ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီမိုကရေစီကို လမ်းမလွဲပါစေနှင့်

 ဆောင်းပါးရှင်။ ဗိုလ်မှူး ကျော်ကျော်ခိုင်

 မြန်မာ အိပ်က်စ်ပရက်စ် web site မှာ ပေးစာ ၁၇၇ ပြည့်တန်ဆာတန်းတရားဝင်ရှိသင့်သလား ဆိုတာကိုဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် ရရေးဆိုပြီး ပြည့်တန်ဆာဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု နဲ့ ပျိုးပင် အဖွဲ့မှဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ် လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။ သူတပါးနိုင်ငံတခုကို ဟိုနိုင်ငံပြောပြောပြီး ကိုယ့်နိုင်ငံကို အလိုလိုနေယင်း ဟိုနိုင်ငံဖြစ်ဖို့အကြံပေးချင်တဲ့ သူတွေကလည်းရှိပါသေးလားလို့ တွေးမိပါတယ်။ ပညာဘယ်လောက်တတ်တတ် သူတို့ကိုယ်သူတို့ အများတကာထက် အမြင်ကျယ်တယ်ထင်နေပေမယ့် ဒါဟာ အဟိရိက လို့ခေါ်တဲ့ မကောင်းမှုကိုကောင်းမှုထင် အကုသိုလ်အလုပ်ကို ကုသိုလ်ထင်ြပီး၊ အတွေးအခေါ်လွဲမှား အရှက်ကင်းမဲ့တဲ့ အပြောအဆို၊ အပြုအမူကိုပြုတာပါ။ နိုင်ငံတချို့ကလုပ်တိုင်း မှန်ကန်တယ်ထင်နေကြတာကလည်း သနားစရာပါပဲ။ လူတွေကို အထိန်းအကွပ် စည်းကမ်းဥပဒေ ဘာသာတရားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာတွေကို စောင့်ထိန်းစရာမလိုပဲ လုပ်ချင်ရာလုပ်လို့ခွင့်ပြုလိုက်ရင် ကောင်းမှုတွေလုပ်ကြမလား မကောင်းမှုတွေလုပ်ကြမလားဆိုတာ အလွယ်ပဲ တွေးတောနိုင်ကြမှာပါ။

 မိမိနိုင်ငံဟာ ညစ်ညမ်းမှုကင်း၍ ပြည့်တန်ဆာကင်းရှင်းတဲ့ နိုင်ငံတခုဖြစ်တော့ မကောင်းဘူးလား၊ ကမ္ဘာနဲ့ရင်ဘောင်မတန်းနိုင်တော့ဘူးလား ခေတ်များနောက်ကျနေပြီလား။ ဒါဟာ ပြည့်တန်ဆာ လုပ်ငန်းစီးပွားရေး သမားတွေရဲ့ လိုလားချက် ဖြစ်ဟန်ရှိပါတယ်။ လက်ရှိ နိုင်ငံတိုးတက်ကြီးပွားရေးကို အရေးတကြီးဆောင်ရွက်နေတဲ့အချိန် အရေးကြီး ကိစ္စတွေပြဿနာတွေ ကို လွှတ်တော်ကစဉ်းစား လုပ်ဆောင်နေရတဲ့ အချိန်မှာ ဒါဟာ ရှေ့တန်းဦးစားပေးရ မယ့်ပြဿနာမဟုတ်ပါ ဘူး။ နိုင်ငံတော်ရှေ့ရေးဟာ အစကောင်းမှအနှောင်း သေချာမှာပါ။ ယဉ်ကျေးမှုကြောင့် လက်မခံမှာတောင်စိုးတယ်ဆိုပဲ။ ပေးစာ ၁၇၇ ရေးသူရဲ့ အာဘော်ကိုတော့ သဘောကျပါတယ်။ တိုတိုရှင်းရှင်းပဲ တင်ပြချင်ပါတယ်။

 အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံဒီလို တရားဝင်ဖွင့်ထားသလည်းဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ ယှဉ်တဲ့ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရားချမှတ်ပေးခဲ့တဲ့ ဝိနည်းစည်းကမ်းတွေ ရှေး ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွေ က ဆင်းသက်လာတာပါ။ အချို့က ယဉ်ကျေးမှုကူးစက်ခြင်းကို အကြောင်းပြပြီး ပြောကြပါတယ်။ သူများယဉ်ကျေးမှုကို မပြောလိုပါဘူး။ မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာရှိပါသလည်းလို့ အရင် မေးချင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ထုံးစံ ဓလေ့ အမူအကျင့် သဘာဝဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ တရားတပုဒ်မှာ ဒီလို နာကြားခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ နိုင်ငံခြားသားတစု မြန်မာနိုင်ငံကိုလာလည်ပါတယ်။ စေတီတခုမှာ အမျိုးသမီးများ မတက်ရဆိုတဲ့ ဆိုင်းဘုတ်တခုတွေ့တော့ နိုင်ငံခြားသူအမျိုးသမီးတယောက်က ဒါလားဗုဒ္ဓဘာသာ၊ အမျိုးသမီးတွေကို ခွဲခွဲခြားခြား လုပ်တာလားလို့ မေးပါတယ်။ ဆရာတော်က This is not a religion. This is a tradition. အဲဒါက ဘာသာတရားအရ မဟုတ်ပါဘူး၊ ထုံးစံအစဉ်အလာတခုပဲ ဖြစ်ပါတယ်တဲ့။ ဆရာတော်အဖြေတတ်ပြီး ဖြေဆိုပုံလည်းကောင်းလို့တာပါ။ အဖြေမတတ်ရင်လည်း နားလည်မှုလွဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အမူအကျင့် အလေ့အထတွေကို ခွဲခြားနားလည်ကြရမှာပါ။ မြန်မာယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။

အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။ လူတချို့က ကိုရီးယားဇာတ်ကားတွေက အမူအကျင့်တွေ ကူးစက်ခံနေရတာကိုပြောတော့ သူများသွားမပြောပါနဲ့ဆိုပြီး လက်မခံချင်ကြဘူး။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ကိုယ့်လူမျိုးကိုယ် အပြစ်တင်ပါ။ ဒါပေမယ့် အတုမြင်အတတ်သင်မို့ ပါတ်ဝန်းကျင်အရေးကြီးပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ် ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာပါတယ်။ တရုတ်ကတော့ သိုင်းကားကထိုးဖေါက်ပြီး ကိုရီးယားက ဒရမ်မာဇာတ်ကားတွေ ထိုးဖေါက်ပါတယ်။ မိန်းကလေးအရက်မူးပြတာတွေ မိန်းကလေးကစပြီး ချစ်ကြိုက်စကားပြောတာတွေက ဇာတ်ကားတိုင်းမှာပါ ပါတယ်။ အဲဒီအချိန်က ၃-၄ နှစ်ကလေးတွေဟာ လူကြီးတွေစွဲလန်းကြည့်ရှုမူနဲ့အတူ ကြီးပြင်းလာခဲ့ပြီး ယနေ့ အရွယ်ရောက်နေကြပါပြီ။ ဒီကလေးတွေ ဒီကလေးတွေကြားက မျိုးဆက်တွေမှာ အတုမြင်အတတ်သင်ခဲ့ကြတာ ငြင်းမရပါဘူး။ မျိုးဆက်တဆက်ဆိုတာ တဆက်က အသက် ၆၀-၇၀ ရောက်မှာ နောက်မွေးစကို မခေါ်ပါဘူး။ အမြဲ လှိုင်းလိုဆက်နေတာကို သတိပြုရပါမယ်။ ၈၈ လောက်က တချို့ကလေးတွေတောင် အွန်လိုင်းမင်းသမီးတွေဖြစ်နေတာ ဝမ်းနည်းစရာတွေ့မြင်ကြရမှာပါ။

 အဲဒါကြောင့် စာရေးသူ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို အပြစ်ကြီးကြီးပေး အရေးယူသင့်ကြောင်း တင်ပြခဲ့ဘူးပါတယ်။ မြန်မာဆိုရိုးစကား အတုမြင်အတတ်သင် နော်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၃ နှစ်သမီးရည်းစားနဲ့ ကျောင်းမတက်ပဲတည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှမိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။ လူ့အခွင့်အရေးမဟုတ်ဘူးနော်။ စည်းကမ်းမဲ့တဲ့ တည်းခိုခန်းကိုလည်း အရေးယူသင့်ပါတယ်။

