ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခေတ်အဆက်ဆက် အဖိနှိပ်ခံနေရတဲ့ တောင်သူလယ်သမားတဦး၏ အိတ်ဖွင့်ပေးစာ...

ခေတ်အဆက်ဆက် အဖိနှိပ်ခံနေရတဲ့ တောင်သူလယ်သမားတဦး၏ အိတ်ဖွင့်ပေးစာ...



ဧရာသား၏ နိုင်ငံတော် သမ္မတထံအိတ်ဖွင့်ပေးစာ..

၈၈၈၈ လူထုအရေးတော်ပုံကြီး အမှတ်တရ ရုပ်သံဖိုင်များ..

၈၈၈၈ လူထုအရေးတော်ပုံကြီးကို သိခွင့်ကြုံခွင့် မရလိုက်ကြတဲ့ ယနေ့ခေတ် လူငယ်တွေအတွက် ရှားပါး အမှတ်တရ Reutersနဲ့ ITNရုပ်သံဖိုင်တချို့ စုစည်း တင်ပြလိုက်ပါတယ်..။

ဘလော့ခ်ဂါ နေဘုန်းလတ်၏ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ....

ဘလော့ခ်ဂါ ဆရာ နေဘုန်းလတ်၏ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ         Home House of Media တွင် ကျင်းပပြုလုပ်
၂-၈-၂၀၁၂ နေ့ ၂း၀၀ နာရီမှ ၄း၀၀ ထိ၊ ရန်ကုန်၊ ဗိုလ်အောင်ကျော် (အောက်) Home House of Media တွင် ဘလော့ခ်ဂါဆရာ နေဘုန်းလတ်၏ ပထမဦးဆုံးရေးသားထားသော "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်"  စာအုပ်သည် ကိုနေဘုန်းလတ် ဘလော့ခ် မလုပ်ခင်ကတည်းက စတင်ရေးသားခဲ့သော စာအုပ်ဖြစ်ခဲ့သောကြောင့် သူ၏ဘလော့ခ်အမည်ကိုလည်း "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" လို့ ပေးခဲ့ကြောင်း ကိုနေဘုန်းလတ်မှ ရှင်းပြပြောဆိုခဲ့ပါသည်။ 
  
  ယင်း "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ်ထဲမှာပါသော အခန်းကဏ္ဍများသည် ဘလော့ခ်ပေါ်မှာ တင်ထားခဲ့ဘူးသော အခန်းများနှင့် စာရေးသူ ကိုနေဘုန်းလတ် အကျဉ်းကျစဉ် ထောင်အတွင်းထဲမှာ မှတ်သား ခဲ့သော စာပေလက်ရာများလည်း ဖြစ်ကြောင်း၊ နောက် စာပေသည် ရသစာပေ သဘောတရားတွေ များကြောင်း၊ အရေးအသားနှင့် အသွားအလာသည် ပို့စ်မော်ဒန် သဘောတရားတွေ ဖြစ်တဲ့အတွက်ကြောင့် စာအုပ်ထဲပါ စာများ သည် စာဖတ်သူကို စဉ်းစားစရာတွေ များစွာပေးထားကြောင်း၊ စာဖတ်သူ ပရိတ်သတ်များကိုလည်း စာမျက်နှာ (၁၅၈) မျက်နှာရှိ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်"  စာအုပ်တွင် ဘီလူးတစ်ကောင်ရဲ့ကကြိုးကို အထူးပဲ ဖတ် စေချင်ကြောင်း စာရေးသူ ဘလော့ခ်ဂါဆရာ ကိုနေဘုန်းလတ်မှ ပြောဆို တိုက်တွန်းခဲ့ပါတယ်။

 
           "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ ဆရာ မောင်ဝံသ၊ ကိုဇာဂနာ၊ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စာရေးဆရာကိုမင်းလူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်မှ ဒေါက်တာကျော်စွာဦးနှင့် NLD-BGမှ ဒေါ်သီတာဝင်းအောင်အဖွဲ့၊ မြို့နယ်ပေါင်းစုံ NLD လူငယ်များ၊ ဗကသဖြစ်မြောက်ရေးအဖွဲ့မှ ကိုဒီငြိမ်းလင်းတို့ လူငယ်အဖွဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ခံများ၊ စာပေပညာရှင်များ၊မီဒီယာစာနယ်ဇင်း သမားများစုံညီစွာဖြင့် ဧည့်ပရိတ်သတ်ပေါင်း( ၁၀၀) ကျော်တို့ကို ကော်ဖီ၊ ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေး၍ မီဒီယာ၊ စာနယ်ဇင်းသမားများ၏ မေးခွန်းများကို ဖြေဆိုကာ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအား ၄း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါတယ်။
 သတင်း၊ ဓာတ်ပုံ ညီငယ် မေ့မေ့သား လင်းဆက်..

ရလလဖ ဥက္ကဌ ဦးတာကလယ် ၏ ကွယ်လွန်ခြင်း နှစ်ပတ်လည်အခမ်းအနား..

 ရလလဖ ဥက္ကဌ ဦးတာကလယ် ၏ ကွယ်လွန်ခြင်း နှစ်ပတ်လည် အခမ်းအနား


၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်

၂၀၁၂ ခုနှစ် သြဂုတ်လ (၁) ရက် ဗုဒ္ဓဟူးနေ့တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ဥက္ကဌ ဦးတာကလယ် ၏ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် ဘာသာရေးအခမ်းအနားကို တောင်ကြီးမြို့  ရတနာသီရိရပ်ကွက်၊ ပုလဲလမ်း၊ အမှတ် (ရ/၃၂၃) ၌ ကျင်းပပြုလုပ်သည်။

နံနက် (၅) နာရီတွင် တောင်ကြီးမြို့  အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်၊ မောက်မယ်မြို့ နယ် ဘန်းမတ် ကျေးရွာ ဆရာတော်၊ ဆီဆိုင်မြို့ နယ် နောင်ထောဝ်ကျေးရွာ သံဃာတော်တို့ အား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး နံနက် (၁၀) နာရီတွင် တောင်ကြီးမြို့ နှစ်ခြင်းသာသနာ၊ ရိုမန်ကက်သလစ်သာသနာတို့နှင့် တစ်နှစ်ပြည့် ပြန်လည် အောင်းမေ့ဖွယ် ၀တ်ပြုဆုတောင်းခြင်း အစီအစဉ်ပြုလုပ်သည်။ ကွယ်လွန်ခြင်း နှစ်ပတ်လည် ဘာသာရေး အခမ်းအနားသို့ မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုးသားချင်းများ၊ မဟာမိတ် အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

ရလလဖ ဗဟိုကော်မတီနှင့် စစ်ကော်မရှင် ဥက္ကဌဟောင်း ဦးစောတာခဲလယ် (ခ) ဦးတာကလယ် အသက် (၉၅) နှစ် သည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၁) တနင်္လာနေ့  ည (၇) နာရီ ၄၀ မိနစ်အချိန်တွင် ဘ၀တပါးသို့  ကူးပြောင်းကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။



သတင်း၊ ဓာတ်ပုံ ပေးပို့သူ ကိုညီဇော်..

သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်..

သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂


၁။ ပိတ်ပင်ခံထားရသောThe Voice Weekly, Envoy၊  လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်၊ ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများ သဘောဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာ ဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလော ဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကအမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန်။

အထက်ပါ တောင်းဆိုချက်များကို ချက်ချင်း လုပ်ဆောင်ပေးရန် ယနေ့ တက်ရောက်လာသော သတင်းမီဒီယာသမား ၉၂ ဦးကသဘောတူ လက်မှတ်ရေးထိုး လိုက်သည်။

ကော်မတီဝင်များစာရင်း

၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး


ကော်မတီများ

၁။ လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်

၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း

၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)

လယ်ယာမြေ သိမ်းဆည်းခံရသူများ အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့်အပေါ် ၈၈မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမား အရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၏ ပူးတွဲထုတ်ပြန်ချက်..

လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား လေ့လာစုံစမ်း ဖော်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့်အပေါ် ၈၈မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမား အရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၏ ပူးတွဲထုတ်ပြန်ချက်အား ယနေ့(၁၊၈၊၂၀၁၂နေ့)တွင် အောက်ပါပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

သားသတ် လိုင်စင်ဥပဒေနှင့် ပတ်သတ်၍ စည်ပင်ဝန်ထမ်းတဦး (ပေးစာ)

 ၁။ မ‌ေကွးတုိင်း‌ေဒသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ) အမျိုးသားလွှတ်‌ေတာ် ကုိယ်စားလှယ် ဦးလှ‌ေဆွ၏ ‌ေကျးရွာများတွင် အလှူ၊ မင်္ဂလာ‌ေဆာင်၊ အသုဘစသည့် သာ‌ေရး၊ နာ‌ေရးကိစ္စများအတွက် ဝက်၊ အမဲ‌ေပါ်၍ ဧည့်ခံ‌ေကျွး‌ေမွးရာတွင် သားသတ်လုိင်စင်ရသူအား ဒဏ်‌ေကြး‌ေပး‌ေဆာင်ရခြင်းသည် ဥပ‌ေဒ နှင့်ကိုက်ညီခြင်းရှိ၊ မရှိ၊ အလှူမင်္ဂလာ‌ေဆာင်အတွက် အခြား‌ေစျးသက်သာ‌ေသာ ရွာမှ ဝယ်ယူခဲ့သည့် အသား များကို ‌ေကျးရွာသားသတ် လုိင်စင်ရရှိသူက ဖမ်းဆီးပုိင်ခွင့်ရှိ၊ မရှိ၊ ‌ေကျးရွာသားတစ်ဦးသည် မိမိရွာရှိ လုိင်စင် ရသူထံမှသာ အသားငါးများ ဝယ်ရမည်။ အခြားရွာ လုိင်စင်ရရှိသူထံမှ ဝယ်ယူခွင့်မရှိဆုိသည်မှာ ဥပ‌ေဒနှင့် ကုိက်ညီ ခြင်းရှိ၊ မရှိ ‌ေမးခွန်း (၃)ရပ်နှင့် ပတ်သက်၍ နယ်စပ်‌ေရးရာဝန်ကြီးဌာနမှ ရည်ညွှန်းပါစာ(၁)ဖြင့် ဒုတိယဝန်ကြီး လက်မှတ်‌ေရးထုိး၍ တင်ပြ‌ ေဖြကြားခဲ့ပြီးဖြစ်ပါသည်။

၂။
ယင်းသို့‌ေပြာကြားခဲ့ရာတွင် ‌ေမးခွန်း(၁)ပါ ‌ေမးမြန်းချက်နှင့်စပ်လျဥ်း၍ ၁၉၉၃ခုနှစ် စည်ပင် သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒ၊ အခန်း(၁ဝ)၊ ပုဒ်မ ၃၆ပါ ''‌ေကာ်မတီသည် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက် တုိ့ကုိ အများပြည်သူ စားသုံးရန်အလို့ငှာ စည်ပင်သာယာ‌ေရးအဖွဲ့ပိုင် သားသတ်ရုံများတွင် စည်းကမ်း များနှင့်အညီ သတ်ဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့်‌ေနရာတွင် စည်းကမ်းများနှင့်အညီ အသား‌ေရာင်း ချခြင်းကို ခွင့်ပြုနုိင်သည်။'' ဟု‌ေသာ ပြဌာန်းချက်အရ အများပြည်သူများ စားသုံးရန်အတွက် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက် အသားသတ်ဖြတ်‌ ေရာင်းချခွင့်ကုိ ထပ်ဆင့် ထုတ်ပြန်ထား‌ေသာ သက်ဆုိင်ရာစည်းကမ်း          (Bye-Laws)များနှင့် အညီ စည်ပင်သာယာ‌ေရး အဖွဲ့များက လုိင်စင်ချထား‌ေပးပြီး စည်းကမ်းများနှင့် အညီ သတ်ဖြတ်‌ေရာင်းချ‌ေရး၊ သန့်ရှင်းလတ်ဆတ်‌ေသာ အသားများ ဖြစ်‌ေရးကြီးကြပ်‌ ေဆာင်ရွက်လျက်ရှိ‌ေကြာင်း သားသတ် လုိင်စင်ရရှိသူအား အဖဲွ့ကုိယ်စား ဒဏ်‌ေငွတပ်ရုိက်ရန် အခွင့်အာဏာ အပ်နှင်းထားခြင်း မရှိ၍ ‌ေမးမြန်းချက်ပါ ကိစ္စအတွက် ၄င်းတုိ့အား ဒဏ်‌ေကြး‌ ေပး‌ေဆာင်ရခြင်းသို့မဟုတ် ၄င်းတုိ့က ဒဏ်‌ေငွ တပ်ရုိက်ခြင်းသည် ဥပ‌ေဒ နှင့်မညီညွတ်ပါ‌ေကြာင်း‌ ေဖြကြားခဲ့ပါသည်။

