အသားတိုး ဒေသ ခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)
(၁) ကြက်သားဈေးနှုန်း ( မြန်မာနှင့် ကမ္ဘာ့ဈေး)
မြန်မာနိုင်ငံတွင်
စီပီကြက်သားဈေးမှာ ဖွံ့ ဖြိုးတိုးတက်ပြီးကမ္ဘာတွင် လစာနုံး
အလွန်မြင့်မားသော သြစတေးလျနိုင်ငံထက်ပင် ဈေးပိုကြိးနေသည်မှာ သဘာဝမကျ
ဖြစ်နေပါသည်။ သြစတေးလျနိုင်ငံ၏ အနိမ့်ဆုံး အလုပ်သမားလုပ်ခမှာ တစ်နာရီလျှင် ၁၈.၅- ဒေါ်လာ သတ်မှတ်ထားသောနိုင်ငံဖြစ်ပါသည် ။
သန့် ရှင်းရေးအလုပ်သမားတဦးသည်ပင် တနေ့ -၈-နာရီအလုပ်ဆင်းလျှင်ပင်
တရက်ကို..ဒေါ်လာ-၁၅ဝ - ခန့် ရသောနိုင်ငံတွင် ကြက်သားဈေးမှာ
..စတိုးဆိုင်ကြိးများတွင်ပင်.
...တစ်ကီလိုလျှင် ၃.၅ ဒေါ်လာ ခန့် ရှိရာ..တစ်ပိဿာလျှင်..မြန်မာငွေနှင့်.. ၄၂ဝဝ မှ ၅၅ဝဝ ကျပ် - ခန့် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် (ပေါင်
ဖြင့်ရောင်းသည် ) တစ်ပေါင်လျင် - ၁- ဒေါ်လာဖြစ်သဖြင့် တစ်ပိဿာ (၃.၆ ပေါင်)
ဆိုလျင် ၃.၆ ဒေါ်လာဖြစ်ပါသည်။ မြန်မာငွေဖြင့် တစ်ပိဿာလျင် ၃၄ဝဝ
-ကျပ်သာရှိပါသည်။ အမေရိကန်တွင် အနိမ့်ဆုံး လုပ်ခမှာ တစ်နာရီလျင် (၈.၅ ဒေါ်လာဖြစ်ပါသည်)။
လက်ကားဝယ်ယူလျင် တပိဿာလျှင် ကျပ် ၂၅ဝဝ- ခန့်သာလျှင်ရှိ၏။
တနည်း အော်ဇီမှ အလုပ်ကြမ်းသမားတဥိးတနေ့ ဝင်ငွေဖြင့် ကြက် ပိသာ...၅ဝ
- ခန့် ဝယ်နို်င်ပါသည်။ မြန်မာပြည်တွင်မူ
အလုပ်သမားတဦး၏ ဝင်ငွေဖြင့်ဆိုလျှင်..ကြက်..ပိဿာတစ်ဝက်ခန့် သာဝယ်ယူနို်င်ပါမည်။ တခုခုတော့လွှဲချော်နေပါသည်။
အလုပ်သမားခ အလွန်ဈေးကြိးပြီး မွေးမြူရေးကုန်ကြမ်းဈေးကြီးသော နိုင်ငံတွင်
ကြက်သားဈေးနိမ့်နေပြီး အလုပ်သမားခနှင့် မွေးမြူရေးကုန်ကြမ်းဈေး
အလွန်နိမ့်သော နိုင်ငံတွင် ကြက်သားဈေးမြင့်နေတာကတော့ အဖြေရှာလို
့ရနိုင်မယ်ထင်ပါတယ်။ ကြက်သားဈေးကို ချနိုင်ရပါမည်။
ကြက်သားဈေးမချနိုင်ဘဲ အစိုးရမှ အဟာရပြည့်ဝဖို့  ပြောဆိုနေခြင်းမှာ
အိတ်ပေါက်နင့် ဖါးကောက်နေခြင်းသာ ဖြစ်ပါမည်။ အစိုးရသည် အမှန်တကယ်
ကြက်သားဈေးချလိုလျင် မခက်ခဲလှပါ။
