ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သားသတ် လိုင်စင်ဥပဒေနှင့် ပတ်သတ်၍ စည်ပင်ဝန်ထမ်းတဦး (ပေးစာ)

 ၁။ မ‌ေကွးတုိင်း‌ေဒသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ) အမျိုးသားလွှတ်‌ေတာ် ကုိယ်စားလှယ် ဦးလှ‌ေဆွ၏ ‌ေကျးရွာများတွင် အလှူ၊ မင်္ဂလာ‌ေဆာင်၊ အသုဘစသည့် သာ‌ေရး၊ နာ‌ေရးကိစ္စများအတွက် ဝက်၊ အမဲ‌ေပါ်၍ ဧည့်ခံ‌ေကျွး‌ေမွးရာတွင် သားသတ်လုိင်စင်ရသူအား ဒဏ်‌ေကြး‌ေပး‌ေဆာင်ရခြင်းသည် ဥပ‌ေဒ နှင့်ကိုက်ညီခြင်းရှိ၊ မရှိ၊ အလှူမင်္ဂလာ‌ေဆာင်အတွက် အခြား‌ေစျးသက်သာ‌ေသာ ရွာမှ ဝယ်ယူခဲ့သည့် အသား များကို ‌ေကျးရွာသားသတ် လုိင်စင်ရရှိသူက ဖမ်းဆီးပုိင်ခွင့်ရှိ၊ မရှိ၊ ‌ေကျးရွာသားတစ်ဦးသည် မိမိရွာရှိ လုိင်စင် ရသူထံမှသာ အသားငါးများ ဝယ်ရမည်။ အခြားရွာ လုိင်စင်ရရှိသူထံမှ ဝယ်ယူခွင့်မရှိဆုိသည်မှာ ဥပ‌ေဒနှင့် ကုိက်ညီ ခြင်းရှိ၊ မရှိ ‌ေမးခွန်း (၃)ရပ်နှင့် ပတ်သက်၍ နယ်စပ်‌ေရးရာဝန်ကြီးဌာနမှ ရည်ညွှန်းပါစာ(၁)ဖြင့် ဒုတိယဝန်ကြီး လက်မှတ်‌ေရးထုိး၍ တင်ပြ‌ ေဖြကြားခဲ့ပြီးဖြစ်ပါသည်။

၂။
ယင်းသို့‌ေပြာကြားခဲ့ရာတွင် ‌ေမးခွန်း(၁)ပါ ‌ေမးမြန်းချက်နှင့်စပ်လျဥ်း၍ ၁၉၉၃ခုနှစ် စည်ပင် သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒ၊ အခန်း(၁ဝ)၊ ပုဒ်မ ၃၆ပါ ''‌ေကာ်မတီသည် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက် တုိ့ကုိ အများပြည်သူ စားသုံးရန်အလို့ငှာ စည်ပင်သာယာ‌ေရးအဖွဲ့ပိုင် သားသတ်ရုံများတွင် စည်းကမ်း များနှင့်အညီ သတ်ဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့်‌ေနရာတွင် စည်းကမ်းများနှင့်အညီ အသား‌ေရာင်း ချခြင်းကို ခွင့်ပြုနုိင်သည်။'' ဟု‌ေသာ ပြဌာန်းချက်အရ အများပြည်သူများ စားသုံးရန်အတွက် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက် အသားသတ်ဖြတ်‌ ေရာင်းချခွင့်ကုိ ထပ်ဆင့် ထုတ်ပြန်ထား‌ေသာ သက်ဆုိင်ရာစည်းကမ်း          (Bye-Laws)များနှင့် အညီ စည်ပင်သာယာ‌ေရး အဖွဲ့များက လုိင်စင်ချထား‌ေပးပြီး စည်းကမ်းများနှင့် အညီ သတ်ဖြတ်‌ေရာင်းချ‌ေရး၊ သန့်ရှင်းလတ်ဆတ်‌ေသာ အသားများ ဖြစ်‌ေရးကြီးကြပ်‌ ေဆာင်ရွက်လျက်ရှိ‌ေကြာင်း သားသတ် လုိင်စင်ရရှိသူအား အဖဲွ့ကုိယ်စား ဒဏ်‌ေငွတပ်ရုိက်ရန် အခွင့်အာဏာ အပ်နှင်းထားခြင်း မရှိ၍ ‌ေမးမြန်းချက်ပါ ကိစ္စအတွက် ၄င်းတုိ့အား ဒဏ်‌ေကြး‌ ေပး‌ေဆာင်ရခြင်းသို့မဟုတ် ၄င်းတုိ့က ဒဏ်‌ေငွ တပ်ရုိက်ခြင်းသည် ဥပ‌ေဒ နှင့်မညီညွတ်ပါ‌ေကြာင်း‌ ေဖြကြားခဲ့ပါသည်။

