ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ABC သတင်းဋ္ဌာနက ထုတ်လွှင့်ခဲ့တဲ့.. မြန်မာပြည်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးတွေမဲပေးနေပုံ ၊ မြဝတီသတင်းနဲ့ နိုင်ငံရေးလေ့လာသူများရဲ့ သုံးသပ်ချက်.. (ရုပ်သံ)


ABC သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ မြန်မာရွေးကောက်ပွဲနဲ့ မြဝတီမြို့သတင်းရုပ်သံကို တင်ပြလိုက်ပါတယ်...


အထုတ်ကြီး(ခေါ်) ကြိုတင်မဲကြောင့် အရှိုက်ထိမှန်ခဲ့သော နိုင်ငံရေးပါတီများ

ကြိုတင်မဲ အထုတ်ကြီးပိုင်ရှင် မဲပေးနေပုံ...
တစ်ဆက်တည်းမှာ ၈ရက်နေ့ည (၇)နာရီမှာRFA ကထုတ်လွှင့်တဲ့ ရွေးကောက်ပွဲ မသမာမှုသတင်းတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်မေးချက်တွေကို နားထောင်လိုက်မိတဲ့ အခါမှာတော့ မပြုံးပဲ ဝါးလုံးကွဲ ရယ်စရာတွေ နားထောင်လိုက်ရပါတယ်..။

ရွေးကောက်ပွဲအတွက် မဲတွေရေတွက်ရာမှာ ပါတီအသီးသီးက မိမိတို့နိုင်ပြီဟု သတ်မှတ်နိုင်သည့် အခြေအနေရောက်ရှိနေကာမှ မိုးပေါ်ကကျလာသည့် အထုတ်ကြီးများဟု ဆိုသော ကြိုတင်မဲများကြောင့် ခန့်မှန်းချက်များ လွဲချော်ကုန်တာကို နားဆင်လိုက်ရပါတယ်...။ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောဆိုတာကတော့ ထိုအထုတ်ကြီးများမှ ကြံ့ဖွတ်အတွက် လိုအပ်သည့်မဲ တစ်ထောင်လိုလည်း.. တစ်ထောင်အထုတ် နှစ်ထောင်လိုရင် နှစ်ထောင်အထုတ် ထုတ်ပေးလိုက်တဲ့ အတွက် (အဝစားချစ်တီး ထမင်းဆိုင်မှာ အနောက်က လိုသလောက် ထည့်ပေးနေသလိုပေါ့) မိမိတို့ပါတီအနေနဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရကြောင်း နားထောင်လိုက်ရပါတယ်..။ NDFက မန္တလေးတိုင်းမှာ အဆိုပါ ကြိုတင်မဲတွေကြောင့် တစ်ယောက်မှ အနိုင်မရရှိပါဘူးတဲ့ဗျာ.. တစညပါတီလည်း ကြံ့ဖွတ်ရဲ့ အထုတ်ကြီးနဲ့ ထိုးနှက်တာကို ကောင်းကောင်း ခံလိုက်ရပါတယ်...။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေနဲ့ RFAက ဆက်သွယ် ..မေးမြန်းတာတွေပါ...။ ကြိုတင်မဲတွေ..၊ မဲလိမ်တာတွေ မဲမသမာမှုတွေနဲ့ ကဘောက်ထိ ကဘောက်ခြာတွေပါပဲတဲ့ ဒီအထဲမှာ ဒါတွေကို ကြိုမြင်ပြီးဖြစ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ရပ်တည်ချက် မှန်ကန်ကြောင်းကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေကတော့ ရဲရဲဝံ့ဝံ့ ထောက်ခံသွားပါတယ်...။

ဇာတ်သိမ်းကတော့ စစ်အစိုးရ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေ အထုတ်ကြီးတွေ မှန်ပြီး မရှုနိုင် မကယ်နိုင်ဖြစ်ရကြောင်း ကြားလိုက်ရပါတယ်...။