IF THERE IS A WILL, THERE IS A
WAY. ဆန္ဒရှိက နည်းလမ်းရ ဆိုသကဲ့သို့ပင်။ သမ္မတကြီး ပြောနေကြ
လူထုအတွက်အဓိကထား စဉ်းစားမည်ဆိုလျှင် အခြေခံစားကုန်လဲဖြစ်
မြန်မာလူငယ်များခန္ဓာကိုယ်ဖွံ့ ဖြိုးရန် အဓိကကျသောအသားဓါတ်
ကြက်သားဈေးကို အများစားသုံးနို်င်သောဈေး
လူအများစုအခြေခံလစာနင့်သင့်မျှသောဈေးသို့ ချပေးရန် စဉ်းစားကြရပါမည်။
(၂) ကြက်သားဈေး ကျဆင်းရေးစီမံချက် (ဒေသခံကြက်မွေးမြူရေးစီမံချက်)
လယ်သမားများကို
တပိုင်တနိုင် ကြက်မွေးမြူနို်င်အောင် NGO အဖွဲ့ အစည်းများမှ
ပံ့ပိုးကူညီနိုင်လျှင် ကြက်သားအထွက်တိုးလာပြီး
ကြက်သားဈေး ကျဆင်းလာနိုင်ပါသည်။ သို့ အတွက်
ကြက်တပိုင်တနိုင်မွေးမြူရေး ယခုစီမံချက်ကို
တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ဒီစီမံကိန်းကို အပြည့်အစုံမရေးခင် အသားတိုးကြက်သား နင့် သဘာဝ ရွာကြက်နိုင်းယှဉ်ချက်ကို ပထမရေးလိုပါသည် ။
(၃) မိန်းမလျာဖြစ်ပွားနှုန်းနှင့် သိပ္ဗံအသားတိုး အသားများ၏ဆက်နွယ်နေမှု။
ယနေ
့အထိ ကမ္ဘာပေါ်တွင် ဆွေးနွေးခြင်းမရှိသေးသောအယူအဆ
တခုကိုလဲတင်ပြလိုပါသည် ။ မိမိ၏ ကိုယ်ပိုင်တွေးတော
ဆင်ခြင်ယူဆချက်သာဖြစ်ပြီး သိပ္ဗံနည်းကျ လက်တွေ့သုသေသန
ပြုလုပ်နိုင်စွမ်းမရှိသေးပါ။ ဘယ်ပညာရှင်များမှလဲ
ကျနော်တွေးတောယူဆချက်ကို မတွေးမိကြသေးဟု ယူဆပါသည်။
ကျနော်ဒါကိုတင်ပြလိုက်လျင် သဘောထားအမြင်မတူသူတွေကြား
ပွဲဆူကောင်းဆူသွားပါမည်။ ဒါကျနော် လေ့လာထားမိ
မြင်ထားမိတာများအပေါ်သုံးသပ်ထား
ချက်သာဖြစ်ပါကြောင်း။ စာပေပေါ်
ကဖတ်ထားတာမဟုတ်ပါ။ စာပေပေါ်မပါတာကိုရေးလျှင်၊ ပြောလျင်
ထပွဲဆူချင်ကြသူတွေ နှင့်တော့ ပြသနာ။ ပွဲဆူအောင်လုပ်သည် အပြောခံရတာလဲ
ခနခန။
ကျနော့်တွေးဆချက် ကျနော့် လေ့လာထားချက်တွေပါ။ အမြင်မတူသူတွေဆီက
အမြင်ကိုလဲ ပညာအမြင်တွေလဲ ရချင်ပါတယ်။ လူငယ်များလည်း
ဝိုင်းဝန်းသုံးသပ်လာကြမည်ဆို
လျင် အတွေးအခေါ် သုံးသပ်ချက် အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။