၃။ထုိ့အပြင် စည်ပင်သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒပုဒ်မ ၃၇တွင် '' မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ေရးမှူးသည်၊ မည်သည့်ပ‌ေဒသမဆုိ အများပြည်သူများစားသုံးရန်မှ အပ ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့် အမိန့်ကို ပြည်ထဲ‌ေရးဝန်ကြီးဌာန ၏ညွှန်ကြားချက်နှင့် အညီ ခွင့်ပြုနုိင်သည်'' ဟုပြဌာန်းချက်အရ ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့်ကို မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရးဦးစီးဌာန၊ အုပ်ချုပ်‌ေရးမှူးက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြု‌ေပးရန် ဖြစ်‌ေကြာင်း ‌ေဖာ်ပြ‌ေဖြကြားခဲ့ပါသည်။

၄။‌ေမးခွန်း (၂)နှင့် (၃)ပါ အလှူ၊ မင်္ဂလာ‌ေဆာင်အတွက် လုိအပ်‌ေသာ အသားများကို ‌ေစျးသက်သာသည့် အခြား‌ေကျးရွာလုိင်စင်ရရှိသူထံမှ ဝယ်ယူမှုအ‌ေပါ်‌ ေကျးရွာလုိင်စင်စီက ဖမ်းဆီးပိုင်ခွင့်ရှိ၊ မရှိနှင့် ‌ေကျးရွာသား တစ်ဦးအ‌ေနဖြင့် အသားများကို မိမိ‌ေကျးရွာလုိင်စင် ရရှိသူထံမှသာ ဝယ်ယူရမည်၊ အခြား‌ေကျးရွာ လုိင်စင်ရရှိသူထံမှ ဝယ်ယူခွင့်မရှိ ဆုိင်ခြင်းအတွက် ဥပ‌ေဒနှင့်ကိုက်ညီမှုရှိ၊ မရှိ‌ေမးမြန်းချက်များနှင့် ပတ်သက်၍ စည်ပင်သာယာ‌ေရး အဖွဲ့များက အများပြည်သူများ စားသုံးရန်အတွက် ‌ေခြ‌ေလး‌ေချာင်း တိရစ္ဆာန်များ သတ်ဖြတ်ခွင့်နှင့် အသား‌ေရာင်း ချခွင့်လုိင်စင်များ ချထား‌ေပးရာတွင် သန့်ရှင်းလတ်ဆတ်‌ေသာ အသားများဖြစ်‌ေရး သတ်မှတ်‌ေစျးနှုန်းအတိုင်း ‌ေရာင်းချ‌ေရး၊ အ‌ေလးချိန်ခွင် မှန်ကန်မှု ရှိ‌ေစ‌ေရး သတ်မှတ်‌ေ စျးနှုန်းအတုိင်း ‌ေရာင်းချ‌ေရး၊ အ‌ေလးချိန်ခွင်မှန်ကန်မှု ရှိ‌ေစ‌ေရးတို့အပြင် အသားဆုိင်ဖွင့်လှစ်‌ေရာင်းချရမည့် ‌ေစျးသို့မဟုတ်‌ ေကျးရွာနှင့် အသားလှည့်လည်‌ ေရာင်းချခွင့် ရှိသည့် ‌ေကျးရွာများပါဝင်သည့် လုိင်စင်နယ်နိမိတ်များ‌ ေဖာ်ပြ၍ ခွင့်ပြု‌ေပးခြင်းဖြစ်‌ေကြာင်း ရှင်းလင်း‌ ေဖာ်ပြခဲ့ပါ သည်။ 

၅။ယင်းသို့သားသတ်နှင့် အသား‌ေရာင်း လုိင်စင်ရရှိသူ အ‌ေပါ်တွင်သာ ဥပ‌ေဒစည်းမျဥ်း စည်းကမ်း များနှင့်အညီကြီးကြပ်‌ေဆာင်ရွက်ခြင်းဖြစ်ပြီး အသားဝယ်ယူစားသုံးသူအ‌ေပါ် မည်သည့်‌ေစျး၊ မည်သည့်‌ေကျးရွာ တွင်သာဝယ်ယူရမည်ဟု ကန့်သတ်တားမြစ်ချက်၊ ဥပ‌ေဒပြဌာန်းချက်များ‌ မရှိ၍ ‌ေကျးရွာမှ ဖြစ်‌ေစ၊ မြို့‌ေပါ်မှ ဖြစ်‌ေစ၊ တရားဝင် လိုင်စင်ရရှိထားသူထံမှ မိမိတို့ နှစ်သက်သလုိ ဝယ်ယူခွင့် ရှိပါ‌ေကြာင်း၊ သုိ့ဖြစ်၍ အလှူ၊ မင်္ဂလာ‌ေဆာင် အတွက်လုိအပ်သည့် အသားများကို အခြား‌ေကျးရွာ လုိင်စင်ရရှိသူမှ ဝယ်ယူခြင်းအတွက် ‌ေကျးရွာရှိ လုိင်စင်ရရှိသူက ဖမ်းဆီးပုိင်ခွင့် မရှိ‌ေကြာင်း၊ အသားဝယ်ယူခြင်းအတွက် ဝယ်ယူသူအ‌ေပါ် ဥပ‌ေဒအရ ကန့်သတ် တားမြစ်ချက် မရှိ‌ေကြာင်စး သို့ရာတွင် ‌ေစျးသက်သာသည့်‌ ေနရာမှ အသားများဝယ်ယူပြီး အသား‌ေရာင်းလုိင်စင် မရှိဘဲ ပြန်လည်‌ေရာင်းချပါက စည်ပင်သာယာ‌ေရးအဖဲွ့များ ဥပ‌ေဒအရ အ‌ေရးယူခံရမည်ဖြစ်‌ေကြာင်း ‌ေဖြကြား ခဲ့ပါသည်။

၆။   ယင်းသို့‌ေပြာကြားချက်နှင့် ပတ်သက်၍ ၂ဝ၁၂ခုနှစ် ဧပြီလ ၂ ရက်‌ေန့ထုတ် The Voice Weekly စာ‌ေစာင်တွင် '' ဘာသာ‌ေရးတွင် အသုံးပြုမည့် သား၊ ငါးများအတွက် သားသတ်လုိင်စင်ရသူများအား ဒဏ်‌ေကြး‌ ေပး‌ေဆာင်ရန်မလုိ''ဟု‌ေသာ ‌ေခါင်းစည်းဖြင့် သတင်း‌ေဆာင်းပါတစ်ပုဒ် ပါရှိလာခဲ့‌ေကြာင်း‌ေတွ့ရပါသည်။