၃။ထုိ့အပြင် စည်ပင်သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒပုဒ်မ ၃၇တွင် '' မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ေရးမှူးသည်၊ မည်သည့်ပ‌ေဒသမဆုိ အများပြည်သူများစားသုံးရန်မှ အပ ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့် အမိန့်ကို ပြည်ထဲ‌ေရးဝန်ကြီးဌာန ၏ညွှန်ကြားချက်နှင့် အညီ ခွင့်ပြုနုိင်သည်'' ဟုပြဌာန်းချက်အရ ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့်ကို မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရးဦးစီးဌာန၊ အုပ်ချုပ်‌ေရးမှူးက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြု‌ေပးရန် ဖြစ်‌ေကြာင်း ‌ေဖာ်ပြ‌ေဖြကြားခဲ့ပါသည်။

၄။‌ေမးခွန်း (၂)နှင့် (၃)ပါ အလှူ၊ မင်္ဂလာ‌ေဆာင်အတွက် လုိအပ်‌ေသာ အသားများကို ‌ေစျးသက်သာသည့် အခြား‌ေကျးရွာလုိင်စင်ရရှိသူထံမှ ဝယ်ယူမှုအ‌ေပါ်‌ ေကျးရွာလုိင်စင်စီက ဖမ်းဆီးပိုင်ခွင့်ရှိ၊ မရှိနှင့် ‌ေကျးရွာသား တစ်ဦးအ‌ေနဖြင့် အသားများကို မိမိ‌ေကျးရွာလုိင်စင် ရရှိသူထံမှသာ ဝယ်ယူရမည်၊ အခြား‌ေကျးရွာ လုိင်စင်ရရှိသူထံမှ ဝယ်ယူခွင့်မရှိ ဆုိင်ခြင်းအတွက် ဥပ‌ေဒနှင့်ကိုက်ညီမှုရှိ၊ မရှိ‌ေမးမြန်းချက်များနှင့် ပတ်သက်၍ စည်ပင်သာယာ‌ေရး အဖွဲ့များက အများပြည်သူများ စားသုံးရန်အတွက် ‌ေခြ‌ေလး‌ေချာင်း တိရစ္ဆာန်များ သတ်ဖြတ်ခွင့်နှင့် အသား‌ေရာင်း ချခွင့်လုိင်စင်များ ချထား‌ေပးရာတွင် သန့်ရှင်းလတ်ဆတ်‌ေသာ အသားများဖြစ်‌ေရး သတ်မှတ်‌ေစျးနှုန်းအတိုင်း ‌ေရာင်းချ‌ေရး၊ အ‌ေလးချိန်ခွင် မှန်ကန်မှု ရှိ‌ေစ‌ေရး သတ်မှတ်‌ေ စျးနှုန်းအတုိင်း ‌ေရာင်းချ‌ေရး၊ အ‌ေလးချိန်ခွင်မှန်ကန်မှု ရှိ‌ေစ‌ေရးတို့အပြင် အသားဆုိင်ဖွင့်လှစ်‌ေရာင်းချရမည့် ‌ေစျးသို့မဟုတ်‌ ေကျးရွာနှင့် အသားလှည့်လည်‌ ေရာင်းချခွင့် ရှိသည့် ‌ေကျးရွာများပါဝင်သည့် လုိင်စင်နယ်နိမိတ်များ‌ ေဖာ်ပြ၍ ခွင့်ပြု‌ေပးခြင်းဖြစ်‌ေကြာင်း ရှင်းလင်း‌ ေဖာ်ပြခဲ့ပါ သည်။ 