ကနေ့  ကမ္ဘာပေါ်တွင်၊ အထူးသဖြင့် ထိုင်းနိုင်ငံနှင့်
အနောက်နိုင်ငံကြိးတွေမှာ မိန်းမလျှာ (အခြောက်တွေ) ဟာ တနေ
့တခြားပိုမိုများပြား လာနေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မှာ
ရာခိုင်နှုန်း အတော်များနေပါပြီ။ သေသေချာချာ စဉ်းစားကြည့်ကြရအောင်
ပါ။ ဓမ္မဓိဌာန်ကျကျ တွေးကြည့်ကြရအောင်။
လူတွေမှာ မိန်းမ နှင့် ယောင်္ကျား အားလုံးတွင် ကျားဟော်မုန်း နှင့်
မဟော်မုန်း နစ်မျိုးလုံး သူ့ အချိုးနင့်သူရှိကြသည်ပင်။
ယောင်္ကျားများတွင် (မ) ဟော်မုန်းအချိုးက နည်းပြီး (ကျား) ဟော်မုန်းက
ပိုများနေပါသည်။ အလားတူပင် မိန်းမများတွင် (မ) ဟော်မုန်းက
များပြီး (ကျား) ဟော်မုန်းက နည်းပါသည်။ တကယ်တော့
ကျား-ဟော်မုန်းဆိုသည်မှာ ခန္ဓာကိုယ်ရှိ မ-ဟော်မုန်းမှတဆင့် အဆင့် ၄ -
ဆင့်တက်ပြောင်းလဲမှ ကျားဟော်မုန်းဖြစ်လာခြင်း ဖြစ်ပါသည်။ ယောက်ျားတစ်ယောက်တွင်
အထီးဟော်မုန်းနည်းပြီး အမဟော်မုန်းများခဲ့လျင် ထိုသူဟာ မိန်းမလျာ
ဖြစ်ပေတော့မည် ။ မိန်းခလေးတစ်ယောက်တွင်လည်း (အထီး) ကျားဟော်မုန်းက
ရှိသင့်သည်ထက် များနေလျင် ထိုမိန်းခလေးသည် ယောက်ျားစိတ်ပေါက်ပါတော့မည်။
တခါ ထူးဆန်းနေတာက သဘာဝတွင်ရှိနေသော အစားအစာများတွင် မ-ဟော်မုန်းက
ကုန်ကြမ်းအဖြစ် များများစားစား ရှိပါသည်။ အသီးအနှံ တွေမှာ (မ)
ဟော်မုန်းပါဝင်သောအစားအစာ များစွာရှိပါတယ် ။ ဥပမာ ပဲပိစပ်။ Cranberries
,
ကျားဟော်မုန်းကတော့ အလွန်ရှားပါး ပါသည် ။ အသီးအနှံ
များတွင်ပါဝင်ခြင်းမရှိပါ။ ပါဝင်လျင်လဲ တိရိဆန်တို့ ၏အသားမှာသာ
ပါဝင်ပါသည်။ တရုတ်လူမျိုးတွေနဲ့  အာရှလူမျိုးတချို့ ကတော့ ကျား - ကြံ့ -
ဖျံ - တောက်တဲ့ - အိမ်မြောင် စုံနေအောင် တိရိစ္ဆာန်ပေါင်းစုံကနေ
ကြံကြံဖန်ဖန် ကျားဟော်မုန်း အားကောင်းသည်ဆိုကာ စားသောက်နေကြပါတယ်။ တနည်း ကျား-ဟော်မုန်းဓါတ်ဟာ အမျိုးသားတွေအတွက် အလွန်အရေးကြီးသော အရာဖြစ်နေသည်ကတော့ ကျား၊ ကြံချို ဖျံသိုလ် တွေရဲ့ ဈေးနှုန်းက သက်သေပြနေပါပြီ။
