆောင်နိုင်တဲ့ မြန်မာအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တိုင်းရင်းသားတွေ ယုံကြည်အောင် စေတနာအမှန်နဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်..။ အစိုးရနဲ့ KIA နှစ်ဘက်စလုံးမှ ခေါင်းဆောင်များလည်း ငြိမ်းချမ်းရေး အမြန်ရရှိအောင် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။ ဖြစ်ပေါ်လာတဲ့ စစ်ပွဲတိုင်းမှာ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် လူငယ်တွေ အသက်စတေးခံပြီး တိုက်ခိုက်နေရသလို စစ်ပွဲတွေတိုင်းမှာ အဓိက မြေဇာပင်ဖြစ်ရတာက ပြည်သူတွေပါ..။ နှစ်ဘက်စလုံး တရက် အမြန်ရပ်ဆဲနိုင်လေ ပြည်သူတွေ တရက် သက်သာရာရလေပါ..။ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ.. 

 ဒီမိုဝေယံ


ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်မှာ လျှပ်ပြေးယာဉ် ငှားရမ်းခွင့် ပိတ်ပင်ခဲ့တဲ့ ဦးဘဂျမ်း(ခေါ်)ဦးလှသန်းအကြောင့် တစေ့တစောင်း (ပေးစာ)

မြိတ်မြို့၏ မြို့မျက်နှာဖုံးလော အာလီဘာဘာလော
(တိုင်ကြားစာ)

 တခါတုန်းက ကျားကြီးအော်ကျေးရွာမှာ နေတဲ့ ဘိတ်သားလေး တယောက်ရှိသတဲ့။ အဲဒီကောင်လေးဟာ အလယ်တန်း ကျောင်းသားဘ၀မှာ မြို့မှာ အဆင်မပြေလို့ဆိုပြီး တောဆင်းကာစီပွားရှာသတဲ့။ ဘယ်လိုစီးပွားရှာသလဲ ဆိုတော့ ရွာက ပိုက်လှေ ပုဇွန်လှေတွေဆီက ငါး၊ ပုဇွန်တွေဝယ်ပြီး ယိုးဒယားနိုင်ငံကို ခိုးပြီးတော့ပို့တယ်။ ယိုးဒယားဘက် အပြန်မှာလည်း နိုင်ငံခြားကုန်တွေ မတရားခိုးတင်တာပေါ့။ ဒီလိုလုပ်ရင်းနဲ့ တစတစ ချမ်းသာလာလိုက်တာ ဟောအခုတော့ မြိတ်မြို့ရဲ့အချမ်းသာဆုံးလူ၊ မြို့ရဲ့ကျက်သရေဆောင်ဆိုပြီး ဖြစ်လာတော့တာဘဲ။

 နောက်တော့ စက်ရုံကြီးတွေ ပိုင်ဆိုင်လာတယ်၊ ငါးဖမ်းလှေကြီးတွေ၊ ငါးသယ်လှေကြီးတွေကလည်း အမြောက်အများ ပိုင်ဆိုင်လာတယ်။ ပင်လယ်ပြင်ကြီးတောင်မှ သူပိုင်သတဲ့။ ဟောအခုတော့ ဘယ်ကရမှန်းမသိတဲ့ ငွေကြေးတွေနှင့် ကုန်တိုက်နှစ်လုံးတောင် ပိုင်ဆိုင်လာတယ်။ အဲဒီကုန်တိုက်မှာ ရောင်းနေတဲ့ ကုန်တွေက အခွန်ဆောင်ပြီး ရောင်းနေတယ်လို့ မထင်နှင့်၊ မတရားခိုးသွင်းပြီး ရောင်းနေတာ၊ ဒီကြားထဲ တနင်္သာရီတိုင်း တတိုင်းလုံးရဲ့ သစ်တောတွေလည်း သူ့လက်ချက်နဲ့ ကုန်သလောက်ဖြစ်နေပြီ။ အဲဒီလို ကိုယ့်ဒေသကိုတောင် ကောင်းကျိုးမပြုတဲ့ လူကို နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက် ထားသင့်မထားသင့် စဉ်းစားကြည့်ပေါ့။ စစ်ဆေးကြည့်ပေါ့။