မဆလခေတ်ကဆိုရင် ရန်ကုန်က လူ ရန်ကုန်မှာ ပြန်တည်းခိုလို့မရတဲ့အတွက် အဲဒီလိုပြဿနာတွေမကင်းပေမယ့် အတော်လေးရှားပါးပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု လူမှုရေး ဘာသာရေး စာရိတ္တပိုင်းကိုယ်ကျင့်တရားပိုင်းတွေနဲ့ ပညာပေးကာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ ထိန်းရပါမယ်။ ဒီကြားထဲ တရုတ်ဘက်က ကလေးတယောက်မွေးပေးပြီးအထိ မိန်းမခနယူ သိန်း ၃၀ ဆိုပြီး အန္တရာယ်ပေးနေတာလည်း လိင်ကျွန်လုပ်ငန်းအဖြစ် ထင်ထင်ပေါ်ပေါ်ပဲ ပေါ်ပေါက်နေပါတယ်။ ( မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြား သည်။မြတ်လေးငုံမှ-) စီးပွားရေးမပြေလည်မှုတွေက ဒီလိုမကောင်းမှုအန္တရာယ်များအကြားကို တွန်းးပို့နေသလိုဖြစ်နေပါတယ်။

 ဒီလိုအခြေအနေ အန္တရာယ်အကြားထဲမှာ ကို ပြည့်တန်ဆာ ဥက္ကဋ္ဌကြီး နှင်းနှင်းယုနဲ့မျိုးလွင်က အူကြောင်ကြောင် ထပြော တာ မြန်မာတစ်ယောက်အတွက်တော့ အတော်လေးကို ဒေါသဖြစ်စရာ ပါပဲ။ မြန်မာတိုင်းရင်းသူအမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့သမာအာဇီဝ အလုပ်အကိုင်ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလန်းတွေကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးသင့် ပါတယ်။ ပြည့်တန်ဆာပြဿနာ ဟာ ယဉ်ကျေးမှု နဲ့မဆိုင်ပါဘူး။ သမာအာဇီဝ မှန်ကန်သောအသက်မွေး ဝမ်းကြောင်းမှု မဟုတ်လို့ ပြောကြတာပါ။ မြန်မာ့ဓလေ့ကိုယ်က မကောင်းမှုပြုတာလို့ သတ်မှတ်ထားကြ တာပါ။ ကိုယ့်လူမျိုးရဲ့ဂုဏ်ကိုထိန်းသိမ်းဖို့ ကိုယ်တိုင်ရဲ့ကိုယ်ကျင့်တရားကောင်းမွန်မှုကို တန်ဖိုးထားဖို့ လိုပါတယ်။

 နောက်တခုက လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ဆိုပြီး အကြောင်းပြလာပါတယ်။ တားမြစ်ထားတာကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ပြောလို့မရပါဘူး။ ဘယ်နိုင်ငံတွေမှာ နိုင်ငံသား အခွင့်အရေး အရပြည့်တန်ဆာလုပ်ခွင့်ပြုပါတယ်လို့ ခွင့်ပြုထားပါသလဲ။ ( ဆော်ဒီလိုနိုင်ငံမှာသွားပြော လို့ကတော့ လူပုံကြားလည်ဖြတ်ခံရနိုင်တယ်။ ) မြန်မာပြည်မှာဆိုရင် အမျိုးကောင်းသမီးတွေဖြစ်စေ ဖို့ ပြည့်တန်ဆာကင်းရှင်းရေးအတွက် ဥပဒေတွေတောင်ပြဌာန်းပြီး တားမြစ်ထိန်းသိမ်းပေးထားခဲ့ရ တာပါ။ မြန်မာအမျိုးကောင်းသမီးများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးထားခဲ့ တာပါ။ ရောဂါကူးစက်မှုထိန်းဖို့ခက်ခဲတာကို အကြောင်းပြတာတော့ မခိုင်လုံပါဘူး။

 ကျောင်းတွေ ရပ်ကွက်တွေ မြို့နယ်တွေမှာ ကျန်းမာရေးဟောပြောမှုတွေ မီဒီယာတွေပေါ်မှ ပညာပေးအစီအစဉ်တွေနဲ့ နှစ်စဉ် လူတိုင်း ကျန်းမာရေးအခမဲ့ စစ်ဆေးပေးရေးအစီအစဉ်တွေ စသည်ဖြင့် တိတိကျကျလုပ်ဖို့ပဲလိုတာပါ။ ရာဂမှာမျက်စိမရှိသူတွေကတော့ ဘယ်လိုပဲပညာပေးပေး ဂရုမစိုက်ပါဘူး။ ပေးစာ ၁၇၇ ကတော့ ဒီလိုပြောပါတယ်။ “ နိုင်ငံတကာ ပြည့်တန်ဆာတန်းရဲ့နောက် ကွယ်မှာ တရားမ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း ကပ်ညှိပါလာတတ်လို့ပါ ... နောက်ပြီး မုဒိန်းမှုတွေ ပိုပေါလာမှာ စိုးရွံ့မိပါတယ် .. လက်တွေ့ ကွင်းဆင်းပြီးဖြစ်လို့ အပြင်မှာ လက်တဲ့စမ်းမှာ မလို့ပါ .. လက်ရှိအနေ အထား မှာတောင် များပြားနေတဲ့ မုဒိန်းမှုတွေရဲ့ တရားခံက အမြင်သက်သက် ခံစားမှု ပေးစွမ်းထား တဲ့ အတုမြင်အတတ်သင်စေတဲ့ တရားမ၀င် ဆင်ဆာညစ်ညမ်းခွေတွေကြောင့်လို့ သုံးသပ်ထားတာမလို့ပါ ... နောက်ဆက်တွဲအနေနဲ့ တရားဝင် ပြည့်တန်ဆာတန်း ဖြစ်သွား တာနဲ့ ရောဂါဘယ ကင်းတယ်ဆိုတာ သေချာနိုင်မလား.. လိင်မှတဆင့် ကူးစက်စေနိုင်တဲ့ ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV .. အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါဘယတွေကို ဘယ်လောက်များ လုံခြုံမှု ပေးနိုင်မလဲ .. ဆိုကြပါစို့ ... လက်ရှိဆေးပညာအရ အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတာတွေကို မကူးဆက်အောင် ကာကွယ်ဆေးတွေ ထိုးလို့ ရတယ်ပဲထား ...ဘယ်လောက်ထိများ အလေးထားပြီး ဆောင်ရွက်ပေးနိုင်ကြမှာလဲ .... ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV ကို ဘယ်လို ကျော်ဖြတ်မလဲ ..... HIV ရဲ့ သဘာဝကိုက ရောဂါဝင်ပြီး (၆)လနေမှ HIV ပိုး ရှိ/မရှိ ကို အသေအချာ စစ်လို့ရနိုင်တာ မလို့ပါ .. လူကထွက်တဲ့ အရည်မှန်သမျှ နဲ့ ကူးစက်နိုင်တာ .. အခန့်မသင့်ရင် kissing အနမ်းပေးရင်း.. xx စို့ရင်းနဲ့လဲ ကူးစက်သွားနိုင်တာ .... ၀ါသနာပါတယ်ဆိုတဲ့ လူကြီး လူငယ် မရွေး ပုရိသယောက်ျားများတွေကို ဘယ်လောက်ထိများ စိတ်ချလုံခြုံစေနိုင်မလဲ .... ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမလို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက်မပေးလိုတော့ပါ ... လက်ရှိ လမ်းပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ မိန်းကလေးတွေအားလုံး တရားဝင် ပြည့်တန်ဆာတန်းကို ရောက် သွားပြီလို့ ဆိုနိုင်မလား ... လမ်းပေါ် မှာ မရှိနိုင်တော့ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ .. တရားမ၀င် ပြည့်တန်ဆာ ပပျောက်သွားနိုင်မလား ... စားဝတ်နေရေးကြောင့် တရားဝင်သွားပြီဟေ့ .. ငွေရလွယ်ကူတဲ့ .. ဘာအရင်းအနှီး.. ဘာ ပညာမှ တတ်စရာမလိုတဲ့ .. အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ငါတို့ ဒီအလုပ်ပဲ လုပ်မယ်လို့ မိန်းကလေး အများစု က ဆုံးဖြတ်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ... အရေအတွက် အကန့် အသတ် နဲ့ လုပ်ကြမှာလား... သေချာတယ်နော် ... ငယ်ရွယ် နုပျိုစဉ်တုန်းတော့ တရားဝင်ပေါ့ .. လူဆိုတာလည်း ဒီတိုင်းနေလို့ မရဘူးလေ... ပျို ပြီးရင် မလွဲမသွေ အိုရမှာ ... အဲ .. အရွယ်လည်း နည်းနည်း ဟိုင်းလာတော့ တရား မ၀င် တာတွေ ဘယ်လောက်များ များနိုင်မလဲ... တရားဝင် ပြည့်တန်ဆာ များ ရဲ့ မျိုးဆက်ကကော ဘာတွေ ဖြစ်နိုင်မလဲ ... အဲဒီ အသိုက်အမြုံကို ဘယ်လို ထိမ်းချုပ်နိုင်မလဲ ... တရားဝင်ဖြစ်လေလေ ကျယ်ပြန့်လေလေဆိုတာ သဘာဝပါ.... ”” အချို့နိုင်ငံတွေမှာဆို လူသုံးပစ္စည်းအလှအပအသစ်အဆန်းတွေ မက်မောပြီးလောဘနောက်လိုက်လို့ ငယ်ငယ်ရွယ်ရွယ် ကျောင်းသူတွေတောင် ပါဝင်နေတာပါ။ ဥပဒေအတော်တင်းကြပ်တဲ့နိုင်ငံမှာတောင် ကြံဖန်ပြီး ဥပဒေလက်တလုံးခြားနဲ့ အခွေတွေရိုက်ကူးရောင်းချနေတာလည်းရှိတယ်။