၅။ယင်းသို့သားသတ်နှင့် အသား‌ေရာင်း လုိင်စင်ရရှိသူ အ‌ေပါ်တွင်သာ ဥပ‌ေဒစည်းမျဥ်း စည်းကမ်း များနှင့်အညီကြီးကြပ်‌ေဆာင်ရွက်ခြင်းဖြစ်ပြီး အသားဝယ်ယူစားသုံးသူအ‌ေပါ် မည်သည့်‌ေစျး၊ မည်သည့်‌ေကျးရွာ တွင်သာဝယ်ယူရမည်ဟု ကန့်သတ်တားမြစ်ချက်၊ ဥပ‌ေဒပြဌာန်းချက်များ‌ မရှိ၍ ‌ေကျးရွာမှ ဖြစ်‌ေစ၊ မြို့‌ေပါ်မှ ဖြစ်‌ေစ၊ တရားဝင် လိုင်စင်ရရှိထားသူထံမှ မိမိတို့ နှစ်သက်သလုိ ဝယ်ယူခွင့် ရှိပါ‌ေကြာင်း၊ သုိ့ဖြစ်၍ အလှူ၊ မင်္ဂလာ‌ေဆာင် အတွက်လုိအပ်သည့် အသားများကို အခြား‌ေကျးရွာ လုိင်စင်ရရှိသူမှ ဝယ်ယူခြင်းအတွက် ‌ေကျးရွာရှိ လုိင်စင်ရရှိသူက ဖမ်းဆီးပုိင်ခွင့် မရှိ‌ေကြာင်း၊ အသားဝယ်ယူခြင်းအတွက် ဝယ်ယူသူအ‌ေပါ် ဥပ‌ေဒအရ ကန့်သတ် တားမြစ်ချက် မရှိ‌ေကြာင်စး သို့ရာတွင် ‌ေစျးသက်သာသည့်‌ ေနရာမှ အသားများဝယ်ယူပြီး အသား‌ေရာင်းလုိင်စင် မရှိဘဲ ပြန်လည်‌ေရာင်းချပါက စည်ပင်သာယာ‌ေရးအဖဲွ့များ ဥပ‌ေဒအရ အ‌ေရးယူခံရမည်ဖြစ်‌ေကြာင်း ‌ေဖြကြား ခဲ့ပါသည်။

၆။   ယင်းသို့‌ေပြာကြားချက်နှင့် ပတ်သက်၍ ၂ဝ၁၂ခုနှစ် ဧပြီလ ၂ ရက်‌ေန့ထုတ် The Voice Weekly စာ‌ေစာင်တွင် '' ဘာသာ‌ေရးတွင် အသုံးပြုမည့် သား၊ ငါးများအတွက် သားသတ်လုိင်စင်ရသူများအား ဒဏ်‌ေကြး‌ ေပး‌ေဆာင်ရန်မလုိ''ဟု‌ေသာ ‌ေခါင်းစည်းဖြင့် သတင်း‌ေဆာင်းပါတစ်ပုဒ် ပါရှိလာခဲ့‌ေကြာင်း‌ေတွ့ရပါသည်။

၇။      ၄င်းသတင်း‌ေဆာင်းပါတွင် ‌ေမးခွန်းအတွက် ‌ေပြာကြားခဲ့သည့် အချက်အလက်များ အပြင် ‌ေဖြကြားချက်နှင့် ကွဲလွဲသည့် သုံးနှုန်း‌ေဖာ်ပြချက်များ၊ သာမန်ဖတ်ရှုသူ အ‌ေနဖြင့် အဓိပ္ပါယ်‌ေကာက် ယူမှုလွဲမှားပြီး တစ်ဖက်သတ်‌ ေတွးမြင်ယူဆနုိင်ဖွယ် အ‌ေရးအသားများ ပါရှိသွားခဲ့သည်ကုိ ‌ေအာက်ပါတုိင်း ‌ေတွ့ရပါသည်-
(က)‌ေခါင်းစဥ်စာသားတွင် '' သာ‌ေရးနာ‌ေရးတွင် အသုံးပြုမည့် သားငါးများအတွက် သတ်သတ် လုိင်စင်ရသူများအား ဒဏ်‌ေကြး‌ေပး‌ေဆာင်ရန်မလုိ'' ဟု‌ေဖာ်ပြ လုိက်ခြင်းဖြင့်ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များတွင် ကျွဲ၊ နွားသတ်ဖြတ်ခွင့် အတွက် သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက် လုိအပ်မှု ''အသိ''က ‌ေမှးမိှန်သွားပြီး ဒဏ်‌ေကြး‌ေပးရန် မလုိအပသည့် ''အသိ''က ပုိမုိထင်ရှား‌ေစည့် သ‌ေဘာ‌ေတွ့ရပါသည်။

