ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများ ၂နာရီခွဲခန့် တွေ့ခွင့်ရ။....။


ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီ၃၀မှ ၅နာရီအထိ ၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း၌ ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ အန်ကယ်တို့ နေ့လည် ၂နာရီ၃၀မှ ၅နာရီအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ လာမည့် ၂၄ရက်နေ့ အပြီးသတ်လျှောက်လဲချက် အတွက် အဓိက ဆွေးနွေးခဲ့ပါတယ်။
မနေ့က အင်းစိန်ထောင် ဆေးရုံက အကျဉ်းသား တွေကို အလှူဒါန ပြုတာလည်း အဆင်ပြေတယ် လို့လည်း ဒေါ်စုက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကြောင်း" ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ လာမည့် ၂၄ ရက်နေ့ သောကြာနေ့မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်။

သတင်း။...။ဒီမိုဝေယံ