 မြန်မာနိုင်ငံလို အစစ တင်းတင်းကြပ်ကြပ်စီစီစစ်စစ် မလုပ်နိုင်တဲ့နိုင်ငံမှာ လိုင်စင်တွေဘာတွေနဲ့လုပ်လည်း လုပ်တာပဲရှိမှာပါ။ အသဲရောင်အသည်းဝါစီပိုးဆိုရင် ချောင်းဆိုးရင် အနီးကပ်အတူနေရင်တောင် ကူးစက်လွယ်တဲ့ရောဂါမျိုးပါ။ တချိန်က နို်င်ငံတခှုမှာ နိုင်ငံဥသျှောင်ကြီးက ပြည့်တန်ဆာမတယောက် အမေအိုကြီးကိုလုပ်ကျွေးနေလို့ဆိုပြီး အားပေးလိုက်တာနဲ့ သူ့ကိုကြည်ညိုကြတဲ့ပြည်သူတွေ မိဘကိုဒီအလုပ်နဲ့လုပ်ကျွေးရတာမြတ်တယ်ဆိုပြီး လိုက်လုပ်လိုက်ကြတာ ဟိုနိုင်ငံလို့နာမည်တွင်ရောမ ဟုတ်လား။ သူ့နိုင်ငံနယ်စပ်ကဒေသတွေအထိ ရိုက်ခတ်ခဲ့ပါ တယ်။ နောင်တော့လည်း ပါတ်ဝန်းကျင်ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေရောက် သွားကြတယ်။ လူကုန်ကူးခံရပြီး အရောင်းစားခံရကာ ဘဝပျက်ကြရတာတောင် မကြာခဏကြားကြ ရမှာပါ။

 မြန်မာမိန်ကလေးတော်တော် များများဟာ စားဝတ်နေရေးကြပ်တည်းလွန်းတဲ့ အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာတပ်မက်တဲ့လောဘ တခုကြောင့်နဲ့ ဝါသနာပါလို့လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာအမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလန်းတွေပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာပါ။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေးချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလန်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေးကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီး အသင်းအဖွဲ့များဖြစ်ပါတယ်။ မကြာခင်ကပဲ WLC လို့ခေါ်တဲ့ အမျိုးသမီးများလေ့လာသင်ယူမှုစင်တာ ဆိုတာပေါ်လာတာတွေ့ရပါတယ်။

 ဒီမှာဖတ်ကြည့်ပါ။ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။ ပြည့်တန်ဆာလုံးဝကင်းစင်ပပျောက်ဖို့ မရည်ရွယ်နိုင်ပေမယ့် အတော်အတန် ပပျောက်သွားမှာပါ။ ပျော်ပါးချင်သူတွေက ငွေတောင်ပေါနေမှတော့ အဲဒီရှိတဲ့နိုင်ငံသွားလည်ပေါ့ဗျာ။ နီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာပြီပဲ။ ဆရာကြီး လူထုစိန်ဝင်း သတိပေးခဲ့တာလေးကိုလည်း တင်ပြချင်ပါတယ်။ ဆရာကြီးရှိစဉ်က နို်င်ငံခြားသူတယောက်လာပြီး ဆရာကြီးကို View ပါတယ်။ မြန်မာပြည်မှာဂေးတွေကို ဘာကြောင့်လက်မခံသလည်း ဆိုတာကိုပါ။ ဆရာကြီးက အခု အရေးကြီးတာ ဒီမိုကရေစီအရေးပါ။ ဒီမိုကရေစီကို လမ်းလွဲအောင်မလုပ်ပါနှင့် ပြောလိုက်ပါတယ်။ ဒီမိုကရေစီဆိုတာကိုတောင် အဓိပ္ပါယ်ပေါ်အောင် နားမလည်နိုင်ကြသေးပဲ မဟုတ်တာကစပြီး စင်ပေါ်တင်ချင်နေတာကိုက မူမမှန် လမ်းကြောင်းမမှန်တာပါ။ လာခဲ့ပါလား မြန်မာနိုင်ငံကြီးပွားတိုးတက်ရေးအတွက် နည်းပညာတွေ အထောက်အကူပစ္စည်းတွေ စေတနာသက်သက်နဲ့ထောက်ပံ့ကူညီမှုတွေ။ တင်ပြပြီးတဲ့ကိစ္စတွေကို ခြုံပြီးတင်ပြချင်တာက အဓိကနဲ့သာမညခွဲကြပါ။ နိုင်ငံနဲ့လူမျိုတိုးတက်ကြီးပွားရာကြီးပွားကြောင်း အကြံကောင်းတွေပဲ အရင်ပေးကြပါဦး။ မဟုတ်တာတွေကို စင်ပေါ်မတင်ချင်ပါနဲ့။ ပြည့်တန်ဆာ ဂေးနဲ့ပါတ်သက်တဲ့ ရောဂါတွေကူးစက်မှာ ဘန်းပြနေတာထက်စာရင် ကျန်းမားရေး လူမူရေး ဘာသာရေး ရှုထောင့်တွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးကြရပါမယ်။ ရှုံ့ချနေတာ မဟုတ်ပါဘူး။ ပြည်တန်ဆာဆိုတာက မရှိလေ ကောင်းလေပါပဲ။ ဘုရားလက်ထက်ကတောင် ရှိတယ်ဆိုပြီး ပြောနေတဲ့သူတွေကို ပြောချင်ပါတယ်။ ဘုရားက လောဘ ဒေါသ မောဟ ရာဂ ကိလေသာ လောက်မြိုက်ခြင်းက ကင်းအောင် အကုသိုလ်တရားတွေ ကင်းအောင် ဟောကြားနေ တာပါ။ ကောင်းသောမှန်ကန်သော အသက်မွေး ဝမ်းကြောင်းမှု ကိုလုပ်ကိုင်ခြင်းလို့ ဘုရားဟောတာ ဒီလို ကိလေသာရာဂလောင်မြိုက်တဲ့အလုပ် မပါ ပါဘူး။

