ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ (ကဗျာရှင် နေရဲနီ)

နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏။
 
နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေ စိုးရိမ်ရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး၊ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ သို့ ရောက်ရှိသတင်းယူနေသည့် သတင်းမီဒီယာသ မားတဦး၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိကြောင်း လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိနေသော ရန်ကုန်မြို့တွင်နေထိုင်သူ နိုင်ငံရေးသမား တဦးက ပြောသည်။
မန္တလေးအခြေစိုက် သတင်းသမားတဦးဖြစ်သူ ကိုရဲရင့်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်မူများ ဖြစ်ပေါ်ခဲ့ ချိန်အတွင်း ထိုဒေသသို့ရောက်ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ရဲဝန်ထမ်းနှစ်ဦးကို အင်တာဗျူးလုပ်ခဲ့သည့် ဗီဒီယိုဖိုင်မှာ နိုင်ငံတွင်း အင်တာနက်စာမျက်နှာများ တွင်သာမက နိုင်ငံတကာရုပ်သံလိုင်းတခုတွင်ပါ ပျံ့နှံ့သွားခြင်းကြောင့် ရဲဝန်ထမ်းများကြား သဘောထားကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။
"ကိုရဲရင့်ရဲ့ လုံခြုံရေးအခြေအနေက စိုးရိမ်ရတယ်။ သူ့ကို ဓါတ်ပုံရိုက်ယူတာမျိုးတွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေက သူသွားတဲ့နေရာတွေမှာ ပါ လာတာမျိုးတွေ၊ အင်တာဗျူးလုပ်ခဲ့တဲ့ဆိုင်က ဆိုင်ရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးတွေ အာဏာပိုင်တွေဘက်က လုပ်နေတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ထပ်မံ ပြောကြားသည်။
ကိုရဲရင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလအတွင်း ၎င်းအလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိသော ဂျာနယ်တိုက်သို့ အာဏာပိုင် များက လာရောက်စုံစမ်းပြီး နေရပ်လိပ်စာတောင်းခြင်း၊ တယ်လီဖုန်းနံပါတ်တောင်းခြင်းများနှင့် ၎င်း၏ ကိုယ်ရေးအချက်လက်များကို ရယူခြင်းများ ပြုလုပ် သွားကြောင်း၊ ၎င်းအနေဖြင့် သတင်းမီဒီယာလောကတွင် အမှန်တရားကို ဖော်ထုတ်လိုသောစိတ်ဖြင့်သာ သတင်းရယူခြင်းဖြစ်ပြီး မည်သည့်မီဒီယာကျင့် ဝတ်ကိုမှ ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း၊ အင်တာဗျူးဖြေကြားပေးသူ ရဲတပ်ကြပ် အောင်ဝင်းထွန်းနှင့် တပ်သားတဦးကို ဖမ်းစီးခဲ့ခြင်းကြောင့်လည်း စိတ်မ ကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီ၏စံနူန်းများကို တိုင်းတာရာတွင် သတင်းဒီယာလွတ်လပ်ခွင့်မှာလဲ တချက်အပါအဝင်ဖြစ်သောကြောင့် မိမိဖြစ်ပေါ်ခံစား နေရသော အခြေအနေဖြင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် မည်မျှရှိသည်ကို တိုင်းတာနိုင်မည်ဟုမျှော်လင့်ကြောင်း ပြန်လည်ဖြေကြားသည်။

သတင်း....  Yangon Chronicle

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်


ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။


ဆန္ဒပြသူများသည် အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုရာကျော်က ပြောသည်။
“ အိုအိုင်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ဂဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခုလက်ရှိတွင်လည်း ကားလမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ခရီးသွားကားများအား တိုက်ခိုက်မူများ ရှိပါသလားဟု မေးမြန်းရာ ယခုအခါ မရှိတော့ကြောင်း၊ သို့သော် လွန်ခဲ့သော လအထိ ယခုလို နှောင့်ယှက် တားဆီးမူများ ရှိခဲ့ကြောင်း ပြောဆိုသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ ဈေးဟောင်းပိုင်း ကမ်းနားလမ်းရှိ ဓမ္မာရုံမှစတင်ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ပြီး ဆန္ဒပြပြီး   ဓမ္မာရုံ သို့ပြန်လှည့်လာ ကာ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်ခဲ့ကြသည်ဟု ပြောသည်။

