ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Miss International 2013 မှာ မန္တလေးသူ ဂုဏ်ရည်အေးကျော် People Choice Award ဆုရရှိခဲ့ပြီး ဇာခန်းဆီး နောက်ကွယ်က မမြင်ရတဲ့ မေးခွန်းထုတ်ဖွယ် Online Pollတွေကြောင့် Miss Internet ဆုနဲ့ လွှဲချော်ခဲ့ရ..




 
 





Miss International 2013 မှာ မန္တလေးသူ ဂုဏ်ရည်အေးကျော် People Choice Award ဆုရရှိခဲ့ပြီး ဇာခန်းဆီး နောက်ကွယ်က မမြင်ရတဲ့ မေးခွန်းထုတ်ဖွယ် Online Pollတွေကြောင့် Miss Internet ဆုနဲ့ လွှဲချော်ခဲ့ရ..

ဒီနှစ် Miss International 2013 ဖိုင်နယ်ပွဲကို ဝင်ရောက်ကြည့်ရှု မှတ်တမ်း တင်ခွင့်ရခဲ့သည်..။ ခမ်းနားလှတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အတူ နိုင်ငံပေါင်း(၆၇)နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်....။
အာရှ ထိပ်တန်းနိုင်ငံများနှင့် ဥရောပထိပ်တန်း နိုင်ငံများကြားမှာ နိုင်ငံ့ကိုယ်စားပြု မြန်မာမယ်အနေနဲ့ ယခုနှစ်မှာတော့ မြန်မာနိုင်ငံမှ Miss Myanmar 2013 မန္တလေးသူ ဂုဏ်ရည်အေးကျော်မှ ဒုတိယမြောက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်.။

National Costume မှာတော့ ဂုဏ်ရည်အေးကျော်မှ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား ကချင်ရိုးရာ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီနေရာမှာ တခုပြောလိုတာက မြန်မာတွေ မျှော်လင့်နေကြတဲ့ Miss Internet ဆုပါ..။ ဒီဆုကိုတော့ မကာအိုနိုင်ငံ အလှမယ်က ရရှိသွားခဲ့သည်..။ ပြောရရင်တော့ Miss International 2013 မတိုင်မှီ ပေါ်ထွက်လာတဲ့ Official site တပိုင်း online pollsတွေပါ..။ ဟိုကထွက် ဒီကထွက်နဲ့ ပြိုင်ပွဲ နောက်ဆုံးနေ့မတိုင်မှီ အထိ online polls (၆)ခုထိ ပေါ်ပေါက်ခဲ့ပြီး မြန်မာမယ်ကို မဲပေးသူတွေအတွက် တွေဝေစေစရာ ဖြစ်ခဲ့ပါတယ်..။ ပွဲမစတင်မှီ စတင်ခဲ့တဲ့ Official site လို့ယူဆရတဲ့ Online Vote တွေမှာ (မြန်မာတွေ မသိလိုက်တဲ့ အချိန်အတွင်း) စတင်ချိန်မှာတော့ တခြားနိုင်ငံသူတွေက ဦးဆောင်နေခဲ့ပြီး မျိုးချစ်မြန်မာတွေရဲ့ စုပေါင်းကြိုးစား Vote ပေးမှုကြောင့် Online Polls တိုင်းမှာ အဆပေါင်းများစွာ မဲအသာနဲ့ ဦးဆောင်ခဲ့ပါတယ်..။

ဒီနေရာမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့တဲ့ Vote Result ကိုမပြတဲ့ http://beautycity.jp/miss2013/prof_list.asp#myanmar ဂျပန်လင့်ခ် အကြောင်းပြောလိုပါတယ်။ ပွဲစတင်တဲ့ (၇)ရက်နေ့ နောက်ပိုင်းမှ Vote လုပ်လို့ရမှန်းသိရှိခဲ့ပြီး ထူးခြားတာကတော့ တခြားလင့်ခ်တွေနဲ့ မတူ တနေ့ကို နိုင်ငံတကာမယ်(၃)ဦးအထိ Vote နိုင်တယ်ဆိုတဲ့ မရှင်းမလင်း ရေးသားချက်ပါ။ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်ကို Voteပြီး နောက်တကြိမ်ထပ် Vote တယ်ဆိုရင် ဂျပန်စာနဲ့ Error တက်လာတာပါပဲ.။
တခြားမတူညီတဲ့ မယ်(၂)ဦးကို ထပ်မံVote ရင်တော့ Vote ခွင့်ပြုပါတယ်..။

