ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Burma Paparazi မှ အနူးအညွတ်ဝန်ချတောင်းပန်ခြင်း

Citizen Of Burma Award အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် Online သတင်းပရိသတ်များအား ဦးကျော်သူ၏ ဆုငွေကိစ္စနှင့်ပတ်သက်၍

ကျွန်တော် Burma Paparazi မှ အနူးအညွတ်ဝန်ချတောင်းပန်ခြင်း

၂၀၁၀ မေလ (၂)ရက် နေ့တွင် ပါရှိသော “ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါးဖြင့် အများပြည်သူကို ကျွေးမွေးလှုဒါန်းခြင်း ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော သတင်းဆောင်းပါးတွင် ဦးကျော်သူအား Citizen Of Burma Award အဖွဲ့အစည်းမှ ချီးမြှင့်သော ဆုငွေ မရသေးပါ ဟု ကျွန်တော် သတင်း ရေးသားသူ Burma Paparazi မှ မှားယွင်းစွာ ဖော်ပြခဲ့မိပါသည်။ ယင်းကိစ္စအား သေချာစွာ ထပ်မံ စုံစမ်း ကြည့်သောအခါ Citizen Of Burma Award မှ တာဝန်ရှိသူများက (USA)ရှိ ဦးကျော်သူ၏ သားကြီးဖြစ်သူ ကိုပြည်သိမ်းကျော်အား ဆုငွေ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ မှားယွင်းစွာ ဖော်ပြခဲ့မိသည့်အတွက် ကျွန်တော် Burma Paparazi မှ Citizen Of Burma Award အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ကမ္ဘာအရပ်ရပ်မှ Online သတင်းပရိသတ်များ ဖြစ်ကြသော မြန်မာပြည်သူ ပြည်သား အပေါင်းတို့အား နောက်နောင် ယခုကဲ့သို့ မှားယွင်းစွာ သတင်းတင်ပြမှုများ မဖြစ်စေရပါ ဟု ကျွန်တော် Burma Paparazi မှ အနူးအညွတ် ၀န်ချ တောင်းပန်လိုက်ပါတယ် ခင်ဗျာ။

လေးစားဦးညွှတ်လျှက် ရဲရဲတောကBurma Paparazi