ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြဝတီမှာ ပစ်ခတ်မှုတွေဖြစ်နေပါပြီ...

ထိုင်းဘက်ခြမ်း ၊ မဲဆောက် တံတားထိပ် ဘယ်ဘက်ခြမ်း ရဲစခန်းရှေ့တွင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်မှုကြောင့် ကားတစ်စီး.. ပျက်စီးနေသော ပုံ။ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..

မနေ့က မြဝတီတံတားအောက်က ဟန်ရေးပြနေတဲ့ လုံခြုံရေးတွေ တစ်ယောက်မှ မရှိတော့ပါဘူး..


မနေ့က မြဝတီမြို့ သတင်းတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်ခဲ့တဲ့ မြဝတီမြို့မှာ ယနေ့မနက်ပိုင်းက ပစ်ခတ်သံများ ပြန်လည် ကြားနေရတယ်လို့ ဆိုပါတယ်... မဲဆောက်နဲ့ မြဝတီမြို့များကို ဆက်သွယ် မေးမြန်းပြီး လက်လမ်းမှီသလောက် တင်ပြလိုက်ပါတယ်..

မဲဆောက်နေတစ်ဦး။....။ ယခုလက်ရှိ မဲဆောက်ဘက်အခြမ်း ကမ်းနားမှာ မာရှယ်လောထုတ်ထားပါတယ်.. မဲဆောက်တံတားအနီးက ဖုန်းရုံနားမှာ RPG တစ်လုံးကျလာလို့ ဘုန်းကြီးတစ်ပါး..နဲ့ လူတစ်ဦးဒဏ်ရာရရှိကြောင်း မြဝတီမြိုထဲမှာ မီးခိုးလုံးများ သေနတ်သံများကြားနေရကြောင်း ပြောဆိုပါတယ်..။ မြဝတီမြို့မှ ချောင်းကို ဖြတ်ကူးလာသူများအား ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရန် သွားရောက်နေပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်း မဲဆောက်မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါတယ်..

မြဝတီမြို့ခံသံဃာတစ်ဦး.။ ...။ မနက်ကတည်းက RPG ၁၅လုံးလောက် ဘုန်းကြီးကျောင်းဘေးနဲ့ လမ်းမပေါ်တွေကို ကျလာတယ်.. ဘုန်းကြီးတို့လည်း လမ်းပေါ်မထွက်ရဲဘူး... ခုမြို့ထဲမှာ စစ်တပ်နဲ့ DKBA ပဲရှိတော့တယ်.. ဘယ်သူက စပစ်တာလဲမသိဘူး...။ ခုတော့တံတားထိပ်က လုံခြုံရေး အစောင့်တွေ မရှိတော့ဘူး ဒဏ်ရာရ လူသေတာများတယ်ပြောတယ်. အပြင်ထွက်လို့ မရကြတော့ဘူး. ထွက်တဲ့လူတွေ အပစ်ခံရတယ် ပေါ်တာလည်း စဆွဲနေပြီ အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ် ဈေးဆိုင်တွေလည်း ပိတ်ကုန်ပြီ... ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်...

သတင်းများရရှိပါက ဆက်လက်ဖော်ပြပါမည်...