ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာဒီမိုကရေစီ အင်အားစုများ ကြေငြာချက်။..။


ကိုယ့်ဘက်က ထုတ်ပြန်တဲ့ သတင်းကြောင့် လုပ်ငန်းဆိုင်းငံ့မှာ၊ နှောင့်နှေးမှာကို မလိုလားဟု ရှေ့နေများနှင့် တွေ့ဆုံစဉ် ဒေါ်စုပြောဆို။...။














.....ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့ (၂)ဦး နေ့လည်(၁)နာရီမှ (၂)နာရီကျော်အထိ (၁)နာရီကျော်ကြာတွေ့ဆုံခွင့် ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခွင့်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။.....

" ဒီကနေ့ နေ့လည်(၁)နာရီက အန်ကယ်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ်တို့နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁)နာရီကျော်ကြာ တွေ့ခွင့်ရခဲ့ပါတယ်။ (၄)ဦးလုံးတွေ့ဖို့ စီစဉ်ထားပေမယ့် သက်ဆိုင်ရာက (၂)ဦးပဲ တွေ့ခွင့်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်ပါ။ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေကဦးလှမျိုးမြင့်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ်ပါ။ အဲ့ဒီတော့ အန်ကယ်တို့ အချင်းချင်းညှိပြီးတော့ အန်ကယ်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ် တို့ပဲတွေ့ဖို့ စီစဉ်လိုက်ပါတယ်။ အဓိကကတော့ ဗဟိုတရားရုံးချုပ်ကို အယူခံဝင်ဖို့ ကိစ္စဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။

......နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေတွေ ဖြစ်တဲ့ Sanction ကိစ္စအတွက် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စ၊ နောက်သံတမန်တွေနဲ့ တွေ့ဆုံတဲ့ကိစ္စတွေကို အသေးစိတ် ပြောပြခဲ့ပါတယ်။ ဒီကိစ္စတွေကို လောလောဆယ် သတင်း မထုတ်ပြန်ခိုင်းပါဘူး..... သိသင့်သိထိုက်တဲ့ သူတွေကို သိအောင်လို့ ပြောပြတာဖြစ်တယ်။ ကိုယ့်ဘက်က စည်းစောင့် ရမှာဖြစ်ကြောင်း၊ ကိုယ့်ဘက်က ထုတ်ပြန်တဲ့ သတင်းကြောင့် လုပ်ငန်းဆိုင်းငံ့မှာ နှောင့်နှေးမှာကို မလိုလားကြောင်း ပြောဆိုပါတယ်။....

.....အဖွဲ့ချုပ်နဲ့ပတ်သတ်ပြီးတော့ အဖွဲ့ချုပ်ညီညွတ်ရေးအတွက် လိုအပ်တာတွေ ဆောင်ရွက်ရမဲ့ သဘောထားတွေ ပြောပြပါတယ်။ နောက် အဖွဲ့ချုပ် CEC နဲ့တွေ့ဖို့ တောင်းဆိုထားကြောင်း ၊ တွေ့ဖို့ဖြစ်လာလိမ့်မယ် လို့လည်းမျှော်လင့်ကြောင်း ပြောဆိုပါတယ်.....ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။ Alert လည်းဖြစ်ပါတယ်......ဟုဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အဓိက တရားခံ ဂျွန်ယက်တောကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်စီရင်ချက် ချမှတ်ခဲ့ပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာဂျင်မ်ဝက်ဘ် ရောက်ရှိချိန်၌ ပြန်လည် လွှတ်ပေးခဲ့ပါတယ် ။ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံကို လက်ခံခဲ့ပြီး အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့ပါတယ်။ ယခုဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှ ဗဟိုတရားရုံးမှာ ဆက်လက်အယူခံ တင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။..။

သတင်း....ဒီမိုဝေယံ။..။

မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာ။...။


ပေးပို့လာသူ...K B P...