၇။      ၄င်းသတင်း‌ေဆာင်းပါတွင် ‌ေမးခွန်းအတွက် ‌ေပြာကြားခဲ့သည့် အချက်အလက်များ အပြင် ‌ေဖြကြားချက်နှင့် ကွဲလွဲသည့် သုံးနှုန်း‌ေဖာ်ပြချက်များ၊ သာမန်ဖတ်ရှုသူ အ‌ေနဖြင့် အဓိပ္ပါယ်‌ေကာက် ယူမှုလွဲမှားပြီး တစ်ဖက်သတ်‌ ေတွးမြင်ယူဆနုိင်ဖွယ် အ‌ေရးအသားများ ပါရှိသွားခဲ့သည်ကုိ ‌ေအာက်ပါတုိင်း ‌ေတွ့ရပါသည်-
(က)‌ေခါင်းစဥ်စာသားတွင် '' သာ‌ေရးနာ‌ေရးတွင် အသုံးပြုမည့် သားငါးများအတွက် သတ်သတ် လုိင်စင်ရသူများအား ဒဏ်‌ေကြး‌ေပး‌ေဆာင်ရန်မလုိ'' ဟု‌ေဖာ်ပြ လုိက်ခြင်းဖြင့်ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များတွင် ကျွဲ၊ နွားသတ်ဖြတ်ခွင့် အတွက် သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက် လုိအပ်မှု ''အသိ''က ‌ေမှးမိှန်သွားပြီး ဒဏ်‌ေကြး‌ေပးရန် မလုိအပသည့် ''အသိ''က ပုိမုိထင်ရှား‌ေစည့် သ‌ေဘာ‌ေတွ့ရပါသည်။

(ခ)      ‌ေမးခွန်း‌ေဖြကြားခဲ့ရာတွင် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝကျစ‌သော ‌ခွေ‌လေး‌ခြောငျး သတ်တဝါ  များအား သတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း တုိ့အတွက် သာ သက််ဆုိင်ရာဥပ‌ေဒ ပြဌာန်းချက်များအရ ရှင်းလင်း‌ ေဖြကြားခဲ့ခြင်းဖြစ်ပြီး ''သား၊ ငါး''ဟုသုံးနှုန်း‌ ေဖြကြားခဲ့ ခြင်းမရှိ‌ေသာ်လည်း ၄င်းသတင်း‌ေဆာင်းပါးတွင် မြန်မာ‌ေဝါဟာရ တွဲဖက်အသုံးနှုန်းမှု အ‌လေ့အထအရ ''သား၊ ငါး''ဟု‌ရေးသား သုံးနှုန်းလုိက်ခြင်း‌ေကြာင့် ''ငါး'' များပါ အကျုံးဝင်သည့် သ‌ေဘာအဓိပ္ပါယ်‌ ေကာက်ယူနုိင်ဖွယ်‌ ေတွ့ရပါသည်။

( ဂ)      ထုိ့ပြင် သတင်း‌ေဆာင်းပါး စာကုိယ်တွင် သာ‌ရေး၊ နာ‌ရေးအတှကျ လုိအပ်သည့် အသား များကို '' အခြား‌ေစျး သက်သာသည့် ‌ေနရာမှ မိမိကြိုက်နှစ်သက်သလုိ ဝယ်ယူခွင့်ရှိ‌ေကြာင်း''၊ ''ပြည်သူများအ‌ေနဖြင့် မိမိကြိုက်နှစ်သက်သလုိ ''‌ေရာင်းဝယ်''နုိင်‌ေကြာင်း '‌ေဖာ်ပြချက် များသည်လည်း ‌ေဖြကြားချက်နှင့် ကွဲလွဲ‌ေကြာင်း ‌ေတွ့ရပါသည်။ ‌ေပြာကြားချက်တွင် ‌ေစျးသက်သာသည့် အခြား‌ေကျးရွာ ''လုိင်စင်ရရှိ သူထံမှ '' ဖြစ်‌ေစ၊ မြိုု့‌ေပါ်‌ေစျးများမှ ဖြစ်‌ေစ၊ မိမိနှစ်သက်သလုိ ဝယ်ယူနုိင်‌ေကြာင်း  သို့ရာတွင် ယင်းသို့ဝယ်ယူပြီး‌ေနာက် စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပါ အဆုိပါ ပုဒ်မများအရ ‌ေရးဆွဲသည့် သားသတ်နှင့် အသား‌ေရာင်းချခြင်း ဆုိင်ရာ စည်းကမ်းများ (Bye-Laws)အရ ထုတ်‌ေပးသည့် အသားလှည့်လည်‌ ေရာင်းချခွင့်လုိင်စင်မရှိဘဲ ပြန်လည်‌ေရာင်းချပါက အ‌ေရးယူခံရမည်ဖြစ်‌ေကြာင်း ‌ေဖြကြားခြင်း ဖြစ်‌ေသာ်လည်း အထက်ပါအတုိင်း‌ ေဖာ်ပြခဲ့သဖြင့် ခွင့်ပြုချက် သုိ့မဟုတ် လုိင်စင်မရှိဘဲ သတ်ဖြတ်သူထံမှ ဝယ်ယူ နုိင်သည့်သ‌ေဘာ၊ အသား‌ေရာင်း လုိင်စင်မရှိဘဲ ‌ေရာင်းချသည့် သ‌ဘော သကျ‌ရောကျ သှား‌စေသညျကို ‌တှေ့ရပါသညျ။

(ဃ)      ၄င်းအပြင် ''ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်းတိရိစ္ဆာန်များ သတ်ဖြတ်ခွင့်ကို မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက်ရယူပြီး ပြုလုပ်နုိင်‌ေကြာင်း'' ‌ေဖာ်ပြချက်မှာလည်း ‌ေဖြကြားချက်နှင့် အနည်းငယ် ကွဲလွဲ‌ေန‌ေကြာင်း ‌ေတွ့ရပါသည်။ ဘာသာ‌ေရးနှင့်အခြားကိစ္စရပ်များအတွက် စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပုဒ်မ ၃၇အရ'' ကျွဲ၊ နွား''သတ်ဖြတ်ခွင့်အတွက် မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက်ရယူရန် ရှင်းလင်း‌ေဖြကြားခဲ့ခြင်းဖြစ်‌ေသာ်လည်း ဆိတ်၊ သိုး၊ ဝက်များကိုပါ ထည့်သွင်း‌ ေဖာ်ပြခြင်းအတွက် ‌ဖွေကွားသူအတှကျ‌ရော၊ ပြည်သူများ အတွက်ပါ အထင်အမြင် လွဲမှားမှုများ၊ အသိအမှတ်လွဲမှားမှုများ ဖြစ်နုိင် ‌ေကြာင်း‌ ေတွ့ရပါသည်။

၈။     အချုပ်အားဖြင့် ယင်းသတင်း‌ေဆာင်းပါ‌ ေဖာ်ပြချက်သည် အချို့အချက် အလက်များတွင် ‌ေဖြကြား ချက်နှင့် ကွဲလွဲမှုများ ရှိ‌ေနခဲ့ပြီး ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ရာတွင် မြို့နယ် အုပ်ချုပ်‌ေရးမှူးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည့် အချက်က ‌ေမှးမှိန်‌ေနကာ ဒဏ်‌ေကြး‌ ေကာက်ခံနုိင်ခြင်းမရှိ သည့် ကိစ္စအ‌ေပါ်တွင်သာ အ‌လေး‌ပေး‌ဖျောပွသညျ့ သ‌ဘောသကျ‌ရောကျသှားသညျကို ‌တှေ့ရပါသညျ။

