ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သံတွဲမြို့ ကမ္ဘောဇဘဏ်မှ အမျိုးသမီးဝန်ထမ်းများ၏ (ပေးစာ)

သံတွဲမြို့ ကမ္ဘောဇဘဏ်မှ  အမျိုးသမီးဝန်ထမ်းများ၏ (ပေးစာ)

တရားဥပဒေ နှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် သံတွဲဒေသ မှ ရခိုင်တိုင်းရင်းသူ ဘွဲ့ရ မိန်းကလေးများ .... (ပေးစာ)

သံတွဲမြို့ ပေါ်တွင် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်တွင် တာဝန် ထမ်းဆောင်နေရသော ၀န်ထမ်းများ(အထူးသဖြင့် မိန်းကလေးများမှာ) ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ဘဏ်ပိတ်ချိန်တွင် မပြန်ရဘဲ အချိန်ပိုဆင်း နေရပါသည်၊

 မိမိတို့ လုပ်ငန်းခွင်တိုးတက် အဆင်ပြေစေရန် အချိန်ပို ဆင်းရခြင်းသည်ကောင်းမွန်သည်မှန်သော်လည်း၊ လတ်တလော ဒေသ တွင်းအခြေအနေရ ည ၆ နာရီမှ မနက် ၆နာရီထိ အပြင်မထွက်ရပါ၊ ညနေ ၆နာရီ ထိုးရန် ၅မိနစ်အလိုမှ ပြန်ခွင့်ရသည့်အတွက်၊ တရားဥပဒေ နှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် အခြေအနေကြုံတွေ့ နေရပါသည်။

အချို့ သော သူများမှာ ဂျိတ်တော၊ မြပြင် ရွာများသို့ ပြန်ရပါသည်။ ညမထွက်ရအမိန့်ကြောင့် လမ်းတစ်လျှောက်တွင် လူသွားလူလာမရှိ ၊ လိုင်းကားများ မရှိတော့သည့်အချိန်ဖြစ် သဖြင့် ဆိုင်ကယ် သို့ မဟုတ် စက်ဘီးဖြင့် ပြန်နေရသည့်အတွက် ညနက်မှ အိမ်သို့ ပြန်ရောက်ပါသည်၊ မိသားစုလည်း အိမ်မှာနေပြီး စိတ်ပူနေရသကဲ့ သို့ ကာယကံရှင်မှာလည်း အိမ်မရောက်မခြင်း ဆိုင်ကယ် ၊သို့ မဟုတ် စက်ဘီး လမ်းခုလတ်မှာ မပျက်ပါစေနဲ့ စက်မချို့ ယွင်းပါစေနဲ့  ညမထွက်ရ အမိန့်ကို ဖေါက်ဖျက်သူအဖြစ် အဖမ်းမခံပါရစေနဲ့ ....စသည်ဖြင့် ပူပန်စိတ်များဖြင့် ကြုံတွေ့နေရပါသည်။

 ဘ၀ရပ်တည်ရေးအတွက် ... လက်ရှိကြုံတွေ့ နေရသော အခက်အခဲကို ........ဘဏ်မှ မာန်နေဂျာ အတွေးအခေါ် မရှိ၊ မစာနာတတ်တဲ့ အတွက် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ပါသည်။

 .... ယခုလို အချိန်အခါမျိုးတွင် မိမိတို့၏ လုံခြုံရေးနှင့် မိမိတို့၏ မိဘများ ပူပန်စိုးရိမ်မှုများအား .... တရားဥပဒေကို လေးစား(ကြောက်)ပါတယ်။ ယခုလို သံတွဲမြို့ပေါ်တွင် လုံခြုံရေးအတွက် ညမထွက်ရအမိန့် ထုတ်ထားသော အချိန်အခါတွင် အခြားသော သံတွဲမြို့ ပေါ်မှ ပုဂ္ဂလိက ဘဏ်များလို အချိန်စောစော ပြန်ချင်ပါသည်...။ ယခုကဲ့သို့ ကျွန်မတို့ ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများ၏ စိုးရိမ်ကြောင့်ကျမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ မေးမြန်းဖြေရှင်း ပေးပါရန် ရေးသားတင်ပြ အပ်ပါသည်..။

တရားဥပဒေနှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် 
သံတွဲဒေသ မှ ရခိုင်တိုင်းရင်းသူဘွဲ့ ရ မိန်းကလေးများ ...
ဓာတ်ပုံ ARAKAN TIMES