သတင်း.....  Narinjara News


“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး” (သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)


“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး”

(သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)
လက်ရှိ ကျွန်တော်သိထား သမျှတော့ ဒါနောက်ဆုံး အင်တာဗျူးခွင့်ရသူပါပဲ။ ဒါထက် နောက်ဆုံးရှိသေးရင်လည်း ဝမ်းသာ ကြည်နူး ဂုဏ်ယူစရာပါပဲ။
***
နံနက်စောစောမှာပဲ DVBမှ မကြည် (ခင်မင်းဇော်)က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်းအဘဗိုလ်ကျော်ဇောဆုံးပြီဟု အွန်လိုင်းမှာသတင်းပေးသည်။ ''နံနက် ၃နာရီ ကျော်လောက်ကတော့ကြားတယ်။ သတင်းတော့ မထုတ်ပြန်သေးဘူး''ဟု ဆိုသလို ''မိသားစုကိုမေးပြီးမှရေးနော်''ဟုလည်း သတိ ပေးသည်။ ချက်ချင်းဆိုသလို စာနယ်ဇင်း ညီအစ်ကိုမောင်နှမတွေကို ဦးအောင်ကျော်ဇောနှင့် အဆက်အသွယ်ရဖို့ တိုက်တွန်းဖြစ် သွား၏။

အခြားဂျာနယ်တိုက်ရောက်နေတဲ့ ညီ၊ညီမတွေကလည်း လှမ်းမေးကြည့်သည်။ များမကြာမီ ဗိုလ်ကျော်ဇောကွယ်လွန်တိမ်း ပါးသွားပြီဆိုသည့် သတင်းတွေ အွန်လိုင်းကို လွှမ်းမိုးသွားသည်။
ကျွန်တော်လည်း ဝမ်းနည်းကြောင်းကို ''သက်ရှိရာဇဝင်ကြီး ပြည်တော်ပြန်ခရီးနှင့် ရွှေတိဂုံစေတီတော် ဖူးခွင့်မကြုံတော့ပြီ'' ဟု ရေးဖြစ်သွား၏။ အခြားနိုင်ငံခြားရေဒီယိုတွေ ကလည်း တစ်ဦးတည်းသာ ကျန်တော့သည့် ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ရဲထွဋ်နေအိမ် ဖုန်းနံပါတ်ကို မေးလာကြသည်။ ကျွန်တော်က အဘရဲဘော်ဘခက် ဖုန်းနံပါတ်သာ ပေးလိုက် နိုင်၏။

အဘရဲဘော်ဘခက်ကျေးဇူးနှင့် အဘ ကတစ်ဆင့်သာ ကျွန်တော့်ဆက်သွယ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်တော် တို့ ကံမကုန်လျှင် ပြန်ဆုံစေချင်သည့် ဆန္ဒပြု ကာ ဆုံဆည်းစေချင်သော မြန်မာ့လွတ်လပ် ရေးတပ်မတော်ဖခင် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးလက်ကျန် စစ်သားဟောင်းကြီး နှစ် ဦးဆုံတွေ့ခွင့် မရတော့ခြင်းအတွက် ဝမ်း နည်းရ၊ ရွှေတိဂုံစေတီတော် ဖူးချင်သော ကွယ်လွန်သူ၏ ဆန္ဒမပြည့်ဝ ခြင်းအတွက်ကြေကွဲရ သလို ရဲဘော်သုံးကျိပ် ဝင်ထဲတွင် အသက် အငယ်ဆုံးဖြစ်သော၊ တစ်ဦးတည်းသာ ကျန် ရှိတော့သည့် အဘ ဗိုလ်ရဲထွဋ်ကို အထူး အမှတ်ရကာသမိုင်းဝင် ဂုဏ်ယူအားထားစရာ အဖိုးတန်ပုဂ္ဂိုလ်ကြီး ၏ ဆန္ဒမပြည့်သွားရ ရှာမှာကိုလည်း စိုးရိမ် မိသည်။ စစ်ပွဲများစွာ ဆင်နွှဲခဲ့သော၊ တိုင်း ပြည်ကို ချစ်သော၊ အသက် အရွယ်အိုမင်း နေပြီဖြစ်သော ပြည်ချစ် စစ်သားဟောင်းကြီး တို့ ရင်ထဲမှာအရှိဆုံး ဆန္ဒက 'စစ်ပွဲတွေ ရပ်စေလိုခြင်း' ဟု ကျွန် တော်ယူဆမိသလို အဘဗိုလ်ကျော်ဇောရော၊ အဘဗိုလ်ရဲထွဋ်ပါ အဲဒီဆန္ဒ အမှန်ရှိနေကြခဲ့ မည်မှာ သေချာသည်ဟုဆိုချင်ပါသည်။
***
RFA ရုပ်သံသတင်းမှာ 'ဗိုလ်ကျော်ဇော နှင့် အင်တာဗျူး'ကို အမှတ်တရထုတ်လွှင့်ပြ သသည်ဖြစ်၍ ကျေးဇူးတင်ရှိပါသည်။ စော စောပိုင်းကတော့ ကိုလွဏ်းဆွေ ဘလော့ဂ်မှာ အဘဗိုလ်ကျော်ဇော၏ အလွမ်းပြေ အပိုင်း (၁)၊ အပိုင်း(၂)ကို ကြည့်ဖြစ်သေး၏။ ယခုကတော့ ဦးခင်မောင်စိုးလက်ရာ တင် ဆက်မှုဖြစ်ပြီး ယမန်နှစ်ကမှ မေးမြန်းထား ခြင်းဖြစ်၍ ကျန်းမာရေးအခြေအနေ မဆိုးရွား မီ နောက်ဆုံးအင်တာဗျူးလည်း ဖြစ်နိုင် ကောင်းသည်ဟု ကျွန်တော်ယူဆမိသည်။ တန်ဖိုးကြီးမားသော အင်တာဗျူးပင်။

