ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..


ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..

ပရဟိတဆိုရာ၌ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အတွက် ကိုယ်ကျိုးအတ္တ မပါဘဲ အများ အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ဒါနသီလ စွမ်းတို့ဖြင့် အနစ်နာခံ ပေးဆပ်မှုပင်ဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးတို့အပြင် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအား ပေးဆပ်နေကြသော လူမှုရေးမျိုးဆက်သစ် မောင်မယ်များ၏ အင်အားတို့ဖြင့် ထူထောင်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ မြန်မာပြည်သူလူထုတို့၏ လိုအပ်ချက်များအား နိုင်သလောက် ဖြည့်ဆည်းပေးနေသော ပရဟိတအသင်းအဖွဲ့လည်း ဖြစ်ပေသည်။

မြန်မာပြည်တွင်း ဗြဟ္မစိုရ်တရားများ ပြန့်ပွားရေးအတွက်၎င်း၊ ပရဟိတစိတ်ဓါတ်များ မြှင့်တင်နိုင် ရေးအတွက်၎င်း၊ မြန်မာပြည်တွင်းရှိ ပရဟိတအသင်းအဖွဲ့များ ဆုံဆည်းရာနေရာ တစ်ခုအဖြစ်၎င်း၊ သာသ နာတော် အဓွန့်ရှည်ရေးအတွက်၎င်း ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ပြည် မြို့ တဖက်ကမ်း ရွှေဘုံသာမုနိဘုရားအလွန် တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် “မဟာပဏီတ ပရ ဟိတအောင်တော်မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်မြို့ ကြည်သာအေးမြ ဆရာတော် ဦးစီးကာ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

“မဟာပဏီတ ပရဟိတအောင်တော် မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်တွင်း/ပမှ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု ကြ သော အလှူ့ရှင်အပေါင်းတို့၏ ငွေကြေးအလှူ၊ ရတနာရွှေငွေအလှူ၊ ဘုရားတည်ဆောက်ရန်အတွက် စက် ယန္တရားအလှူရှင်များအပြင် လုပ်အားဒါနလာရောက် လှူဒါန်းကြသော ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ လာရောက်၍ လှူဒါန်းစိုက်ပျိုးသည့် အလှူရှင်များတို့အပြင် တည်ဆောက်ရေးတွင် အဓိကကျသော အုတ်၊ သဲ၊ ကျောက်တို့အား သယ်ပိုးပေးခြင်းတို့ဖြင့် ကုသိုလ် ယူကြသော ပရဟိတသမားများ (သို့) ဘုရားချစ်သောသူများတို့၏ စေတနာ၊ မေတ္တာ၊ အသွေးအသားတို့ အားလည်း အထူးကျေးဇူးတင်ရှိကာ သာဓု ခေါ်ဆိုအပ်ပါသည်။

၃.၈.၂ဝ၁၄ (တနင်္လာနေ့) နံနက် (၃းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန် ကုန်) ရုံးချုပ်မှ အသင်းသား/သူများ အယောက် (၄ဝ) ဦးတို့သည် ပြည်မြို့ တဖက်ကမ်းရှိ “မဟာပဏီတ ပရဟိတ အောင်တော်မူစေတီတော်မြတ်” သို့ ထွက်ခွာခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်၍ စည်း လုံးညီညွတ် ပျော်ရွှင်စွာဖြင့် လုပ်အားဒါနများ ထမ်းရွက်ခဲ့ကြသည်။ ထို့နောက် ပြည်မြို့ “မိုးမေတ္တာ” နာရေး ကူညီမှုအသင်း(ပြည်) ရုံးအနီးရှိ “ယဉ်ပေါင်စာ ဘုန်းတော်ကြီးကျောင်းတိုက်” ၌ ခေတ္တနားနေခဲ့ပြီး ညနေ (၃းဝဝ) နာရီအချိန်တွင် ဒုတိယအကြိမ်မြောက် ပရဟိတချွေး နဖူးမှ ပရဟိတကုန်းမြေသို့ ကျသည်အထိ လုပ်အားဒါန ပေးဆပ်ခဲ့ကြပြန်သည်။

ထိုသို့ ပရဟိတစိတ်ဓါတ်၊ ဗြဟ္မစိုရ်စိတ်ဓါတ်တို့ဖြင့် သာသနာအတွက် ထမ်းရွက်ခဲ့ကြသော မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များသည် လူမျိုးဘာသာ အလွှာပေါင်းစုံပါဝင်ခဲ့ သည့်အတွက် များစွာပီတိဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည်လည်း တစ်ချိန်က သင်္ကန်းဝတ်ဖြင့် ရခိုင်ပြည် နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်များသို့ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် တစ်လတိတိ လိုက်ပါခဲ့ရာ တွင် ဆရာတော်ကြီး၏ တရားရိပ်သာ ဆောက်လုပ်မှုလုပ်ငန်းခွင်တွင် လှူဒါန်းရန်အတွက် ငွေကြေးလုံ လောက်စွာ မပါရှိခဲ့သော်ငြားလည်း စိတ်ဓါတ်မကျဘဲ သင်္ကန်းအား ခါးတောင်ကျိုက်၍ အုတ်များ၊ သဲများ သယ်ဆောင် ကုသိုလ်ယူခဲ့ဖူးသည်။