(ခ)      ‌ေမးခွန်း‌ေဖြကြားခဲ့ရာတွင် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်စ‌ေသာ ‌ေခြ‌ေလး‌ေချာင်း သတ္တဝါ  များအား သတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း တုိ့အတွက် သာ သက််ဆုိင်ရာဥပ‌ေဒ ပြဌာန်းချက်များအရ ရှင်းလင်း‌ ေဖြကြားခဲ့ခြင်းဖြစ်ပြီး ''သား၊ ငါး''ဟုသုံးနှုန်း‌ ေဖြကြားခဲ့ ခြင်းမရှိ‌ေသာ်လည်း ၄င်းသတင်း‌ေဆာင်းပါးတွင် မြန်မာ‌ေဝါဟာရ တွဲဖက်အသုံးနှုန်းမှု အ‌ေလ့အထအရ ''သား၊ ငါး''ဟု‌ေရးသား သုံးနှုန်းလုိက်ခြင်း‌ေကြာင့် ''ငါး'' များပါ အကျုံးဝင်သည့် သ‌ေဘာအဓိပ္ပါယ်‌ ေကာက်ယူနုိင်ဖွယ်‌ ေတွ့ရပါသည်။

( ဂ)      ထုိ့ပြင် သတင်း‌ေဆာင်းပါး စာကုိယ်တွင် သာ‌ေရး၊ နာ‌ေရးအတွက် လုိအပ်သည့် အသား များကို '' အခြား‌ေစျး သက်သာသည့် ‌ေနရာမှ မိမိကြိုက်နှစ်သက်သလုိ ဝယ်ယူခွင့်ရှိ‌ေကြာင်း''၊ ''ပြည်သူများအ‌ေနဖြင့် မိမိကြိုက်နှစ်သက်သလုိ ''‌ေရာင်းဝယ်''နုိင်‌ေကြာင်း '‌ေဖာ်ပြချက် များသည်လည်း ‌ေဖြကြားချက်နှင့် ကွဲလွဲ‌ေကြာင်း ‌ေတွ့ရပါသည်။ ‌ေပြာကြားချက်တွင် ‌ေစျးသက်သာသည့် အခြား‌ေကျးရွာ ''လုိင်စင်ရရှိ သူထံမှ '' ဖြစ်‌ေစ၊ မြိုု့‌ေပါ်‌ေစျးများမှ ဖြစ်‌ေစ၊ မိမိနှစ်သက်သလုိ ဝယ်ယူနုိင်‌ေကြာင်း  သို့ရာတွင် ယင်းသို့ဝယ်ယူပြီး‌ေနာက် စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပါ အဆုိပါ ပုဒ်မများအရ ‌ေရးဆွဲသည့် သားသတ်နှင့် အသား‌ေရာင်းချခြင်း ဆုိင်ရာ စည်းကမ်းများ (Bye-Laws)အရ ထုတ်‌ေပးသည့် အသားလှည့်လည်‌ ေရာင်းချခွင့်လုိင်စင်မရှိဘဲ ပြန်လည်‌ေရာင်းချပါက အ‌ေရးယူခံရမည်ဖြစ်‌ေကြာင်း ‌ေဖြကြားခြင်း ဖြစ်‌ေသာ်လည်း အထက်ပါအတုိင်း‌ ေဖာ်ပြခဲ့သဖြင့် ခွင့်ပြုချက် သုိ့မဟုတ် လုိင်စင်မရှိဘဲ သတ်ဖြတ်သူထံမှ ဝယ်ယူ နုိင်သည့်သ‌ေဘာ၊ အသား‌ေရာင်း လုိင်စင်မရှိဘဲ ‌ေရာင်းချသည့် သ‌ေဘာ သက်‌ေရာက် သွား‌ေစသည်ကို ‌ေတ့ွရပါသည်။

