ချစ်ခိုင်ရဲ့  အေဒင်အုပ်စုဟာ ရန်ကုန်ကမ္ဘာအေးဘုရားလမ်းက Sakura Resident၊ ကန်တော်ကြီးစောင်းက Signature စားသောက်ဆိုင်၊ နေပြည်တော်က သင်္ဂဟဟိုတယ်၊ တောင်ကြီးအေးသာယာ Resort တွေကို ပိုင်ဆိုင်ထားပြီး နအဖတွေရဲ့ နေပြည်တော်မှာလည်း ဥာဏသိဒ္ဓိရပ်ကွက်ကြီး တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါတယ်။ ချစ်ခိုင်ရဲ့  ဧဒင်အုပ်စုဟာလည်း တိုင်းပြည်သယံဇာတတွေကို အလွဲသုံးစားလုပ်ပြီး နအဖရဲ့  အမာခံ စီးပွားရေးအုပ်စုကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။
ချစ်ခိုင်ရဲ့ ဧဒင်အုပ်စုအကြောင်း ဇစ်မြစ်ကို ဖေါ်ပြပြီးတဲ့နောက် ယခု ဧဒင်ဆောက်လုပ်ရေးရဲ့ အင်ဂျင်နီယာချူပ်ဖြစ်သူ မျိုးမင်းထွန်းရဲ့  အလုပ်သမားတွေအပေါ် မတရား အနိုင်ကျင့်မှုကို ဖေါ်ပြလိုပါတယ်။ ဒီ အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ ဆရာချစ်ခိုင်ရဲ့ ပစားထားမှုကြောင့် လက်အောက်ခံ အလုပ်သမားတွေအပေါ် မောက်မာစွာ မတရားဆက်ဆံပါတယ်။
ဧဒင်ဆောက်လုပ်ရေးရဲ့ အင်ဂျင်နီယာချူပ် မျိုးမင်းထွန်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး အောက်ခြေအလုပ်သမားတွေကို မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းထွာလေ့ရှိပါတယ်။ သူ့ လက်အောက်မှာ ရှိတဲ့ SAE တင်အောင်ကို၊ GE မိုးဇာလီဗအာင်တို့ ကနေတစ်ဆင့် ပန်းရံအလုပ်သမားတွေရဲ့  လစာကို မရှင်းဘဲ နေတာတွေ ရှိပါတယ်။ အောက်ခြေလူတန်းစား အလုပ်သမားတွေကို ဧဒင် ဆောက်လုပ်ရေးရဲ့ အင်ဂျင်နီယာတွေက အခုလို မတရား အနိုင်ကျင့်နေတာဟာ သူတို့ရဲ့ ကုမ္ပဏီပိုင်ရှင် ချစ်ခိုင်က မသိကျိုးကျင်ပြုပြီးနေကြောင်းလည်း သိရှိရပါတယ်။
မျှဝေပေးသူ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။
နအဖ ရွေးကောက်ပွဲအကြိုကာလ ပြည်တွင်း ဂျာနယ်လောကတွင် အနုပညာဦးစားပေး ဂျာနယ်တစ်စောင် ဖြစ်သော ဆရာ ဦးဝင်းငြိမ်း၏ အလင်းတန်းဂျာနယ်တွင် နိုင်ငံရေးပါတီ အင်တာဗျူး ဖော်ပြလာခြင်း၊ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆို၍ ထွက်ပေါ်သည်ဆိုသော မြတ်ခိုင်တို့ သားအဖ၏ မော်နီတာ ဂျာနယ်အသစ် ထုတ်ဝေလာခြင်း တို့နှင့်အတူ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် အပြောင်းအလဲမှာ နိုင်ငံရေး စာမျက်နှာ ကဏ္ဍပါဝင်လာခြင်းတို့က ဆက်လက် စောင့်ကြည့်ရမည့် ထူးခြားပြောင်းလဲမှုများဟု စာပေလောက သားတစ်ဦးက ဆိုသည်။
Citizen Of Burma Award အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် Online သတင်းပရိသတ်များအား ဦးကျော်သူ၏ ဆုငွေကိစ္စနှင့်ပတ်
ကျွန်တော် Burma Paparazi မှ အနူးအညွတ်ဝန်ချတောင်းပန်ခြင်း