ထိုကဲ့သို့ ယူခွင့်ရလိုက်သည့် ကုသိုလ်သည် အမြင့်မြတ်ဆုံးကုသိုလ်တ ရားဖြစ်ကြောင်း ဆရာတော်ကြီးမှ မိန့်မှာခဲ့ဖူးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားတည် သာသ နာပြုရန်အတွက် လုပ်အားဒါနများ လာရောက်ပေးခဲ့သည့် မျိုးဆက်သစ်မောင်မယ်များသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် သူတို့၏ ချွေးနည်းစာလေးများ၊ မုန့်ဖိုးများအားစုပေါင်း၍ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်” အတွက် အလှူငွေကျပ် (၁) သိန်းအားလည်း လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် နဖူးမှကျသော ချွေး၊ မြေကျသည်အထိ ပေးဆပ်ခဲ့ကြသော ကျွန်တော့်၏ ပရဟိတမျိုးဆက်သစ် မောင်မယ်များတို့အား သာသနာတော်စောင့် နတ်မင်းကြီးများ၊ ကိုယ်စောင့်နတ်မင်းများ၊ မဟာပထဝီမြေ ကြီးစောင့် နတ်မင်းများနှင့်အတူ ကျွန်တော် နှလုံးသားထဲမှ နှစ်နှစ်ကာကာ သာဓု .. သာဓု .. သာဓု ခေါ်ဆို လိုက်ရပါသည်။

(အနယ်နယ် အရပ်ရပ်ရှိ လုပ်အားဒါနပြုလိုသူများနှင့် အလှူငွေများ လှူဒါန်းလိုသော အလှူရှင်များအား လည်း နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါသည်။ လုပ်အားဒါနပြုကြသူများနှင့် အလှူ့ရှင် အလှူ့မများအတွက် မုဒိတာပွားများ သာဓု ခေါ်ဆိုနိုင်ရန်အတွက် “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်”နှင့် နဂါးရုံဘုရား တည်ထားမှုပြီးစီးနေသည့် အခြေအနေပုံရိပ်များအားလည်း ပူးတွဲတင်ပြလိုက်ရပါသည်။)

ပွင့်လင်းမြင်သာမူ မရှိသော ည အိပ်ခွန် ကိစ္စ (ပေးစာ)

ပွင့်လင်းမြင်သာမူ မရှိသော ည အိပ်ခွန် ကိစ္စ (ပေးစာ)

ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် တွင် 30.7.2014 ည အချိန် တွင်
ကြည့်မြင်တိုင် မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေး မှူး ရုံး မှ ဝန်ထမ်း
များမှ အိမ်ရှေ့ လမ်းမ များပေါ်တွင် ညအိပ် ရပ်ထားသော ကားများရဲ့ ရှေ့ မှန်များပေါ်တွင် ညအိပ်
ရပ်ထားခြင်းနှင့် ပတ်သက်သော သတိပေး စာများလာရောက် ကပ်ထားကြောင်းသိရပါ
သည်။

ထို့ကြောင့် ကားပိုင်ရှင် များ သည် ၎င်းတို့ ချိန်းထားသော အချိန်တွင် သွားရောက်
ကြသည့် အခါ ညအိပ်ခွန် နှင့် ပတ်သက်သည့် တာဝန် ကိုယူထား သော ဝန်ထမ်းဆိုသူက
ညအိပ်ခွန် မပြုလုပ်ထားသူများအား ဒဏ် ငွေ အပါ အဝင် ကဒ် တစ်ခုကို တစ်ကတ်
ကို ၈ ထောင် ၊ ၇ ထောင် ၊ ၆ ထောင် စသည်ဖြင့် တောင်းပါသည်။ ကဒ်သာပေး ပြီး
မည်သည့် လက်ခံ ဖြတ်ပိုင်းမှ ပေး ဆောင်ခြင်း မရှိကြောင်း ကား ပိုင်ရှင်
များထံမှ သိရပါသည်။

ထို ကိစ္စ သည် နှစ်စဉ် နှစ်တိုင်း မြို့နယ် စည်ပင်သာယာ ရေး ရုံးတိုင်း ရဲ့
လုပ်စားကွက် များ ဖြစ်ကြောင်း သိရပါသည်။ ထို လုပ်ဆောင်ချက်များ သည် နိုင်ငံတော် အတွက် မည်သည့် အကျိုး မှ မရှိ သလို ကား ပိုင်ရှင် များ အတွက် လည်း အချိန် ကုန် ငွေကုန်ပါသည်၊
ကား ပိုင်ရှင်များရဲ့ ဒဏ် ငွေ သည် နိုင်ငံတော် နှင့် ပြည်သူများ အတွက်ပြန်လည်ဖြစ်
သင့်ပါသည်။

သို့ပါသော်လည်း မြို့နယ် စည်ပင်သာယာရေး ရုံး များ အတွက် ဂွင်လုပ်စားကွက်များ အဖြစ် ပေါများ တဲ့ဝင်ငွေ များဖြစ် နေသည်ကို နိုင်ငံတော် အကြီး အကဲများ သိစေချင်ပါသည်။

ထိုအတူ ယာဉ်စည်းကမ်း မလိုက်နာသည့် ကားမောင်းသူများ အား ဒဏ်ငွေ များစွာ ရိုက်ခြင်း၊
ကား လိုင်စင် နှစ် ရှည် ပိတ် သိမ်းခြင်း များသည် လည်း ပွင့်လင်းမြင်သာမှု ရှိစေရန် အများပြည်သူ သိသာရန်နှင့် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာမှ ဖော်ပြပေးပါရန် ဒီမိုဝေယံမှ တဆင့် အသိ ပေးအပ်ပါသည်၊

ကြည့်၍ မြင်၍ တိုင်သည့် ကြည့်မြင်တိုင်သား

တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် (ပေးစာ)

တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် (ပေးစာ)

