ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လုပ်အားဒါနပြုတော့မည့် သဉ္ဇာဝင့်ကျော်..

လုပ်အားဒါနပြုတော့မည့် သဉ္ဇာဝင့်ကျော်

၎.၁၂.၂ဝ၁၃ ရက်နေ့ နံနက်(၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် သူမ၏ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၂၇) သိန်းကျပ်တိတိအား လာ ရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် သင်္ဃန်းကျွန်းမြို့နယ်၌ တည်ရှိစဉ် အချိန်ကာလတွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် လစဉ်လတိုင်း လှူဒါန်းနေသည့် အလှူရှင်တစ်ဦးဖြစ်ပြီး မြောက်ဒဂုံမြို့နယ်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ပြောင်းရွှေ့ပြီးချိန်၌ ရုပ်ရှင်အနုပညာလုပ်ငန်းများဖြင့် မအားလပ်သော်လည်း မွေးနေ့ရက်မြတ် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ နှစ်စဉ်လာရောက်၍ လှူဒါန်းလျှက်ရှိခဲ့သော်လည်း ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံခြင်း၊ ဆုံဆည်းခြင်း မရှိခဲ့ကြပေ။

ယခုတစ်ကြိမ်တွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဆုံဆည်းခွင့်ကြုံခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ အသင်း၏လုပ်ဆောင်မှုများအား လိုက်လံ၍ရှင်းလင်း ပြသပြီး ချိန်တွင် လာမည့် ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏
(၁၃) နှစ်ပြည့် နှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် ထိုနေ့ရက်တွင် ရုပ်ရှင် လူရွှင်တော်များအဖွဲ့မှ လာရောက်၍လုပ်အား ဒါနပြုကြမည်ဟု ပြောကြားခဲ့ရာ သရုပ်ဆောင် သဉ္ဇာဝင့်ကျော် ၏ မနောစိတ်တွင် ကိန်းအောင်နေသည့် ပရဟိတ စိတ်ဓာတ်များ နှိုးကြားလာခဲ့ပြီး သူမ၏မွေးလဖြစ်သော ယခုဒီဇင်ဘာလအတွင်း အများပြည်သူအတွက် စေတနာ့ ဝန်ထမ်းလုပ်အားပေးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးတော့မည်ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)