(ဃ)      ၄င်းအပြင် ''ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်းတိရိစ္ဆာန်များ သတ်ဖြတ်ခွင့်ကို မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက်ရယူပြီး ပြုလုပ်နုိင်‌ေကြာင်း'' ‌ေဖာ်ပြချက်မှာလည်း ‌ေဖြကြားချက်နှင့် အနည်းငယ် ကွဲလွဲ‌ေန‌ေကြာင်း ‌ေတွ့ရပါသည်။ ဘာသာ‌ေရးနှင့်အခြားကိစ္စရပ်များအတွက် စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပုဒ်မ ၃၇အရ'' ကျွဲ၊ နွား''သတ်ဖြတ်ခွင့်အတွက် မြို့နယ်အုပ်ချုပ်‌ေရးမှူး၏ ခွင့်ပြုချက်ရယူရန် ရှင်းလင်း‌ေဖြကြားခဲ့ခြင်းဖြစ်‌ေသာ်လည်း ဆိတ်၊ သိုး၊ ဝက်များကိုပါ ထည့်သွင်း‌ ေဖာ်ပြခြင်းအတွက် ‌ေဖြကြားသူအတွက်‌ေရာ၊ ပြည်သူများ အတွက်ပါ အထင်အမြင် လွဲမှားမှုများ၊ အသိအမှတ်လွဲမှားမှုများ ဖြစ်နုိင် ‌ေကြာင်း‌ ေတွ့ရပါသည်။

၈။     အချုပ်အားဖြင့် ယင်းသတင်း‌ေဆာင်းပါ‌ ေဖာ်ပြချက်သည် အချို့အချက် အလက်များတွင် ‌ေဖြကြား ချက်နှင့် ကွဲလွဲမှုများ ရှိ‌ေနခဲ့ပြီး ဘာသာ‌ေရးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ရာတွင် မြို့နယ် အုပ်ချုပ်‌ေရးမှူးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည့် အချက်က ‌ေမှးမှိန်‌ေနကာ ဒဏ်‌ေကြး‌ ေကာက်ခံနုိင်ခြင်းမရှိ သည့် ကိစ္စအ‌ေပါ်တွင်သာ အ‌ေလး‌ေပး‌ေဖာ်ပြသည့် သ‌ေဘာသက်‌ေရာက်သွားသည်ကို ‌ေတွ့ရပါသည်။

၉။ အဆုိပါသတင်း‌ေဆာင်းပါ‌း ေဖာ်ပြချက်များကို အ‌ေခြခံ ကိုးကား‌ေဖာ်ပြပြီး မွန်ပြည်နယ်‌ ေချာင်းဆုံမြို့ရှိ အစ္စလာမ် ဘာသာ‌ေရးရာ‌ ေကာင်စီ၊ မြို့နယ်ရုံးက ၄င်းမြို့နယ်ရှိ ရပ်ကွက်နှင့်‌ေကျးရွာ‌ ေဂါပကအဖွဲ့နှင့် အုပ်ချုပ်‌ေရးအဖဲွ့များထံ သာ‌ေရး၊ နာ‌ေရးကိစ္စရပ်များတွင် အသုံးပြုသည့် သား‌ေကာင်၏ သား‌ေရနှင့် ဒဏ်‌ေကြး ‌ေငွများ အပါအဝင်၊ ‌ေငွနှင့်ပစ္စည်း‌ေတာင်းယူမှုများ ကြုံ‌ေတွ့ပါက သက်ဆုိင်ရာ အာဏာပုိင်များထံ တုိင်ကြား နုိင်‌ေကြာင်း ၃ဝ-၄-၂ဝ၁၂ရက်စွဲပါစာဖြင့် ဖြန့်‌ေဝအသိ‌ေပးပြီး ဌာနဆိုင်ရာ များသို့လည်း မိတ္တူ‌ေပးပို့ခဲ့‌ေကြာင်း ‌ေတွ့ရပါသည်။