 တောင်ကြီးမြို့ အဝင် ရှုခင်းသာ ပန်းခြံအတွင်းမှ သစ်သားကြိုးတံတားသည် တောင်ကြီးမြို့၏ ဂုဏ်ဆောင် ကြိုးတံတားဖြစ်သလို ရုပ်ရှင် ဗီဒီယို၊ မြင်ကွင်းများ ရိုက်ကူးရာတွင် အနယ်နယ် အရပ်ရပ်မှ မြင်တွေ့နေကြ ဖြစ်သည့်အတွက် မြို့ဂုဏ်ဆောင် ကြိုးတံတားကြီး အဖြစ် ရပ်တည်နေပေသည်...။ တောင်ကြီးမြို့သို့ အနယ်နယ် အရပ်ရပ်မှ အလည်အပတ် လာရောက်သူများ အနေဖြင့် ဤကြိုးတံတားပေါ်သို့ မရောက်ရောက်အောင် အလည်ပတ် သွားရောက် လေ့လာ အမှတ်တရ ဓာတ်ပုံ မှတ်တမ်းများ သွားရောက် ရိုက်ကူးကြလေသည်။

သို့သော်လည်း ယနေ့ အချိန်အခါတွင် ကြိုးတံတားပေါ်ရှိ သစ်သား ကြမ်းခင်းများမှာ ဆွေးမြေ့ ပေါက်ပြဲလျှက်ရှိပြီး လာရောက်ကြည့်ရှု လည်ပတ်သူ မြို့ခံများ ပြည်တွင်း၊ ပြည်ပခရီးသွားများ၊ ကလေးငယ်များ အတွက် အင်မတန်မှ အန္တာရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိနေပေသည်။

မိုးရာသီ အကုန်တွင် ကျင်းပတော့မည့် တောင်ကြီးမြို့ အနီးဝန်ကျင်မှ ပွဲတော်များအတွင်း ရောက်ရှိလာကြမည့် အနယ်အနယ် အရပ်ရပ်မှ ခရီးသွားများ၊ ပြည်သူများ လာရောက်လည်ပတ်ပါက ဆွေးမြေ့နေသော တံတား ကြမ်းခင်းများမှာ အသက်အန္တရာယ် အတွက် စိုးရိမ်စရာပင် ဖြစ်နေသလို လက်ရှိ အခြေအနေမှာလည်း ဆွေးမြေ့ပေါက်ပြဲနေသော ..တံတားကြမ်းခင်းများအား အသစ်လဲလှယ်ကာ တံတား ကြံ့ခိုင်ရေးအတွက် သက်ဆိုင်ရာမှ ..အလျင်အမြန် ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် ကြိုတင် ကာကွယ်၊ ..ပြင်ဆင်ပေးပါရန် ဒီမိုဝေယံမှတဆင့် သက်ဆိုင်ရာအား အသိပေး အကြောင်းကြားအပ်ပါသည်။

တောင်ကြီးမြို့မှ တာဝန်သိ ပြည်သူတဦး..

U-12 Berlin International လူငယ်ဘောလုံးပြိုင်ပွဲအတွက် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦး ယနေ့ ဂျာမဏီနိုင်ငံသို့ ထွက်ခွာ..

U-12 Berlin International လူငယ်ဘောလုံးပြိုင်ပွဲအတွက် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦး ယနေ့ ဂျာမဏီနိုင်ငံသို့ ထွက်ခွာ..

ဂျာမဏီ လာမယ့် သြဂုတ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပပြုလုပ်မည့် U-12 Berlin International အသက် ၁၂နှစ်အောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင် အသင်းသား(၁၈)ဦးတွင် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံသား မိဘ(၂)ဦးမှ မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့သည် ယနေ့ လေကြောင်းခရီးဖြင့် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့သို့ ထွက်ခွာသွားကြသည်..။

နောက်ဆုံးအဆင့် အပြီးသတ် ရွေးချယ်သည့် ဂျပန်ကိုယ်စားပြု GOAL KEEPER ၅ဦးတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ (၂)ဦးစလုံး GOAL KEEPER အဖြစ် ရွေးချယ်ခံရခြင်းသည် ထူးခြားမှု ဖြစ်သည်..။ ထို့ထက်ထူးခြားမှုမှာ အဆိုပါ လူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူများမှာ ယခင် မြန်မာ့ ဘောလီဘော လက်ရွေးစဉ်နှင့် မြန်မာ့တင်းနစ် လက်ရွေးစင် အားကစားသမားများ အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ ဦးမြတ်သူမှာ (၁၉၉၁ခုနှစ်မှ ၁၉၉၇)ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ်ပါဝင်ခဲ့ပြီး မောင်သက်ရင်မျိုး၏ ဖခင်ဖြစ်သူ ဦးသက်လွင်မှာ မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံအဖြစ် (၁၉၈၀မှ ၁၉၈၉) အထိ နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည်။

ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက် အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား ၉၀၀ကျော်အတွင်း မြန်မာလူငယ် (၂)ဦးစလုံး GOAL KEEPERရွေးချယ်ခံရခြင်းဖြစ်သည်။ ယနေ့ ဂျပန်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် တိုကျိုလူငယ် လက်ရွေးစင် အသင်း(၁၈)ဦးအား ဂျပန် ဘောလုံးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ တိုကျိုလူငယ်အသင်းအား အမှာစကားများ ပြောကြားကာ မိသားစုများမှ သွားရောက် နှုတ်ဆက်ပို့ဆောင်ကြပြီး ဂျပန်လူငယ်များ၏ တချို့မိသားစုများ ဂျာမဏီနိုင်ငံအထိ လိုက်ပါ အားပေး ပို့ဆောင်ကြသည်..။
အဆိုပါ ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလက်ရွေးစဉ် အသင်းမှ လူငယ် အသင်းသားများ အနေဖြင့် ဂျာမဏီနိုင်ငံမှာ Homestay အဖြစ်တရက် နေထိုင်ရမှာ ဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့အထိ ဂျပန်နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံကဲ့သို့ အာရှဘောလုံး အင်အားကြီးနိုင်ငံမှ မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှ ဂျပန် လူငယ်လက်ရွေးစဉ် အဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။