 မြန်မာအမျိုးကောင်းသမီးများကို လမ်းမ လွဲစေသင့်ပါဘူး။အချို့က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ဆက် စပ်ပြီးပြောပါတယ်။ စာရေးသူတို့ဖြစ်ဖြစ် အခြားပုဂ္ဂိုလ်များစွာဖြစ်ဖြစ် နိုင်ငံခြားမှာ သွားတာဟာ ပြည့်တန်ဆာ ရှာ ဖို့မဟုတ်ပါဘူး။ ပြီးတော့ အဲဒီနိုင်ငံက နိုင်ငံရဲ့သာ ယာလှပတဲ့သဘာ ၀နေရာတွေ ရိုးရာထူးခြားတဲ့အစားအသောက်တွေ အဲဒီလူမျိုးတွေရဲ့ ရှေးအစဉ် အလာတွေ ယဉ်ကျေးမူတွေ ရှေးဟောင်းနေရာအဆောက်အဦ ရိုးရာဝတ်စားဆင်ယင်မှုတွေ ရှေးပစ္စည်း အသုံးအဆောင် စတာတွေကို စိတ်ဝင်တစားကြည့်ကြတာပါ။ ဒါကတော့ မြန်မာပြည်ကိုလာကြတဲ့သူ တချို့စကားလေးတွေပါ။ “ မြန်မာ ဝတ်စုံ ဝတ်ရတဲ့အတွက် တအားကြီး စိတ်လှုပ်ရှားပြီးပျော်ပါတယ်။ အခု ဒီကားကို ထဘီ ဝတ်ပြီး ရိုက်မယ်။ ပြီးရင် ယိုးဒယား ပြန်ရင်လည်း ထဘီ ဝတ်ပြီးပြန်မယ်။’’“မြန်မာနိုင်ငံကို လာရတဲ့အတွက် အများ ကြီး ရင်ခုန်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ထဘီဝတ်တာတွေ လည်း တွေ့ရတော့ တအားကြိုက် တယ်။ ” ပြည့်တန်ဆာမရှိလို့ ခရီးသည်မလာတာတော့ မရှိပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ ခရီးသွားတွေ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံကိုလာမှာပါ။ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခြင်းခံရမှာပါ။ ဂုဏ်သိက္ခာမရှိသူတွေ ရာဂတဏှာအတွက်သွားသူတွေ အဲဒီနိုင်ငံကိုရှာသွားကြမှာပါ။ ( ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် ငွေရလွယ်တာကြောင့် ရှိ တာတော့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် မြန်မာဆိုရိုးစကား ဒူးလောက်တင်မှရင်လောက်ကျ ဆိုသလို နိုင်သမျှ တားဆီးကာကွယ်ထိန်းသိမ်းကြရမှာပါ။ ) ဒီမိုဝေယံ dialoug’လေးကို ယူပြောရရင် ပြူတင်း တံခါးဖွင့် ထားရင်တော့ သန့်ရှင်းတဲ့လေနဲ့ အတူ ခြင်တွေယင်တွေ ဝင်လာမှာပဲ၊ ကိုယ်ကသာ စစ်ထုတ်နိုင်ဖို့ ခြင်လုံ ဇကာတပ်ထားရမှာပါ။ ကမ္ဘာက မြန်မာဆိုရင် ဂုဏ်သိက္ခာထူး ကဲတဲ့နိုင်ငံလို့ သတ် မှတ်ကြရင် မြန်မာဆိုရင် ဘယ်အရပ်ဒေ သရောက်ရောက် မြန်မာယောင်္ကျား မိန်းမ ဘယ်သူ့ ကို မဆို ဂုဏ်သိက္ခာရှိရှိ အဆက်ဆံ ခံရမှာပါ။ ကဲ.. ဘာသာတရားရှုထောင့်က ကြည့်ကြပါဦးစို့။ ကမ္ဘာကြီးပျက်ဖို့မစပြုတာဟာ ဝိသမလောဘနဲ့ မိစ္ဆာရာဂ တွေပါ။ ဒါဆိုရင် အရမ်းလွတ်လပ်တဲ့ နိုင်ငံတွေဘာလို့မပျက်စီးသလည်းတော့ မမေးပါနဲ့။ ဒီနေ့ သူဋ္ဌေးကြီးတွေ မနက်ဖြန်မှာ မထင်နိုင်အောင်ပဲ ကုန်းကောက်စရာမရှိ မွဲသွားတာ တွေ့ဘူးမှာပါ။ အဲဒါ ဥပမာပါပဲ။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင်ကြံဆောင်ဖို့ စကာပဲရှိပါသေးတယ်။ ဒီမိုကရေစီ ဆိုတာလည်း ပျိုးစေ့ဘဝမှာပဲ ရှိပါသေးတယ်။ အစကောင်းမှာအနှောင်းသေချာမယ် မဟုတ်လား။ မဟုတ်တဲ့ လမ်းလွဲတွေကစရင် ပျက်စီးမှုလမ်း မပေါ်ပဲ ရောက် သွား မှာပါ။ အစကောင်းမှ အနှောင်းသေချာမှာမို့ ကောင်းသော စတင်ခြင်းကိုသာ လိုလားသင့်ကြပါ တယ်။ ဒီနေ့အချိန်ကာလမှာ အမှားများလာတော့ အမှန်ထင်လာကြတာ လူငယ်တွေအတွက် ကြီးမားတဲ့ အနာဂတ် အန္တရာယ်ပါ။ ညစ်ညမ်း ရုပ်ရှင်ဇာတ်လမ်း အပြုအမူ အပြောအဆိုတွေက နေ့စဉ်ထမင်းစားရေသောက်လို ဖြစ်လာတော့ ဒါဟာ ထူးခြားတဲ့ မှားယွင်းတဲ့ဟာမဟုတ်ဘူး သာမန်အပြုအမူအလေ့အထလို့ ဂုဏ်ရှိပါတယ်ဆိုတဲ့လူကြီးတွေတောင်မှ ထင်မြင်လာနေကြပါတယ်။ လူသားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတာလည်း ဟိရိနဲ့သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးပါ။ တိရိစ္ဆာန်နဲ့လူ စည်းကွဲတာလည်း အရှက်အကြောက် တရားနှစ်ပါးပါပဲ။ လူတွေကို လုပ်ချင်ရာ လုပ်ခွင့် ပြုကြည့်လိုက်ပါ။ အရှက်အကြောက်တရားတွေကင်းလာတာနဲ့အမျှ မကောင်းမှုမှာမွေ့လျော်တတ်တဲ့ လူ့စိတ်သဘာဝ အတိုင်း မကောင်းမှုတွေများစွာလုပ်ကြမှာပါ။

ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရာမှာကို ရှက်ခြင်း၊ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှုမလုပ်ရင်ပြီးတာပဲ အပြုအမှု အနေအထိုင် အဝတ်အစား တွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းသွားနေပါတယ်။ အများသုံးဝေါ ဟာရကိုလည်း နားလည်ကြရပါမယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက် တာကိုလည်း ဆိုလိုပါတယ်။ ( သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကိုမသုံးပါဘူးတဲ့။ ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ ကမ္ဘာဦးကလူသားများ၊ ယနေ့ ကမ္ဘာရဲ့မနက်ဖြန်တရားများ နာကြည့်ပါ။ ( http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm )လူသားများ သက်တမ်းအနှစ်ရှစ်သောင်းတမ်းမှ အသက်တရာတမ်းသို့ ကျဆင်းလာပုံကို နာကြရမှာပါ။ ဗုဒ္ဓသည် နှိမ်ခြင်းခွဲခြားခြင်းမရှိ တခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ် များကြောင့် သက်တမ်းကျလာပါတယ်။ လိင်တူဆက်ဆံခြင်းတွေက အနှစ်ငါးရာတမ်းလောက် မှာ ပေါ်လာပြီး သက်တမ်းထပ်ကျ သွားပါတယ်။ မိစ္ဆာရာဂ အဖေနဲ့သမီး အမေနဲ့သား မှားယွင်း စွာ ဖေါက်ပြန်မှုတွေ ကလည်း သက်တမ်းကျခြင်းထဲ ပါဝင်ပါတယ်။ တဆက်တည်း ပြည့်တန်ဆာဆန်တဲ့ ဂေး( gay ) နဲ့ပါတ်သက်လို့တင်ပြချင်တာက ( မွေးကတည်းက ဟိုမုန်းပြောင်းလဲခြင်းကြောင့် မိန်းမ စိတ် ယောက်ကျာ်းစိတ် ပါလာတာဟာ ရှက်စရာမဟုတ်သလို ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ အများအားဖြင့် ဘယ်သူမှ မနှိမ်ကြပါဘူး။ ဒါပေမယ့် ) လိင်တူ ဆက်ဆံခြင်းကိစ္စကိုတော့ လက်မခံကြပါဘူး။

 တလောက ဟိုတယ်ကြီးတခုမှာ လွှတ်တော် အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတခု သတင်းမှာ မြန်မာနိုင်ငံ ဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန်လမ်းမမှန် သဘာဝမကျ တဲ့အပြု အမူတွေကိုလည်း လူမှုရေး ကျန်းမာရေး ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆို လာတော့လာမှသေချာပါတယ်။

 ဆရာတော် အရှင်နန္ဒမာလာကို နိုင်ငံခြားအဘိဓမ္မာသင်တန်းတ ခုမှာ ဂေးများက သူတို့ရဲ့လိင်တူချစ်သူဟာ သူတို့နိုင်ငံမှာ ခွင့်ပြုထားကြောင်း တရားဝင်ကြောင်းပြောပြီး စကားစပါတယ်။ ဒါပေမယ့် ဆရာတော်က ဒါဟာ ( Wroung practice ) မှားယွင်းတဲ့အပြုအမူ မိစ္ဆာရာဂ လို့ အခိုင်အမာ ဖြေကြားခဲ့ရပါတယ်။အဲဒီတော့ ပြည့်တန်ဆာများရော လိင်တူချစ်သူတွေရော အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကြောင်းကျိုးဆက်သဘောအချက်များ ဘာကြောင့် ဆိုတဲ့ မောင်သွေး ချွန်ရေးစာအုပ်ကို ဖတ်ရှုပြီး မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း သံဝေဂပွားများစေကြောင်း ဆန္ဒပြုယင်း မြန်မာလူငယ်မျိုးဆက်လေးများ လမ်းမမှားစေရေးအတွက် သုံးသပ်ဆင်ခြင်နို်င်ဖို့ တင်ပြလိုက်ပါတယ်။ မိန်းမလျာ၊ယောက်ျားလျာ။ ဆေးပညာနဲ့ပြောယင်တော့ ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်မှာပါ။ ( ကံရဲ့အကျိုးဆက်ဆိုတာလည်း စဉ်းစားစရာပါ။ ) ဒီဘဝယောက်ကျာ်းအဖြစ်နဲ့ နေ့ရှိသရွေ့ အချိန်ရှိသရွေ့ မိန်းမများဆီပဲ စိတ်ရောက်နေမယ်။