မြန်မာ့အရေးကို ထောက်ခံအားပေးခဲ့သော လက်ရှိ ဂျပန်ဝန်ကြီးချုပ် Mr.Hatoyama နှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ မှတ်တမ်းဓာတ်ပုံများ။...။


လက်ရှိ အာဏာရအစိုးရ ဝန်ကြီးချုပ် Mr.Hatoyama၊ ဝန်ကြီးအဖွဲ့ဝင်ဝန်ကြီးများနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ဓာတ်ပုံမှတ်တမ်းများ။...။
ဓာတ်ပုံ ပေးပို့လာသူ...ကိုမင်းဇော်၊ ဒေါ်သန်းသန်းအေး။..။

စစ်အစိုးရအား ပိုမိုဖိအားပေးရန် ဂျပန်အစိုးရသစ်ကို တောင်းဆို (ဧရာဝတီသတင်းဋ္ဌာနမှ)

Thursday, 15 October 2009 18:34 ရန်ပိုင်
E-mail Print
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tesuro Fukuyama တို့ ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သည် ဟုသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB ) မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို ယခုထက် ပိုမို တိုး မြှင့် ရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဧရာဝတီသို့ပြောသည်။

“ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားသည့် နိုင်ငံခြားရေးပေါ်လစီကတော့ ဒီမိုကရေစီကို အားပေးတဲ့ မူပေါ် မှာပဲ ရပ်တည်နေပါတယ်၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အမြင်ကိုလည်း ဂရုတစိုက် လေ့လာနေပါ တယ်”ဟု အဆိုပါဌာနမှ ပြောသည်။ ထိုသို့တွေ့ဆုံမှုတွင် မြန်မာစစ်အစိုးရအပေါ်ဂျပန်နိုင်ငံအနေဖြင့်ယခုထက်ပိုပြီး ဖိအားပေးရန်၊ အတိုက်အခံ
အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကို ဆွေးနွေးရန် ဦးမောင်မောင်က အကြံပေးကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ်၏ နိုင်ငံတကာရေးရာဋ္ဌာန ညွန်ကြားရေးမှုးချုပ် Chihiro Ikusawaက ဆိုသည်။

လာမည့် ၂၀၁၀ရွေးကောက်ပွဲကိုလည်း သန့်ရှင်းပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဂျပန်နိုင်ငံမှ အမြဲ တမ်းကိုယ်စားလှယ်ထားရှိရန်လည်း တင်ပြသွားကြောင်းသိရသည်။

ယင်းသို့ မြန်မာ့အတိုက်အခံများ နှင့် ဂျပန်နိုင်ငံခြားရေးဋ္ဌာနတို့တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိ သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ် သော ဦးဝင်းတင်အား မြန်မာနိုင်ငံရှိ ဂျပန်သံရုံး ကောင်စစ်ဝန်က ခေါ်ယူတွေ့ဆုံခဲ့သေးသည်။

လက်ရှိ ဂျပန်အစိုးရသစ်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို လက်ရှိအနေအထားထက် ပိုမိုမြှင့်တင်သွားမည်ဟုကြွေးကြော်ခဲ့ပြီး ယခင်အစိုးရ၏ မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် မူဝါဒကိုလည်း ဝေဖန်ပြောကြားခဲ့သည်။

မကြာသေးခင်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါ က မြန်မာအစိုးရ အနေနှင့် ၎င်းတို့ ဖော်ဆောင်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ကြီးမား သော အခွင့်အရေးတရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ကမ္ဘောဒီးယား နိုင်ငံ စီယံ ရိ(ပ်) တွင် ကျင်းပသော မဲခေါင်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအားပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိကအကူအညီပေးနေသော နိုင်ငံတခုဖြစ်ပြီး ၁၉၉၉ခုနှစ်မှ ၂၀၀၆ခုနှစ် အတွင်း ဖွံဖြိုးတိုးတက်ရေးအကူအညီ (ODA ) အမေရိကန်ဒေါ်လာ ဘီလျံ ၂.၉၆သန်း ထောက်ပံ့ခဲ့သည်ဟု သိရ သည်။

သို့သော် ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ အသတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ထိုအကူအညီကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချခဲ့ သည့်အပေါ်တွင် ဂျပန်အစိုးရက စိတ်ပျက်မိကြောင်း ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုက စစ်အစိုးရအပေါ်တွင်ထားရှိသည့် စီးပွားရေးပိတ်ဆိုမှု ကိုမရုပ်သိမ်းဘဲတွေ့ဆုံ ဆွေး နွေးသည့် မူဝါဒကို ဂျပန်အစိုးရ အနေဖြင့် ထောက်ခံကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောသည်။



ဆေး ( ၂ ) နောက်ဆုံးနှစ် အပိုင်း ( က ) ကျောင်းသားတစ်ယောက်၏ ဖြစ်ပျက်နေမှုအား တင်ပြခြင်း။...။