၂၀၁၀ မေလ (၂)ရက် နေ့တွင် ပါရှိသော “ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါးဖြင့် အများပြည်သူကို ကျွေးမွေးလှုဒါန်းခြင်း ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော သတင်းဆောင်းပါးတွင် ဦးကျော်သူအား Citizen Of Burma Award အဖွဲ့အစည်းမှ ချီးမြှင့်သော ဆုငွေ မရသေးပါ ဟု ကျွန်တော် သတင်း ရေးသားသူ Burma Paparazi မှ မှားယွင်းစွာ ဖော်ပြခဲ့မိပါသည်။ ယင်းကိစ္စအား သေချာစွာ ထပ်မံ စုံစမ်း ကြည့်သောအခါ Citizen Of Burma Award မှ တာဝန်ရှိသူများက (USA)ရှိ ဦးကျော်သူ၏ သားကြီးဖြစ်သူ ကိုပြည်သိမ်းကျော်အား ဆုငွေ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ မှားယွင်းစွာ ဖော်ပြခဲ့မိသည့်အတွက် ကျွန်တော် Burma Paparazi မှ Citizen Of Burma Award အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ကမ္ဘာအရပ်ရပ်မှ Online သတင်းပရိသတ်များ ဖြစ်ကြသော မြန်မာပြည်သူ ပြည်သား အပေါင်းတို့အား နောက်နောင် ယခုကဲ့သို့ မှားယွင်းစွာ သတင်းတင်ပြမှုများ မဖြစ်စေရပါ ဟု ကျွန်တော် Burma Paparazi မှ အနူးအညွတ် ၀န်ချ တောင်းပန်လိုက်ပါတယ် ခင်ဗျာ။
ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ………. သူတို့ကို ခွင့်လွှတ်လိုက်ပါ။
လူတွေကသင်ဟာ တစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့ စွပ်စွဲလာကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ သနားကြင်နာမြဲသနားကြင်နာပါ။
မိတ်ဆွေတုတွေ ရလာနိုင်သလို ရန်သူစစ်စစ်တွေလည်း ရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ………. အောင်မြင်အောင် ဆက်ကြိုးစားပါ။
လူတွေကသင့်ကို လိမ်လည် လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ………. ရိုးသားဖြောင့်မတ်ပါ။
သင်နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်က နေ့ချင်းညချင်း ဖျက်ဆီးပစ် လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။
သင်ကငြိမ်းအေးမှုနှင့် စိတ်ချမ်းသာမှုကို ရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့က မနာလိုဝန်တိုမှုတွေ ဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ………. စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှု ပြုလုပ်တာကို
လူတွေက မနက်ဖြန် မေ့ပစ်ချင် မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ………. ကောင်းတာကိုပဲ ဆက်လုပ်ပါ။
လောကကြီးကို သင်အပေးနိုင်ဆုံး အကောင်းဆုံးတွေ ပေးဝေလိုက်ပါ
ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ………. လောကကြီးကို အကောင်းဆုံး ပေးဆပ်မြဲ ပေးဆပ်ပါ။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာ လိုက်တော့ သင်မြင်တဲ့ အတိုင်းပါဘဲ
သင်နဲ့တရားသာ အတူရှိတော့တာပါ
ငါ ၊မင်း ၊ သူတစ်ပါးအကြားမှာ ဘာမှမရှိပါဘူး။ ။
ခွင့်လွှတ်ချင်းများနဲ့ ဘ၀ကို တည်ဆောက်နိုင်ကြပါစေ။
ပေးပို့လာသူ အရှင်ထာဝရ
မီးအခြေအနေ တော်တော်ဆိုးကြောင်း နေ့မှာ အရမ်းပူသလို ညမှာလည်း မီးမလာလို့ အိပ်မရကြောင်း စက်မှုဇုံတွေမှာ မီးပြတ်တာ ပိုဆိုးကြောင်း လာတဲ့အချိန်မှ လာတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ယခုအချိန်မှာ မီးပြတ်တယ်ဆိုတာ လူတွေမပြောကြတော့ပဲ ရိုးနေပြီဖြစ်လို့ မီးလာတယ်လို့ပဲ ပြောဆိုနေကြရပါပြီ။ စက်မှုနိုင်ငံကို ဖယောင်းတိုင်နဲ့ ထူထောင်ပါတော့မယ်။ အခြေခံအကျဆုံး ဖြစ်တဲ့ ရေမီးတောင် မှန်မှန်မပေးနိုင်ခဲ့ပါ။ အနှစ်(၂၀)ကျော်လုံးလုံး မီးမပြတ် ရနေတာကတော့ သတင်းစာထဲမှာပါပဲ။ နောက်အသူရကာယ်ဘုံ ကြပ်ပြေးမှာပါ။ အသူရကာယ်ဘုံဆိုတာ နေ့စံညခံပါ နေ့မှာစံထားရတုန်း စံထားကြပါ။ ခံရမယ့် ညအလှည့်ရောက်ရင်တော့ ..
