ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၄.၁၀.၂၀၁၂ ရက် နံနက်ပိုင်း ရခိုင်ပြည်သတင်း


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများမှ ဆန္ဒဖော်ထုတ်လျှက်ရှိ၊မြောက်ဦးမြို့ တွင် အခြေအနေမှာ ဆက်လက်တင်မာလျှက်ရှိပြီး တဖက်နှင့် တဖက် ရန်စောင်းမှုများရှိနေသည်ဟု သိရှိရပါသည်။

ပေါက်တောမြို့တွင် ဘင်္ဂလီကုလားများသည် လှေ၊ စက်လှေများဖြင့် ထွက်ပြေးလျှက်ရှိသည်ဟု သိရှိရပါသည်။

မြေပုံမြို့တွင် သင်္ချိုင်တောင်၌ ရခိုင်နှင့် ဘင်္ဂလီကုလားများ အပြန်အလှန် တိုက်ခိုက်လျှက် ရှိနေသည်ဟု သိရှိရပါသည်။

ကျောက်ဖြူမြို့တွင်လည်း အပြန်အလှန်တိုက်ခိုက်မှုများဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြင့် ပြင်းထန် လျှက်ရှိသည်ဟု သိရှိရပါသည်။

မင်းပြားမြို့တွင် အခြေအနေမှာ ငြိမ်နေသည်ဟု ထင်ရသော်လည်း အခြေအနေမှာ စိုးရိမ်နေရသည်ဟု သိရှိရပါသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များလည်း လမ်းသွားလမ်းလာလမ်းပါးပြီး လုံခြုံရေးအပြည့် ချထားသည်ဟု သိရှိရပါသည်။

 ၉း၄၅ နာရီ စစ်တွေမြို့သတင်း
------------------
ယခုအခါ ဆန္ဒထုတ်ဖော်သော တက္ကသိုလ်ကျောင်းသားများနှင့် ဆန္ဒပြလူအုပ်မှာ စစ်တွေမြို့ နာရီစင်အနားသို့ ရောက်ရှိလာပြီးဟု သိရှိရပါသည်။

၉း၅၀ နာရီတွင် စစ်တွေမြို့ရှိ မေယုလမ်းမကြီးကို လုံခြုံရေးတပ်မှ လမ်းပိတ်ဆို့ထားစဉ်

ယခုအခါ ဆန္ဒပြလူအုပ်သည် ငြိမ်းချမ်းစွာဖြင့် စစ်တွေ တက္ကသိုလ်(ပင်မ)ကို ဖြတ်ကျော်လာပြီး ဦးဥတ္တမ ပန်းခြံသို့ နီးကပ်စွာ ချီးတက်လာပါသည်။






စစ်တွေ တက္ကသိုလ်ကျောင်းသားများမှ ဆန္ဒပြလူအုပ်သည် ယခုအခါ ဦးဥတ္တမပန်းခြံအတွင်းသို့ ငြိမ်းချမ်းစွာဖြင့် ရောက်ရှိသွားပြီးဖြစ်ပါသည်။