ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။

ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။

အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။

ဒီမိုဝေယံ

(သတင်း).. အစုံအလင်ကတော့
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို

ဒါကာ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

“စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။

လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က “အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။

“၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်”ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။

ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။

ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
KHTun

Ref - Daily Star
Photo - UNHCR

Credit.. The Ladies News Journal