စိတ်ကစားတိုင်းလည်း သွားရောက်ပြီး ကြိုက် ဖျက်ဆီးမှုကို တယောက်ရိုးတယောက်ကူးနဲ့ လွန်ကျူးလေ့ရှိမယ်ဆိုရင် လူပြန်ဖြစ်တဲ့ဘဝမှာ ပုံစံကယောက်ကျာ်း စိတ်ထားကမိန်းမ ဖြစ်လာပြီး မိန်းမလျာဖြစ်ရော။ဒီဘဝမိန်းမအဖြစ်နဲ့က ယောက်ကျာ်းလိုချင်စိတ်အားကြီးပြီး တွေ့သမျှယောက်ကျားကို
 ဖြားယောင်းလေ့ရှိတဲ့ မိန်းမများလည်းပဲ နောက်တခါလာတဲ့ ဘဝ ယောက်ျားလျာ ပဲပေါ့။ ဒီနှစ်မျိုးစလုံး စိတ်အာရုံခံစားစဉ်မှာ သူ့ဘက်က စိတ်သွင်းအာရုံခံစားတတ်သူတွေ။ ပြည့်တန်ဆာ။

 တစ်ဖန် အာရုံခံစားစဉ်မှာရော အာရုံယူရှာဖွေစဉ်မှာပါ သူ့ဘက်မှာချည်း စိတ်ပို့လွှတ်ထားသူတွေကတော့ သွားလေပေါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သေလွန်ပြီးနောက်တခေါက် လူ့ပြည်ရောက်လာတော့ မိန်းမအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ယောက်ကျားတကာတို့ရဲ့ အသုံးတော်ခံ “ ပြည့်တန်ဆာ “ ။ ဇိမ်ခေါင်း ( ဖါခေါင်း )။ တဖက်ရှိ မိန်းမများကလည်း နောက်တစ်ခါ လူအဖြစ်ရောက်လာလျှင် ယောက်ကျားအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ဇိမ်ခေါင်းဘဝ၊ပြည့်တန်ဆာထိန်း၊ သည်နှစ်မျိုးစလုံး သူ့ပစ္စည်းယူပြီး သူ့အကြွေးဆပ်ရသူတွေပါပဲ။ သားတို့ သမီးတို့ သံဝေဂယူတတ်ကြပါစေ။ မိန်းမမဟုတ် ယောက်ကျားမဟုတ် ။ အာရုံခံစားစဉ်မှာ သူ့ဘက်လည်းစိတ်မပေါက် ကိုယ့်ဘက်လည်း စိတ်မရောက်တတ်ပဲ အတွေ့မှာသာ မျောနေပြီး ခံစားနေတတ်သူတွေ ၊ တခါတရံ သူ့ဘက်တလှည့် ကိုယ့်ဘက်တလှည့်နဲ့ အတက်အကျလိုက်ပြီး ခံစားနေသူတွေကတော့ မိန်းမမဟုတ်၊ ယောက်ကျာ်းမဟုတ် ဖြစ်တတ်တယ်။ အပူရှိန်လွန်ကဲပြီး မိုးတစ်ကကလေးမှ မကျပဲ သရောခိုင်းနေတယ် ဆိုတာမျိုးပေါ့။ ယောက်ကျာ်းတလှည့် မိန်းမတလှည့်။ အချိုးကျ ပြိုင်တူပေါ်နေလေရဲ့၊ ရေတရက်ချိုးမှား မိန်းမ၊ လေတရက်မျိုးကျ ယောက်ကျား။ ဒါမှမဟုတ် တက်စိတ်ပေါ်လာလျင် ယောက်ကျား၊ ကျစိတ်ပေါ်လာလျင် မိန်းမ။ သည်အားလုံးပဲ သူ့ပစ္စည်းချေးငှါးစားပြီး သူ့ပစ္စည်းအတိုင်းပဲ အကြွေးပြန်ဆပ်ရပုံမျိုးပဲ။ကာမဂုဏ်များခံစားရာက အစွဲကြီးစွဲပြီး စွဲရာဘဝရောက်ရပုံကိုလည်း ကျိုးကြောင်းပြရေးသားတော်မူခဲ့ပါတယ်။

“ ကာမခံစားတုန်းက ကျူးလွန်ပြီးနောက် တစိမ့်စိမ့်တွေး တရေးရေးပေါ်လာပြီး သာယာနေတဲ့အကျိုးဆက်များအဖြစ် မိန်းမတန်ဆာစွဲ သေတဲ့ဘဝမို့ လာခဲ့ မိန်းမ ဘဝ၊ ယောက်ကျားတန်ဆာစွဲ သေတဲ့ဘဝမို့ သွားတော့ ပြည့်တန်ဆာ ဘဝ။ ယောက်ကျာ်းကမိန်းမ စွဲသေရင်တော့ ယောက်ကျားဘဝနဲ့မိန်းမစိတ်ပေါ်နေတဲ့ဘဝ၊ ယောက်ကျားစွဲသေတဲ့ မိန်းမကျတော့ မိန်းမစိတ်နဲ့ယောက်ကျားစိတ်ပေါက်နေတဲ့ ဘဝ။ ကဲ… ကောင်းကြရဲ့လား။ သားတို့ သမီးတို့။ အတိတ်ကုသိုလ်ကံ အကြောင်းရင်းမှန်ကို သံဝေဂပွားများပြီး စဉ်းစားဆင်ခြင်သုံးသပ်နိုင်ဖို့ စာရေးသူ ဥပမာပြ တင်ပြပါဦးမယ်။ စိတ်စွဲလန်းမှုဟာ နောင်ဘဝအကျိုးဆက်များ ဖြစ်ပေါ်စေပါတယ်။ ဒါရိုက်တာ တက္ကသိုလ်ကထိက စာရေးဆရာအဖြစ် နာမည်ကြီးခဲ့သူ ဦးဆန်းလွင် ( နောင် အရှင် .. ) ရဲ့ ကိုယ်တွေ့လေးပါ။ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်း ကပ်လာသူတယောက် အကြောင်းဆိုတဲ့ စာအုပ်ဟာ အလွန်ကျော်ကြားပါတယ်။ ဆရာကြီးဟာ တက္ကသိုလ်ကျောင်း ဆရာဘဝကထွက်ပြီး ရုပ်ရှင်ဒါရိုက်တာလုပ်ပါတယ်။ အကယ်ဒမီ ခင်သန်းနုနဲ့တောင် နာမည်ကြီးရုပ်ရှင်ရိုက် လာတဲ့ ထူးချွန်သူပါ။ ဝါသနာပါတဲ့တပည့်တွေကိုလည်း သရုပ်ဆောင်သင် တန်းပေးပါတယ်။

 ဒီလိုသင်တန်းပေးရင်းနဲ့ ဆရာကြီးဟာ စိတ်ညို့အိပ်မွေ့ချနိုင်တဲ့စွမ်းရည်ပိုင်ဆိုင်တာကိုလည်း အမှတ်မထင် သူ့ဘာသာသိခဲ့ရ ပါတယ်။ ဆရာကြီးရဲ့တပည့်တွေထဲက တယောက်ဟာအမြဲတမ်း မျက်ခမ်းစပ်ဖြစ်နေ တာတွေ့ရပါ တယ်။ ကုပေးလည်း ခဏပါပဲ။ ဒီနေ့ကုပြီးပျောက် မနက်ဖြန်ပြန်ဖြစ် ဖြစ်နေတာပါ။ ဒါနဲ့ ဆရာကြီးက သူ့တပည့်ကို စိတ်ညှို့အိပ်မွေ့ချနည်းနဲ့စမ်းသပ် ပါတော့တယ်။ သူ့တပည့်က အရင်ဘဝတခုမှာ ရေလုပ်ငန်း နဲ့အသက်မွေးပါတယ်။ တနေ့ ရေငုပ်ယင်းပုလဲတလုံးရလိုက်ပါတယ်။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းက ခနပြပါဆိုပြီး ယူပြေးတော့တယ်။ ပင်လယ်ထဲဆင်းပြေး လို့အလိုက်မှာ သောင်စပ်ကသဲနဲ့ သူ့သူငယ်ချင်းက သူ့မျက်လုံးကိုပက်လိုက်တဲ့ အတွက် မျက်လုံးထဲသဲဝင်ပြီး မမြင်မစမ်းနဲ့ပင်လယ်ရေထဲဆက်လိုက်ပါတယ်။ ဒီလိုနဲ့ရေနစ်သေခဲ့ရပါတယ်လို့ သူ့ဘဝဇာတ်ကြောင်းတခုကို ပြောပြခဲ့ပါတယ်။ ဆရာကြီးက စဉ်းစားပါတယ်။ မျက်စိထဲသဲနဲ့ပက်တာက သူ့သူငယ်ချင်း။ ကံအကျိုးဆက်အရ ဝဋ်အရ ခံရမှာက သူ့သူငယ်ချင်း။ ဒါပေမယ့် အခု မျက်စိဝေဒနာအမြဲခံစားနေရတာက သူကိုယ်တိုင်။ ဒီမှာ ထူးခြားချက်ကို တွေ့လိုက်ရပါတယ်။ အဲဒါက စိတ်အစွဲပါပဲ။ သူမသေခင် သူ့မျက်စိထဲသဲနဲ့အပက်ခံရပြီး ခံရခက်တဲ့ဝေဒနာတဘက်နဲ့ သေလွန်ခဲ့ရတယ်။ အဲဒီ စိတ်အစွဲဟာ ဒီဘက်ဘဝထိပါဝင်လာတာပါ။ အဲဒီတပည့်ကို ဆရာကြီး စိတ်ပညာနဲ့ကုသလိုက်ပေးပြီးတော့ လုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးကိုကြည့်ရင် စိတ်အစွဲဟာ ဒီဘဝမှသည် နောင်ဘဝများသို့တိုင် ကူးစက်အကျိုးပေးလျက်ရှိနေတာ ထင်ရှားနေပါတယ်။ ဒါတောင်မှ ဆရာကြီးရဲ့တပည့်ဟာ အပြုခံရသူပါ။ ကိုယ်တိုင်ပြုလုပ်တဲ့သူဆို ပိုပြီး ဆိုးရွားတဲ့ အကုသိုလ်ကံအကျိုးဆက်ကို ခံစားရမှာသေချာနေပါတယ်။