 ရွေးကောက်ပွဲ ကာလတုန်းကလည်း သူပိုင်တဲ့စက်ရုံက အလုပ်သမားတွေကို ကြံ့ဖွံထဲမဲထည့်၊ အတင်းအကြပ်၊ အကြပ်ကိုင်စည်းရုံးမဲထည့်ခိုင်း ခဲ့သေးတယ်။ အဲဒီလောက် ဆိုးသွမ်းတဲ့သူက ဘယ်သူလဲ ပြည်ဖြိုးထွန်း ကုမ္ပဏီရဲ့ပိုင်ရှင် ဘဂျမ်း(ခေါ်) မောင်လှသန်း ဖြစ်ပါတယ်။ မနေ့တနေ့က လုပ်တဲ့အစည်းအဝေး တခုမှာ ငါးလုပ်ငန်းအဖွဲ့ရုံး ဆောက်ဖို့အတွက် နောက်လာမည့် ငါးဖမ်းရာသီ ပြန်ဖွင့်ချိန်ဆိုရင်တော့ လှေတစ်စီးကို တစ်သိန်းကောက်ဖို့ ပြောနေပြန်ပါတယ်။ ငါးလုပ်ငန်း အဖွဲ့ရုံး ငါးထပ်ဆောက်မယ် ကုန်ကျစရိတ်က သိန်း(၂၅၀၀)တဲ့။ ဒါကြောင့်မို့ အဲဒီလို စုန်းပြူးကြီးတွေကို သက်ဆိုင်ရာမှ အရေးယူပေးဖို့ တောင်းဆိုလိုက်ရကြောင်းပါ။

မြိတ်မြို့သား..

ကိုကျော်ကျော်ထွေး(ခ) ကိုမာကီနဲ့ မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား....

ကိုကျော်ကျော်ထွေး(ခ) ကိုမာကီ နှင့် မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားအား ယနေ့ ၃-၆-၁၂ ညနေ့ ၅း၀၀မှ ၇း၀၀အထိ ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမှာ ပြုလုပ်ခဲ့ပါတယ်..။

နိုင်ငံရေးနယ်ပယ်မှ ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်တဲ့အတွက် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တတ်ရောက်ကြပါတယ်..။ အဖွဲ့ချုပ်နာယက ဘဘတင်ဦးနဲ့ ဘဘ၀င်းတင်တို့ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်များ အားလုံး တက်ရောက်ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်များ၊ NLD(BG) အဖွဲ့ဝင်များ၊ မဇ္ဈိမလှိုင်း ကိုရဲလွင်နှင့် အဖွဲ့ဝင်များ လူမှုရေးနယ်ပယ်က မဖြူဖြူသင်းတို့ အမေသီတာဝင်းအောင်တို့နှင့် အဖွဲ့ချုပ် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြပါသည်..။ မင်္ဂလာခန်းမ ပြည့်လျှံသည့်အထိ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်မှ မိတ်ဆွေ သင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။

သတင်း၊ ဓာတ်ပုံ ညီငယ် လင်းဆက်
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ထမ်းဆောင်နေကြတဲ့ ကိုကျော်ကျော်ထွေး(ခ)ကိုမာကီနဲ့ မစုစုနွေး(ခ)မနွယ်နွယ်ဝင်းတို့ မင်္ဂလာနှစ်တရာတိုင်ပြီး တိုင်းပြည်အကျိုး ဆက်လက် သယ်ပိုး ထမ်းရွက်နိုင်ပါစေ.. 
ဒီမိုဝေယံ

"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ ၃.၆.၂၀၁၂ က လှည်းတန်းမီးပှိုင့်မှာ ဝေငှနေသည့်စာ.....

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာသည့် ပေးစာ တစောင်မှာ (၃.၆.၂၀၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်းမီးပွိုင့်တွင် ဖားပြုတ်မျက်နှာနှင့် လူတစ်ယောက် စာများ လိုက်ဝေနေပါသည်။ ယခုစာအား ပေးပို့လာသူမှာ ထိုစာကို ဖတ်ပြီးသည့် အချိန်မှ စပြီး ခုချိန်ထိအောင် စာအဆိပ်သင့် ဖြစ်နေရတယ်လို့ ရေးသားလာပါတယ်..) ထိုစာသည် ငါးမင်းဆွေ (ဒေ၀ဒတ်လက်သစ်) ရေးသားထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ် ပုတ်ခတ်ထားသည့် စာဖြစ်တယ်လို့ ဆိုပါတယ်..။

စာပါ အကြောင်းအရတွေ ကတော့  ပြီးခဲ့တဲ့ World Economic Forumမှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များအား ဝေဖန် ပြောဆိုချက်များ ပါဝင်ပြီး။ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးလိုကြောင်း ရေးသားဖော်ပြ ထားပြီး ဇူလိုင်လ(၂၁)ရက်နေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိပါက အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆိုပါတယ်..။