၉။ အဆုိပါသတင်း‌ေဆာင်းပါ‌း ေဖာ်ပြချက်များကို အ‌ေခြခံ ကိုးကား‌ေဖာ်ပြပြီး မွန်ပြည်နယ်‌ ေချာင်းဆုံမြို့ရှိ အစ္စလာမ် ဘာသာ‌ေရးရာ‌ ေကာင်စီ၊ မြို့နယ်ရုံးက ၄င်းမြို့နယ်ရှိ ရပ်ကွက်နှင့်‌ေကျးရွာ‌ ေဂါပကအဖွဲ့နှင့် အုပ်ချုပ်‌ေရးအဖဲွ့များထံ သာ‌ေရး၊ နာ‌ေရးကိစ္စရပ်များတွင် အသုံးပြုသည့် သား‌ေကာင်၏ သား‌ေရနှင့် ဒဏ်‌ေကြး ‌ေငွများ အပါအဝင်၊ ‌ေငွနှင့်ပစ္စည်း‌ေတာင်းယူမှုများ ကြုံ‌ေတွ့ပါက သက်ဆုိင်ရာ အာဏာပုိင်များထံ တုိင်ကြား နုိင်‌ေကြာင်း ၃ဝ-၄-၂ဝ၁၂ရက်စွဲပါစာဖြင့် ဖြန့်‌ေဝအသိ‌ေပးပြီး ဌာနဆိုင်ရာ များသို့လည်း မိတ္တူ‌ေပးပို့ခဲ့‌ေကြာင်း ‌ေတွ့ရပါသည်။

၁ဝ။   ယင်းသို့ အ‌ေကြာင်းကြားစာများ ဖြန့်‌ေဝခဲ့မှုအ‌ေပါ် ၁၉၉၃ခုနှစ် စည်ပင်သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒ ပုဒ်မ ၄ဝ၊ ပုဒ်မခွဲ (က)နှင့် (ခ)တုိ့အရ ပုဒ်မ ၃၆သို့မဟုတ် ၃၇အရ ခွင့်ပြုချက် ရရှိသူသာလျှင် ကျွဲ၊ နွားသတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း၊ အသားနှင့်သား‌ေရကို လက်ဝယ်ထားရှိခြင်းနှင့် မြင်း၊ သိုး၊ ဆိတ်၊ ဝက်တုိ့ကို သတ်ဖြတ်ခြင်း ပြုနုိင်‌ေကြာင်း အသား‌ေရာင်းချခြင်း စည်းကမ်းများ(Bye-Laws)၊ သားသတ်ရုံ စညး်ကမ်းများ(Bye-Laws)နှင့် အခွင့်အ‌ေရးလုိင်စင် စည်းကမ်းများအရ နယ်‌ေမြ‌ေကျာ်၍ အသားသယ်‌ေဆာင်ခြင်း၊ ‌ေရာင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီး ဖြစ်‌ေကြာင်း စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒနှင့် ယင်းဥပ‌ေဒအရ ထုတ်ပြန်ထား‌ေသာ စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ ခွင့်ပြုချက်သို့မဟုတ် လုပ်ငန်းလုိင်စင် မရှိဘဲ အသားများ သတ်ဖြတ်ခြင်း၊ ‌ေရာင်းချခြင်း၊ နယ်‌ေမြ‌ေကျာ်လွန်၍ အသားများသယ်ယူခြင်း၊ ‌ေရာင်းချခြင်း မပြုနုိင်‌ေကြာင်း၊ ယင်းသုိ့ ပြုလုပ်ပါက ဥပ‌ေဒအရ ဖမ်းဆီးအ‌ေရးယူ တရားစွဲဆုိ သွားမည်ဖြစ်‌ေကြာင်း့ြဖင့် ‌ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရးအဖွဲ့ အမှု‌ေဆာင်အရာရှိက ‌ေချာင်းဆုံမြို့ အစ္စလာမ်ဘာသာ‌ေရးရာ ‌ေကာင်စီဥက္ကဌထံ ၂၂-၅-၂ဝ၁၂ရက်စွဲပါစာဖြင့် အသိ‌ေပး အ‌ေကြာင်း ကြားခဲ့သည်ကိုိ ‌ေတွ့ရပါသည်။

၁၁။  ထုိ့သို့ အ‌ေကြာင်းကြားခဲ့သဖြင့် မွန်ပြည်နယ်‌ ေချာင်းဆုံမြို့နယ် အစ္စလာမ် သာသနာ‌ေရးရာ ‌ေကာင်စီ ဥက္ကဌ၊ သတင်း‌ေဆာင်းပါပါ ‌ေမးခွန်း‌ေဖြကြားမှု‌ ေဖာ်ပြချက်များနှင့်‌ ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရးအဖဲွ့၏ အ‌ေကြာင်းကြားချက်များမှာ တုိက်ဆုိင်မှုမရှိ၍ မည်သို ဆက်လက်လုိက်နာ ကျင့်သုံး‌ ေဆာင်ရွက်ရမည်ကို ထုတ်ပြန် ‌ေဆာင်ရွက်‌ေပးရန် အမျိုးသားလွှတ်‌ေတာ် ပြည်သူတို့၏ တုိင်ကြားစာနှင့် အသနားခံစာဆုိင်ရာ ‌ေကာ်မတီသို့ တင်ပြလာ‌ေကြာင်းသိရပါသည်။

၁၂။  စားသုံးရန် အတွက်ဖြစ်‌ေစ၊ ဘာသာ‌ေရးနှင့် အခြားကိစ္စများအတွက်ဖြစ်‌ေစ၊ ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်း တိရိစ္ဆာန်များကို ''သတ်ဖြတ်ခြင်း''အမှုကို ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပုဒ်မ ၄ဝတွင် -
                          ''ပုဒ်မ ၃၆သုိ့မဟုတ် ၃၇အရ ခွင့်ပြုချက် ရရှိသူသာလျှင်-
က)  ကျွဲ၊ နွားကိုသတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း၊ အသားနှင့်သား‌ေရကိုလက်ဝယ် ထားရှိခြင်း ပြုနုိင်သည်၊
(ခ)   မြင်း၊ သိုး၊ ဆိတ်၊ ဝက်တုိ့ကို သတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်းပြုနုိင်သည်။ ဟူ၍ ‌ေဖာ်ပြထားပါသည်။