''အစ်ကို ဒီအင်တာဗျူး အတွက်ဘယ်လိုကြိုးစား ခဲ့ရတာလဲ။ ဒီလိုပုဂ္ဂိုလ် ကြီးကို လူတွေ့မေးဖို့ ဆိုတာတော်တော် လွယ် တဲ့ ကိစ္စမဟုတ်ဘူးလေ'' ဟု ကျွန်တော်မေးတော့ ဦးခင်မောင်စိုးကလည်း ဂုဏ်ယူစွာဖြင့် သူ့ အား ထုတ်မှုကိုစိတ်ရှည်လက် ရှည်ပြောပြ ဖြစ်သည်။

ဦးခင်မောင်စိုး- ''ကျွန် တော့် KIO စခန်းကို အရင်သွားတာဗျ။ အဲဒီ ကမှ ကြယ်ခေါင်ဘက် မှာဦးအောင်ကျော် ဇော နဲ့တွေ့တာ။ ဦးအောင် ကျော်ဇောနဲ့ ဒေါက် တာလှကျော်ဇောတို့ ကျေးဇူးနဲ့ပဲ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)ကိုတွေ့ဖို့အခွင့်အရေးရခဲ့တာ။ သူတို့ မောင်နှမနှစ်ယောက်စလုံးက တိုင်း ပြည်ကို ချစ်ကြတာချင်းတော့တူတယ်။

တစ် ယောက်တစ်မျိုးစီတော့တိုင်းပြည်အတွက်လုပ် နေကြတာပဲလေ။ကျွန်တော်ဗိုလ်ချုပ်ကို သွား တွေ့ဖို့ ကူမင်းကို သွားရတယ်။ ဗိုလ်ချုပ်တို့ ကို တရုတ်အစိုးရကကူမင်းကအပါ့မန့်တစ်ခု မှာသေသေချာချာနေရာပေးထား၊ စောင့် ရှောက်ပေးထားတာပဲဗျာ''
ကျွန်တော်-''မနှစ်ကဆိုတော့အဘဗိုလ်ကျော်ဇောကအသက်၉၂နှစ်မှာပေါ့ဟုတ်လားအစ်ကို။ အသံတွေ၊ မာန်တွေကတော့ အင်တာဗျူးထဲမှာ တွေ့တာတက်ကြွကမှုအပြည့် ပဲနော်''

