ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ
 ပူတာအို မြင်ကွင်းတခု ဓာတ်ပုံ (travel Myanmar)
သတင်း... ကိုရဲ
ရန်ကုန် အောက်တိုဘာ ၎

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။

 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့် ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစားစရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေလာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည် လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေလှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာသွားလေ့လာမှာပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

 ကိုရဲအား ကျေးဇူးတင်ပါသည်..။

ရန်ကုန်မြို့ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) ၌ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) ၌ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါနှင့် စစ်တကောင်း ဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ် များကို မွတ်စလင်အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓ ဘာသာ သံဃာတော်အပါး (၁၀၀)ခန့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ ၁း၀၀ တွင် ရွှေဝါရောင်ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ ရဟန်းသံဃာတော်များမှ ဦးဆောင်၍ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) အမှတ် (၁၁)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၌၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။

ယမန်နေ့ (အောက်တိုဘာလ ၄ ရက်နေ့)ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ၊ မကွေးပရိယတ္တိ စာသင်တိုက်မှာလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်လည်း သံဃာအပါးတစ်ထောင်ကျော်ခန့်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသလို၊ အောက်တိုဘာလ (၃)ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ သံဃာတော်အပါး (၃၀၀)ခန့်က ဘန်ကောက်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးဘာသာ သာသနာနှင့် အမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် သာသနာကို စော်ကားခံရခြင်းအား ကာကွယ်ကြပါစို့ ...။

သို့သော်လည်း မြန်မာနိုင်ငံမှ (မဟန) နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများကို
သည်းခံပြီး သာသနာကို ပြုနိုင်တာကိုလည်း ပြန်လည်သည်းခံခြင်းဖြင့်
ဆန္ဒပြကြပါစို့လို့ အော်ကြရဦးမှာလား ဆိုတာကိုလည်း တွေးမိရင်း
မြတ်စွာဘုရားရှင်၏ မျက်နှာတော်အား မြင်ယောင်မိရင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

မေမေ့သား (လင်းဆက်)

သတင်း၊ ရေးသားပေးပို့သူ.. လင်းဆက်
ဓာတ်ပုံ လင်းဆက်၊ ဒီမိုကောင်းကင်

သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ဆန္ဒပြထုတ်ဖော်ပွဲ..

သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..

ဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တဖတ်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။

(သတင်း http://www.lankamsma.org/)

ဓာတ်ပုံ အတွက် ပေးပို့လာသူ ဆရာတော် အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်..

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး မိသားစု (၆) ယောက် စံပြဆေးရုံရောက်

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး
မိသားစု (၆) ယောက် စံပြဆေးရုံရောက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊လေးဒေါင့်ကန်ရပ်ကွက်၊ကုလားစုရှိ အသေးစား
ဓာတ်ဆီဆိုင်မှ မိသားစုအချင်းချင်း အခင်းဖြစ်ပွားရာကနေ ဒေါသများကို မထိန်းချုပ်နိုင်သောကြောင့် အောက်တိုဘာ (၃) ရက်နေ့ ညပိုင်း ၉း၃၀ အချိန်တွင် အငယ်လေး (ခေါ်) ဌေးဝင်းသည် မိန်းမတော်ခဲ့ဘူးသော ဒေါ်စန်းစန်းနွဲ့ဆိုင်သို့လာပြီး ဓာတ်ဆီလောင်း၍ မိန်းမနှင့် ယောက်ဖ၊ ခဲမများကို မီးလောင်တိုက်သွင်းပြီး မီးရှို့ ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းအချိန်တွင် မိန်းမဖြစ်သော ဒေါ်စန်းစန်းနွဲ့သည် ယင်း ရန်မှ ကြောက်သော ကြောင့် တိမ်းရှောင်နေသည်ဟု သိရှိရပါသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ် ကားများ အချိန်မှီရောက်ရှိလာသောကြောင့် အိမ်ဆိုင် (၆) လုံးသာ မီးလောင်ကျွမ်းခဲ့ပါသည်။မီးသတ်ကားများအစီး ၂၀ ကျော်နှင့် မီးသတ်ရဲဘော်များ၏ ကြိုးစားမှုကြောင့် မီး လောင်ချိန်ဟာ နာရီဝက်အတွင်းမှာပဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
တာဝန်ရှိသော မီးသတ်ရဲဘော်များနှင့် မြို့နယ်ရဲစခန်းမှူးများကတော့ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း၂၅ သိန်းကျော် နှင့် အသေပျောက် ဒဏ်ရာရသူ မရှိခဲ့ဟု စာနယ်ဇင်းနှင့်မီဒီယာသမားများကို ထုတ်ပြန်ခဲ့ပေမယ့်လည်း လက်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် မသေရုံတမယ် ခွဲစိတ်ခန်းထဲမှာ အသည်းသန် ခွဲစိတ်နေရကြောင်း၊ မိသားစု (၆) ယောက်လုံး မီးလောင်တိုက်မှာ မီးရှို့ခံခဲ့ရသလို ခံခဲ့ရတာကြောင့် ရုပ်ပျက် ဆင်းပျက်ရှိနေကြောင်း၊ ဆေးရုံပေါ် တွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း ၁၀၀ အထက်မှာ ရှိကြောင်း မိသားစုဝင်တစ်ယောက်က သတင်းစာနယ်ဇင်းနှင့်မီဒီယာများကို အတိအကျ ဖြေပေးခဲ့ပါတယ်။

စံပြဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းသို့ ပို့ထားရသော အတွင်းလူနာ (၆) ဦးမှာ ဒေါ်ရီရီနွဲ့၊(တူမ)။ ဒေါ်သူဇာဝင်း၊ (ညီမ)။ ဇော်ဇော်အောင်(သား)။ ကျော်မင်းသင်း၊(သား)။ရန်နိုင်ဖြိုး ၊(မြေး) မျိုးမင်းဟိန်း (မြေး)တို့ဖြစ်ကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းနွဲ့၏ မိခင် ဒေါ်ရီရီစန်းမှ ပြောကြားခဲ့ပါတယ်။

လင်းဆက် ပေးပို့သည်..။

မီးလောင်ဒဏ်ရာ ရသူတွေ ပုံတွေကိုတော့ မတင်သင့်လို့ ချန်ထားပါတယ်..။

အနှစ်(၂၀)များ (ကဗျာရှင် နေရဲနီ)

အနှစ်(၂၀)များ
(ကဗျာရှင် နေရဲနီ)
အနှစ်(၂၀)မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက်
ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ
ကျွန်တော်သည် ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။
(ဗိုလ်မှူးချစ်ကောင်း )

အနှစ်(၂၀)ကျော် တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်
သာတူညီမျှ ဆိုရှယ်လစ်ဝါဒ အုတ်ခုံပေါ်၌ အာဏာကျောက်တိုင်ကို
စိုက်ထူဖို့ရန် မိမိကိုယ်ကို ပြန်၍ကြည့်လိုက်သောအခါ
ငါသည် ကျားမြီးကို ဆွဲထားမိကြောင်း တွေ့ရလေသည်။
သို့သော်လွှတ်၍ကား မဖြစ်တော့ ထို့ကြောင့်ဆက်၍ ဆွဲထားလိုက်သောအခါ
ချောက်ထဲသို့ကျရန် လက်တလုံးမျှသာ လိုတော့သော မြန်မာပြည်အား
အဝီစိမှသည် မဟာအဝီစိသို့ ပို့မိလျက်သား ဖြစ်လေတော့သည်။
(တော်လှန်ရေးကောင်စီဥက္ကဋ္ဌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း)

အနှစ်(၂၀)ကျော် သူများချေးပုံခွထိုင်၍
တိုင်းပြည်ကိုအာဏာရှင်ဆန်ဆန် ယတြာနှင့်အုပ်ချုပ်လေသောအခါ
ဆရာပို့ခဲ့သော မဟာအဝီစိမှ မြန်မာပြည်ကို
မဟာ့မဟာအဝီစိသို့ ပို့မိလျှက်သားဖြစ်နေသည်ကို တွေ့ရလေသည်။
တိုင်းသူပြည်သား အပေါင်းတို့ပြည်ပထွက် အလုပ်လုပ်ကြရကာ
ကမ္ဘာ့အလယ်တွင် မြန်မာပြည်သည် မကောင်းသောဘက်၌ 
 (ပ ဒု တ)အဆင့်တွင်အမြဲရောက်နေလေသည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ-ငြိမ်း)