အထူးသဖြင့်အသက်ကြိးလာလေ ကျား-ဟော်မုန်းဓါတ်ကို
ပိုမိုတန်ဖိုးပေး အလေးထားလာတတ်တာဟာ လူကြိးပိုင်းတွေအတွက်
အလွန်အရေးကြိးသောဆေးဝါး ဖြစ်နေပါသည်။ လူ့သဘာဝအရ အသက်ကြီးလာချိန်တွင်
ကာမစိတ် အားနည်းလာတတ်ကြပါသည်။ သို့သော် အချို့တွင်
ဖြစ်သင့်သည်ထက်ပိုမို အားယုတ်လာတတ်ကြပါသည်။ ပန်းသေသည့်အဆင့်အထိ တစတစ
ဆိုးလာပါတော့သည် ။
သတ္တဝါတွေမှာ ဒီလို--မ-ဟော်မုန်းကို အသီးအနှံတွေကပင် များများစားစား ရနိုင်သော်လည်း ကျား-ဟော်မုန်းကတော့ ရှားပါးနေပါတယ်။ အထီး-သတ္တဝါတွေဆီမှသာ ရနိုင်ပါသည်။ တခါ
ယခုခေတ်တွင် အထီးသတ္တ၀ါကနေ ရယူရန်ကလဲ ဥပမာ အသားတိုးကြက်က
အထီးတော့ အထီးပါဘဲ။ ဂန်ဒူးဖြစ်နေတာက ပြသနာပါ။ အသားတိုးရန်နှင့်
အသားနူးညံ့နေရန် မဟော်မုန်းနင့် သိပ္ဗံနည်းဖြင့်
မျိုးဆက်ကိုပြုပြင်ယူလာသော အသားများဖြစ်နေပါသည်။
ထိုကြောင့် အသားတိုး ကြက်သားမှာ
အသားများပြီး နုးညံ့ နေပါသည်။ ယောင်္ကျားတစ်ယောက် အသားနှင့်
မိန်းမတစ်ယောက်အသား ကွာခြားသလို သဘာဝ ဟော်မုန်းအပြည့်ပါဝင်သော
တောကြက်သားနင့် မွေးမြူရေးကြက်သား နုးညံ့မှု အသားပါဝင်မှု ကွားခြားသလို
ကွာခြားနေပါသည်။ မွေးမြူရေး သိပ္ပံကြက်ကိုစားလျှင်
ကျနော်ပြောနေတာလေး မျက်စေ့ထဲ မြင်မိစေချင်ပါသည်။
မွေးမြူရေးအသားများများ စားလျင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမည်လဲ။
ကျားဟော်မုန်းတွေ စားမိနေတာလား မဟော်မုန်းတွေ စားမိနေတာလား
မိမိဖါသာစဉ်းစားကြည့်ကြပါ။
တခုမေးစရာရှိလာပါသည်။
သက်သတ်လွတ်စားသူတွေ ဘာကြောင့် မိန်းမရှာမဖြစ်သလဲ။ ဟုတ်ကဲ့။ သူတို့က သိပ္ပံအသားကို မစားတော့ မဟော်မုန်းထိတွေ့ မှု မရှိပါဘူး။
သဘာဝအပြောင်းအလဲ မရှိတော့ပါ။
(၄) ကြက်အထီးများ၏ ဟော်မုန်း ခန့် မှန်းကြည့်ခြင်း..
ဘာလို့ အသားတိုးကြက်ကို ဂန်ဒူးလို့ ပြောရပါသလဲဆိုတာကို ကြည့်ရအော
င်
၊ သဘာဝ( ရွာကြက် ၊ တိုက်ကြက်) ကြက်ငယ်လေးတွေ အသက် ၃-ပတ်သား မှ တလ
သို့ မဟုတ် ၂-လသားအရွယ်လေးတွေကို လူတဦးက မိမိလက်မှာ
ဝါဂွမ်းလုံးလေးတခုသော်၎င်း...