ငါးမင်းဆွေ(ခ) နွားမင်းဆွေရဲ့ အထက်ပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အသရေ ဖျက်စာများ လူထုကြားထဲမှာ လိုက်လံ ဝေငှနေမှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း မရှိသလို မသိကျိုးကျွန် လျစ်လျှူရှု ပြုနေခြင်းဟာ စဉ်းစားစရာ အချက်ဖြစ်နေပြီး နောက်ကွယ်မှ အဖွဲ့အစည်းတခုခုမှ  ထောက်ခံအားပေး နေသည်အလား ထင်မှတ်ရပေသည်။ ယခုကဲ့သို့ ငါးမင်းဆွေ၏ လုပ်ရပ်သည်  ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေပါသည်ဆိုသည့် လက်ရှိအစိုးရအားလည်း ထင်ယောင်ထင်မှား ဖြစ်စေမည့် သိက္ခာကျစရာ လုပ်ရပ် ဖြစ်နေပေသည်..။ ပြီးခဲ့တဲ့ နှစ်များကလည်း ဂျာနယ်တစောင်မှ ၎င်းအား တုံ့ပြန်ရေးသားမှုနှင့် ပတ်သက်ပြီး တောင်းပန်ခြင်း မရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေငြာချက် ထုတ်ခဲ့ဘူးသည်...။

ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ သရုပ်မှန်အား ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2010/12/blog-post_9141.html

၂၀၁၁ခုနှစ်က ဇန္နဝါရီလ (၄)ရက်နေ့က The Voice ဂျာနယ်အား ဆန္ဒပြမည် ဆိုသည့် ငါးမင်းဆွေစာ http://www.demowaiyan.org/2011/01/voice.html

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့က အဖွဲချုပ်ရုံးရှေ့မှာ ငါးမင်းဆွေ ရမ်းကားမှု... http://www.demowaiyan.org/2010/11/blog-post_25.html




တရုတ် စီးပွားရေး တုန့်ဆိုင်းမှု (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

 တရုတ်ရဲ့ တကောင်းတောင် နီကယ်စီမံကိန်း လုပ်ငန်းခွင်တခု
ဒီဆောင်းပါးလေးက မေလ-၂၁-ရက်နေ့ Money Morning.com.au အင်တာနက်ပေါ်က ဆောင်းပါးကို ဘာသာပြန်ပြီး  ဘာသာပြန်သူရဲ့ အမြင်လေးတချို့ကို (ဖြည့်စွက် အနီလိုင်းတားပြီး) စာဖတ်ပရိသတ် အတွက် ဖေါ်ပြလိုက်တာပါ။  တရုတ်စီးပွားရေးဟာ  အင်မတန်ကြီးမားတဲ့ သင်္ဘောကြီးတစ်စီး  ထိုးရပ်လိုက်တာနဲ့ အလွန်တူပါတယ်။  တရုတ်စီးပွားရေးမှာ ဘရိတ်ကလေး နဲနဲ အုပ်လိုက်တာနဲ့  တကမ္ဘာလုံး စီးပွားရေးတွေ ကမောက်ကမ  ဖြစ်သွားနိုင်လို့ သတိလေးတွေထားကြဖို့ ရေးလိုက်ရတာပါ ။
A  SHOCKING  WEEK  FOR   CHINA
Melbourne,  Australia,   by Dr. ALex Crowie
တရုတ်ပြည်က စီးပွားကိန်း ဂဏန်းလေးတွေက  သူတို့စီးပွားရေး  အနေအထားလေးကို လှစ်ဟပြလာပါတယ်။ ယူရိုစီးပွားရေးဇုံ ထဲကနေ  ဂရိနိုင်ငံ  ထွက်သွားဖို့  အခြေအနေတွေ များလာလေ ယူရိုဈေးကွက် ပြိုကွဲလာနိုင်ခြေ များလာလေ တရုတ်စီးပွားရေးလဲ ဇတ်ကိုတုန့်ကနဲ ဆွဲတန့်လိုက်သလို တန့်သွားပါတယ် ။

ကျနော့်မိတ်ဆွေတစ်ဦးဟာ  အာရှမှာ  ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကြီး တခုမှာလုပ်နေသူရှိပါတယ်။  သူက   တရုတ်ပြည်ဘက်ကို အချက်အလက်ရှာဖွေးရေး ခရီးထွက်နေပါပြီး  သတ္တုလုပ်ငန်းရှင်ကြီးတွေ  ကုန်သွယ်မှု လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သူ့ကိုဘာ အချက်အလက်များ ပြောပြနိုင်မလဲ မေးလိုက်ပါတယ်။ သူက (တရုတ်ပြည် အခြေအနေကတော့  မကောင်းတော့ဘူး။  ဒါပေမယ့် အများစုကတော့ ဒီလောက် အပြောင်းအလဲ သေးသေးလေးကို ခပ်ပေါ့ပေါ့ဘဲ သဘောထားကြပါတယ်)။