ဦးခင်မောင်စိုး- ''ဟုတ်တယ်။ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)တို့ NLDက ဗိုလ်ချုပ်တင်ဦး တို့ ဆိုတာ အသက်သာကြီးတာ အသံတွေ၊ မာန်တွေကတော့ စစ်သားဟောင်းကြီးတွေဆို တော့ ပြတ်သားကြည်လင်နေတာပဲ။ ပြီးတော့ ဗိုလ်ချုပ်(ဗိုလ်ကျော်ဇော)က၉၃နှစ်ထိ အသက် ရှည်ရှည်နေသွားရတာမှာ သူ့သမီးဒေါက်တာ လှကျော်ဇောက အချိန်ပြည့်စောင့်ရှောက်မှု လည်း အဓိကကျပါတယ်။ ကျွန်တော့်အင်တာ ဗျူးအဖွင့်မှာတောင်အဲ့ဒါပါတယ်။ ''ကျွန်တော် အသက်၉၂နှစ်ထိနေရတာ တော်တော်ကျေ နပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းခမျာ အသက် ၃ဝကျော်လေးနဲ့ကွယ်လွန်ရတာ။ ဒါ နဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်''လို့ ဖြေခဲ့တယ်။

ကျွန်တော်-''ဒါနဲ့ အစ်ကိုတို့ဆုံကြတော့အင်တာ ဗျူးတာအချိန်တော်တော်ရလိုက်လား''
ဦးခင်မောင်စိုး- ''ရပါတယ်။ တော်တော်ရ လိုက်တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ RFA နဲ့ ဖုန်းအင်တာဗျူးတွေလုပ်ခဲ့ဖူးတော့ ကျေး ဇူးတင်စကားလည်း ပြောတယ်။ များသော အားဖြင့်တော့ လူကြီးကိုမေးတာဆို တော့ အင်တာဗျူး တော်တော်များများကို တော့ အစ်မဒေါက်တာလှကျော်ဇောကပဲ သတင်း ဌာနက မေးချင်တာကို ဗျူးပေးတာတို့၊ တပ် မတော်နေ့တို့၊ လွတ်လပ်ရေးနေ့တို့ နေ့ထူး နေ့မြတ်တွေမှာ ဗိုလ်ချုပ်အသံကို ဗျူးပေးပြီးမှ သတင်းဌာနတွေကို ပြန်ဖြန့်ပေးတာတို့ လုပ် လေ့ရှိခဲ့တာ။ ကျွန်တော်က လူကိုယ်တိုင် တွေ့ခွင့်ရတာ ဦးအောင်ကျော်ဇောနဲ့ ဒေါက်တာလှကျော်ဇောတို့ ကျေးဇူးပဲ။ ကျွန်တော် ရန်ကုန်မှာ နေ တုန်းကတောင်ဗိုလ်ရဲထွဋ်ကို တွေ့ဆုံခဲ့ဖူး တာ မဟုတ်ဘူးလေ။ အခုတော့ ရဲ ဘော်သုံး ကျိပ်ဝင်ထဲမှာ ဗိုလ်ရဲထွဋ်ပဲရှိတော့တယ်။

ကျွန်တော် -''အစ်ကိုတို့ဗျူးထားတာ အနည်းဆုံးတစ်နှစ်နဲ့ သုံးလလောက်တောင်ရှိတော့မှာ။ ဘာကြောင့် အဲဒီရှားပါး တန်ဖိုးရှိတဲ့အင်တာဗျူးကိုမထုတ်လွှင့်ဖြစ်ရသေးတာလဲ''
ဦးခင်မောင်စိုး - ကျွန်တော်ပြောလို့ ရတာတစ်ခုကတော့ ကျွန်တော် အဲဒီအချိန်ကဗျူးခဲ့တဲ့ ကင်မရာက Fully HD ပဲ။ ဒါပေမဲ့ တိတ်နဲ့ခင်ဗျ။ RFA မှာ အခုသုံးနေတာက တိတ်မဟုတ်ဘဲ ကတ်ဆိုတော့ ပြန်ကူးနေတာ တွေရှိတာ ပေါ့။