 ဒါကြောင့် ဆရာတော်ကြီး ဟောကြားဆုံးမတော်မူတဲ့ ကြောင်းကျိုးဆက်သဘောအရ ယခုဘဝမှာ အထက်ဖေါ်ပြပါ အကုသိုလ်မကောင်းမှုတွေကို စိတ်ထဲစွဲစွဲမြဲမြဲ နေ့စဉ်ပြုနေကြမယ် ဆိုရင်ဖြင့် နောင်ဘဝမှာ ပြည့်တန်ဆာလား ဇိမ်ခေါင်းလား လိင်တူချစ်သူလား တခုခုတော့ သေချာနေ ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများအနေနှင့် ကံနှင့်ကံအကျိုးကိုယုံကြည်ကြတဲ့အလျောက် အကုသိုလ်ကံများ မကောင်း တဲ့ အမြင်အကြားစိတ်အစွဲများ မဖြစ်ပေါ်ဖို့ သတိနဲ့ မိမိတို့ကိုယ်ကို စောင့်ရှောက် သင့်ကြပါတယ်။

ဒါ့အပြင် သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့ အသက်မွေးဝမ်းကြောင်းခြင်း ကိုလည်း ရှောင်ကျဉ်သင့်ကြ ပါတယ်။ ဘဝသံသရာဆိုတာ ရှိပါတယ်။ မြန်မာအမျိုးသားများက လည်း ရေနစ်သူဝါးကူမနှစ်ပဲ မိမိတို့ မြန်မာအမျိုးကောင်း သမီးများ ကို စောင့်ရှောက်ခြင်း၊ မြန်မာ အမျိုးသမီးများ ကလည်း အမျိုးကောင်းသမီးပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ကြောင်း အမျိုးဘာသာအတွက် စေတနာကောင်းဖြင့် တင်ပြအပ် ပါတယ်။ ( စာကြွင်း။ ပညာရေးစံနစ်ကို ၁၂တန်းပြန်လုပ်မယ်ကြားတယ်။ ဒေသကော လိပ်လိုဖြစ်မယ် ထင်ပါတယ်။ ၁၂ တန်းမလုပ်ပဲ လက်ရှိစံနစ်ကိုပဲ ဆရာ၊သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ နဲ့ ပြင်ပ အကူအညီများပေါင်းစပ်ပြီး တိုးတက်အောင် မလုပ်နိုင်တော့ဘူးလားလို့ ပညာရေးဒုဝန်ကြီး ဦးအေးကြူကိုမေးချင်တယ်။

 အဲဒီပြောင်းမယ့်ပုံစံဟာ ကျောင်းသားမိဘတွေ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး စီးပွားရေး လူမှုရေးပြဿနာအရှုပ်အထွေးတွေ ရှိလာလိမ့်မယ်။ ကိုယ်တွေ့တော့ မပြောချင်တော့ပါဘူး။ စစ်တပ်က လူအချင်းချင်း ဒီလောက်ရှင်းပြရင် နားလည်နို်င်ပါလိမ့်မယ်။ လက်ရှိမှာ စီးပွားရေးကောင်းမွန်ဖို့ဟာ အဓိကကျနေပါတယ်။ အခမဲ့ပညာရေးစံနစ်ကို အလယ်တန်းအထိမြှင့်ပေးနိုင်ရင်ပိုမိုကောင်းမွန်ပါမယ်။ ထူးချွန်သူတွေကို ပညာသင်စရိတ်ပေးတာ ဆင်းရဲတဲ့သူတွေကို စရိတ်စကကင်းလွတ် ခွင့်ပေးတာ ထောက်ပံ့ပေးတာတွေ လုပ်ပေးစေချင်ပါတယ်။ အခုဆိုလိုတာက ယခုဆောင်းပါးပါ အချက်နဲ့ပါတ်သက်နေတဲ့အတွက် စဉ်းစားနိုင်အောင်စာကြွင်းအဖြစ် တင်ပြပါတယ်။ )

ဓာတ်ပုံ...DVB

မြန်အောင်မြို့နယ်မှ ဓမ္မာရုံအတွင်း ဖိနပ်စီးသည့် မထသဥက္ကဌဟောင်း၏ လုပ်ရပ်အား တိုင်ကြားပေးပို့စာ..

နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန် သိပါစေရန် တင်ပြအပ်ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မုံရွာပရိယတ္တိ စာသင်တိုက်အတွင်းမှာ မထသအသင်းရဲ့ အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးသန်းထွန်း၊ တိုင်းရေကြောင်းဦးစီးမှုး၊ တိုင်းပို့/ဆက်ဦးစီးမှုး၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ကညနဦးစီးမှုး၊ မြို့နယ် အုပ်ချုပ်ရေးမှုး စသည့် တိုင်း/ခရိုင် ဌာနဆိုင်ရာလူကြီးများ ပေါင်းစုံပါဝင်ပါတယ်။
ထိုရွေးချယ်ပွဲမှာ ယခင်မထသဥက္ကဌဟောင်းအား ယာဉ်ပိုင်ရှင်များမှ ငွေစာရင်းများ မရှင်းလင်း၊ ယာဉ်လုပ်သားများအား ဆဲရေးတိုင်းထွာခြင်း၊ ငွေစာရင်းများကိုလည်း လက်မှတ်အတုများထိုးပြီး လိမ်လည်ခြင်း စသည့် အချက်များကို ထောက်ပြပြီး ပြန်လည်ရွေးချယ်ခံခြင်းကို ကန့်ကွက်ခဲ့ပါတယ်။ ထိုကန့်ကွက်ခြင်းအဆိုကိုလည်း တက်ရောက်လာကြတဲ့ ယာဉ်ပိုင်ရှင်များက လက်ခုပ်လက်ဝါးများတီးပြီး တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

သို့ပါသော်လည်း တိုင်းဒေသကြီး သယ်/ပို့ဝန်ကြီးမှ လူထုသဘောထားကို အမှုမထားပဲ ပြန်လည်ရွေးချယ် ခံစေခဲ့ပါတယ်။ အဲဒီနေ့က မထသဥက္ကဌဟောင်းဖြစ်တဲ့ တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဟာ မုံရွာစာသင်တိုက် ဓမ္မာရုံအတွင်းမှာ ဖိနပ်ကို အစည်းအဝေးပြီးသည်အထိ မချွတ်ပဲစီးနေခဲ့ပြီး လူပုံအလယ်မှာဘာသာ သာသနာကို စော်ကားပြသခဲ့ပါတယ်။ ဒါကို တိုင်းဒေသကြီး ၀န်ကြီးကိုယ်တိုင် မြင်တွေ့ပါလျက် တစ်စုံတစ်ရာ ဟန့်တားခြင်း၊ တားမြစ်ခြင်း လုံးဝမရှိခဲ့ပါဘူး။ အငြိမ်းစားဗိုလ်ကြီးဟောင်းဖြစ်လို့ အရပ်သားဝန်ကြီးက မပြောရဲ မဆိုရဲဖြစ်နေပုံရပါတယ်။

မထသဥက္ကဌဖြစ်ရမည့် သူသည် အသက်အရွယ်အားဖြင့် ၃၅နှစ်မှ ၆၀အတွင်း ဖြစ်ရမည်ဟု သတ်မှတ်တဲ့ အခါမှာလည်း တိုင်းပို့/ဆက်ဦးစီးမှုးမှ ဥက္ကဌဟောင်း ပြန်လည်ရွေးချယ်ခံနိုင်ရေးအတွက် ၆၅နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ (ဂ) လိုင်စင်ဖြင့် တောရွာများကို လိုင်းပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်များကို ခရီးသည်တင်မဟုတ်ဟု သတ်မှတ်ခဲ့ပြီး ပြန်လည်အရွေးခံခွင့် ရရှိရေးအတွက် တစ်လအတွင်း (ဂ) လိုင်စင်ရယူထားသော မထသဥက္ကဌပိုင် အိမ်စီးဇိမ်ခံကားကိုတော့ (ခ) လိုင်စင် ခရီးသည်တင်ကားအုပ်စုနှင့် ထည့်ပေါင်းပြီး ရွေးချယ်ခံစေခဲ့ပါတယ်။