အနှစ်(၂၀)ကျော်မျှ လက်နက်ကိုင်၍
ဒီမိုကရေစီရေးအတွက်တော်လှန်ခဲ့သောငါသည်
ငှက်ပျောအူနှင့်မျှစ်ကိုစားနေရပြီး ငှက်ဖျားနှင့်နပမ်းလုံးနေရဆဲ
ငါ၏ဆရာအပေါင်းတို့သည်ကားတစ်ယောက်ပြီးတစ်ယောက်ပြောင်းကာ
ဒေါ်လာများပိုက်၍ ပြည်တွင်းသို့ပြန်ဝင်နေကြလေပြီ။
ငါ၏အနာဂတ်သည်ကား မရေရာ မသေချာ
ထို့ကြောင့် မတတ်နိုင် ဆက်၍တိုက်ရပေဦးမည်။
(တောတွင်းရောက် မကဒတ ကျောင်းသားတစ်ဦး)

အနှစ်(၂၀)ကျော်မျှ ထောင်နန်းစံပြီးနောက်
သမ္မတကြီးကရုဏာနှင့် လွတ်လာသောငါသည်
မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ဘယ်လာလို့ဘယ်သွားရမှန်မသိ။
ငါတို့၏ဥက္ကဋ္ဌများသည်ကား ဒိုနာများထံမှရသော ဒေါ်လာများကိုပိုက်၍
ပြည်တွင်းသို့ ပြန်ဝင်ခဲ့လေပြီ။

နအဖအား လက်နက်ကိုင်၍တော်လှန်ခဲ့သော ငါ့ဆရာကိုမိုးသီးကား
ဟိုယခင်က ပင်နီတိုက်ပုံနှင့်
ယခုသော်ကား နအဖ တဖြစ်လဲ ကြံ့ဖွံ့ဝန်ကြီးများသာ 
ဝတ်သောမိုးပြာရောင်တိုက်ပုံနှင့်
သတင်းစာရှင်းလင်းပွဲမှာ တွေ့လိုက်ရ၏။
ကျောင်းသားအချင်းချင်း ထောက်လှမ်းရေးဟု မတရားစွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့သော
ဒေါက်တာနိုင်အောင်သည်ကား အက်စ်ဘီ အစောင့်အရှောက်နှင့်
အက်စ်ဘီမှ လက်ဆောင်ပေးသော အသံဖမ်းစက်ကို
တရှုံ့ရှုံ့နမ်းကာ လက်မှမချနိုင် ဖြစ်၍နေချေပြီ။
အရောင်ပြောင်းမြန်ကြလေစွတကား....
(တောတွင်းပြန် ထောင်ကျ မကဒတ တစ်ဦး)

နေရဲနီ





မြို့ပေါ်မှ ဆက်ကြေး ကောက်ခံနေသူများ...

မြို့ပေါ်မှ ဆက်ကြေး ကောက်ခံနေသူများ တရုတ် ရုပ်သံဖိုင် တခုပါ... မန္တလေးမြို့လည်ခေါင်က ယာဉ်ထိန်းရဲတွေရဲ့ မြင်ကွင်းတခုပေါ့...။ တရုတ်လို ရေးထားတာ 实拍腐败缅甸警察查车受 ဘာသာပြန်ကြည့်တော့ Couples corruption Myanmar police search vehicles bribery တဲ့ ယာဉ် တွေကို တားပြီး တန်စိုးလက်ဆောင် ယူနေတဲ့ မြန်မာယာဉ်ထိန်း ရဲဝန်ထမ်း အတွဲပေါ့.. (ကောင်းကြသေးရဲ့လား) ရတဲ့ တန်စိုး ဆက်ကြေး ဝင်ငွေတွေကို အဆင့်ဆင့် ဆက်ကြေးတွေ ပေးနေရသလားပဲ (အမေက ငါ့နိုင် ငါက ကြက်မကြီးနိုင်ဆိုတဲ့ စကားပုံလို ဖြစ်နေမလားပဲ)

