သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ဆန္ဒပြထုတ်ဖော်ပွဲ..
သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ
ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..
ဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တဖတ်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။
(သတင်း http://www.lankamsma.org/)
ဓာတ်ပုံ အတွက် ပေးပို့လာသူ ဆရာတော် အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်..