၁ဝ။   ယင်းသို့ အ‌ေကြာင်းကြားစာများ ဖြန့်‌ေဝခဲ့မှုအ‌ေပါ် ၁၉၉၃ခုနှစ် စည်ပင်သာယာ‌ေရး အဖွဲ့များ ဥပ‌ေဒ ပုဒ်မ ၄ဝ၊ ပုဒ်မခွဲ (က)နှင့် (ခ)တုိ့အရ ပုဒ်မ ၃၆သို့မဟုတ် ၃၇အရ ခွင့်ပြုချက် ရရှိသူသာလျှင် ကျွဲ၊ နွားသတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း၊ အသားနှင့်သား‌ေရကို လက်ဝယ်ထားရှိခြင်းနှင့် မြင်း၊ သိုး၊ ဆိတ်၊ ဝက်တုိ့ကို သတ်ဖြတ်ခြင်း ပြုနုိင်‌ေကြာင်း အသား‌ေရာင်းချခြင်း စည်းကမ်းများ(Bye-Laws)၊ သားသတ်ရုံ စညး်ကမ်းများ(Bye-Laws)နှင့် အခွင့်အ‌ေရးလုိင်စင် စည်းကမ်းများအရ နယ်‌ေမြ‌ေကျာ်၍ အသားသယ်‌ေဆာင်ခြင်း၊ ‌ေရာင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီး ဖြစ်‌ေကြာင်း စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒနှင့် ယင်းဥပ‌ေဒအရ ထုတ်ပြန်ထား‌ေသာ စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ ခွင့်ပြုချက်သို့မဟုတ် လုပ်ငန်းလုိင်စင် မရှိဘဲ အသားများ သတ်ဖြတ်ခြင်း၊ ‌ေရာင်းချခြင်း၊ နယ်‌ေမြ‌ေကျာ်လွန်၍ အသားများသယ်ယူခြင်း၊ ‌ေရာင်းချခြင်း မပြုနုိင်‌ေကြာင်း၊ ယင်းသုိ့ ပြုလုပ်ပါက ဥပ‌ေဒအရ ဖမ်းဆီးအ‌ေရးယူ တရားစွဲဆုိ သွားမည်ဖြစ်‌ေကြာင်း့ြဖင့် ‌ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရးအဖွဲ့ အမှု‌ေဆာင်အရာရှိက ‌ေချာင်းဆုံမြို့ အစ္စလာမ်ဘာသာ‌ေရးရာ ‌ေကာင်စီဥက္ကဌထံ ၂၂-၅-၂ဝ၁၂ရက်စွဲပါစာဖြင့် အသိ‌ေပး အ‌ေကြာင်း ကြားခဲ့သည်ကိုိ ‌ေတွ့ရပါသည်။

၁၁။  ထုိ့သို့ အ‌ေကြာင်းကြားခဲ့သဖြင့် မွန်ပြည်နယ်‌ ေချာင်းဆုံမြို့နယ် အစ္စလာမ် သာသနာ‌ေရးရာ ‌ေကာင်စီ ဥက္ကဌ၊ သတင်း‌ေဆာင်းပါပါ ‌ေမးခွန်း‌ေဖြကြားမှု‌ ေဖာ်ပြချက်များနှင့်‌ ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရးအဖဲွ့၏ အ‌ေကြာင်းကြားချက်များမှာ တုိက်ဆုိင်မှုမရှိ၍ မည်သို ဆက်လက်လုိက်နာ ကျင့်သုံး‌ ေဆာင်ရွက်ရမည်ကို ထုတ်ပြန် ‌ေဆာင်ရွက်‌ေပးရန် အမျိုးသားလွှတ်‌ေတာ် ပြည်သူတို့၏ တုိင်ကြားစာနှင့် အသနားခံစာဆုိင်ရာ ‌ေကာ်မတီသို့ တင်ပြလာ‌ေကြာင်းသိရပါသည်။

၁၂။  စားသုံးရန် အတွက်ဖြစ်‌ေစ၊ ဘာသာ‌ေရးနှင့် အခြားကိစ္စများအတွက်ဖြစ်‌ေစ၊ ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်း တိရိစ္ဆာန်များကို ''သတ်ဖြတ်ခြင်း''အမှုကို ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာ‌ေရးအဖွဲ့များ ဥပ‌ေဒပုဒ်မ ၄ဝတွင် -
                          ''ပုဒ်မ ၃၆သုိ့မဟုတ် ၃၇အရ ခွင့်ပြုချက် ရရှိသူသာလျှင်-
က)  ကျွဲ၊ နွားကိုသတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်း၊ အသားနှင့်သား‌ေရကိုလက်ဝယ် ထားရှိခြင်း ပြုနုိင်သည်၊
(ခ)   မြင်း၊ သိုး၊ ဆိတ်၊ ဝက်တုိ့ကို သတ်ဖြတ်ခြင်း၊ အသား‌ေရာင်းချခြင်းပြုနုိင်သည်။ ဟူ၍ ‌ေဖာ်ပြထားပါသည်။