မှတ်ချက်.... မြန်မာနိုင်ငံသား ဂျပန် တိုကျို လူငယ်လက်ရွေးစဉ် (၂)ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ မိသားစုများမှာ ဂျပန်နိုင်ငံသား အဖြစ်ခံယူထားခြင်း မရှိပဲ လူငယ် ၂ဦးမှာလည်း ဂျပန်ပတ်စပို့များ ကိုင်ဆောင်ထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံသားများ အဖြစ်သာ ရပ်တည်နေဆဲ ဖြစ်သည်။ မြန်မာသံရုံးမှ အနာဂတ် မြန်မာ့လက်ရွေးစဉ် အလားလာ ရှိသည့် လူငယ်(၂)ဦးအတွက် မြန်မာနိုင်ငံကူး လက်မှတ်များ စီစဉ်ပေးလျှင် ကောင်းလေစွဟု ထင်မြင်ယူဆမိသည်...။

ဒီမိုဝေယံ

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် 81+5176-2421 (Viber available)

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

မြန်မာနိုင်ငံမှ ပြည်သူအတွက်ဆိုလျှင် အချိန်မရွေး နေရာမရွေး မရောက်ရောက်အောင် သွားရောက် အားဖြည့် ကူညီပံ့ပိုးပေးသည့် ရွှေညဝါဆရာတော် (ဦးပညာသီဟ)နှင့် လက်ထောက်ဆရာတော် ဦးသူရိယတို့သည် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆နာရီမှာ ရောက်ရှိလာပါသည်။

သြဂုတ်လ (၁)ရက်နေ့မှ စ၍ သြဂုတ်လ(၃၁)ရက်နေ့ တိုင်အောင် ဥရောပနိုင်ငံများရှိ မြန်မာမိသားစုများအား တရားရေအေး၊ နိုင်ငံရေး၊ လူမှုရေးတရားများ ဟောကြားမှာ ဖြစ်ပြီး စက်တင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလတိုင်အောင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ သီတင်းသုံး နေထိုင်မှာ ဖြစ်ပါတယ်..။

ဂျပန်သံရုံး ဝန်ထမ်းအချို့ရဲ့ နားလည်မှု လွှဲမှားမှုနဲ့ ဗီဇာ နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရပြီး ဂျပန် ကောင်စစ်ဝန် ကိုယ်တိုင် ဗီဇာ အဆင်မပြေဖြစ်မှု အတွက် သွားရောက် လျှောက်ထားတောင်းပန် ခဲ့ရတဲ့ နာမည်ကျော် ဂျပန်ခရီးစဉ်ကတော့ အမေရိကန်နိုင်ငံမှ အပြန် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်..။ နောင်ခရီးစဉ်များမှာ ဂျပန်သံရုံးအနေနဲ့ ဆရာတော်အတွက် နှောင့်နှေးကြန့်ကြာမှု မရှိရအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိကဝက်များ ရရှိထားပြီး ဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံမှာ တရားပွဲများ စီစဉ်ထားပြီး မပြုလုပ်လိုက်ရတဲ့ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ဆွမ်းကပ်လှူမယ့် ဒကာ၊ ဒကာမများအတွက်လည်း သတင်းကောင်းပါးအပ်ပါတယ်..။

ဒီမိုဝေယံ

ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်..

ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်..

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဘုရင့်နောင်တံတား အဆင်း သမိုင်းကုန်းကျော် တံတားပေါ်မှ..
စည်းကမ်းမဲ့ မောင်းဝင်လာသည့် ကားများ၏ မြင်ကွင်း တချို့ဖြစ်သည်...။
ယနေ့ကာလ မြန်မာနိုင်ငံအတွင်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာခြင်း မရှိမှုကြောင့် သေဆုံးရသူ၊ ထိခိုက်ဒဏ်ရာရသူများ နေ့စဉ်နှင့် အမျှစိတ်မကောင်းဘွယ် မြင်တွေ့နေရသည်။