သတင်းကောင်းတခုအနေနဲ့ ကတော့ ယခုနစ် ပထမ ( ၃-လ )ပတ် မှာ တရုတ်စီးပွားရေး  တိုးတက်မှုနုံးက ယခင်နှစ်ကထက်  (၈.၁ -%) တိုးနေတာပြနေပါတယ်။ သင်ဟာ ကိန်းဂဏန်းတွေကို ကြည့်ပြီး သုံးသပ်နေမယ်ဆိုရင်တော့  ဒါဟာ  အားရစရာပါဘဲ။

ဒါပေမယ့် တရုတ်စီးပွားရေးမှာ တကယ့် အဖြစ်မှန်က  ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သတိထား ကြည့်လိုက်မယ်ဆိုရင်  အချို့အချက် အလက်လေးတွေကို သတိမူလိုက်မယ်ဆိုရင်  နက်ဖန် စီးပွားရေး ကိန်းဂဏန်းတွေ ဘယ်လို ပြနေမယ်ဆိုတာကို  လ-ချီပြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။                              (အရိပ်ပြတာနဲ့  အကောင်မြင် လို့ ဆိုလိုပုံရပါတယ်)

တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှု နှုန်းထား/  ဘဏ်ချေးငွေ ထုတ်ယူမှုနှုန်း/ အိမ်ယာ ခြံမြေဈေးကွက် ကိုကြည့်ရင်   ဒါတွေကတော့ မကောင်းတော့ဘူး။

သဲလွန်စလေးတွေကို ကြည့်တတ်မယ် ဆိုရင် ပေါ်နေပါတယ်။  တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို မြင်အောင်ကြည့်ဖို့က ခက်ခဲပါတယ်။                   (အမှောင်ချထားသလို မဲမှောင်နေပါမယ်) တိုင်းပြည်တခုမှာ  ကုန်ထုတ်လုပ်မှု တိုးတက်ဖို့ ဆိုတာက  လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှုက  ပူးတွဲတိုးတက်မှု ရှိနေရပါမယ်။ တရုတ်ရဲ့ လျှပ်စစ်တိုး ထုတ်လုပ်မှုက မတိုးတက်ဘဲ စီးပွားရေး တိုးတက်နေပါတယ်လို့ ပြောလို့မရပါဘူး။  တိုင်းပြည်တခုရဲ့ တိုးတက်မှုနှုန်းကို  လျှပ်စစ်တိုးတက် ထုတ်လုပ်မှု ရောင်ပြန် ဟတ်ပြနေပါတယ်။

(ကျနော်တို့ နိုင်ငံမှာ လျှပ်စစ် ၁၅၀၀-မီဂါဝပ်တောင်  မှန်အောင်မပေးနိုင်ဘဲ  အခု သေလုနီးနီး ငနဲကြီးက  နိုင်ငံတော်ကြီး ဘယ်လို တိုးတက်လာတယ်။ ဘယ်လို ခေတ်မှီလာတယ် ပြောပြော။ အရိုးအရင်းလေး ကိုက်ရဖိုးလောက် မျှော်နေတဲ့ အကောင်တွေက  ခေါင်းငြိမ့်ကြ   အမြှီးလေးတွေ နှံ့ပြကြနဲ့ ဒီလိုလူတွေ  အာချင်တိုင်း အာမရအောင်  ကျနော်တို့ နိုင်ငံရေး လုပ်နေသူတွေက  ပြည်သူတွေကို နားမျက်စေ့လေးတွေ ဖွင့်ပေးရပါမယ်။ ဆောင်းပါးထဲကလို မြင်တတ်အောင်ပေါ့။  ဒါနိုင်ငံရေးတာဝန်ခုပါဘဲ)။
တကောင်းတောင် နီကယ်စီမံကိန်းမှ ညဘက် လျှပ်စစ်သုံးစွဲမှု မြင်ကွင်းတခု
တိုင်းပြည်တပြည်ရဲ့ စီးပွားရေး အခြေအနေတွေ ဘယ်လိုရှိ နေတယ်ဆိုတာကို  အဲဒီတိုင်းပြည်မှာ   လျှပ်စစ်ဘယ်လောက် ထုတ်လုပ်နေတယ်ဆိုတာကို လျှပ်တပြတ် ကြည့်နိုင်ရင် ဆန်းစစ်လိုက်ရင် ခန့် မှန်းလို့ ရသွားတာပါဘဲ။ ဘာကြောင့်ပါလိမ့်။ စီးပွားရေးအားလုံးမှာ  လျှပ်စစ်မီးအနည်းများဆိုသလို လိုနေပါတယ်။ အိမ်/ ရုံး/ စက်ရုံ/ အဆောက်အအုံတွေ/  လေယာဉ်ကွင်းတွေ ဘာကျန်သေးလဲ စီးပွားရေး  တိုးတက် နေပါတယ်ဆိုရင်  လျှပ်စစ်လဲ တိုးတက်နေရပါမယ်။  လျှပ်စစ်တိုး မထုတ်ဘဲ  စီးပွားရေး တိုးတက် နေပါတယ်ဆိုတာ..။

(ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က  နိုင်ငံခြားက ရင်းနှီးမြုပ်နံမဲ့ လူတွေလာကြတာ အများကြီး တကယ်လက်တွေ့ ရင်းနှီးမဲ့သူ မလာဘူးတဲ့။   တကယ်က  လာကြသူတွေက  တကယ့်ကို ရင်းနှီးဖို့ လာကြတာပါ။  ဆွေးနွေးတိုင်း လျှပ်စစ်ကိစ္စ မေးပါမယ်။ ရန်ကုန်မြို့လယ်ခေါင်က  တဒုံးဒုံးမောင်းနေတဲ့  မီးစက်လေးတွေက  အဖြေပေးနေတာ မြင်တော့  မေးစရာ မလိုတော့တာလဲ ဖြစ်နိုင်ပါတယ်။  လျှပ်စစ်မီးမရှိဘဲ  နိုင်ငံခြားရင်းနှီး မြုပ်နှံမယ့် သူတွေကို ဖိတ်နေ  မျှော်နေတာက  ဥပမာခပ်ရိုင်းရိုင်းလေးပေးရရင်  မီးယပ်ဖြစ်ပြီး ပိန်ခြောက်ကပ်နေတဲ့ မိန်းမက  လင်ရရင်ဘဲ ကလေးမွှေးပြီး ၀ဖြိုးလာမယ် လို့မျှော်လင့်နေသလို ဖြစ်နေပါတယ်။  ကိုယ့်သားအိမ်  ကိုယ်ရောဂါကို မကုစားဘဲ .......ထားပါတော့)

ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ  လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်မှုက ၇-% ကနေ ၁၂-% အထိတိုးတက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လျှပ်စစ်ဓါတ်အား တိုးထုတ်လုပ်မှုက (သုည) ဖြစ်သွားပါတယ်။ ဒါလိမ်ညာလို့ မရတဲ့ကိန်းဂဏန်းပါ။  ဒါတင်လားဆိုတော့  ဘဏ်ကြီးတွေမှာပါ ငွေချေးထုတ်ယူမှု နှုန်းထား  ကျဆင်းသွားပါတယ်။ တရုတ်သတင်းစာ China Dailyမှာ ဖေါ်ပြတာက တရုတ်ဘဏ်ကြီး-၄-ခု စလုံး မေလမှာ (လတ၀က်)အတွက် ချေးငွေအသစ် ထုတ်ပေးမှုက (လုံးဝ -ဇီးရိုး) ဖြစ်သွားပါတယ်။  တနည်းငွေချေးမှု အသစ်တွေ ရပ်ဆိုင်းနေပါတယ်။

Industrail Commercial Bank of China     (HKG- 1398)
China Construction Bank                       (HKG- 0939)
Bank of China                                    (HKG- 3988)
Agriculture Bank of China                      (HKG- 1288)

စတဲ့ဘဏ်ကြီး လေးခုဟာ  မတ်လမှာ ချေးငွေအသစ် (၁၀၀၁) - ဘီလျှံယွမ် ထုတ်ချေးခဲ့ပါတယ်။  ဧပြီလမှာ -၆၈၁ -ဘီလျှံ ထုတ်ချေးခဲ့ပါတယ်။  အခုမေလ  လ-တ၀က် ကျိုးလာချိန်အထိ (၀) ဆိုတော့ ထိတ်လန့်စရာ ဖြစ်လာပါတယ်။

တခါ တရုတ်ရဲ့ သွင်းကုန် တိုးတက်မှုကလည်း (၀.၃-%) ဘဲတိုးတက်လာပါတယ်။ တခါ အိုးအိမ် ဆောက်လုပ်ရေးမှာလဲ  ယမန်နစ်က (၁၆-%) တိုးတက်မှုရှိခဲ့သော်လည်း အခုနစ်မှာ (၄.၀-%) ဘဲ တိုးတက်မှုရှိပါတယ်။  ပိုဆိုးတာက  အိမ်အရောင်းဈေးကွက် (ရောင်းချနိုင်မှု နှုန်းထား)  ကျသွားတာပါဘဲ။  အိမ်အရောင်းနှုန်းက  ယမန်နှစ်ကထက် (၁၇.၅ -%) လျော့ကျသွားပါတယ်။ တစ်ခါ လူမနေသော အိမ်အသစ်က ယမန်နှစ်က အိမ်ခန်းအလွတ် (လူမနေသော အခန်းပေါင်း-သန်း-၇၀ ) ရှိနေတာကနေ ဒီနစ်မှာ  ( ၄၇.၄-% )တိုးလာပြီး  လူမနေသောအခန်းသစ်က ဈေးကွက်မှာ အခန်းပေါင်း- (သန်း-၁၀၀)  လောက်အထိ ဖြစ်လာတာပါ။ မြေရောင်းချနိုင်မှုဈေးကွက်ကလဲ ( ၅၅.၀-%)  ကျဆင်းသွားပါတယ်။

ဒီအိမ်ခြံမြေ ဈေးကွက်ကို ထိုခိုက်လာတာက  ဘာကိုပြသလဲဆိုရင်  အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းဟာ  တရုတ်အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့- (၁၃.၀-%) အထိ ကြီးမားနေတော့ အတော်လေး အရေးပါနေပါတယ်။ (နိုင်ငံတကာမှာ အိမ်ယာဆောက်လုပ်မှု ပမာဏဟာ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်းဖိုးရဲ့ ( ၁၀.၀ %) အောက်မှာ ထိန်းထားတတ်ကြပါတယ်။ တချို့နိုင်ငံကြီးတွေမှာ (၈.၀%) ထက်မပိုအောင် ကြပ်မတ်ထားပါတယ်)။

အဲဒီတော့ ဥရောပက  ယူရိုဇုံက  ပြသနာက  တရုတ်စီးပွားရေးမှာ ဧရာမသင်္ဘောကြီး ရပ်တန့်လိုက်ရတာ နဖူးတွေ ဒူးတွေ့ ကြုံနေစပြုနေပါပြီ။ ကျနော်အနေနဲ့တော့ ဒီလက္ခဏာတွေဟာ  တရုတ်စီးပွားရေးမှာ နလုံးဖေါက်ပြန် လာတယ်လို့ သုံးသပ်ပါတယ်။ တရုတ်စီးပွားရေးဟာ လတ်တလောမှာ ထိခိုက်နေပါပြီ။  ကျစပြုနေပါပြီ။ ဒီကနေ ပိုမိုဆိုးဝါးသွားနိုင်ပါသလား ..????

တရုတ်နိုင်ငံဟာ  သြစတေးလျနိုင်ငံ (Australia) နိုင်ငံရဲ့အဓိက ကုန်သွယ်ဖက် (အဓိက ကုန်ကြမ်း တင်ပို့ရာနိုင်ငံ) ဖြစ်လေတော့  တရုတ်မှာ  စီးပွားရေး တုန့်ဆိုင်းမှုလေးဟာ  အော်ဇီအတွက် ထိတ်လန့့် စရာသတင်းဆိုးကြီး ဖြစ်ရပါတော့တယ်။ (စကားချပ်-  အော်ဇီလွှတ်တော်မှာ အစိုးရက ဘတ်ဂျက်ကို ပြီးခဲတဲ့ နှစ်ပတ်က ဘတ်ဂျက်အသစ် အတည်ပြုထားပါတယ်။ ပိုငွေလေးပြထားတာကနေ  မနေ့ကတော့ တရုတ်စီးပွားရေး တန့်သွားလို့ လိုငွေပြနိုင်ပါတယ်လို့ စကားပြောင်းလိုက်ရတော့ အတိုက်အခံက ဝေဖန်တော့တာပေါ့။  နှစ်ပတ်မပြည့်သေးဘူး  စကားပြောင်းပြောတယ်လို့ စွပ်စွဲတော့တာပေါ့၊)