Source.....(RFA)



၂၀၁၀ မေလ၊ ၂ ရက်နေ့ မင်္ဂလာရှိသော နံနက်ခင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ ရုံးချုပ်တွင် အသင်း၏ ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းရခြင်း အကြောင်းကို သွားရောက် မေးမြန်းသတင်း ယူခဲ့ပါသည်။အလှူပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးကျော်သူမှ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။
“ ကျွန်တော် ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဆုံး အကြိမ်ရခဲ့လို့ရယ်။ နောက်ပြီး ဒီနေ့ကလည်း ထူးထူးခြားခြား နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာလည်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပါ ကျွန်တော် အများပြည်သူကို မနောမယ မုန့်ဟင်းခါး ကျွေးမွေးပြီး ကုသိုလ်ကောင်းမှု ပြုတာပါ။ မနက်အာရုံတတ်မှာ ၀ဋ်ကြွေးတော်ပြေ ဆရာတော်နဲ့ မဟာဂန္ဓာရုံဆရာတော်တို့ကို ကျောင်းအရောက်သွားပြီး မုန့်ဟင်းခါး အာရုံဆွမ်း ကပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက ကူညီပြီး အသုဘ ချပေးခဲ့တာ ၂၀၀၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၈၅၀၀၀ (ရှစ်သောင်းခွဲ) ကျော်ရှိပြီ။ အဲဒီ သေဆုံးသွားတဲ့ လူတွေအတွက်ရယ် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ကို ရည်စူးပြီး အခုလုပ်တဲ့ အလှူဒါနကို ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ အခု လုပ်တဲ့အလှူက ကျွန်တော် ကိုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုကရတဲ့ ဆုငွေနဲ့ ကျွေးမွေးတာ မဟုတ်ပါဘူး။ ကျွန်တော် စုဆောင်းထားခဲ့တဲ့ အနုပညာချွေးနည်းစာလေးနဲ့ ပြည်သူတွေအားလုံး အားလုံးကို ကျေးဇူးပြန်ဆပ်တာပါ။ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်က ခုထိ ကျွန်တော်ဆီ မရောက်သေးပါဘူး။ မရောက်သေးဘူးဆိုတာက အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုကျွေးမွေးတဲ့ မုန့်ဟင်းခါးကို မနောမယ မုန့်ဟင်းခါးဆိုပြီး နာမည်တပ်ရတာလည်း ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာသခင် အဘ ဆရာကြီး မင်းသိင်္ခကို အမှတ်ရ ကျေးဇူးဆပ်တဲ့အနေနဲ့ အဘရဲ့ မနောမယဆိုတဲ့ နာမည်ကို ပေးလိုက်တာပါ ” ဟု ဥက္ကဌ ဦးကျော်သူမှ ပြောကြားသွားပါတယ်။
ဦးကျော်သူသည် အခုမှအလှူဒါနပြုလုပ်ခဲ့ခြင်း မဟုတ်ပါ ၁၉၉၆ (တစ်ပြည်သူမရွှေထား) ဇာတ်ကားတွင် အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့စဉ်ကလည်း ကမ္ဘာအေးမိုးကုတ်ဆွမ်းစားကျောင်းတွင် သံဃာတော်အပါး ၄၅၀ ကျော်ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၈ ခု မေလ(၂)ရက်နေ့တွင် တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည့် စားသောက်ဖွယ်ရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် အင်္ဂလန်ရောက် မြန်မာပြည်သူပြည်သားများမှ စုစည်း၍ ချီးမြှင့်သော