ဂျပန်နိုင်ငံ၏ နိုင်ငံကြီးသား ပီသမှုနှင့် အသက်အသေခံပြီး စည်းကမ်းလိုက်နာမှုများကို နမူနာအဖြစ် တခုပြောပြလိုသည်။ ၂၀၁၁ခုနှစ် မတ်လက ဂျပန်နိုင်ငံတွင် စုနမိရေလှိုင်းကြောင့် သေဆုံးရသူ အလောင်းများအား ပြန်လည် ရှာဖွေရာ၌ ကားများအတွင်း သေဆုံးရသူများကို အများစုတွေ့ခဲ့ကြရသည် ဟုဆိုသည်..။ ဂျပန်လူမျိုးများ၏ စည်းကမ်းရှိမှုကတော့ ကြီးမားသော စုနာမိရေလှိုင်းများ ဝင်ရောက်လာသည့် အချိန်တွင် ကားဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြသူ အများစုသည် နောက်မှ ရေလှိုင်းများ ဝင်ရောက်လာသည့် အချိန်၌ပင် ဘယ်သူသေသေ ငတေမှာ ပြီးရောဟူသော စိတ်နှလုံးကို မျက်ကွယ်ပြုပြီး အသက်ဘေး ကျရောက်နေသော တဒင်္ဂမျှတွင်ပင် ရှေ့ကားမှ နောက်ကားကို အတင်းဓမ္မ ဝရုန်းသုန်းကား ကျော်တက်ခြင်းမရှိပဲ စံနစ်တကျ တန်းစီကာ မောင်းနှင်ခဲ့ကြသည်။ နောက်ဆုံးမှ တန်းစီ လိုက်ပါလာသော ကားများမှာ စုနမိရေလှိုင်းနှင့်အတူ မျောပါကာ သေဆုံးခဲ့ကြရကြောင်း ထိုစဉ်က သွားရောက် ကူညီသူ တဦး၏ ပြောပြချက်အရ သိရှိရသည်။ (စံနစ်တကျ မောင်းနှင်ခြင်း မရှိပဲ ကျော်တက်ကျော်ခွကာ မောင်းနှင်ခဲ့ပါက ဒီထက် သေဆုံးသူများ ရှိနိုင်ပေသည်) ထိုစဉ်က အလောင်းများ ရှာဖွေရာတွင် သေဆုံးရသူများစုအား ကားများအတွင်း သေဆုံးလျှက် တွေ့ရှိခဲ့ရသည်ဟု အဆိုပါ ပုဂ္ဂိုလ်၏ ပြောပြချက် အရသိရှိရသည်။ ကမ္ဘာမီးလောင် သားကောင် ချနင်းဟူသော စကားကို ဂျပန်လူမျိုးများ စည်းကမ်းရှိမှုဖြင့် သက်သေ ပြခဲ့လေသလားပင်။

ယနေ့ မြန်မာပြည်၏ မြို့တော်ရန်ကုန်၏ ယာဉ်ကြပ်သိပ်မှု မြင်ကွင်းများနှင့် အတူ ယာဉ်စည်းကမ်း မလိုက်နာမှုနှင့် လမ်းစည်းကမ်း မလိုက်နာပဲ လမ်းဖြတ်ကူးမှု များကြောင့် တိုးပွားလာသည့် ယာဉ်များနှင့် ထိခိုက်သေဆုံး နစ်နာမှုများ အထူးများပြားလျှက် ရှိပေသည်။ မည်သည့်နိုင်ငံ မဆိုလူကူးမျဉ်းကြားမှ ကူးသူများအား အထူးအလေးထားလျှက် အရှိန်လျှော့ ရပ်တန့်ကာ မောင်းနှင် ပေးသော်လည်း မြန်မာနိုင်ငံတွင်မှာ အစဉ်အလာ မရှိဖြစ်နေသည်ကို နေ့စဉ် မြင်တွေ့နေရသည်။ ရန်ကုန်မြို့အတွင်း လူကူးမျဉ်းကြားမှ လမ်းဖြတ်ကူးသူ နိုင်ငံခြားသူတဦးမှ မြန်မာယာဉ်မောင်းများ၏ စည်းကမ်းမရှိမှု ၊ အတ္တကြီးမှုအပေါ် မချိတင်ကဲ ငြီးငြူပြောဆို မှတ်ချက် ပြုခဲ့မှုကိုလည်း ကြားသိခဲ့ရသည်။

ယခု ဓာတ်ပုံပါ သမိုင်းကုန်းကျော် တံတား အသွားတလမ်း၊ အပြန်တလမ်းပေါ်မှ အများနည်းတူ တံတားပေါ်မှ အစီစဉ်တကျ မောင်းနှင်ခြင်းမရှိပဲ သူထက်ငှာ အပြိုင် ဖြတ်ကျော် မောင်းနှင်မှုများသည် တဘက်ယာဉ်ကျောမှ လမ်းမှန် မောင်းနှင်သည့် ကားများအတွက် အင်မတန်မှ အန္တရာယ်ရှိသည့် မြင်ကွင်းတခုဖြစ်ပြီး မလိုလားအပ်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်..။

လူတဦးချင်း စိတ်ဓာတ်မြင့်မားမှ တိုင်းပြည် မြင့်မားပေမည်..။ ဂျပန်လူမျိုးများကဲ့သို့ အသက်အသေခံ စည်းကမ်းရှိရမည်ဟု မဆိုလိုပေ။ မေတ္တာတရားကို အဓိက သွန်သင်ဆုံးမသည့် တရားများ ရှိသည့် နိုင်ငံတွင် နှစ်ပေါင်းများစွာ ခေါင်ကမလုံသောကြောင့် မေတ္တာခေါင်းပါးမှု အတ္တကြီးမားမှုများ စိတ်ဓာတ်ပျက်စီးမှုများသည် လူမျိုးတမျိုးလုံး အရေးနှင့် သက်ဆိုင်လာသလို နောင်အနာဂတ် လူအဖွဲ့အစည်းအားလည်း ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပေသည်။ သက်ဆိုင်ရာများ အနေနှင့် အဆိုပါ အန္တရာယ်ရှိသော အရေးကြီးသည့် နေရာများ၌ CCTV Camera များတပ်ဆင်ကာ လိုအပ်သည့် အရေးယူမှုများအား တိတိကျကျ အရေးယူသင့်ပေသည်။

လူကိုလူလို တန်ဘိုးထားသော အုပ်ချုပ်မှုနှင့် အတူ လူ့အသက်ကို တန်ဘိုးထားသော နိုင်ငံကြီးသားများ အဖြစ် စိတ်ဓာတ်များ မြင့်တက်လာသော လူ့ဘောင် အဖွဲ့အစည်း ပေါ်ပေါက်လာရေးသည် နိုင်ငံသားတဦးခြင်း၌ တာဝန်ရှိသည်ဟု ထင်မြင်မိသည်။

ဒီမိုဝေယံ

ချစ်ကြစမ်းပါဗျာ . . . .