ကြက်အရုပ်လေးသော်၎င်း ကိုင်ပြီး
ခွပ်သလိုပုံစံနဲ့  ကြက်ကလေးတွေကို တို့ လိုက်လျင် ကြက်အမလေးတွေက
ကျိကျိ နဲ့  အသံပေးပြီး ထွက်ပြေးတတ်ပြီး ကြက်အထီးလေးတွေက ရင်ကော့တက်လာပြီး
ခွပ်ဖို့ လုပ်ပြတတ်ကြပါတယ်။ သဘာဝအရ တိုက်ကြက်ပေါက် လေးတွေဟာ
အချင်းချင်းသွေးတွေ ထွက်အောင်မကြာခန ခွပ်နေတတ်ကြပါတယ်။
အထူးသဖြင့်တိုက်ကြက်များမှာ ကျားဟော်မုန်းများတတ်တော့
ပိုသိသာပါတယ်။ အသားတိုး သိပ္ပံကြက်ကလေးတွေကို တို့လိုက်ရင်တော့
(အထီး နင့် အမ အားလုံး) ဟာ
ဂန်ဒူး သတ္တိပြကြတော့တာပါဘဲ။
အကုန် ထွက်ပြေးကြတော့တာပါဘဲ။ အသားတိုးကြက်တွေမှာ အချင်းချင်းခွပ်တာ
တစ်ကြိမ်တစ်ခါမှ မရှိပါ။
တခါ ဒီအသားတိုး ကြက်အထီးကို ကြီးအောင်မွေးထားရင် ကောင်းကောင်း မတွန်တတ်ဘူး။ ကြက်မကိုလဲ မလိုက်တတ်ဘူး။ ဒီတော့ ဂန်ဒူးပြောတာ မလွန်ပါဘူး။
ဒီလိုဂန်ဒူးစိတ်ရှိနေတဲ့ အကောင်တွေရဲ့  အသားကိုချည်းဘဲ စားနေမယ်ဆိုလျင် ရေရှည်မှာ မိန်းမရှာ စိတ်ပေါက်နိုင်မယ်လို့ယူဆမိတာပါ။ ယူဆချက်ပါ။
(၅) ဒါဆိုလျင်
သိပ္ပံအသားတိုးတွေကို မိန်းခလေးတွေ များများစားလျှင်
အန္တရာယ်မရှိဘူးပေါ့လို့  ပြောနိုင်ပါသလား။ ကျနော့်
သုသေသနတော့ မလုပ်နိုင်ခဲ့ပါ။ ဒါပေမယ့် အသိမိတ်ဆွေမိသားစု နှစ်ခုမှာတော့ သိပ္ဗံအသားတိုး ကြက်သားအစားများသူ မိန်ခလေးနှစ် ယောက်
(မိဘတွေက အလိုလိုက်ပြီး ကြက်ကင်တွေ ဝယ်ကျွေးတာများသွား၏)။
ထိုမိန်းခလေးနှစ်ဦးသည် အသက်အရွယ်တူ အခြားမိန်းခလေးများထက်
ခန္ဓာကိုယ်အရွယ်ကြီးပြီး လေးတန်းမှာပင် ရင်သားတွေ ကြီးထွားနေပါသည်။
တစ်ဦးက လေးတန်းနှစ် အလယ်မှာပင်( အသက် ၉ -နစ်အရွယ် ) ရာသီသွေးစပေါ်ပါသည်။
တဦးက ငါးတန်း ( အသက် ၁ဝ -နှစ်မှာ ) ရာသီစပေါ်ပါသည်။
၉ -နစ်မှာ ရာသီစပေါ်ခဲ့သူသည် အသက် ၁၃ - နှစ်အရွယ်တွင်
လိင်ကိစ္စသောင်းကျန်းတဲ့ သတင်း ကြားရပါတော့သည်။
အိမ်ပြုသင့်သော အရွယ်မရောက်မှီ အိမ်ထောင်ရှိ လူကြီးတစ်ယောက်နင့် ဖေါက်ပြားနေပါတော့သည်။ လိင်စိတ်ဖေါက်လာလျှင် မိဘစကားနာမထောင်နိုင် ကမူးရှုးထိုး ရမ်းပါတော့သည်။ ၁ဝ -နှစ်မှာ ရာသီသွေးစပေါ်သူ၏ သတင်းအစအန မရပါ။ အဆက်အသွယ် ပြတ်သွားပါသည်။ သတိထားရန်ပါ။
