ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်နေ့သိုရွေှ့ဆိုင်း။...။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အကြောင်းပြချက်က ဥပဒေအကြောင်းအရ မှားယွင်းနေတာတွေ၊ မရှင်းလင်းတာတွေကို ပြန်လည်သုံးသပ်ဖို့လို့ပြောပါတယ်။ " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ အဖမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာလည်း အဖမ်းခံ ရတယ်လို့ သိရပါတယ်။ တချို့တွေပြန်လွတ် လာပြီလို့သိရပါတယ်။ ရွှေတိဂုံဘုရားမှာ ဝတ်ပြုဆုတောင်းတဲ့ သူတွေလည်း တနာရီလောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရှိရပါတယ်။

သတင်း။...။ဒီမိုဝေယံ