ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်လူငယ်တွေ မြန်မာဘာသာဖြင့် ဖျော်ဖြေတင်ဆက်သွားတဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်.. (ရုပ်သံ)


ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.မှာ ပထမဆုရရှိခဲ့တဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်..  

 ဂျပန်လူငယ်များမှ တိုင်းရင်းသားဝတ်စုံများဖြင့် မြန်မာဘာသာစကား ပြောဆိုကာ ကြိုးစားဖျော်ဖြေခဲ့ကြသည်..။ 

 ရုပ်သံ ဒီမိုဝေယံ 

ယနေ့ ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ..

ယနေ့ မနက်ပိုင်းက ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲသို့ (JMCC) ဒါရိုက်တာ ဆရာမ မဟေမာ၏ ဖိတ်ခေါ်ချက်ဖြင့် အမှတ်မထင် ရောက်ရှိခဲ့သည်..။

သွားစဉ်ကတော့ ခဏတာ မှတ်တမ်းတင် သဘောမျိုးနဲ့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့်...။ ထူးခြားတဲ့ ဂျပန်မှာ မွေးတဲ့ မြန်မာကလေးငယ်တွေ.. ဂျပန်ဘာသာသင်နေတဲ့ မြန်မာမိသားစုတွေ မြန်မာဘာသာ သင်ယူနေတဲ့ ဂျပန်လူမျိုးတွေရဲ့ စွဲဆောင်မှု ရှိတဲ့တင်ဆက်မှု အစုံအလင်ကြောင့် ဆုံးခန်းတိုင်သည်အထိ ကြည့်ဖြစ်ခဲ့သည်..။
ဂျပန်- မြန်မာလူဦးရေ ၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြသည်..။

ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ မိတ္ထီလာဆရာတော်အား ဂျပန်-မြန်မာမိသားစုများမှ ဗုဒ္ဓဘာသာထုံးစံ ဆွမ်းဆက်ကပ်ပြီး အခမ်းအနားအား ဂျပန်ပြည်မှာ မွေးဖွားတဲ့ မြန်မာကလေးငယ်များဖြင့် စတင်ဖြေဖျော်ခဲ့သည်..။


ယနေ့ထူးခြားချက်ကတော့ လတ်တလော မြန်မာပြည်ကို စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး မြန်မာစာ သင်ယူတဲ့ ဂျပန်လူမျိုးများ များပြားလာသည့် အချက်ဖြစ်သည်..။ အဆိုပါ စကားပြောပြိုင်ပွဲမှာတော့ ဂျပန်လူငယ်များ မြန်မာဓလေ့ထုံးစံအတိုင်း မြတ်မြတ်နိုးနိုး ဝတ်စားဆင်ယင် ယှဉ်ပြိုင်ခဲ့မှုကို မြင်တွေ့ခဲ့ရသည့်အတွက် ကြည်နှူးခဲ့ရသည်..။
ဂျပန်လူမျိုးများ မြန်မာဘာသာဖြင့် ပြဇာတ်တင်ဆက်မှုများနှင့် မြန်မာတေးသီချင်းများ
ဖြင့် ယှဉ်ပြိုင်ခဲ့ကြသလို ကမ္ဘာ္ဘမကြေသီချင်းဖြင့် သီဆိုယှဉ်ပြိုင် သီဆိုသူပင် ပါဝင်ခဲ့သည်..။

လာမယ့်နှစ်မှာတော့ ဂျပန်မြန်မာ ချစ်ကြည်ရေး နှစ်(၆၀) ပြည့်တော့ပေမည်...။ ဂျပန်နှင့် မြန်မာသမိုင်း ရှည်ကြာခဲ့သလို ဗိုလ်ချုပ်တို့ ခေတ်မှသည် ဂျပန်သည် မြန်မာလူမျိုးများ၏ အောင်မြေဟုပင် ဆိုရမလိုဖြစ်သည်..။
အချုပ်အားဖြင့် ဆိုရလျှင် (JMCC) ယနေ့ကျင်းပသည့် ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.. ဟုဆိုသော်လည်း အဆိုပါပြိုင်ပွဲသည် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ပွဲအသွင် သင်္ကေတကောင်း တခုပင်ဖြစ်တော့သည်..။

ဂျပန်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