(၆) ကျား-ဟော်မုန်းကို သဘာဝအရလူခန္ဒာကိုယ်ကလဲ ချက်လုပ်နေပါတယ်။
သို့သော် ကုန်ကြမ်းလိုအပ်ပါတယ်။ ကုန်ကြမ်းပိုရနိုင်တော့
ပိုအဆင်ပြေ ပိုအားကောင်းနို်င်တာပေါ့။ ဥပမာ
ဗိုက်တာမင်အားဆေးတွေကို လူ့ ခန္ဒာကိုယ်က သဘာဝအရ ချက်လုပ်နေတာပါဘဲ။
သို့သော် မလုံလောက်ပါဘူးဆိုပြီး သိပ္ဗ့ပညာရှင်တွေ ဆရာဝန်တွေက
ဗိုက်တာမင်အားဆေးတွေ (Vitamins & Minerals) စားဖို
့တိုက်တွန်းနေကြပြီး ကျား-ဟော်မုန်းဓါတ်အတွက် သဘာဝကုန်ကြမ်း ချို
့ယွင်းနေမှုကိုတော့ မစဉ်းကြသေးတာပါဘဲ။ ဆရာဝန်တွေ သိပ္ဗံပညာရှင်တွေကို
စဉ်းစားကြဖို့ ကျနော်တိုက်တွန်းလိုပါတယ်။
ထိုင်းမှာ အသားတိုးကြက်အစားများလို့  အခြောက်နိုင်ငံဘက်ကို တက်လှမ်းနေပါပြီ
။ ကျနော်တို့ နိုင်ငံမှာ ကျေးလက်တောရွာတွေမှာ
အခြောက်မရှိသလောက် နည်းပါး၏။ တောရွာတွေမှာ သဘာဝအကောင်တွေကို မွေး ၊
ပစ်ခတ်စားနေကြရတော့ ကျားဟော်မုန်း ပြည့်ပြည့်ဝဝ ရနေပါသည်။ အထူးသဖြင့်
တောင်တန်းဒေသတွေမှာ အခြောက်အလွန်ရှားပါသည် ။
ယနေ
့ကာလတွင် ကာမကိစ္စအားနည်းတာကို Viagra ကဲ့သို
့ကာမနိုးကြွစေတဲ့ ဆေးတွေတော့ တီထွင်ဖေါ်ထုတ်လာကြ၏။ အသက်ငယ်ရွယ်သူတွေ
ဒီဆေးတွေသုံးစွဲလျှင် အသက် ၄ဝ ဝန်းကျင်မှာပင် ဒီဆေးမစားရလျှင်
ကာမစိတ်မလာတော့တဲ့ ဆိုးကျိုးတွေ အများကြုံတွေ့ နေကြရပါသည်။
သတိထားကြရန်ပါ။ ဒီဆေးပေါ်လာတာ နှစ် ၂ဝ ခန့် ဘဲရှိသေးသည်။ ဆိုးကျိုးတွေ
ကကြောက်စရာ။
အခုခေတ်မှာ အထက်ပါနိုင်ငံကြီးတွေမှာ သဘာဝကြက် (ရိုးရာတောကြက်)
ကို လုံးဝ မရနိုင်တော့ပါ။ အသားတိုးကြက် အသားတိုးဝက်တွေသာ
ရနိုင်ပါတော့သည်။ ကြက်ဥဆိုရင်လဲ အခုခေတ်မှာ လေဥ (အထီးနဲ့ အမ -
စပ်ယှက်ပြီး သန္ဓေအောင်ထားတဲ့ဥ) ဆိုတာ ဈေးမှာ လုံးဝ မရနိုင်တော့ပါ။
တောကြက်ဥနှင့် သိပ္ပံကြက်ဥ နှစ်မျိုးကို ယှဉ်စားကြည့်ကြပါဦး။
အရသာမည်မျှကွာခြားသည်ကို လူတိုင်းလက်ခံကြပါမည်။
(၇) တခါ အသားတိုးကြက်ကိုလေ့လာကြည့်လိုက်ရင်
သူက
သဘာဝလွန်ပြီး ရက်ပိုင်းအတွင်း အမြန်ကြီးထွားလာတဲ့ အမျိုးအစား။
ဒီတော့အသားက ပွစေ့စေ့ ။ ကြက်အထီးရောအမပါ ရန်ကိုရင်ဆိုင်ရဲ