ရိုက်ကူးရေးစံနစ် မတူတာအဲဒါက တစ်ပိုင်းပေါ့။ပြီး တော့ သေသေချာချာ တည်းဖြတ်တာတွေလည်း လုပ်ချင် သေးတော့ ကြာသွားတာပါ။ ဒါပေမဲ့ အခုလို ကျန်းမာရေးစိုးရိမ်စရာရှိနေချိန်မှာ ကျွန်တော်တို့ဒေါက်တာလှကျော် ဇောနဲ့ဖုန်းရပါတယ်။ ဆေးရုံတက်ရတဲ့ စောစောပိုင်းအထိ ပြောပါတယ်။
နောက်ဆုံး တစ်ခေါက်ဆက်တော့ လွန်ခဲ့တဲ့နှစ် ရက်လောက်ကပဲ ဝန်ကြီးဦးအောင်မင်းဖုန်းဆက်ကြောင်း ကျန်းမာရေးကိစ္စမှာ ဘာတွေဆောင်ရွက်ပေးဖို့လိုမလဲ မေး တယ်လို့ လည်းသိရတယ်။ သမ္မတခွင့်ပြုချက်နဲ့ နိုင်ငံကို ပြန်နိုင်ကြောင်း သတင်းတွေ ကြားရ ပေမယ့် ကျန်းမာရေးကြောင့် မပြန်နိုင်တဲ့ အခြေအနေ အပေါ်မှာ အားလုံးစိတ်မကောင်းဖြစ်ကြရမှာပဲ''
(ကွယ်လွန်တော့ ဝန်ကြီးဦးအောင်မင်းက ဝမ်းနည်းကြောင်းပို့ခဲ့ပါတယ်။ - အယ်ဒီတာ)
* * *
RFAရုပ်သံသတင်းမှာ ဦးခင်မောင်စိုး၏ တင်ဆက်မှု အစမှာ''တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့စစ်ဆေးရုံ မှာကွယ်လွန်သွားခဲ့ ပြီဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောကို ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ်ဇွန်လ ဒုတိယပတ်မှာ ကျွန်တော်တို့ RFAက သူနေ ထိုင်ရာ ကူမင်းမြို့ တိုက်ခန်းမှာ တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။ အဲဒီကာလက အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ့ရဲ့ လက်ရှိဘဝနဲ့ပတ်သက်ပြီး အသက်ငယ်ငယ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် မိမိဟာ ဒီလောကမှာ အများကြီး ကံကောင်းသူ တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်''ဟုပျိုးပြီးဗိုလ်ကျော်ဇော ၏ အရုပ်နှင့်အသံကိုရှုမြင် နားဆင်လိုက်ကြရပါသည်။

''ကျွန်တော်အသက် ၉၂နှစ်ထိ နေရတာ တော်တော် ကျေနပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ခမျာ အသက် ၃ဝကျော်လေးနဲ့ ကွယ်လွန်ရတာ။ ဒါနဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်။''

ဤသို့ အဘဗိုလ်ကျော်ဇောက သူ၏ရဲဘော်ရဲဘက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို နှမြောတသဖြစ်စွာနှင့် အမှတ်တရပြောကြားသလို တပ် မတော်အကြောင်း၊ ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ သမ္မတ(ငြိမ်း)လည်းဖြစ်၊ မြန်မာ့ဆိုရှယ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌနှင့် နာယကလည်းဖြစ်ခဲ့သူ ဦးနေဝင်း အကြောင်း၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးအကြောင်းတို့ကို သူ့ရင်ထဲ ရှိသလို ပြောဆိုသွားသံအပြီး မေးမြန်းတင်ဆက်သူ ဦးခင်မောင်စိုး၏''ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဘဝမှာ ဘာတွေ များမှတ်မှတ်ရရ ရှိပါသလဲ ခင်ဗျာ။''ဆိုသည့်စကားသံအဆုံး အဘဗိုလ်ကျော်ဇောထံက''အမှတ်တရဖြစ်တာကတော့ ရန်ကြီးအောင် စစ်ဆင်ရေး ကျွန်တော် တိုက်ခဲ့တာ။ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တာတွေ၊ တွဲပြီးတော့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက အကျင့်စာရိတ္တအလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ ဘာမှ သူ့မှာအပြစ်အနာအဆာမရှိဘူး။ ဒါက သူ့ရဲ့ထူး ခြားချက်ပဲ။ နောက် ပြည်သူလူထုကို ချစ်ပြီး ပြည်သူ့ အကျိုးအတွက် အမြဲရပ်တည်သွားတယ်။''ဆိုသည့်စကားသံဖြင့် မြန်မာ့လွတ်လပ်ရေးရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ မြန်မာသာမက ကမ္ဘာကပါ သိမှတ်ထားသော ငြိမ်းချမ်းရေးသမားကြီးဆရာကြီးသခင်ကိုယ်တော် မှိုင်း အကြောင်းကိုလည်း အလေးအမြတ် ပြုပြောဆိုသွားသည်မှာ သမိုင်း မှတ်တမ်းတန်ဖိုးကြီး မြတ်လွန်းလှသည့်အတွက် လေးမိနစ်တာမျှ အင်တာဗျူးကို အားမလို အားမရရှိရ သည်။

