ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်ကိစ္စ။...။


နေ့စွဲ.... ၁၄အောက်တိုဘာ၂ဝဝ၉

အကြောင်းအရာ။....။ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်ကိစ္စ

အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျရောက်သော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခေါ်) ကိုပေါ်ဦးထွန်း. မွေးနေ့ အထိမ်းအမှတ်အဖြစ် မဲဆောက်မြို့ရှိ ရွေ့ပြောင်း မြန်မာအလုပ်သမားများ.ကလေး ကျောင်းများတွင် တရက်စာ အာဟာရကျွေးမွေးခြင်း အလှူဒါနနှင့် အခန်းအနားတရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်သည်၊
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခေါ်)ကိုပေါ်ဦးထွန်း. မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အထက်တန်း ကျောင်းတကျောင်းနှင့် မူလတန်းကလေးကျောင်း နှစ်ကျောင်းတွင် တရက်စာ အစား အသောက် ဒါနပြုလုပ်ခြင်းနှင့် ဟောပြောပွဲ ပြုလုပ်ရန် ဖြစ်ပြီး ကုန်ကျငွေကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် စေတနာရှင်များက ကျခံမည် ဖြစ်ပြီး။ မဲဆောက်မြို့တွင် ကျွေးမွေးရေးနှင့် ဟောပြောပွဲစီစဉ်ခြင်း များကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)မှ ဆောင်ရွက်မည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် အခန်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါသည်။ အခန်းအနားအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)

နေ့ရက်၊ ၊ အောက်တိုဘာလ (၁၈)ရက် ၂ဝဝ၉ ခုနှစ်(တနင်္ဂနွေနေ့)
အချိန်၊ ၊ ညနေ (၆) နာရီမှ ည (၉) နာရီထိ
နေရာ၊ ၊ တိုရှီမာကု ကူမင်းစင်တာ (၄) ထပ်