ချစ်ကြစမ်းပါဗျာ . . . .

ကမ္ဘာမြေပြင်ကြီးရှိ ကမ္ဘာ့လူသားများ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့ တစ်မျိုး၊ ဆင်းရဲ ချမ်းသာ၊ ပညာရှိ / ပညာမဲ့ … စသည့် အလွှာပေါင်းစုံ လူသားများ ချစ်ခင်စေချင်သည်။ လူသားအချင်းချင်း စာနာစိတ်များ မွေးဖွားစေချင်သည်။ ကြင်နာစိတ်၊ ဖေးမစိတ်တို့ မွေးဖွားစေသည်။ ဒါကြောင့် ကျွန်တော်ရဲ့ အပြင်းပြဆုံးသော ဆန္ဒတစ်ခုဖြစ်ပေသည်။

ထိုကဲ့သို့ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ … မိမိကိုယ်ကို ချစ်ကြဖို့၊ တန်ဖိုးထားဖို့၊ လေးစားဖို့က အရေးကြီး ဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှ အများကိုလည်း ချစ်နိုင်မည်ဖြစ်သည်။ အများကိုချစ်နိုင်မှ တိုင်းပြည် ကိုလည်း ချစ်ရာရောက်မည်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့အတူ လေထုညစ် ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီသြဇာခမ်းခြောက်မှု၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ ရှားပါးပျောက်ကွယ် လာမှု၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနှင့် သဘာဝတရားကို ညှဉ်းပန်းအနိုင်ကျင့်မှုများစတာတွေနဲ့ ပြည့် နှက်လို့ လာနေပါပြီ။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် “ကိုယ့်အမှိုက် … ကိုယ်ရှင်း” ဆိုပြီး အသင်းရုံးချုပ် တည်နေရာသည် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မိဘပြည်သူ အပေါင်းတို့အား ၆.၅.၂ဝ၁၄ ရက်နေ့တွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ” ဖြစ် မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ပြုလုပ်ခဲ့သလို၊ ၁၅.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ရှိ “ပုဗ္ဗဝိဒေဟဓမ္မာရုံ” တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာ ထင်လင်းဦးတို့ ဟောပြောခဲ့ပြီး ၃.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက် (တိုးချဲ့)ရှိ “စိတ္တသုခ အရုဏ် ဆွမ်းလောင်းအသင်း” နေရာ၌လည်း ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ဆရာ ထင်လင်းဦးတို့မှ ထပ်မံဟော ပြောခဲ့ကြသည်။ ၇.၆.၂ဝ၁၄ ရက်နေ့တွင် အသင်းသား/သူများတို့သည် ၄၂ ရပ်ကွက်အတွင်းရှိ မိဘပြည် သူတို့၏ နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၍ လက်ကမ်းစာရွက်များဝေငှပြီး အမှိုက်များ စွန့်ပစ် စနစ်တကျ စွန့်ပစ်ကြဖို့ ပြောကြားခဲ့သည်။

၈.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ ရပ် ကွက်၊ တိုးချဲ့အပါအဝင် ဇော်ဂျီလမ်းတစ်လျှောက်မှ စတင်ခဲ့ပြီး ၁၅.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ တိုးချဲ့ရပ်ကွက်ရှိ အေးသာယာ (၁) (၂) လမ်းရှိ အမှိုက်များအား ရပ်ကွက်တွင်းရှိ “မာဃ လုလင်” နာရေးကူညီမှုအဖွဲ့၊ ရပ်ကွက်ပြည်သူများ၊ ကလေးငယ်များတို့နှင့်လက်တွဲ၍ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန် စိတ်ပါဝင်စားကြသည့် လူမှုရေးအသင်းအဖွဲ့များပါ လာရောက်ပူးပေါင်း၍ ဝိုင်းဝန်းလုပ် ဆောင်ခဲ့ကြသည်။ အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းကြသည့်အပြင် စည်းကမ်းတကျ အ မှိုက်များ စွန့်ပစ်နိုင်ကြရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသည့် အမှိုက်ပုံးများကို ရပ်ကွက်မှ တာဝန်ရှိသူများနှင့် တိုင်ပင်၍ နေရာတကျ စီစဉ်ချမှတ်ခဲ့သည်။

အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်းတို့အား သတ်မှတ်ထားရှိသလို အပါတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့များတွင်လည်း မိမိတို့၏ အမှိုက်ပုံးများထဲမှ စနစ်တကျ စွန့်ပစ်ထားရှိသည့် အမှိုက်များတို့အား သိမ်းဆည်း၍ စွန့်ပစ်ရန်လို အပ်သည့် အမှိုက်များတို့အား သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်စေခဲ့ပြီး ပြန်လည်၍ အသုံးပြုနိုင် သည့် အမှိုက်များတို့အား စနစ်တကျ ခွဲခြမ်းထုတ်ပိုး၍ မိမိတို့နှင့် ချိတ်ဆက်ထားပြီး လာရောက်သယ်ယူ ကြသူများထံသို့ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် လုပ်ဆောင်နေကြသလို ကျွန်တော် လူမှုရေးဟောပြော ပွဲ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် မန္တလေးဘက်သို့ ရောက်ရှိနေချိန်တွင်လည်း ဦးပိန်တံတား ပတ်ဝန်းကျင်တစ် လျှောက်နှင့် မန္တလေးတောင်တော်ဝန်းကျင်ရှိ အမှိုက်များကို ကျွန်တော်နှင့် လိုက်ပါလာကြသည့် အသင်း သား/သူများတို့သည် မန္တလေးမှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြ သည်။

ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် ရပ်ကွက်တွင်းရှိ အချို့သောသူများသည် မိမိတို့အသင်းမှ လာရောက် အမှိုက်ကောက်နေကြချိန်တွင် အိမ်တွင်းအမှောင်တစ်နေရာမှ ပုန်းအောင်း၍ ချောင်းမြောင်းနေခြင်း၊ မဆိုင် သလိုနေကြခြင်း၊ အမှိုက်ကောက်ရမည်ကို ရှက်စိတ်များဖြစ်ပေါ်နေခြင်း၊ ကျွန်တော်တို့နှင့်အတူ လိုက်ပါပြီး အမှိုက်ကောက်ရန် မဝံ့မရဲဖြစ်နေကြသော်လည်း ကလေးငယ်အချို့တို့သည် အင်တိုက်အားတိုက် လုပ်ကိုင် နေကြသလို အချို့ကလေးများသည်လည်း ဆော့ကစားနေကြပြီး မိမိတို့နှင့် မဆိုင်သလို နေထိုင်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။

ထိုအခါ မိမိတို့အသင်းသို့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက် လေ့လာကြသော ဟောင်ကောင်နိုင်ငံရှိ ကျောင်းသူလေးများ၏ ဆန္ဒအလျောက် လိုက်ပါပြီး ကျွန်တော်တို့ အဖွဲ့နှင့် ပူးပေါင်းကာ ပျော်ရွှင်စွာဖြင့် အမှိုက်များကို လိုက်လံကောက်ယူ လုပ်အားပေးမှုများကိုလည်း ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ရှက်စိတ်ဖြစ်နေသောသူများ၊ မဝံ့မရဲဖြစ်သောသူများနှင့် မိမိတို့နှင့် မဆိုင်သလို ဖြစ်နေသူများအပြင် မိမိတို့နှင့် ပူးပေါင်း၍ အမှိုက်ကောက်ရန် ဇဝေဇဝါဖြစ်နေသူများတို့အား အတွင်းရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ “ကိုရီးယားကား ကြိုက်ကြသလား။” ဟု မေးလိုက်သောအခါ “ဟာ .. ကြိုက်တာပေါ့။” ဟု ပြန်လည်ဖြေဆိုကြသည်။ ဆက်လက်၍ “အေး .. ကိုရီးယားနိုင်ငံလို ကမ္ဘာ ပေါ်မှာ အဆင့်အတန်းမြင့်မားပြီး သန့်ရှင်းသာယာလှပတဲ့ ဟောင်ကောင်နိုင်ငံက မိန်းကလေးတွေက တောင် အမှိုက်လာပြီး ကောက်နေကြပြီ၊ ကလေးတို့ကလည်း ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား။” ဟု ပြောကြားလိုက်သောအခါ ထို လူငယ်/ရွယ်များနှင့် ကလေးငယ်များပါ မိမိတို့နှင့် ပူးပေါင်း၍ တတ်ကြွစွာ ကောက်ယူသည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းအချို့ မိသားစု များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ သာကူ၊ မုန့်လုံးကြီး၊ ကော်ဖီ စသည့် အာဟာရဒါနအဖြစ် လုပ်အားပေးသူများတို့အား ကျွေးမွေးဒါနပြုခဲ့သည်။ EMERALO LION ကုမ္ပဏီမှလည်း REAKTOR Energy Drink များအား လာရောက်တိုက်ကျွေးပြီး ဝိုင်းဝန်းကူညီ လုပ် အားပေးခဲ့သည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်မိသည်။

ထို့အပြင် လမ်းတစ်ခုအတွင်း အမှိုက်များကောက်ယူကြစဉ် နေအိမ်ခြံဝန်းထဲရှိ အမှိုက်များကိုပါ အိမ်ရှင်များနှင့် ပူးပေါင်း၍ ကောက်ယူရာတွင် အိမ်အတွင်းသို့ မထင်မှတ်ဘဲ ကြည့်ရှုမိသောအခါ အိမ်တွင်း ၌ ရှုပ်ပွနေသော အမှိုက်များ၊ စားကြွင်းစားကျန်များကို တွေ့ရှိခဲ့ရ၍ အိမ်ရှိကလေးငယ်များအား “သားတို့ သမီးတို့ ညအိပ်တဲ့အခါ ဒီလိုအမှိုက်တွေ အိမ်ထဲမှာရှိနေရင် ကြွက်တွေလာမှာပေါ့” ဟု ဒု-ဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ ပြောကြားလိုက်သောအခါ ကလေးငယ်များမှ “ဟုတ်တာပေါ့။ သားတို့ သမီးတို့က ကြွက်တွေ နဲ့အတူ ညအိပ်ရတာ” ဟု ရိုးသားစွာ ပြန်လည်ပြောဆိုကြသည်။ ထိုအခါ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ “နေကြထိုင်ကြ စားကြရင် သားတို့ သမီးတို့ ရောဂါတွေထူပြောလာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာ မယ်။ စာသင်လည်းပျက်မယ်။ အခုလို ဆော့ကစားနိုင်တော့မှ မဟုတ်ဘူး။ ဒါကြောင့် အဲဒီအမှိုက်တွေကို ရှင်းပစ်ဖို့လိုတယ်” ဟု ပြောကြားလိုက်သောအခါ ကလေးငယ်များနှင့်အတူ အိမ်ရှင်မိသားစုများကပါ ဝင် ရောက် ရှင်းလင်းမှု ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပြန်သည်။