၁၃။ ယင်းဥပ‌ေဒပုဒ်မပါ ပြဌာန်းချက်အရ ပုဒ်မ ၃၆နှင့် ယင်းပုဒ်မအရပြုသည့် သားသတ်နှင့် အသား ‌ေရာင်းချခြင်းဆုိင်ရာ စည်းကမ်းများ(ပြန- ူ‌ေတျ)အရ စည်ပင်သာယာ‌ေရးအဖဲွ့မှ တရားဝင် သားသတ်နှင့် အသား‌ေရာင်း''လုိင်စင်ရရှိထားသူ''နှင့်၊ ပုဒ်မ ၃၇အရ သက်ဆုိင်ရာ မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရးဦးစီးဌာန၊ အုပ်ချုပ်‌ေရးမှူး၏ ''ခွင့်ပြုချက်ရရှိသူ''မှ အပ အခြားသူများအ‌ေနဖြင့် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်းသတ္တဝါများကို ''သတ်ဖြတ်ခြင်း'' အမှုကို ''မပြုနုိင်‌ေကြာင်း''‌ေတွ့ရမည်ဖြစ်ပါသည်။

၁၄။ သို့ဖြစ်၍ ‌ေကျးရွာများ၌ အလှူ၊ မင်္ဂလာ‌ေဆာင်၊ အသုဘစသည့် သာ‌ေရး၊ နာ‌ေရးကိစ္စများ အတွက် အမဲ‌ေပါ်ခြင်း၊ (ကျွဲ၊ နွားသတ်ဖြတ်ခြင်း)ကိစ္စမှာ ပုဒ်မ၃၇အရ သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူးက ခွင့်ပြုထားခြင်း၊ သို့မဟုတ် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်ခြင်း မဟုတ်ပါက ဥပ‌ဒေကို ‌ဖောကျဖကျြ ကျူးလွန်ရာ ‌ေရာက်ပြီး ယင်းသို့ ဥပ‌ေဒနှင့်အညီဘဲ ‌ေဆာင်ရွက်သည့် ကိစ္စအ‌ေပါ် ပုဒ်မ ၃၆အရ သားသတ်လုိင်စင်ရရှိထားသူ ဒဏ်‌ေကြး သို့မဟုတ်လုိင်စင်ခုံ‌ေကြး‌ေကာက်ခံခြင်းများမှာလည်း ယင်းသုိ့‌ ေဆာင်ရွက်ရန်၄င်းအား လုပ်ပိုင်ခွင့် သုိ့မဟုတ် တာဝန်‌ေပးအပ်ထားခြင်းမရှိ၍ ပြစ်မှုကျူးလွန်သူကို အား‌ေပးကူညီရာ‌ ေရာက်သဖြင့် ဥပ‌ေဒနှင့်ညီညွတ်‌ေကြာင်း ‌ေဖြကြားခဲ့ခြင်းဖြစ်ပါသည်။

၁၅။ ပြန်လည်ရှင်းလင်း‌ေပးရန် တင်ပြလာသည့် ‌ေချာင်းဆုံမြို့နယ်အစ္စလာမ် သာသနာ‌ေရးရာ‌ေကာင်စီ အပါအဝင် သာ‌ေရး၊ နာ‌ေရးတွင် အမဲ‌ေပါ်၍ ဧည့်ခံ‌ေကျွး‌ေမွးမှု ပြုလုပ်‌ေနကြသူများ အ‌ေနဖြင့် သက်ဆုိင်ရာ သားသတ် လုိင်စင်ရရှိသူနှင့် ၄င်းကလာ‌ေရာက်‌ေတာင်းခံသည့် ဒဏ်‌ေကြးနှင့် သား‌ေရစသည်များ‌ေပးအပ်‌ေရး ကိစ္စအတွက် မ‌ေဖြရှင်းမီ မိမိတုိ့ ‌ေဆာင်ရွက်ခဲ့သည့် အမဲ‌ေပါ်ခြင်းကိစ္စများ (ကျွဲ၊ နွား၊ သတ်ဖြတ်ခဲ့ခြင်း) သည် ဥပ‌ေဒအရ ‌ေဆာင်ရွက်ထားခြင်းဟုတ်၊ မဟုတ်သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူးထံမှ ခွင့်ပြုမိန့်ရရှိထားပြီး မပြီး၊ မိမိတို့ကိုယ်တိုင်ဆန်းစစ်၍ ဥပ‌ေဒအရ ခုိင်လုံ‌ေသာ အ‌ေထာက်အထားများ မိမိလက်ဝယ်တွင် ဦးစွာရရှိထားရန် လုိအပ်ပါသည်။

၁၆။ယင်းသို့ခုိင်လုံ‌ေသာ အ‌ေထာက်အထားများ မရှိမှုအ‌ေပါ်တစ်စုံတစ်ဦးက သတင်းပို့တုိင်ကြားလာပါက စည်ပင်သာယာ‌ေရးအဖဲွ့များ ဥပ‌ဒေပုဒျမ ၈ဝ၁ အရ တရားစှဲဆို အ‌ရေးယူ ခံရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားများ သတ်ဖြတ်ခြင်းအတွက် ပုဒ်မ ၈ဝ ပါ ပြဌာန်းချက်များမှာ ‌ေအာက်ပါအတုိင်း ဖြစ်ပါသည်-

                        ၈ဝ   (က)      မည်သူမဆုိ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားကို သတ်ဖြတ်‌ေကြာင်း သို့မဟုတ် ကျွဲ၊                နွား၏ အသား သုိ့မဟုတ် သား‌ေရကို လက်ဝယ်ထားရှိ‌ေကြာင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထုိသူသည် ‌ေထာင်ဒဏ် တစ်နှစ်အထိ ချမှတ်ခြင်းခံရမည်-       ထုိ့အပြင် ထုိသူအား ‌ေငွဒဏ်လည်း ချမှတ်နုိင်သည်။
      (ခ)       ဤပုဒ်မအရ တရားစွဲဆုိရာ၌ စွပ်စွဲခံရသူသည် သက်ဆုိင်ရာ အာဏာပုိင်၏ ွင့်ပြုချက်ဖြင့်ကျွဲ၊ နွားကိုသတ်ဖြတ်‌ေကြာင်း သို့မဟုတ် လက်ဝယ်‌ ေတွ့ရှိ‌ေသာ ကျွဲ၊ နွား၏ အသားသည် တရားဝင် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်‌ေသာ  အခြားအ‌ေကြာင်း တစ်ခုခုဖြင့် ‌သေဆုံး‌သော ကျွဲ၊ နွား၏ အသားဖြစ်‌ေကြာင်း   သက်‌ေသပြရန် တာဝန်ရှိသည်။