ဒီတော့ ကျနော့်မိတ်ဆွေကို ကျနော်ကမေးပါတယ်။ ခင်ဗျား အမြင်ဘယ်လို ရှိပါသလဲဆိုတော့  သူက တရုတ်စီးပွားရေးက ခန့်မှန်းဖို့ ခက်ခဲပါတယ်တဲ့။ သူတို့က တနည်းမဟုတ် တနည်း ကြံဆပြီး ဖြေရှင်းတတ်လို့ပါတဲ့။  ဈေးတွေ ယခုထက် ပိုကျလာမယ်ဆိုရင် အစိုးရက ကြားဝင် ကိုင်တွယ် လာတတ်ပါတယ်တဲ့။ အခုထက် ဈေးတွေပိုကျလာရင် အစိုးရကနောက်တကြိမ် (၂၀၀၈-ကတကြိမ် ၀င်ထားပါတယ်) ကြားဝင် ကုစားပါမယ်တဲ့။
(စကားချပ်- ၂၀၀၈-ခုနစ်တုန်းက  အနောက်နိုင်ငံကြီးတွေကနေ ကုန်ချော မှာထားတာတွေ ရပ်လိုက်တော့  သူတို့ ဆီမှာအလုပ်လက်မဲ့ ပြသနာကြီးထွား မလာအောင် အစိုးရကနေ လိုအပ်ချက်မရှိဘဲ  မြို့သစ်ကြီးတွေ  ဈေးကြီးတွေ လူနေအိမ်တွေ အများကြီး ဆောက်ခိုင်းလိုက်ပါတယ်။  အခုလူမနေတဲ့ အခန်းပိုတွေဟာ  အဲဒီကုစားမှုရဲ့ ရလာဒ်ပါ။ အခုအခန်းတွေပိုများပြီး အရောင်းဈေးကွက် ပျက်လာတော့ ဘေးထွက် ဆိုးကျိုးစတင် သက်ရောက်လာမှုပါ)။
သူက ဆက်ပြောပါတယ်။  တခုတော့ရှိတယ် ..တရုတ်က သူနိုင်ငံမှာ စီးပွားရေးတည်ငြိမ်မှုကို  ဘယ်လိုအခြေအနေနဲ့မှ  အပျက်ခံမှာ  မဟုတ်ပါဘူးတဲ့။ စီးပွားရေး အရှိန်ပျက်လိုက်တာနဲ့ လူမှုရေးပြသနာတွေ ထောင်တက်လာမှာကို အလွန်သတိထားပါတယ်တဲ့။ သိပ်ကြောက်ပါတယ်တဲ့။

အခုကိုပင်  အစိုးရက ဘဏ်ကြီးတွေကို ချေးငွေထုတ်ပေးနိုင်ခွင့်ကို  အရင်က ဘဏ်ငွေရင်းပမာဏရဲ့  (၂၀.၅-%) ချန်ပြီး ငွေချေးခွင့် ပြုထားရာကနေ  အခု-(၂၀.၀-%) ချန်ထားပြီး ..(၀.၅-%) ပိုထုတ်ချေခွင့် ပေးလိုက်ပါတယ်။ ချေးငွေပေါ်လာမှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာအောင် ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေ အတွက် တကယ့်ပြသာနာက ချေးငွေတွေ တိုးယူလာဖို့က  (တနည်းလုပ်ငန်းတွေ တိုးပေါ်လာဖို့က) ဈေးကွက်မှာ ထွက်ထားပြီးတဲ့ သကြားလုံးတွေကို ကုန်အောင် စားပစ်သူရှိမှ  သကြားဈေးကို ကျားကန် နိုင်မှာဖြစ်ပါကြောင်း ...။

မနေ့က ဒီဆောင်းပါးလေး  ရေးပြီးတာနဲ့ ဒီမိုဝေယံကို ပို့ပြီး  သတင်း ကြည့်လိုက်ပါတယ်။  ဆောင်းပါးပို့အပြီး  တနာရီဘဲခြားပြီး ညနေပိုင်းသတင်းမှာ အမေရိကန်မှာ  လွန်ခဲ့ တနှစ်တာအတွင်း  စီးပွားရေး ပြန်ဦးမော့လာလို့ စတောက်ဈေး (စတောက်ရှယ်ယာတန်ဖိုး)တွေ ပြန်တက်ထားပါတယ်။  တနှစ်အတွင်း ပြန်တက်ထားတဲ့   တနှစ်စာ တက်ထားသမျှတန်ဖိုးဟာ  စတောက်တန်ဖိုးဟာ သောကြာနေ့ တရက်ထည်း (၀၁ / ၀၆ / ၂၀၁၂) တရက်ထဲ ပြန်ကျသွားပါတယ်။   ဆိုးဆိုးဝါးဝါး ကျသွားလို့  တနင်္လာနေ့ အာရှစတောက် ရှယ်ယာ ဈေးတွေပြန် ဈေးဖွင့်ချိန်မှာ   ဘယ်လို ဂယက်ရီုက်မယ်  ဘယ်လောက်အထိ ကျသွားမယ်ဆိုပြီး  တရုတ် ဟောင်ကောင် အာရှ၊  ဂျပန်၊ အော်ဇီ  အာဆီယံက စတောက်ရှယ်ယာ ၀ယ်ထားသူတွေ ရင်မောနေကြရပါပြီ။
 