မည်သို့ဆိုစေ 'ပြောမှသိ၊ ထိမှ နာ၊သာမှ နေ၊ သေမှ ခင်၊ ဤလေးအင် လူတွင်မကျင့်အပ်' ဆိုသလို သေဆုံးခါမှ နှမြောတမ်းတ လွမ်းဆွတ်နောင်တရမှုမျိုး မဟုတ်ဘဲ သမိုင်း ဝင်ပုဂ္ဂိုလ်ကြီးများ အသက်ထင်ရှားရှိစဉ် တွေ့ဆုံမှတ်တမ်း တင်ထားနိုင်လိုက်မှုအတွက်ကိုဖြင့် ဤတွေ့ဆုံခန်း
 အင်တာဗျူးအတွက် ဂုဏ်ယူမိသည်။

အသက် ၉၃ တိုင်အောင် သက်ရှိထင်ရှားနေသွား ခဲ့သည့် မြန်မာ့လွတ်လပ်ရေးသမိုင်းရာဇဝင်ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ကျော်ဇော မှာ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သူမို့ 'တစ် ဘဝစံစိတ်ထားနှင့် လူ့ရွာမှာ လာ လမ်းသလားသွားခဲ့သူ'လို့ နှောင်း လူတို့ အပြစ်ဆိုမှာ မဟုတ်သည် က သေချာပါ၏။

ကိုမျိုး(မြန်မာစာ)
ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာချုပ်..
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က  သမိုင်းဝင် သမိုင်းတွင်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ဘဘကျော်ဇော  ကွယ်လွန်အနိစ္စ ရောက်ခဲ့တဲ့အတွက် နှမျောတသ အထူးဝမ်းနည်းမှုနဲ့အတူ လေးစားဦးညွတ် အပ်ပါသည်..။
သမိုင်းဝင် ပုဂ္ဂိုလ်ကြီး ဘဘကျော်ဇော ကောင်းရာသုဂတိလားပါစေ..။

ဆောင်းပါးဖော်ပြမှု နောက်ကျခဲ့တဲ့ အတွက် ကိုမျိုး(မြန်မာစာ)အား ဒီမိုဝေယံမှ အထူးတောင်းပန် အပ်ပါသည်..။

မြန်မာနိုင်ငံ အနှံ့အပြားတွင် OIC (Organization of the Islamic Conference) ရုံးများ အလိုမရှိကြောင်း သံဃာတော်များနှင့် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ်..


မြန်မာနိုင်ငံ အနှံ့အပြားတွင် OIC (Organization of the Islamic Conference) ရုံးများ အလိုမရှိကြောင်း သံဃာတော်များနှင့် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ် OIC (Organization of the Islamic Conference) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်မည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ မှ စ၍ ရန်ကုန်တွင် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ စတင်ပြီး မြို့တော်ခန်းမ သို့၎င်း၊ မန္တလေးတွင် အိမ်တော်ရာ ဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်အင်အား ၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏားကျွန်းမြို့၊ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့နယ် အနှံ့တွင်၎င်း၊ သံဃာတော်များ ထောင်သောင်းချီလျှက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တ်ာလှန်ရေးကဲ့သို့ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြပါသည်။

ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသောလူငယ်တွေရဲ့တက်ကြွတဲ့စိတ်ဓာတ်ကိုတွေ့ခဲ့ရတယ်။ ရန်ကုန်မြို့မှာတော့ လမ်းလျှောက်တဲ့လူဦးရေဟာ ရွှေတိဂုံဘုရားမှာပဲ လူတွေကရှိနေသေးတယ် ရှေ့ဆုံးက လူတွေကဆူးလေဘုရား၊ မြို့တော်ခမ်းမရှေ့ကို ရောက်နေကြပါပြီ၊ အဲသည်လောက်ကို အရေအတွက် များခဲ့ပါသည်။ မန္တလေး၊ပခုက္ကူ၊ရခိုင်ဒေသစသောမြို့များတွင်လည်း သံဃာတွေထောင်ချီလျှက် ဆန္ဒပြခဲ့ကြောင်းသိရှိရပါသည်။

 မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သေကြေညာချက်မှာတော့……. - မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန် အနော်ရထာမင်း လက်ထက်မှစတင်၍ ကမ္ဘာ့ အလယ်တွင် ထေရဝါဒနိုင်ငံအဖြစ် စံပြရပ်တည်နိုင်ခဲ့သည်။

- ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်။

 - မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ကန့်ကွက်ရသော အကြောင်းအရင်းများမှာ - ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနိဋ္ဌာရုံများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားမှုများ ရှိနေခြင်း။ -

လစ်ဗျားနိုင်ငံတွင်အမေရိကန်သံအမတ် Mr. Christopher Stevens လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံအဖွဲ့အစည်းများက မည်သို့မျှတုံ့ပြန်မှုမရှိခြင်း။ - ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြလျက်ရှိနေခြင်း။

-လက်နက်များ ဖမ်းဆီးရမိသည့်အတွက် လုံခြုံရေးအားနည်းနေကြောင်း ပေါ်လွင်နေခြင်း။ -ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဗုံးပေါက်ခွဲ ဖျက်ဆီးမည်ကို ဖမ်းဆီးရမိခြင်း၊ ထို့ကြောင့်- - OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို မြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ (လုံးဝ ) ရုံးစိုက်ခွင့်မပြုပါ။

- ပြည်သူများ၏ သဘောတူညီချက်မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။ - OIC နှင့်ပတ်သက် သော သဘောတူစာချုပ်ကိစ္စ၊ အကြောင်းအရာများ၊ ယာယီရုံဖွင့်လှစ်ရန်အတွက် နိုင်ငံပိုင် မီဒီယာများတွင်ဖြစ်စေ၊ တရားဝင်ပြည်ပ မီဒီယာများတွင်ဖြစ်စေ သတင်းစာရှင်းလင်း၍ ပြည်သူများကို အတိအလင်း ကြေညာပေးရမည်ဟု ဖော်ပြပါရှိသည်။

မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ(ရန်ကုန်)မှ တောင်းဆိုချက်များ အား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။

 နိုင်ငံတော်သမ္မတ ၀က်ဘ်ဆိုက်မှာတော့ ယနေ့ထုတ်ပြန်ချက်တွင် OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ" နေပြည်တော်၊ အောက်တိုဘာ ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-
 ၁။နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
 ၂။ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
 ၃။နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
 ၄။နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။







ဝါးခယ်မမြို့၊ကျုံမငေးမြို့ နယ်မှ ဆက်သွယ်ရေးအဆင့်(၃)ကျုံမငေးစာတိုက်မှူး ဒေါ်ခင်ခင်ထွေး ရဲ့  အကျင့် ပျက်ခြစားမူ့ အကြောင်း။

ဝါးခယ်မမြို့၊ကျုံမငေးမြို့ နယ်မှ ဆက်သွယ်ရေးအဆင့်(၃)ကျုံမငေးစာတိုက်မှူး ဒေါ်ခင်ခင်ထွေးသည် ဌာနပိုင်ဝန်ထမ်းအိမ်ရာတန်းလျားကို မိမိကိုယ်ကျိုးစီးပွားအတွက် တစ်လ လျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် လက်ရှိနေထိုင်သူ သက်ဦး ကိုဌားရမ်းထားပါသည်။ မိမိ တာဝန်ထမ်းဆောင်လျှက်ရှိသော ဆက်သွယ်ရေး(၃) ကျုံမငေးစာတိုက် အဆောက်အဦးအတွင်း ပိုးသတ်ဆေး ပစ္စည်းများကို အခကြေးငွေယူပြီးမိမိကိုယ်ကျိုးစီးပွားအတွက် ငှားရမ်းထားပါသည်။

 ရုံး ဌာနပိုင် ငွေများကိုလည်း နေ့ ပြန်တိုးပေးစားပြီး အလွဲသုံးစားပြုလုပ်နေပါသည်။ ရုံးလုပ်ငန်းနှင့် မသက်ဆိုင်သောကိစ္စများကိုလည်းမချေမငံ ၀င်ရောက်စွက်ဖက်ပြောဆိုမှုများပြုလုပ်နေခြင်းကြောင့် ဌာနမှ ၀န်ထမ်းများနှင့်မသင့်မြတ်ပါ။ လူမှုရေးကိစ္စများနှင့်ပတ်သက်ပြီး သူ နှင့်အဆင်မပြေသော ၀န်းထမ်းများကိုလည်း ရုံးမတက်ရန် ပိတ်ပင်တားဆီးပါသည်။