Photobucket
ညီငယ် ခမိခဆဲ ထံမှ..http://kamikaze-2010.blogspot.com/

၁၄ရက်နေ့ည ဆက်သွယ်မေးမြန်းရသတင်းများ။..။


လာမည့် သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ခွင့်ရမည်။...။

လာမည့် (၁၆)ရက်နေ့ သောကြာနေ့ နေ့လည်မှာ အယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်


ဓာတ်ပုံ...မြတ်လေးငုံ။

ဥရောပသမဂ္ဂ (၁၆)နိုင်ငံမှ သံအမတ်ကြီးများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC (၆)ဦးနှင့်တွေ့ဆုံ။...။

မြန်မာပြည်အခြေဆိုက် EU သံအမတ်ကြီးများနှင့် ဘန်ကောက်အခြေဆိုက် EU သံအမတ်ကြီးပေါင်း (၁၆)ဦးဟာ ဒီကနေ့နေ့လည် (၂)နာရီမှ (၃)နာရီကျော် အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင်(၆)ဦးနဲ့ (၁)နာရီကျော်ကြာတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ CEC(၆)ဦးကတော့ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနဲ့ ဦးခင်မောင်ဆွေ တို့ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


ကိုညီညီအောင် အမှုလာမည့် (၂၃)ရက်နေ့ချိန်းဆို။...။

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုအားယနေ့ နေ့လည်(၁)နာရီမှာ ရုံးတင်ခဲ့ကြောင်း ကိုညီညီအောင်၏ ရှေ့နေတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ မနက်ပိုင်းက အင်းစိန်ထောင်ကို ကိုညီညီအောင် အမှုအတွက် ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ် အမေရိကန်သံရုးံက ကောင်စစ်ဝန်ရယ် သွားခဲ့ပါတယ်။ နေ့လည် ၁နာရီမှ ရုံးထိုင်ပါတယ်။ စွဲချက်တင်တဲ့ ပုဒ်မကတော့ ၄၂၀ လိမ်လည်မှုနဲ့ ပုဒ်မ၄၆၈ စာရွက်စာတမ်း အတုပြုလုပ်မှုတွေနဲ့ပါ။ နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုမှုလို့ဆိုပါတယ်။ အမှုကိုလာမယ့် ၂၃ရက်နေ့မှာ ထပ်စစ်ဖို့ချိန်းပါတယ်။ အမှုအခြေအနေက သိပ်ခိုင်မာမှုမရှိဘူးလို့ ဒီလိုပဲမြင်ပါတယ်။..." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

စက်တင်ဘာလ၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုတို့ဖြင့် စွဲချက်တင်ချင်း ဖြစ်ပါတယ်။ ယခုတဖန် အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားသော ကိုညီညီအောင်မှ နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှုနဲ့စွဲချက် တင်ခံထားရပါတယ်။

သတင်း.....ဒီမိုဝေယံ ....။...။



ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်ကိစ္စ။...။


နေ့စွဲ.... ၁၄အောက်တိုဘာ၂ဝဝ၉

အကြောင်းအရာ။....။ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်ကိစ္စ

အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျရောက်သော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခေါ်) ကိုပေါ်ဦးထွန်း. မွေးနေ့ အထိမ်းအမှတ်အဖြစ် မဲဆောက်မြို့ရှိ ရွေ့ပြောင်း မြန်မာအလုပ်သမားများ.ကလေး ကျောင်းများတွင် တရက်စာ အာဟာရကျွေးမွေးခြင်း အလှူဒါနနှင့် အခန်းအနားတရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်သည်၊
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခေါ်)ကိုပေါ်ဦးထွန်း. မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အထက်တန်း ကျောင်းတကျောင်းနှင့် မူလတန်းကလေးကျောင်း နှစ်ကျောင်းတွင် တရက်စာ အစား အသောက် ဒါနပြုလုပ်ခြင်းနှင့် ဟောပြောပွဲ ပြုလုပ်ရန် ဖြစ်ပြီး ကုန်ကျငွေကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် စေတနာရှင်များက ကျခံမည် ဖြစ်ပြီး။ မဲဆောက်မြို့တွင် ကျွေးမွေးရေးနှင့် ဟောပြောပွဲစီစဉ်ခြင်း များကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)မှ ဆောင်ရွက်မည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် အခန်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါသည်။ အခန်းအနားအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)