၁၇။   သို့ဖြစ်ပါ၍ မွန်ပြည်နယ်‌ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရး အဖွဲ့မှ စည်ပင်သာယာ‌ေရး အဖဲွ့များ ဥပ‌ေဒပုဒ်မ  ၄ဝ ပါပြဌာန်းချက်များကို ‌ေဖာ်ပြခြင်းမှာလည်း ‌ေမးခွန်းပါ အ‌ေကြာင်းအရာများနှင့် ဆက်စပ်‌ေနသဖြင့် မှားယွင်း‌ေဖာ်ပြခြင်းမျိုး မဟုတ် ပါ‌ေကြာင်းနှင့် ဝန်ကြီးဌာနအ‌ေနဖြင့် ‌ေရးသား‌ေဖာ်ပြသူက အချို့အချက်အလက် များတွင် ကွဲလွဲစွာ‌ေဖာ်ပြထားပြီး တစ်ဖက်သတ်‌ ေတွးထင်မှတ် ယူ‌ေစနုိင်သည့် အ‌နေအထား သကျ‌ရောကျသှား သဖြင့် ယခုကဲ့သို့ တင်ပြလာခြင်း ဖြစ်ပါ‌ေကြာင်း နှင့်အခြားသိရှိရန်လုိအပ်သည့် အချက်များကုိပါ ‌ေဖာ်ပြ၍ လုိအပ်သလုိ ဆက်လက်‌ေဆာင်ရွက်နုိင်ပါရန် ရှင်းလင်း တင်ပြအပ်ပါသည်။

စည်ပင်သာယာ ဝန်ထမ်းတဦး...

MOSA အဖွဲ့ ၏ တတိယအကြိမ်မြောက် သင်တန်း ပြည်မြို့ တွင်ဖွင့်လှစ်..

 
MOSA အဖွဲ့ ၏ တတိယအကြိမ်မြောက်  သင်တန်း ပြည်မြို့ တွင် ဖွင့်လှစ်..

MOSA (Myanmar open eye social Actions ) အဖွဲ့ သည် 2012 ခုနှစ် 7လပိုင်း 13, 14,15 ရက်နေ့များတွင် ဟင်္သာတမြို့ တွင် စတင်သင်တန်းများ ပေးခဲ့ပြီး.. ရန်ကုန်မြို့ နာရေးကူညီမှုအသင်းတွင်လဲ 2012 7 20,21.22 များတွင် ၃ရက်တိုင်အောင် သင်တန်းများ ဒုတိယအကြိမ် အဖြစ်ပြုလုပ် ပေးခဲ့သည်။ 2012 .7.28 ရက်နေတွင် ပြည်မြို့နယ်. ရတနာမာန်အောင် ကျောင်းဝင်းအတွင်း (မိုးမေတ္တာ ပရဟိတလူငယ် သွေးလှုရှင်များ အသင်းမှ) ဖိတ်ကြားသဖြင့် လာရောက် သင်တန်းပေးရသည်ဟု MOSA အဖွဲ့သားများမှ ပြောကြားပါသည်။ သင်တန်းပို့ချသည့် ဘာသာရပ်မှာ(၅)ခုဖြစ်သည်ဟု အဖွဲ့ ဝင်များက ပြောပါသည်။
 
 
 (Journalism & Citizen Journalism ) (Human Right & Internet Freedom ) (International Relation & Political Science) (Civil Society) (Information Technology) ဘာသာရပ်များကို သင်ကြားမည် ဖြစ်သည်ဟု MOSA အဖွဲ့ ၏ ဆရာတစ်ဦးဖြစ်သူ ကိုအလင်းဆက်မှ ပြောကြားခဲ့သည်။ ယခုသင်တန်းသို့ ကိုအလင်းအဆက်.(IR) ကိုအောင်နီဦး(IR) ကိုမင်းမင်း(IT) တို့မှ လာရောက် သင်ကြား ပို့ချခြင်းဖြစ်ကြောင်း ကိုအလင်းဆက်မှ ထပ်မံပြောကြားသွားပါသည်။ ယခုသင်တန်းသို့ သင်တန်းသား ၃၀ခန့်တက်ရောက် လေ့လာသင်ယူခဲ့ကြသည်..။

(မှတ်ချက်.......MOSA အဖွဲ့အား ဆက်သွယ်လို ပါက..

Email...... mosa.education.2012@gmail.com
တို့ အားဆက်သွယ်မေးမြန်းနိုင်ပါသည် )
သတင်းဓါတ်ပုံ ...နှင့်သတင်း ( သားစိုးလေး)

“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်” (အပိုင်း-၃) ကိုမျိုး(မြန်မာစာ)

“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်” (အပိုင်း-၃)
ကိုမျိုး(မြန်မာစာ) 

“Reformလုပ်သည် ဆိုရာတွင် Political Reform, Administration Reform, Economic Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို ... မြန်မြန်ထက်ထက်ပြုပြင် သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ Mind Setများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း”(မေလ၁၃ရက်နေ့က နိုင်ငံတော် သမ္မတရုံး၌ ကျင်းပသည့် ReformStrategy ရှင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားချက်မှ)၊။

ယင်းသို့ မှတ်မှတ်ရရ ရှိခဲ့ရသော စကားနှင့်အတူ ““လုပ်ငန်း လုပ်ဆောင်ရာတွင် ဝေဖန်ခံနိုင်မှ အမှန်ကို မြင်ရမည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ်”” ဟူသည့် ခေါင်းစီးကြီးဖြင့် နိုင်ငံတော် သမ္မတကြီး၏ “ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး”လမ်းညွှန်ချက်အရ နိုင်ငံတော်အဆင့် Reform Strategyအများ ပြုပြင်ပြောင်းလဲရန် အဓိကထားညှိနှိုင်း ဆွေးနွေးနေခြင်း ဖြစ်ကြောင်း သတင်းစာမျက်နှာ မျက်နှာဖုံးမှာ ထုတ်နှုတ်ဖော်ပြထားသည်ကိုလည်းသတိပြုမိခဲ့ဖူး၏။

“ကိုယ့်စိတ်နှင့် နှိုင်းရိုင်းနေမိသူ”

မိမိတို့၏ Mind Setများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း (စာဖြင့်မပြောနှင့် နှုတ်ဖြင့်ပင် မမြင်ရစဖူး) စကားမျိုးတွေကို အကြားရ ထူးနေသည့်အတွက် ကျွန်တော်တို့ ပြည်သူတွေ သဘောခွေ့ သွားခဲ့ကြရသည်မှာ မဆန်းလှ။ ထိုနည်းတူ မီဒီယာသမားတွေလည်း နိုင်ငံ့ အကြီးအကဲများ၏ ဤသို့ သော မိန့်ခွန်းမျိုးတွေကို သဘောခွေ့ကြကြောင်း ဂျာနယ်၊ စာစောင်အသီးသီးမှ စာမျက်နှာတွေက သက်သေခံနေပါ၏။ အဆိုပါမိန့်ခွန်း တွေကို တစ်ခဲနက် ကောက်နုတ် သတင်းလုပ် လိုက်ကြ ပုံများက တကယ်ပင် မြိန်ရေယှက်ရည် နိုင်လွန်းလှသည် မဟုတ်ပါလော။