သောသတ္တိစိတ်မရှိကြဘူး။ ကြက်ပွပွကြီး အကောင်သာကြိးတယ် မခွပ်ရဲကြဘူး။
တနည်း ကြက်ဂန်ဒူးတွေ။ အထီးဟော်မုန်းနည်းတဲ့ ကြက်အခြောက်တွေ။
တခါ သဘာဝမှာကိုက တိရိစ္ဆာန်တွေ ကြိးထွားမြန်အောင် မဟော်မုန်းကို ကျွေးတာများပါတယ်။ ဒီအသားတိုးတွေက ဒီလိုဟော်မုန်းတွေနဲ့  ပြုပြင်မျိုးစပ်ယူထားတာတွေပါ ။
လူတွေက ဒီလိုကြက်ဂန်ဒူးတွေဘဲစားကြရတော
့ မ-ဟော်မုန်းကို ပိုများများစားနေတဲ့ သဘောရောက်နေပြီး ကျား-ဟော်မုန်း မစားရသလောက် ဖြစ်နေကြပါတော့တယ်။ ရေရှည်မှာ အကျိုးသက်ရောက်နိုင်မလား..မသက်
ဘူးလား စဉ်းစားကြပါ။ အကျိုးမသက်ရောက်ဘူး ဆိုရင်တော
င်
ကျနော့်မြေးမြစ်တွေကိုတော့ အသားပွပွ ဂန်ဒူးစိတ် မိန်းမရှာကြက်တော့
ဖြစ်နို်င်ရင် မကျွေးချင်ပါဘူး။ မတော်ဂန်ဒူးဖြစ်သွားရင်
ရင်ကျိုးရချည့်ရဲ့ ။ အမေရိကန်မှာ သိပ္ပံ အသားတွေအစားများပီး
လူခန္ဓာကိုယ်ကြီးတွေ ကြီးထွားလာပြီး သွေးတိုး နှလုံး စတဲ့ ရောဂါတွေက
အများကြီး တိုးလာပါတော့တယ်။
နောက်တချက်က ဒီလိုဂန်ဒူးကြက်တွေရဲ့ အရသာက သဘာဝတော့ကြက် (
ရွာကြက်. .အော်ဂဲနစ်ကြက်) လောက်အရသာမရှိပါဘူး။ အရသာ-သာလွန်မှုက
တောကြက်ကို ဈေးပိုပေးရမှုက သက်သေပြ စကားပြောနေပါတယ်။
ကြက်သားဈေး ထိန်းချုပ်ရေး ဈေးနှုန်းချရေး လူမှုစီမံချက်။
တခါ မြန်မာနိုင်ငံမှာ
အထက်ကတင်ပြခဲ့သလိုဘဲ ကြက်သားဈေးကြိးနေတာကို ဈေးချနိုင်ဖို့ 
လူအများစု ပါဝင်နိုင်သော၊ အထူးသဖြင့် ကျေးလက် တောင်သူလယ်သမားတွေ
ပါဝင်နိုင်သော ကြက်မွေးမြူရေး စီမံချက်ကို လက်တွေ
့အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် ကြက်သားဈေးကျလာပြီး လူအများစု
ကြက်ဥကြက်သား ပိုမိုတိုးစားလာ
နိုင်ရင် တနေ
့တခြားလူကိုယ်ထည် သေးငယ်လာသော ကျနော်တို့ မြန်မာတွေရဲ့ အရပ်အမောင်းတွေ
ပြန်လည် တိုးတက်လာစေမှာကတော့ ငြင်းစရာမလိုသော သိပ္ပံတွေ့ ရှိချက်တွေ
ညွှန်ပြထားပြီးပါပြီ။
သို့အတွက် ကျနော်သည် လက်တွေ့ ဖေါ်ဆောင်နိုင်သော ယခုစီမံချက်ကို တင်ပြလိုက်ရပါသည်။
ဒေသခံ ဥစား အသားစား- ကြက်စီမံကိန်း
(ဆက်လက် ဖေါ်ပြပါမည်)
အားလုံးကို လေးစားလျှက်
လှိုင်မြင့်