နေ့ရက်၊ ၊ အောက်တိုဘာလ (၁၈)ရက် ၂ဝဝ၉ ခုနှစ်(တနင်္ဂနွေနေ့)
အချိန်၊ ၊ ညနေ (၆) နာရီမှ ည (၉) နာရီထိ
နေရာ၊ ၊ တိုရှီမာကု ကူမင်းစင်တာ (၄) ထပ်

အမေ - ၆၄ (Generation Wave)။ (DVBtelevision October 13, 2009)

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) က သီဆိုထားတဲ့ အမေ ၆၄ ဆိုတဲ့ ဒေါ်အောင်းဆန်းစုကြည်ရဲ့  အသက် ၆၄ နှစ်ပြည့်အတွက် ဂုဏ်ပြုတေးသီချင်းပါ... Generation Wave က AK နဲ့  9KT ရေးထားတာပါ...

အင်မတန်ကောင်းတဲ့ သီချင်းပါ DVB ကဒီနေ့တင်ဆက်လိုက်တာပါ.....။ (Generation Wave) အဖွဲ့ဝင်များအား လေးစား ဂုဏ်ယူလျှက်။..။

မနက်ဖြန် ကိုညီညီအောင်အား ရုံးတင်မည်။..။

အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား မနက်ဖြန် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ကိုညီညီအောင်နှင် ယမန်နေ့က တွေ့ခွင့်ရခဲ့သည့် ကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ မနေ့က အင်းစိန်ထောင်မှာ ကိုညီညီအောင်ကို ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ (၂)ဦး တွေ့ခွင့်ရပါတယ်။ အန်ကယ်တို့ တွေ့ခွင့်ရတဲ့ အချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းကျန်းမာမာ တွေ့ရပါတယ်။ အင်းစိန်ထောင် မရောက်ခင်မှာတော့ နှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ အမှုနဲ့ပတ်သတ်တာထက် တွေ့ကြုံခဲ့ရတာတွေပဲ ပြောဖြစ်ပါတယ်။ ထမင်း(၇)ရက် မစားရဘူးလို့တော့ ပြောပါတယ်။ သူ့ကို ရမန်ယူထားတာကတော့ လိမ်လည်မှုပါ။ ဘာကြောင့် သူ့ကိုလိမ်လည်မှုနဲ့ စွဲချက်တင်တယ် ဆိုတာသူကိုယ်တိုင် နားမလည်ဘူးလို့ ပြောပါတယ်။

......လုပ်ထုံးလုပ်နည်းအရ ရမန်ယူထားတဲ့ပုဒ်မအရ မနက်ဖြန်မှာ ရုံးတင်ရပါမယ်။ ရုံးတင်ရင်တင် ၊ရုံးမတင်ရင်လွှတ် (၂)ခုပဲရှိပါတယ်။ အဲ့ဒီအတွက် မနက်ဖြန် ဆရာဥိးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်သံရုံးကတာဝန်ခံ တယောက်ရယ် မနက်(၉)နာရီခွဲမှာ အင်းစိန်ထောင်တရားရုံးကို သွားပါမယ်။ ရုံးတင်ပြီးတော့မှ အမှုအသွားအလာကို သိရပါမယ်ဟု....." ကိုညီညီအောင်၏ အမှုတွင်လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုတို့ဖြင့် ရမန်ယူထားပါတယ်။ ကာယကံရှင် ကိုညီညီအောင်ကိုယ်တိုင် ထိုလိမ်လည်မှုဖြင့် ရမန်ယူထားခြင်းကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။

သတင်း.......ဒီမိုဝေယံ။..။

တိုကျို မြန်မာဘုန်းကြိးကျောင်း မဟာဘုံကထိန် ဖိတ်ကြားစာ။..။

ဂျပန်နိုင်ငံ တိုကျိုမြို့ Naka Itabashi မြို့ရှိ မြန်မာဘုန်းကြိးကျောင်း ဓာတ်ပုံ


တပိုင်တနိုင် ဆွမ်းတခွက်စီချက်ပြီး လှူဒါန်းခြင်းဖြစ်စေ ကထိန်သင်္ကန်း(၃၀၀၀ ယန်းဖြင့် ဘုန်းကြီးကျောင်း ၌ပင် အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်) ကပ်လှူ၍ဖြစ်စေ။ ပီတိသဒ္ဒါတရားဖြင့်ဖြစ်စေ ကုသိုလ် ပါဝင်နိုင်ကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုစိုးနိုင်