ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သောကြာနေ့ည နောက်ဆုံးရ သတင်းများ။.....။

ယနေ့အင်းစိန် တရားရုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမှုကြားနာစစ်ဆေးမှု မပြုလုပ်ဖြစ်ကြောင်း သိရှိရပြီး လာမည့် ၁၀ရက်နေ့သို့ ရက်ချိန်း ပေးပါတယ်။ ၂ဘက်ရှေ့နေ သက်သေတွေ အားလုံးစုံညီစွာ ရောက်ရှိပါသော်လည်း အမှုကို မစစ်ဆေးဖြစ်ပါ။ တရားရုံးရဲ့ အကြောင်းပြချက် ကတော့ ဗဟိုတရားရုံးက အမှုဖိုင်တွဲ ရောက်မလာ လို့ပါတဲ့။ ဗဟိုတရားရုံးက ရန်ကုန်မြို့တွင်းမှာရှိပြီး အင်းစိန်တရားရုံးကတော့ မြို့ပြင်မှာရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဒေါ်အေးအေးမာ တို့ရဲ့နေအိမ်တွေကို ရဲသတင်းတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ်က ဒေါက်တာဒေါ်မေဝင်းမြင့်ရဲ့ နေအိမ်ကို ည ၁၂ ခန့်မှာဝင်ရောက်ရှာဖွေပြီး စာရွက်စာတမ်းများကို သိမ်းဆည်း သွားတယ်လို့ ကြားသိရပါတယ်။ လမ်းမတော်မြို့နယ်က ဒေါ်အေးအေးမာ ရဲ့နေအိမ်ကိုလည်း ဝင်ရောက် ရှာဖွေခြင်းခံရပြီး ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ် ပစ္စည်း၊ဓာတ်ပုံတွေ သိမ်းဆည်းခံရပြီး ရဲစခန်းကို ခေါ်ဆောင် သွားခဲ့ပါတယ်။မနက် ၉နာရီမှာ ပြန်လွှတ်ပေး လိုက်တယ်လို့ သိရှိရပါတယ်။.....။


ဒီကနေ့ မနက် ၁၁နာရီမှာ အင်းစိန်တရားရုံးမှာ ဒေါ်စုရုံးချိန်း ရှိတဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ သွားရောက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်စန်းနွဲ့ (သာကေတမြို့နယ်) နဲ့ ဒေါ်တင်တင်ဝင်း (စမ်းချောင်းမြို့နယ်) တို့ ၂ဦးနှင်းဆီပန်း များယူဆောင် သွားခဲ့ကြောင်း၊ သက်ဆိုင်ရာ ရဲလုံခြုံရေးများက နှင်းဆီပန်းဝေမည် ထင်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ညနေမှာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း ကြားသိရပါတယ်။....။

သတင်း။....။ဒီမိုဝေယံ....