 ဖုန်းဘီလ် ဆောင်သော အခါတွင် ငွေ ၅၀၀၀၀ ကျသင့်လျှင် အပိုကြေး ၅၀၀ ကျပ် ပေးရပြီး ဖုန်းဘီလ် ဆောင်ခ ငွေ ၁၀၀၀၀၀ ကျသင့်လျှင် အပိုကြေး ၁၀၀၀ ကျပ် သူ့ အားပေးမှ ဖုန်းဘီပြေစာအားဖြတ်ပေးပါသည်။ 

ရပ်ဝေးမှပေးပို့ သော ပါဆယ်အထုတ်များကိုလည်း စာပို့ သမားအားပို့ မခိုင်းဘဲ ပိုင်ရှင်များကို မိမိကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားကာ လာရွေးခိုင်ပြီးပိုက်ဆံတောင်းပါသည်။ ယခုကဲ့ သို့  အကျင့်ပျက်ဝန်ထမ်းတွေ ကိုအမြန်ဆုံးအရေးယူ ပေးပါရန် သမ္မကြီးနှင့် တကွ ဧရာဝတီတိုင်းဒေကြီး အစိုးရအဖွဲ့ ဝင် ၀န်ကြီးများသိရှိစေရန် လေးစားစွာ ပန်ကြား အပ်ပါသည်။

ဝါးခယ်မမြို့ နယ်သူ/သား များ

တကယ်ရောက်ခဲ့ပြီ

 အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သည် မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာ အတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက် စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့ အမှန်တကယ် ရောက်ရှိလာခဲ့ပါပြီ။ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့တွင်ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ပြေတီဦး + အူဝဲတို့ မိသားစုတို့ တကယ်ရောက်လာကြကြသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာ စွာဖြင့် သာဓုခေါ်ဆို လိုက်ရပါတော့သည်။

ကြွေကြခဲ့တဲ့ ကြယ်တစ်ပွင့်ဗိုလ်ကျော်ဇော သို့ အမှတ်တရ



မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး

၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။

တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည်  မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံ အများစု နှင့် အချို့မှာ မတရား အမှုတွဲအတွင်းအတင်းဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက် ရွံ့နေရကြောင်း သိရပါသည်။

ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။

Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများပစ်ပေါက်ခွဲသွားကြပါသည်။

 ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက် သစ်ထူးလွင်  အင်တာနက် သတင်းများတွင် ပါဝင်လာသောကြောင့် ဦးဆောင်သူအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူထားသည့်အတွက် Danger အဖွဲ့မှ သူတို့ ခေါင်းဆောင်များ ပြန်လွတ်ပေးရေး ရာဇာသံပေးသည့်အနေဖြင့် မြိတ်မြို့ပေါ်ရှိ ကားများအား တစ်ညတည်း ၁၆ စီးခန့် လိုက်လံ ဖျက်ဆီးသတိပေးလိုက်ကြောင်း ၄င်းအဖွဲ့နှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ သိရှိခဲ့ရပါသည်။

ကျနော် ဈေးသည်တွေကို ပစ္စည်းသယ်ပေးတဲ့ ဘေးတွဲဆိုင်ကယ်သမားပါ ည ၁ နာရီ ခွဲ ခန့် ဂုဏ်ရုံလမ်း ကနေ ၊ ကမ်းနားဘက်သွားတာ လမ်းမှာ အကျီင်္အနက်ရောင်ဝတ် ဆိုင်ကယ် အဖွဲ့တစ်ဖွဲ့တွေ့တယ်ကျနော် လမ်းဘေးဆင်းနေရတယ်ဗျ။ ကြောက်ရတာပေါ့ဗျာ မြိတ်မှာ ဒီကောင်တွေ အန္တရာယ် အရမ်းကြီးနေ တာတောင်  ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ ဒီအတိုင်ကြည့်နေတာ အံ့သြသင့်မိတယ် ဟု ပြည်သူတစ်ဦး၏ ကြောက်ရွံ့စွာ ရင်ဖွင့်သံပါ။

မြိတ်ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြားဖြေဆိုခြင်းမရှိပါ။