၁၃။ ယင်းဥပ‌ေဒပုဒ်မပါ ပြဌာန်းချက်အရ ပုဒ်မ ၃၆နှင့် ယင်းပုဒ်မအရပြုသည့် သားသတ်နှင့် အသား ‌ေရာင်းချခြင်းဆုိင်ရာ စည်းကမ်းများ(ပြန- ူ‌ေတျ)အရ စည်ပင်သာယာ‌ေရးအဖဲွ့မှ တရားဝင် သားသတ်နှင့် အသား‌ေရာင်း''လုိင်စင်ရရှိထားသူ''နှင့်၊ ပုဒ်မ ၃၇အရ သက်ဆုိင်ရာ မြို့နယ်အ‌ေထွ‌ေထွ အုပ်ချုပ်‌ေရးဦးစီးဌာန၊ အုပ်ချုပ်‌ေရးမှူး၏ ''ခွင့်ပြုချက်ရရှိသူ''မှ အပ အခြားသူများအ‌ေနဖြင့် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်စသည့် ‌ေခြ‌ေလး‌ေချာင်းသတ္တဝါများကို ''သတ်ဖြတ်ခြင်း'' အမှုကို ''မပြုနုိင်‌ေကြာင်း''‌ေတွ့ရမည်ဖြစ်ပါသည်။

၁၄။ သို့ဖြစ်၍ ‌ေကျးရွာများ၌ အလှူ၊ မင်္ဂလာ‌ေဆာင်၊ အသုဘစသည့် သာ‌ေရး၊ နာ‌ေရးကိစ္စများ အတွက် အမဲ‌ေပါ်ခြင်း၊ (ကျွဲ၊ နွားသတ်ဖြတ်ခြင်း)ကိစ္စမှာ ပုဒ်မ၃၇အရ သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူးက ခွင့်ပြုထားခြင်း၊ သို့မဟုတ် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်ခြင်း မဟုတ်ပါက ဥပ‌ေဒကုိ ‌ေဖာက်ဖျက် ကျူးလွန်ရာ ‌ေရာက်ပြီး ယင်းသို့ ဥပ‌ေဒနှင့်အညီဘဲ ‌ေဆာင်ရွက်သည့် ကိစ္စအ‌ေပါ် ပုဒ်မ ၃၆အရ သားသတ်လုိင်စင်ရရှိထားသူ ဒဏ်‌ေကြး သို့မဟုတ်လုိင်စင်ခုံ‌ေကြး‌ေကာက်ခံခြင်းများမှာလည်း ယင်းသုိ့‌ ေဆာင်ရွက်ရန်၄င်းအား လုပ်ပိုင်ခွင့် သုိ့မဟုတ် တာဝန်‌ေပးအပ်ထားခြင်းမရှိ၍ ပြစ်မှုကျူးလွန်သူကို အား‌ေပးကူညီရာ‌ ေရာက်သဖြင့် ဥပ‌ေဒနှင့်ညီညွတ်‌ေကြာင်း ‌ေဖြကြားခဲ့ခြင်းဖြစ်ပါသည်။

၁၅။ ပြန်လည်ရှင်းလင်း‌ေပးရန် တင်ပြလာသည့် ‌ေချာင်းဆုံမြို့နယ်အစ္စလာမ် သာသနာ‌ေရးရာ‌ေကာင်စီ အပါအဝင် သာ‌ေရး၊ နာ‌ေရးတွင် အမဲ‌ေပါ်၍ ဧည့်ခံ‌ေကျွး‌ေမွးမှု ပြုလုပ်‌ေနကြသူများ အ‌ေနဖြင့် သက်ဆုိင်ရာ သားသတ် လုိင်စင်ရရှိသူနှင့် ၄င်းကလာ‌ေရာက်‌ေတာင်းခံသည့် ဒဏ်‌ေကြးနှင့် သား‌ေရစသည်များ‌ေပးအပ်‌ေရး ကိစ္စအတွက် မ‌ေဖြရှင်းမီ မိမိတုိ့ ‌ေဆာင်ရွက်ခဲ့သည့် အမဲ‌ေပါ်ခြင်းကိစ္စများ (ကျွဲ၊ နွား၊ သတ်ဖြတ်ခဲ့ခြင်း) သည် ဥပ‌ေဒအရ ‌ေဆာင်ရွက်ထားခြင်းဟုတ်၊ မဟုတ်သက်ဆုိင်ရာ မြို့နယ်အုပ်ချုပ်‌ေရးမှူးထံမှ ခွင့်ပြုမိန့်ရရှိထားပြီး မပြီး၊ မိမိတို့ကိုယ်တိုင်ဆန်းစစ်၍ ဥပ‌ေဒအရ ခုိင်လုံ‌ေသာ အ‌ေထာက်အထားများ မိမိလက်ဝယ်တွင် ဦးစွာရရှိထားရန် လုိအပ်ပါသည်။