အခုတော့ တက်ရောက်ခဲ့ကြသည့် မြို့မိမြို့ဖများ၊ ယာဉ်ပိုင်ရှင်များ သဘောပေါက်  နား လည်လိုက်ပါပြီ ပြန်လည်ရွေးချယ်ခံမည့် ဥက္ကဌဟောင်းရဲ့ ပြစ်ချက်တွေ ထောက်ပြတာကိုလည်း အပြစ်လို့မမြင် ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်ပါလျက် ဘုရားဓမ္မာရုံအတွင်း လူပုံအလယ် ဖိနပ်စီးခြင်းကိုလည်း မဟန့်တား အဲဒီနေ့က မြန်အောင်ကိုလာရောက်ရွေးချယ်တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကော်မရှင်အဖွဲ့ရဲ့ ဘက်လိုက်မှုများ အကျင့်ပျက်ခြစားမှုများကို သိလိုက်ရပြီး ကမ္မ၀ါမကြောက်တဲ့  ဘုန်းကြီးတစ္ဆေ မထသဥက္ကဌဟောင်း (အငြိမ်းစားတပ်မတော်အရာရှိ) ကိုပဲ ပြန်လည်ရွေးချယ်ပြီး ယာဉ်ပိုင်ရှင်များနှင့် ပြည်သူများကတော့ စီတန်းလှည့်လည် သပိတ်မှောက် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြပါတော့တယ်။
 
 မြန်အောင် မြို့မိမြို့ဖများနှင့်  ယာဉ်ပိုင်ရှင်များ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ
 ပူတာအို မြင်ကွင်းတခု ဓာတ်ပုံ (travel Myanmar)
သတင်း... ကိုရဲ
ရန်ကုန် အောက်တိုဘာ ၎

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။

 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့် ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစားစရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေလာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည် လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေလှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာသွားလေ့လာမှာပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

 ကိုရဲအား ကျေးဇူးတင်ပါသည်..။

ရန်ကုန်မြို့ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) ၌ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) ၌ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါနှင့် စစ်တကောင်း ဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ် များကို မွတ်စလင်အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓ ဘာသာ သံဃာတော်အပါး (၁၀၀)ခန့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ ၁း၀၀ တွင် ရွှေဝါရောင်ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ ရဟန်းသံဃာတော်များမှ ဦးဆောင်၍ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) အမှတ် (၁၁)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၌၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။

ယမန်နေ့ (အောက်တိုဘာလ ၄ ရက်နေ့)ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ၊ မကွေးပရိယတ္တိ စာသင်တိုက်မှာလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်လည်း သံဃာအပါးတစ်ထောင်ကျော်ခန့်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသလို၊ အောက်တိုဘာလ (၃)ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ သံဃာတော်အပါး (၃၀၀)ခန့်က ဘန်ကောက်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးဘာသာ သာသနာနှင့် အမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် သာသနာကို စော်ကားခံရခြင်းအား ကာကွယ်ကြပါစို့ ...။

သို့သော်လည်း မြန်မာနိုင်ငံမှ (မဟန) နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများကို
သည်းခံပြီး သာသနာကို ပြုနိုင်တာကိုလည်း ပြန်လည်သည်းခံခြင်းဖြင့်
ဆန္ဒပြကြပါစို့လို့ အော်ကြရဦးမှာလား ဆိုတာကိုလည်း တွေးမိရင်း
မြတ်စွာဘုရားရှင်၏ မျက်နှာတော်အား မြင်ယောင်မိရင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

မေမေ့သား (လင်းဆက်)

သတင်း၊ ရေးသားပေးပို့သူ.. လင်းဆက်
ဓာတ်ပုံ လင်းဆက်၊ ဒီမိုကောင်းကင်

သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ဆန္ဒပြထုတ်ဖော်ပွဲ..

သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..

ဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တဖတ်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။

(သတင်း http://www.lankamsma.org/)

ဓာတ်ပုံ အတွက် ပေးပို့လာသူ ဆရာတော် အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်..

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး မိသားစု (၆) ယောက် စံပြဆေးရုံရောက်

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး
မိသားစု (၆) ယောက် စံပြဆေးရုံရောက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊လေးဒေါင့်ကန်ရပ်ကွက်၊ကုလားစုရှိ အသေးစား
ဓာတ်ဆီဆိုင်မှ မိသားစုအချင်းချင်း အခင်းဖြစ်ပွားရာကနေ ဒေါသများကို မထိန်းချုပ်နိုင်သောကြောင့် အောက်တိုဘာ (၃) ရက်နေ့ ညပိုင်း ၉း၃၀ အချိန်တွင် အငယ်လေး (ခေါ်) ဌေးဝင်းသည် မိန်းမတော်ခဲ့ဘူးသော ဒေါ်စန်းစန်းနွဲ့ဆိုင်သို့လာပြီး ဓာတ်ဆီလောင်း၍ မိန်းမနှင့် ယောက်ဖ၊ ခဲမများကို မီးလောင်တိုက်သွင်းပြီး မီးရှို့ ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းအချိန်တွင် မိန်းမဖြစ်သော ဒေါ်စန်းစန်းနွဲ့သည် ယင်း ရန်မှ ကြောက်သော ကြောင့် တိမ်းရှောင်နေသည်ဟု သိရှိရပါသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ် ကားများ အချိန်မှီရောက်ရှိလာသောကြောင့် အိမ်ဆိုင် (၆) လုံးသာ မီးလောင်ကျွမ်းခဲ့ပါသည်။မီးသတ်ကားများအစီး ၂၀ ကျော်နှင့် မီးသတ်ရဲဘော်များ၏ ကြိုးစားမှုကြောင့် မီး လောင်ချိန်ဟာ နာရီဝက်အတွင်းမှာပဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
တာဝန်ရှိသော မီးသတ်ရဲဘော်များနှင့် မြို့နယ်ရဲစခန်းမှူးများကတော့ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း၂၅ သိန်းကျော် နှင့် အသေပျောက် ဒဏ်ရာရသူ မရှိခဲ့ဟု စာနယ်ဇင်းနှင့်မီဒီယာသမားများကို ထုတ်ပြန်ခဲ့ပေမယ့်လည်း လက်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် မသေရုံတမယ် ခွဲစိတ်ခန်းထဲမှာ အသည်းသန် ခွဲစိတ်နေရကြောင်း၊ မိသားစု (၆) ယောက်လုံး မီးလောင်တိုက်မှာ မီးရှို့ခံခဲ့ရသလို ခံခဲ့ရတာကြောင့် ရုပ်ပျက် ဆင်းပျက်ရှိနေကြောင်း၊ ဆေးရုံပေါ် တွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း ၁၀၀ အထက်မှာ ရှိကြောင်း မိသားစုဝင်တစ်ယောက်က သတင်းစာနယ်ဇင်းနှင့်မီဒီယာများကို အတိအကျ ဖြေပေးခဲ့ပါတယ်။

စံပြဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းသို့ ပို့ထားရသော အတွင်းလူနာ (၆) ဦးမှာ ဒေါ်ရီရီနွဲ့၊(တူမ)။ ဒေါ်သူဇာဝင်း၊ (ညီမ)။ ဇော်ဇော်အောင်(သား)။ ကျော်မင်းသင်း၊(သား)။ရန်နိုင်ဖြိုး ၊(မြေး) မျိုးမင်းဟိန်း (မြေး)တို့ဖြစ်ကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းနွဲ့၏ မိခင် ဒေါ်ရီရီစန်းမှ ပြောကြားခဲ့ပါတယ်။

လင်းဆက် ပေးပို့သည်..။

မီးလောင်ဒဏ်ရာ ရသူတွေ ပုံတွေကိုတော့ မတင်သင့်လို့ ချန်ထားပါတယ်..။

အနှစ်(၂၀)များ (ကဗျာရှင် နေရဲနီ)

အနှစ်(၂၀)များ
(ကဗျာရှင် နေရဲနီ)
အနှစ်(၂၀)မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက်
ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ
ကျွန်တော်သည် ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။
(ဗိုလ်မှူးချစ်ကောင်း )