မေ၁၁ရက်နေ့က နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းထဲမှာ ပါရှိသော “မူတွေ မကောင်းရင် လူတွေ မကောင်းနိုင်ပါဘူး။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်မှာ ချန်ထားခဲ့ရပါမယ်” ဟူသည့် စကားဆိုလျှင် စာမျက်နှာတွေ ထက်မှာပေါ်ပြူလာ ဖြစ်လွန်းတာ တစ်ဘက်ကမ်းတောင် လွန်သည်ဆိုနိုင်သည်။ သို့သော်ထိုသို့ စာမျက်နှာတွေထက် မိန့်ခွန်း ကောက်နှုတ်ချက်တွေ ပလူပျံနေခိုက်မှာ
ကျွန်တော်ကတော့ သိပ်မပျော်ပါ။ “တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်မှာ ချန်ထားခဲ့ရပါမယ်” ဆိုသောစကားတို့“ မိမိတို့၏ Mind Setများ လည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ပါကြောင်း”ဆိုသောစကားတို့နှင့် “ဝေဖန်ခံနိုင်မှ အမှန်ကို မြင်ရမည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ်”ဆိုသော စကားတို့ အတွက သိပ်တော့ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရဲခဲ့၍ဖြစ်ပါ၏။ အကြောင်းကတော့ Facebook စာမျက်နှာထက်မှာပင်..

“သူငယ်ချင်း အချင်းချင်းဝေဖန်၍ မကျေမနပ်ဖြစ်သူ”၊
“မကျေနပ်ဖြစ်၍ သူငယ်ချင်းစာရင်းက ဖြုတ်ချသူ”၊
“သူငယ်ချင်းအဖြစ်က ဖြုတ်ချခံရ၍ မကျေမနပ် ပြန်ဝေဖန်သူ” စသည်ဖြင့်
နိစ္စဓူဝ တွေ့မြင်နေရ၍လည်း ဖြစ်မည်။ ကျွန်တော့်မှာတော့ ကိုယ့်စိတ်နှင့်နှိုင်း၍ ရိုင်းနေသူ ဆိုရလောက်အောင်ကို “မည်သူက ဝေဖန်ခံနိုင်မှာလဲ” “မည်သူက အချန်ခံချင်ပါ့မလဲ”၊ “မည်သူက မိမိတို့Mind Setကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု ခံယူမှာလဲ” ဟုသာ လူသဘော သဘာဝတွေအား ပုံသေထား ယုံကြည်ထားခဲ့မိသည့် အဖြစ်နှင့်ပေကိုး။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)

လူဟုခေါ်သည့် ပုံရိပ်များ...

 
လူဟုခေါ်သည့် ပုံရိပ်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်)အဖြစ် ပြန်လည်ပေးအပ်သည့် “လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့သည်။ ယင်းရိုက်ကူးမှုတွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။
 
 
တေးသံရှင် လင်းလင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသင်တန်းအား တက်ရောက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ လင်းလင်း၏ လူမှုရေးစိတ်ဓါတ်၊ လူသားချင်းစာနာသော စိတ်ဓါတ်တို့ကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်ခြင်းနှင့် ဂီတ သံစဉ်များဖြင့် “လူဟုခေါ်သည်” ဆိုသည့် လူမှုရေးသီချင်းအား ရေးစပ်သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်)အား ကူညီပံ့ပိုးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတတ်စွမ်းသော ဂီတပညာရပ်ဖြင့် အများ ပြည်သူတို့အား ပေးဆပ်ခြင်းဖြစ်သည်။

ယင်းရိုက်ကူးမှုအစီအစဉ်အား ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး၏ စက်လှေတစ်စီး၊ အင်ဂျင်နီယာ ကိုခင်မောင်အေး၏ ပံ့ပိုးကူညီသော စက်လှေကြီးတစ်စီး၊ ရိုက်ကူးရေးအ တွက် လိုအပ်သော ကင်မရာအား KNZ ခင်လတ်အဖွဲ့မှ ကူညီပေးခဲ့ပြီး ရိုက်ကူးရေးအဖွဲ့တွင် ရုပ်ရှင်စက်မှု လုပ်သား ကိုထူးလူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများဖြစ်ကြသော ကင်မရာမင်း ဦးလုံး၊ ဖြိုးကိုကို၊ ကိုစိုင်း၊ ဇာနည်ထက်၊ ဦးပြောင်ကြီး၊ ရုပ်ငြိမ်ဓါတ်ပုံ ဦးရောဘတ်၊ ကင်မရာမင်း ဦးကျော်ဟိန်းနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ကင်မရာမင်းများအဖြစ် ပါဝင်ရိုက်ကူး ပုံဖော် ခဲ့ကြသည်။
 

လူဟုခေါ်သည်
ရေး/ဆို - လင်းလင်း

 ကမ္ဘာလည်နေတာ ခဏရပ်ပြီး
အချိန်တွေပြန် နောက်ဆုတ်လိုက်
အို …. မင်းမရှက်တက်ရင်လေ

လူဆိုတာဟာ ကိုယ့်လိပ်ပြာနဲ့ကွယ်
လူဆိုတာဟာ ကိုယ့်သိက္ခာနဲ့ပေါ့ကွယ်
ပြန်ဆန်းစစ်ကြည့်ပါလေ

CHO: ဘာမှငါ သေသေချာချာ မသိ
ဘာမှငါ ရေရေရာရာ မရှိ
မြင်သမျှ အရာရာ အိုး …. No ... အို …. No …
မာန်မာနတွေ စောင်လိုငါ အရေခြုံပြီး ….
အာဃသတွေ အလိုလိုငါ မွှန်ထူပြီး ….
လိုချင် ရမ္မက်တွေရယ် အိုး …. No … အို …. No …
ဒီခန္ဓာ ငရဲမှာကွယ် …

အာဏာတွေကို တပ်မက်သူရှိတယ်
နေရာတွေကို ရူးကြသူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှာမပါ

ထင်ပေါ်တာတွေနောက် လိုက်သူရှိတယ်
အပေါ်ယံ မျက်နှာဖုံးနဲ့ လူများလဲရှိတယ်
မင်းသေသွားလဲ နောက်မှမပါ ….
x x x x x x