ပြည်သူဘက်သား အနုပညာသမား ဆုရစဉ်အခါကလည်း ဘုန်းတော်ကြီးကျောင်းများသို့ ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ယနေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် အနုပညာမောင်နှံဖြစ်သော ကိုရန်ကျော်နှင့်မမေခလာတို့ ဇနီးမောင်နှံမှ မမေခလာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁၀)သိန်း ကျပ်ကို ကုသိုလ်ပြုလာရောက် လှူဒါန်းသွားကြောင်း သိရပါသည်။
Burma Paparazi
ပေးပို့လာသူကတော့ ညီငယ်ရဲရဲတောက် ဘားမားပါပါရာဇီပါ...
အောက်မှာပုံများဆက်လက်ကြည့်ရှုနိုင်ပါသည်။
သတင်း-သန့်မျိုးထွေး
အဆိုပါ ဆုတောင်းပွဲကို ဂျပန်ရောက် မြန်မာလူမျိုး(၅၀)ကျော် တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သခြင်းကို တိုကျိုမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းမှ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ ပရိတ် တရားနာ ရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာပို့သ အမျှပေးဝေ၍ တက်ရောက်သူများအား တရားနာချီးမြှင့်ခဲ့ပြီး.... ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်း အစီအစဉ်ကို (OKOJ)မှ ဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။
လူသားအားလုံး၏ ငြိမ်းချမ်းရေးရရှိဖို့နှင့် လူသားအချင်းချင်း ချစ်ခြင်းမေတ္တာဖြင့် တဦးပေါ် တဦး သဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလို နာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်း ဖြစ်ကြောင်း ဆရာစောလှကြည်မှ ပြောပြသွားသည်။
"စစ်အစိုးရက သူတရဲ့ သြဇာအာဏာ တည်တံ့ခိုင်မြဲဖို့နဲ့ အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့် နာဂစ်မုန်တိုင်းရဲ့ ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကို အဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကို အရေးမထားခဲ့တာ" ဟု၎င်းက ဆက်လက်ပြောပြသည်။
နာဂစ် တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်းသိရပြီး ဂျေအေစီမှ ယန်းတစ်သန်းကျော်ကို မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပေးပို့လှူဒါန်းခဲ့သလို ဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော် ကျန်ရှိနေသေးကြောင်း ဂျေအေစီမှ တာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။
အစ္စလမ်ဘာသာမှ ဆုတောင်းပေးသူ ဦးလှမောင်ကလည်း "ဒီနေ့ နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်း ပေးရတဲ့အခါမှာ ကျနော်အင်မတန်မှ ကြေကွဲဝမ်းနည်ရပါတယ်။ ဒီလိုကျနော်တို့ တိုင်းပြည်မှာ လူတသိန်းခွဲလောက် သေသွားရတယ် ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့ မင်းဆိုးမင်းညစ်တွေ ပြည်သူကို မတရား ညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝ ဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာ သေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်"ဟု နာဂစ် တိုက်ခတ်သွားခြင်းကို ၄င်း၏ ဘာသာရေးအမြင်ဖြင့် သုံးသပ်ပြောဆိုသွားသည်။