အနှစ်(၂၀)ကျော် တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်
သာတူညီမျှ ဆိုရှယ်လစ်ဝါဒ အုတ်ခုံပေါ်၌ အာဏာကျောက်တိုင်ကို
စိုက်ထူဖို့ရန် မိမိကိုယ်ကို ပြန်၍ကြည့်လိုက်သောအခါ
ငါသည် ကျားမြီးကို ဆွဲထားမိကြောင်း တွေ့ရလေသည်။
သို့သော်လွှတ်၍ကား မဖြစ်တော့ ထို့ကြောင့်ဆက်၍ ဆွဲထားလိုက်သောအခါ
ချောက်ထဲသို့ကျရန် လက်တလုံးမျှသာ လိုတော့သော မြန်မာပြည်အား
အဝီစိမှသည် မဟာအဝီစိသို့ ပို့မိလျက်သား ဖြစ်လေတော့သည်။
(တော်လှန်ရေးကောင်စီဥက္ကဋ္ဌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း)

အနှစ်(၂၀)ကျော် သူများချေးပုံခွထိုင်၍
တိုင်းပြည်ကိုအာဏာရှင်ဆန်ဆန် ယတြာနှင့်အုပ်ချုပ်လေသောအခါ
ဆရာပို့ခဲ့သော မဟာအဝီစိမှ မြန်မာပြည်ကို
မဟာ့မဟာအဝီစိသို့ ပို့မိလျှက်သားဖြစ်နေသည်ကို တွေ့ရလေသည်။
တိုင်းသူပြည်သား အပေါင်းတို့ပြည်ပထွက် အလုပ်လုပ်ကြရကာ
ကမ္ဘာ့အလယ်တွင် မြန်မာပြည်သည် မကောင်းသောဘက်၌ 
 (ပ ဒု တ)အဆင့်တွင်အမြဲရောက်နေလေသည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ-ငြိမ်း)

အနှစ်(၂၀)ကျော်မျှ လက်နက်ကိုင်၍
ဒီမိုကရေစီရေးအတွက်တော်လှန်ခဲ့သောငါသည်
ငှက်ပျောအူနှင့်မျှစ်ကိုစားနေရပြီး ငှက်ဖျားနှင့်နပမ်းလုံးနေရဆဲ
ငါ၏ဆရာအပေါင်းတို့သည်ကားတစ်ယောက်ပြီးတစ်ယောက်ပြောင်းကာ
ဒေါ်လာများပိုက်၍ ပြည်တွင်းသို့ပြန်ဝင်နေကြလေပြီ။
ငါ၏အနာဂတ်သည်ကား မရေရာ မသေချာ
ထို့ကြောင့် မတတ်နိုင် ဆက်၍တိုက်ရပေဦးမည်။
(တောတွင်းရောက် မကဒတ ကျောင်းသားတစ်ဦး)

အနှစ်(၂၀)ကျော်မျှ ထောင်နန်းစံပြီးနောက်
သမ္မတကြီးကရုဏာနှင့် လွတ်လာသောငါသည်
မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ဘယ်လာလို့ဘယ်သွားရမှန်မသိ။
ငါတို့၏ဥက္ကဋ္ဌများသည်ကား ဒိုနာများထံမှရသော ဒေါ်လာများကိုပိုက်၍
ပြည်တွင်းသို့ ပြန်ဝင်ခဲ့လေပြီ။

နအဖအား လက်နက်ကိုင်၍တော်လှန်ခဲ့သော ငါ့ဆရာကိုမိုးသီးကား
ဟိုယခင်က ပင်နီတိုက်ပုံနှင့်
ယခုသော်ကား နအဖ တဖြစ်လဲ ကြံ့ဖွံ့ဝန်ကြီးများသာ 
ဝတ်သောမိုးပြာရောင်တိုက်ပုံနှင့်
သတင်းစာရှင်းလင်းပွဲမှာ တွေ့လိုက်ရ၏။
ကျောင်းသားအချင်းချင်း ထောက်လှမ်းရေးဟု မတရားစွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့သော
ဒေါက်တာနိုင်အောင်သည်ကား အက်စ်ဘီ အစောင့်အရှောက်နှင့်
အက်စ်ဘီမှ လက်ဆောင်ပေးသော အသံဖမ်းစက်ကို
တရှုံ့ရှုံ့နမ်းကာ လက်မှမချနိုင် ဖြစ်၍နေချေပြီ။
အရောင်ပြောင်းမြန်ကြလေစွတကား....
(တောတွင်းပြန် ထောင်ကျ မကဒတ တစ်ဦး)

နေရဲနီ





မြို့ပေါ်မှ ဆက်ကြေး ကောက်ခံနေသူများ...

မြို့ပေါ်မှ ဆက်ကြေး ကောက်ခံနေသူများ တရုတ် ရုပ်သံဖိုင် တခုပါ... မန္တလေးမြို့လည်ခေါင်က ယာဉ်ထိန်းရဲတွေရဲ့ မြင်ကွင်းတခုပေါ့...။ တရုတ်လို ရေးထားတာ 实拍腐败缅甸警察查车受 ဘာသာပြန်ကြည့်တော့ Couples corruption Myanmar police search vehicles bribery တဲ့ ယာဉ် တွေကို တားပြီး တန်စိုးလက်ဆောင် ယူနေတဲ့ မြန်မာယာဉ်ထိန်း ရဲဝန်ထမ်း အတွဲပေါ့.. (ကောင်းကြသေးရဲ့လား) ရတဲ့ တန်စိုး ဆက်ကြေး ဝင်ငွေတွေကို အဆင့်ဆင့် ဆက်ကြေးတွေ ပေးနေရသလားပဲ (အမေက ငါ့နိုင် ငါက ကြက်မကြီးနိုင်ဆိုတဲ့ စကားပုံလို ဖြစ်နေမလားပဲ)

“ကမ္ဘာ့ ဇာတ်ခုံပေါ်ကမြန်မာ့ ရွှေရတု(၁၉၆၂-၂၀၁၂)” (ကိုမျိုး-မြန်မာစာ)

“ကမ္ဘာ့ ဇာတ်ခုံပေါ်ကမြန်မာ့ ရွှေရတု(၁၉၆၂-၂၀၁၂)”

*တိုက်ဆိုင်မူပါပဲလေ
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
၁၉၆၂မှာမြန်မာလူမျိုးနှစ်ဦးက
ကမ္ဘာမြေပေါ်မှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးစီမြင်ရအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးက အာဏာသိမ်းသူ စစ်ဗိုလ်ချုပ်၊
တစ်ဦးကကမ္ဘာငြိမ်းချမ်းရေး ဆောင်ရွက်သူ ကုလသမဂ္ဂ အတွင်းရေးမူးချုပ်။

*တိုက်ဆိုင်မူပါပဲလေ
၁၉၆၂နှစ်ကအသက်၂၆နှစ်အရွယ်မြန်မာလူငယ်နှစ်ဦးဟာ
၂၀၁၂(နှစ်၅၀)ရွှေရတုကာလအကြာ
ကမ္ဘာကုလသမဂ္ဂမြေမှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးတည်းမြင်ကြအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးက စစ်ယူနီဖောင်းချွတ်ခဲ့သူ သမ္မတ၊
တစ်ဦးက ကမ္ဘာကုလသမဂ္ဂမှာ တာဝန်ထမ်းခဲ့သူနိုဗယ်ဆုရှင်။

*လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
စစ်အာဏာသိမ်းအာဏာရှင်အစိုးရရဲ့ 
ငြိမ်းချမ်းရေးဆောင်ရွက်သူကုလသမဂ္ဂအတွင်းရေးမူးချုပ်ကို
မြန်မာ့သမိုင်းစာမျက်နှာထက်ကဖယ်ထုတ်ဖို့ ဆောင်ရွက်ချက်တွေနဲ့
ကမ္ဘာမှာ မြန်မာဟာသူထက်သာ မနာလိုသူတွေပမာ ဂုဏ်ပျက်ခဲ့သမျှ
နှစ်ငါးဆယ်ကာလ အလွန်မှာတော့
စစ်ယူနီဖောင်းချွတ် အရပ်သားအစိုးရသမ္မတရဲ့ 
ကမ္ဘာ့ ငြိမ်းချမ်းနိုဗယ်ဆုရှင်အတွက်သာမက
မြန်မာဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမူးချုပ် အတွက်ပါအတိုးချ
မြန်မာ့သမိုင်းဝင်အောင် ဂုဏ်ယူ ပြောကြားဖော်ဆောင်လိုက်တဲ့စကားနဲ့ 
ကမ္ဘာမှာ မြန်မာဟာ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတက်သူတွေအဖြစ်
ဂုဏ်တက်ခဲ့ရပြီ။

“နှစ်၅၀အကြာမှ ဖေါ်ခွင့်ရတဲ့ မြန်မာ့စိတ်ရင်းနဲ့ 
ဂုဏ်ယူထိုက်သူများသို့ ”
ကိုမျိုး(မြန်မာစာ)

တောင်ကြီးမြို့ တွင်ကျင်းပပြုလုပ်နေသော ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲ ပုံရိပ်များ

တောင်ကြီးမြို့ တွင်ကျင်းပပြုလုပ်နေသော ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲ ပုံရိပ်များ
အဆိုပါ ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲအား အောက်တိုဘာ(၁)ရက်နေ့မှ (၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်..