အခုမြန်မာအစိုးရက ဂျပန် ဒိုင်ဝါ ငွေကြေးဌာနကြီးနဲ့ မြန်မာပြည်မှာ စတောက်ရှယ်ယာ ဈေးကွက်ဖေါ်ဖို့ ကြိုးပမ်းနေပါတယ်။  အမြန်ဆုံး အကောင် အထည် ပေါ်ပါစေလို့ ဆုတောင်းနေပါတယ်။   အာဏာရှင်ကို  လက်သံပြောင်ပြောင် ဆုံးမနိုင်တာ  ရိုက်နိုင်တာက စတောက်ရှယ်ယာ ဈေးနှုန်းပါဘဲ။  အာဏာသိမ်း တယ်ဆိုရင်  မာရှယ်လော အမိန့်ထုတ်ရတာပါဘဲ။  မာရှယ်လောနဲ့ စတောက်ဈေးကွက်က  တဇောင်းစေး နဲ့မျက်ချေး  ပြောမလား။  အာဏာသိမ်းလိုက်တာနဲ့ စတော့ဈေးကွက် ထိုးကျသွားတာပါဘဲ။ ဘယ်နိုင်ငံကြီးတွေကိုမှ  Sanction  လုပ်ပါ အော်နေစရာ မလိုတော့ဘူး။  အကူတောင်းနေစရာ မလိုတော့ပါဘူး ။
 
ထိုင်းနိုင်ငံမှာ  စစ်တပ်အာဏာ သိမ်းမှု မကြာခန ဖြစ်ခဲ့ပါတယ် ။ ဒီဘက်နစ်တွေမှာ  အာဏာသိမ်းတာနဲ့  စီးပွားရေးတွေ ထိုးကျသွားတတ်တော့  ထိုင်းဗိုလ်ချုပ်တွေ  လက်စွမ်းသိပ် မပြရဲကြတော့ဘူး။  စတောက်ဈေးကွက်ဆိုတာကလဲ  အာဏာရှင်တွေ  ထိုင်းဗိုလ်ချုပ်တွေက အများစု ပိုင်ဆိုင်ထားကြတာ ဆိုတော့ စတောက်ဈေးကျမှာ အကြောက်ဆုံးက  အာဏာရှင်တွေနဲ့ ခရီုနီတွေပါဘဲ။  သူတို့ စားရိတ်နဲ့  သူတို့ လိမ္မာနေကြပါမယ်။
 
မနက်ဖန် တင်္နလာနေ့ ကတော့ ကမ္ဘာ့စီးပွားရေး  သတင်းမှာ  ပွက်ပွက်ဆူမဲ့ နေ့တနေ့ ဖြစ်နိုင်ပါတယ်။  အမေရိကန် စီးပွားရေး  အကျပြလိုက်ရင်  တရုတ်ကြီး ခေါင်းကြိမ်း နေပါတော့မယ်။  တရုတ်ပြည်မကြီးမှာ  လူထုတော်လှန်ရေးတွေ  ပေါ်လာနိုင်ပါတယ်။ ဒီတစ်ခါ  ၂၀၀၈-လို ကုန်ကြမ်းတွေ ပြည်တွင်းမှာ သုံးဖို့  ဂွင်ပျောက်နေပါပြီ။  ကျနော်တို့ ဆီက  အာဏာရှင်တွေကို  ကျားကန်ပေးပြီးတိုင်း သူတို့မှာ သေလုမျှောပါး ပြသနာတက်ရတယ်လို့  ကျနော်ယခင် ဆောင်းပါးတွေမှာ ရေးထားဘူးပါတယ်။  ကဲတရုတ်ကြီး  အလှဲ့ကျရင် မနွှဲ့ကြစတမ်းပေါ့ ။



 အားလုံးကို လေးစားလျှက်

လှိုင်မြင့်

ဓာတ်ပုံ ဒီမိုဝေယံ