ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...


တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...

ယနေ့ထုတ် သတင်းစာအချို့နဲ့ ဂျာနယ်အချို့မှာ ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိတဲ့
စာနယ်ဇင်းလောကမှ စုန်းပြူးများအား ဖယ်ရှားပေးနိုင်ပါရန် တင်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးဆန်းဆင့်မှ တိုင်ကြားခဲ့သူ "မီဒီယာလောကသားတစ်ဦး" ဆိုသူအား ရှာဖွေ ဖော်ထုတ်တရားစွဲမည်ဟု ဖော်ပြပါရှိသည်..။

မနေ့က သတင်းစာရှင်းလင်းပွဲသို့လည်း ဒီမိုဝေယံဟု By name ဖြင့် ဖိတ်စာပေးပို့သည်ဟုလည်း သိရသည်။ ဝန်ကြီးအနေဖြင့် မိမိသည် စာနယ်ဇင်းသမား၊ မီဒီယာသမား၊ အသံလွှင့်ဋ္ဌာနမှ သတင်းထောက်တဦးဟု ထင်မြင်၍ ဖိတ်စာပေး ခေါ်ယူသည်ဟု ယူဆမိသည်..။ မိမိဘလော့ဂ် ဖေ့စ်ဘွတ်သည် ထိုမျှလောက် ဖြေရှင်းခေါ်ယူရသည့် အနေအထား အထိရောက်ရှိ နေသလားဟု မိမိကိုယ်တိုင်ပင် မသိဖြစ်မိသည်။

ဒီမိုဝေယံမှ တိုင်ကြားစာများအား အများသူငှာ သိစေရန် တတ်နိုင်သ၍ ဖော်ပြပေးလျှက်ရှိပါသည်...။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်သည် သတင်းစာလည်း မဟုတ် ဂျာနယ်လည်းမဟုတ် ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ RFA ကဲ့သို့ အသံလွှင့် မီဒီယာလည်း မဟုတ်သည့် အတွက် အဆိုပါ တိုင်ကြားစာအား ထိုမျှလောက် ရေးကြီးခွင်ကျယ် ဖြေရှင်းစရာ မဟုတ်ဟု ယူဆမိသည်။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်တို့တွင် ဖော်ပြပါရှိသော တိုင်ကြားစာ၊ ပေးစာများအား
ကိုယ်နဲ့ ဆိုင်မှ ဖြေရှင်းမယ် မဆိုင်ရင် အနေသာ ဆိုသလိုတော့ မဖြစ်စေလိုပါ..။

မိမိဘလော့ဂ်မှာ တင်သည့် တိုင်ကြားစာများအား ယခုကဲ့သို့
အရေးတယူရှိသည် ဆိုလျှင် ယခင်၊ ယခင်က ပြည်သူများမှ တိုင်ကြားလာတဲ့ တိုင်ကြားစာများအားလည်း အရေးယူပေးဖို့ တောင်းဆိုအပ်ပေသည်။

ဒီမိုဝေယံသို့ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလာသည့် ပြည်တွင်းဂျာနယ် တခုအား အင်တာဗျူးဖြေဆိုပြီး ဖြစ်ပါကြောင်းနဲ့ ပြည်သူများ၏ တိုင်ကြားစာများအား အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း။

ဒီမိုဝေယံ