ဒီ့အတွက်ကြောင့် မြန်မာမယ်ကို ထပ်မံVoteပြီး ဂျပန်စာနဲ့ Error တက်လို့ ပြန်ထွက်သွားသူတွေ ဒီ Voteနဲ့ အကျုံးဝင်မဝင်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်..။ (ဒီအွန်လိုင်း http://beautycity.jp/miss2013/prof_list.asp Vote မှာ စတင်ကတည်းက ရိုးသားမှု မရှိတာကတော့ ဂုဏ်ရည်အေးကျော် အမည်နေရာမှာ အာရပ်အမျိုးသမီးနာမည် တခုနဲ့ မှားယွင်းဖော်ပြခဲ့တာကို Complainတက်ခဲ့ပေမယ့် ချက်ချင်းပြင်ဆင်ပေးခြင်း မရှိခဲ့ပါဘူး) လေးငါးရက်ခန့် အကြာမှ ပြင်ဆင်ပေးပါတယ်..။ အဆုံးသတ်မှာတော့ MISS INTERNET ဆုကို မျှော်လင့်မထားတဲ့ မက္ကာအိုမယ် ရရှိသွားခဲ့ပါတယ်..။ လာမယ့် ၁၉ရက်မှာတော့ အဆိုပါဆိုဒ်မှာ မဲအရေအတွက် ဖော်ပြပေးမယ်လို့ မျှော်လင့်ရပါတယ်..။ အွန်လိုင်း Polls တိုင်းမှာ မြန်မာမယ် ဂုဏ်ရည်အေးကျော် ရရှိတဲ့အတွက် အဆိုပါ Vote Result မပြတဲ့ Miss Internet ဆုဟာ ဇာခန်းဆီးနောက်ကွယ်က မေးခွန်းထုတ်ဖွယ် အဖြစ်အပျက်တွေပါ..။

ဒီနှစ်ရဲ့
Miss International ဆုကတော့
ဖိလိပိုင် နိုင်ငံသူ Bea Rose Santiagoက ရရှိသွားပြီး
ဒုတိယဆုကိုတော့ နယ်သာလန် နိုင်ငံသူ Nathalie den Dekker နဲ့
တတိယဆုကတော့ နယူးဇီလန်နိုင်ငံသူ Lorena Hermidaတို့ ရရှိသွားခဲ့ပါတယ်..။

EST NATIONAL COSTUME - ARUBA
MISS FRIENDSHIP - NEW ZEALAND
MISS INTERNET - MACAU
MISS PHOTOGENIC - LITHUANIA
ဒီနေရာမှာ ထူးခြားတာကတော့ Miss International ပြိုင်ပွဲဝင်နေတဲ့ ဖိလိပင်း မယ်အား ဂျပန်နိုင်ငံမှာ အာဆီယံ ဂျပန် အစည်းအဝေး လာတက်နေတဲ့ ဖိလိပိုင်
သမ္မတကိုယ်တိုင် Camp ဝင်နေချိန်မှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး ဖိလိပင်းမယ် အောင်နိုင်ရေးအတွက် ယခင် Miss International ဆုရရှိခဲ့ဘူးတဲ့ ဖိလိပင်းမယ်ဟောင်း ကိုယ်တိုင် နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကိုယ်တိုင်လေ့ကျင့် ပေးခဲ့တာပါ..။ ဒါတွေဟာ တခြားသောနိုင်ငံတွေမှာ နိုင်ငံဂုဏ်ဆောင်မယ်တွေကို မည်မျှအလေးထားတယ် ဆိုတာ သင်ခန်းစရာ အချက်တွေပါ.။

ယနေ့ပြိုင်ပွဲသို့ တိုကျိုမြို့နဲ့ မြန်မာနိုင်ငံမှ ခေတ္တရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှ သွားရောက် အားပေးခဲ့ကြပါတယ်..။ နိုင်ငံပေါင်း ၆၇နိုင်ငံမှ အလှမယ်များအား လာရောက် အားပေးမှုတွင် ဖိလိပိုင်နှင့် မြန်မာနိုင်ငံသား လာရောက်အားပေးသူ အများဆုံးဖြစ်သည်။

ယနေ့ ပြိုင်ပွဲအပြီး People Choice Award ဆုရရှိခဲ့တဲ့ Miss Myanmar International ဂုဏ်ရည်အေးကျော်မှ အများမျှော်လင့် တောင့်တနေတဲ့ ဆုတံဆိပ်တွေ ဆောင်ကြည်းမပေးနိုင်တဲ့ အတွက် အထူးဝမ်းနည်းမိကြောင်း၊ မြန်မာပြည်တွင်း၊ ပြည်ပမှ ထောက်ခံအားပေး ကူညီပံ့ပိုးခဲ့ကြသူများနဲ့ ဖေ့စ်ဘွတ်ခ်၊ အွန်လိုင်းမှ ပရိသတ်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်..။ လာမယ့် ၂၂ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲမှ ရရှိတဲ့ ရံပုံငွေများအား ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
သတင်း၊ ဓာတ်ပုံ http://missosology.org/၊ ဒီမိုဝေယံ