ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo U-12 အသင်း ဒုတိယဆုရရှိ..

မောင်ကောင်းဇံမရ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်စဉ်
U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo U-12 အသင်း ဒုတိယဆုရရှိ..

ယနေ့.ညနေပိုင်း(၃၁)ရက်နေ့ ညနေပိုင်းမှာ ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 အသင်းမှ လက်ရှိချန်ပီယံ နာမည်ကျော် စပိန် Barcelona အသင်းအား ၂ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့သည်..။

လူငယ် ဘောလုံးပွဲ ဖြစ်သော်လည်း ဗိုလ်လုပွဲ ဖြစ်သည့် အားလျှော်စွာ လူဦးရေ ၁၀၀၀၀ဆန့်သည့် ကွင်းအတွင်း ပရိသတ်များ အထူးများပြားခဲ့သည်။
မောင်ကောင်းဇံမရ ပါဝင် ကစားခွင့် မရသည့်ပထမပိုင်းတွင် ဘာစီလိုးနား အသင်းမှ ကွင်းတဝက် နီးပါး ဖိကစား ခဲ့ပြီး အနိုင်ဂိုး ၂ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်း (၁၈)မိနစ်တွင် မောင်ကောင်းဇံမရ ဝင်ရောက် ကစားခွင့် ရစဉ်ပရိသတ်မှ လက်ခုပ် သြဘာပေးခဲ့ကြသည်။ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်နိုင်ခဲ့သည်။ ဘာစီလိုးနား အသင်းမှာ ပထမပိုင်းတွင် သွင်းယူခဲ့သော အနိုင်ဂိုး ၂ဂိုးဖြင့်ပင် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့သည်။

ယခုနှစ်အတွင်း Goal Keeper အဖြစ် မောင်ကောင်းဇံမရ ပါဝင်ကစားသည့် Tokyo U-12 အသင်းနှင့် Tokyo Buddy အသင်းတို့သည်.. ဂျာမဏီဘာလင် ဖလား၊ Shimizu Japan ပြည်တွင်းဖလားများတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီး ယခုနောက်ဆုံး ကမ္ဘာကျော် ကလပ်အသင်းကြီးများနှင့် ဂျပန်ကလပ်အသင်းများပါဝင်သည့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင်လည်း ထိုက်ထိုက်တန်တန် ဒုတိယဆု ရရှိခဲ့သည်။

မောင်ကောင်းဇံမရသည် နာမည်ကျော် ဂျပန် ကလပ်အသင်းများမှ ခေါ်ယူခဲ့သော်လည်း Tokyo လက်ရွေးစဉ် အသင်းနှင့် ဆက်စပ်နေသည့် Verdy Club အသင်းတွင်သာ ကစားရန် စာချုပ်ချုပ်ဆိုခွင့် ရခဲ့သည်။ လာမည့်ပွဲစဉ်များတွင် နာမည်ကျော် Verdy Clubအသင်း၌ ၃နှစ်စာချုပ်ဖြင့် ဆက်လက် ကစားမည်ဖြစ်သည်။
ဂျပန်နိုင်ငံရောက် မြန်မာမိဘ(၂)ပါးမှ မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ကဲ့သို့ မြန်မာနိုင်ငံသားများ ဂျပန်နိုင်ငံ ကိုယ်စားပြု လက်ရွေးစဉ် ကလပ်အသင်းများတွင် ပါဝင်ကစားခွင့် ရရှိခြင်းသည် မြန်မာနိုင်ငံသားများ အတွက် ဂုဏ်ယူဖွယ် ဖြစ်ပြီး မြန်မာနိုင်ငံများ ဖြစ်သည့်အတွက် အနာဂတ် မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက်လည်း အားတက်ဖွယ် ဖြစ်သည်။

သတင်း ဒီမိုဝေယံ

ဓာတ်ပုံ ဒီမိုဝေယံ၊

ဓာတ်ပုံ U-12 Junior Soccer World Challenge 2014

ဆက်သွယ်မေးမြန်းလိုလျှင်..

ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available) , 81+90-5559-0558 (Viber available) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်..။