၁၆။ယင်းသို့ခုိင်လုံ‌ေသာ အ‌ေထာက်အထားများ မရှိမှုအ‌ေပါ်တစ်စုံတစ်ဦးက သတင်းပို့တုိင်ကြားလာပါက စည်ပင်သာယာ‌ေရးအဖဲွ့များ ဥပ‌ေဒပုဒ်မ ၈ဝ၁ အရ တရားစွဲဆုိ အ‌ေရးယူ ခံရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားများ သတ်ဖြတ်ခြင်းအတွက် ပုဒ်မ ၈ဝ ပါ ပြဌာန်းချက်များမှာ ‌ေအာက်ပါအတုိင်း ဖြစ်ပါသည်-

                        ၈ဝ   (က)      မည်သူမဆုိ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားကို သတ်ဖြတ်‌ေကြာင်း သို့မဟုတ် ကျွဲ၊                နွား၏ အသား သုိ့မဟုတ် သား‌ေရကို လက်ဝယ်ထားရှိ‌ေကြာင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထုိသူသည် ‌ေထာင်ဒဏ် တစ်နှစ်အထိ ချမှတ်ခြင်းခံရမည်-       ထုိ့အပြင် ထုိသူအား ‌ေငွဒဏ်လည်း ချမှတ်နုိင်သည်။
      (ခ)       ဤပုဒ်မအရ တရားစွဲဆုိရာ၌ စွပ်စွဲခံရသူသည် သက်ဆုိင်ရာ အာဏာပုိင်၏ ွင့်ပြုချက်ဖြင့်ကျွဲ၊ နွားကိုသတ်ဖြတ်‌ေကြာင်း သို့မဟုတ် လက်ဝယ်‌ ေတွ့ရှိ‌ေသာ ကျွဲ၊ နွား၏ အသားသည် တရားဝင် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်‌ေသာ  အခြားအ‌ေကြာင်း တစ်ခုခုဖြင့် ‌ေသဆုံး‌ေသာ ကျွဲ၊ နွား၏ အသားဖြစ်‌ေကြာင်း   သက်‌ေသပြရန် တာဝန်ရှိသည်။

၁၇။   သို့ဖြစ်ပါ၍ မွန်ပြည်နယ်‌ေချာင်းဆုံမြို့နယ် စည်ပင်သာယာ‌ေရး အဖွဲ့မှ စည်ပင်သာယာ‌ေရး အဖဲွ့များ ဥပ‌ေဒပုဒ်မ  ၄ဝ ပါပြဌာန်းချက်များကို ‌ေဖာ်ပြခြင်းမှာလည်း ‌ေမးခွန်းပါ အ‌ေကြာင်းအရာများနှင့် ဆက်စပ်‌ေနသဖြင့် မှားယွင်း‌ေဖာ်ပြခြင်းမျိုး မဟုတ် ပါ‌ေကြာင်းနှင့် ဝန်ကြီးဌာနအ‌ေနဖြင့် ‌ေရးသား‌ေဖာ်ပြသူက အချို့အချက်အလက် များတွင် ကွဲလွဲစွာ‌ေဖာ်ပြထားပြီး တစ်ဖက်သတ်‌ ေတွးထင်မှတ် ယူ‌ေစနုိင်သည့် အ‌ေနအထား သက်‌ေရာက်သွား သဖြင့် ယခုကဲ့သို့ တင်ပြလာခြင်း ဖြစ်ပါ‌ေကြာင်း နှင့်အခြားသိရှိရန်လုိအပ်သည့် အချက်များကုိပါ ‌ေဖာ်ပြ၍ လုိအပ်သလုိ ဆက်လက်‌ေဆာင်ရွက်နုိင်ပါရန် ရှင်းလင်း တင်ပြအပ်ပါသည်။

စည္ပင္သာယာ ဝန္ထမ္းတဦး...