“ကမ္ဘာ့ ဇာတ်ခုံပေါ်ကမြန်မာ့ ရွှေရတု(၁၉၆၂-၂၀၁၂)” (ကိုမျိုး-မြန်မာစာ)

“ကမ္ဘာ့ ဇာတ်ခုံပေါ်ကမြန်မာ့ ရွှေရတု(၁၉၆၂-၂၀၁၂)”

*တိုက်ဆိုင်မူပါပဲလေ
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
၁၉၆၂မှာမြန်မာလူမျိုးနှစ်ဦးက
ကမ္ဘာမြေပေါ်မှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးစီမြင်ရအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးက အာဏာသိမ်းသူ စစ်ဗိုလ်ချုပ်၊
တစ်ဦးကကမ္ဘာငြိမ်းချမ်းရေး ဆောင်ရွက်သူ ကုလသမဂ္ဂ အတွင်းရေးမူးချုပ်။

*တိုက်ဆိုင်မူပါပဲလေ
၁၉၆၂နှစ်ကအသက်၂၆နှစ်အရွယ်မြန်မာလူငယ်နှစ်ဦးဟာ
၂၀၁၂(နှစ်၅၀)ရွှေရတုကာလအကြာ
ကမ္ဘာကုလသမဂ္ဂမြေမှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးတည်းမြင်ကြအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးက စစ်ယူနီဖောင်းချွတ်ခဲ့သူ သမ္မတ၊
တစ်ဦးက ကမ္ဘာကုလသမဂ္ဂမှာ တာဝန်ထမ်းခဲ့သူနိုဗယ်ဆုရှင်။

*လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
စစ်အာဏာသိမ်းအာဏာရှင်အစိုးရရဲ့ 
ငြိမ်းချမ်းရေးဆောင်ရွက်သူကုလသမဂ္ဂအတွင်းရေးမူးချုပ်ကို
မြန်မာ့သမိုင်းစာမျက်နှာထက်ကဖယ်ထုတ်ဖို့ ဆောင်ရွက်ချက်တွေနဲ့
ကမ္ဘာမှာ မြန်မာဟာသူထက်သာ မနာလိုသူတွေပမာ ဂုဏ်ပျက်ခဲ့သမျှ
နှစ်ငါးဆယ်ကာလ အလွန်မှာတော့
စစ်ယူနီဖောင်းချွတ် အရပ်သားအစိုးရသမ္မတရဲ့ 
ကမ္ဘာ့ ငြိမ်းချမ်းနိုဗယ်ဆုရှင်အတွက်သာမက
မြန်မာဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမူးချုပ် အတွက်ပါအတိုးချ
မြန်မာ့သမိုင်းဝင်အောင် ဂုဏ်ယူ ပြောကြားဖော်ဆောင်လိုက်တဲ့စကားနဲ့ 
ကမ္ဘာမှာ မြန်မာဟာ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတက်သူတွေအဖြစ်
ဂုဏ်တက်ခဲ့ရပြီ။

“နှစ်၅၀အကြာမှ ဖေါ်ခွင့်ရတဲ့ မြန်မာ့စိတ်ရင်းနဲ့ 
ဂုဏ်ယူထိုက်သူများသို့ ”
ကိုမျိုး(မြန်မာစာ)

တောင်ကြီးမြို့ တွင်ကျင်းပပြုလုပ်နေသော ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲ ပုံရိပ်များ

တောင်ကြီးမြို့ တွင်ကျင်းပပြုလုပ်နေသော ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲ ပုံရိပ်များ
အဆိုပါ ငြိမ်းချမ်းခြင်း အနုပညာပန်းချီပြပွဲနှင့် ဈေးရောင်းပွဲအား အောက်တိုဘာ(၁)ရက်နေ့မှ (၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်..

မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားနှင့် နာမည်ပျက်စာရင်း ဆောင်းပါးရှင် (နောက်တိုး)


ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ

ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ
 
  ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌ စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊ တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့ သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲ ရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း သိခဲ့ရပါတယ်။ 

ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း လူနာအဖြစ်ကုသနေကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။ လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။

 နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း သတင်းရရှိသည်။ ပေးပို့သူ မေ့မေ့သား လင်းဆက်