နောက်ဆုံး ဆက်သွယ်မေးမြန်းချက်ရ မြဝတီသတင်းများ....

မြဝတီမြို့ အခြေအနေကတော့ ယနေ့သတင်းတွေ အမျိုးမျိုး ထွက်ပေါ်လျှက်ရှိပါတယ်..။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက မြဝတီမြို့ကို သွားရောက်ခဲ့ပြီး.. ယခုမဲဆောက်ကို ပြန်လည် ရောက်ရှိလာတဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက်ကို နဲ့ ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်..။
မြဝတီရောက်ခဲ့သူ တစ်ဦး။....။ " ခုနပဲမြဝတီ ပြန်လာတယ်... အခြေအနေက ရှုပ်ထွေးနေတယ်.... စစ်တပ်နဲ့ DKBA အပြန်အလှန်ဝိုင်းထားတယ်.. ခုတော့ ညှိနှိုင်းနေတယ်.. ပြောတယ်.. ခုပဲပြန်လာတာ.."
မြဝတီသံဃာတစ်ဦး။...။ နေ့လည်က ရဲစခန်းနဲ့ မဲရုံတစ်ရုံကို ဘာတို့ ပစ်သွားတဲ့ သူတွေက တောထဲပြန်ရောက်နေပြီ.. ခုဟာကျန်ခဲ့တဲ့သူတွေ စစ်တပ်နဲ့ အပြန်အလှန်ဝိုင်းထားတယ်... ညှိနှိုင်းနေကြတယ်...။ ခုည စစ်တပ်က မြဝတီ ဈေးထဲဝင်နေပြီ..။ မြ၀တီမယ် လူတွေတော်တော်များများ ကြောက်နေကြတယ် ဒကာကြီးရေ.. မဲဆောက်ဖက်ကူးသွားတဲ့ သူတွေလည်းရှိတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ မြ၀တီကို မီးဖြတ်ထားပြီး... မြို့ထဲမှာ စစ်အစိုးတပ်တွေ ကားနဲ့ ပတ်နေပါတယ်..။ ဒီကေဘီအေကလည်း အဓိကကျတဲ့နေရာတွေမှာ နေရာယူထားပါတယ်.. အခြေအနေတွေ အထူး ရှုပ်ထွေးနေကြောင်း သိရှိရပါတယ်..။
မြဝတီမှာ ဖမ်းဆီးခံရတဲ့ ဂျပန် သတင်းထောက်အား ပြန်လွတ်ပေးလိုက်ကြောင်း သိရှိရပါသည်.. အဖွဲ့အစည်းများနှင့် ပတ်သတ်မှုရှိမရှိ မည်သူက စေလွှတ်ခြင်း ရှိမရှိအား မေးမြန်းပြီး ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရှိရပါတယ်.
ယနေ့မြဝတီမြို့၌ မဲရုံများ အချိန်မတိုင်ခင် ပိတ်လိုက်တဲ့ အတွက် လူတော်တော်များများ မဲပေးခွင့် မရရှိခဲ့ကြောင်း မြဝတီ မြို့ခံတစ်ဦးမှ ပြောဆိုပါသည်...။
နောက်ဆုံးရ ဆက်သွယ်မေးမြန်းချက်.။...။ မြဝတီမှာ ယခုနောက်ဆုံး အခြေအနေတွေ တိတ်ဆိတ် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်..။ မြဝတီမြို့တွင်းသို့ လာရောက် ခြောက်လှန့် ပစ်ခတ်သွားတဲ့ အဖွဲ့နှင့် မြဝတီမြို့မှ DKBA တပ်ဖွဲ့ ပတ်သတ်ခြင်းရှိမရှိ စစ်အစိုးရတပ်နှင့် DKBA ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ယခုအခါ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း မြဝတီမှ သံဃာတော်တစ်ပါးမှ ပြောဆိုသွားပါတယ်..။
ဒီမိုဝေယံ

မြဝတီမြို့နောက်ဆုံး အခြေအနေ