သို့ရာတွင် အချို့သော လူကြီးများသည် မှောင်ရိပ်မှ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေခြင်း “ဒီအမှိုက် ကောက်တဲ့ အလုပ်ဟာ ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့အလုပ် မဟုတ်ဘူး” ဟု ဆိုကြသော ယူဆချက်များ ဖြင့် ဖာသိဖာသာ နေထိုင်နေခြင်းမျိုးကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။

“ကလေး ကလေး အထင်မသေးနဲ့။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။”

ဟူသော စကားအတိုင်း ကလေးငယ်များ၏ အတွင်းသန္ဓေတည် ကောင်းမွန်စေရန်အတွက် လူကြီး များတို့မှ စံပြအဖြစ် ရှေ့ဆောင်ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် အရေးကြီးလှပေသည်။ မိမိတို့ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်များသို့ စေတနာဖြင့် လာရောက်သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဗြဟ္မစိုရ်တရားလက်ကိုင်ထားသည့် ပရဟိတသမားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက်လည်း အရေးကြီးလှသည်။ အများအကျိုး အတွက် ပူးပေါင်းလုပ်ဆောင်ပေးခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေတော့သည်။

ထို့ကြောင့် မိမိကိုယ်ကို ချစ်ဖို့လိုသည်။ ကိုယ့်ကိုယ်ကိုချစ်မှ မိသားစုကိုချစ်မည်။ မိသားစုကိုချစ်မှ ရပ်ကွက်ကိုချစ်မည်။ ရပ်ကွက်ကို ချစ်မှ မြို့နယ်ကိုချစ်မည်။ မြို့နယ်ကိုချစ်မှ နိုင်ငံကိုချစ်မည်။ နိုင်ငံကိုချစ်မှ ကမ္ဘာအလယ် ဝင့်ကြွားနိုင်တော့ မည်ဖြစ်တော့သည်။ “ချစ်သည်” ဟုဆိုရာ၌ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့သီလတို့အား စောင့်ထိန်း လိုက်နာကျင့်သုံးရန် ဖြစ်တော့သည်။ ထို့ကြောင့် “ကိုယ့်ကိုယ်ကို ချစ်ကြစမ်းပါဗျာ” ဟု ကျွန်တော် လှုံ့ဆော် တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။

ေေေေေေေ   ကျော်သူ
 

ဒဂုံမြို့သစ်အရှေ့ပိုင်း ၅ ရပ်ကွက်မှ ပြည်သူများ တိုင်ကြားစာ...

ဒဂုံမြို့သစ်အရှေ့ပိုင်း ၅ ရပ်ကွက်မှ ပြည်သူများ တိုင်ကြားစာ...

ဒဂုံမြို့သစ်အရှေ့ပိုင်း ၅ ရပ်ကွက်မှ ပြည်သူများသည် ကိုယ်ထူကိုယ်ထ
ငမိုးရိပ်ရေသွယ်ခ
တစ်ဦးလျှင် ကျပ်-135000/-စီပေးသွင်းပြီး ရေသွယ်ခဲ့ကြရပါသည်။

အခြားရပ်ကွက်များတွင် ရေသွယ်ခပိုငွေများကို လုပ်ငန်းများပြီးစီးပါက
ကာယကံရှင်များသို့ ပိုငွေများကို ပြန်အမ်းကြသော်လည်း၊ ကျွန်တော်တို့၅ရပ်ကွက် ရေကော်မတီက ငွေ ပြန်မအမ်းဘဲ ကျပ်သိန်း၃၇သိန်းကျော်ကို
ပြင်ဆင်ထိန်းသိမ်းရေး စားရိတ်ကျခံရန်ဟုဆိုကာ စည်ပင်သို့ လွဲပြောင်းပေးခဲ့သည်ဟု ပြောပါသည်၊

သို့ရာတွင်
ရေကော်မတီမှ စည်ပင်သို့ လွဲပြောင်းပေးပြီးချိန်မှစ၍
ရေပိုက်ပေါက်ခြင်းများကို လိုက်လံစစ်ဆေး ပြုပြင်ပေးခြင်းမရှိဘဲ ဘယ်သူ့ကိုမျှ တိုင်ကြားဆောင်ရွက်ခိုင်းလို့မှ မရဖြစ်နေရပါသည်။ ပုံတွင်မြင်ရသည့် အတိုင်းအမြင်မတော်သူများက စက်ဘီးကျွတ်စဖြင့် ပတ်ထားရပါသည်။

ယခုအခါစည်ပင်က
ရေမြောင်းအုဋ်ခုံများ လုပ်ရန်လိုက်လံမြေတူး ဆောင်ရွက်ချိန်တွင် ပုံပါအတိုင်း တွေ့ရှိရသော်လည်း နှစ်ပတ်ကျော်ကြာသည့်တိုင် ဘာမျှပြုပြင်ဆောင်ရွက်ပေးခြင်း မရှိပါ။

မိုးစရွာချိန်တွင် တူးထားသော ရေဆိုးမြောင်းကျင်းများတွင် တစ်ရပ်ကွက်လုံးမှ စီးလာသောရေများ (အိမ်သာရေဆိုးများအပါအ၀င်) ပြည့်လျှံသွားရာ
ရေပိုက်များပါ နစ်မြုပ်သွားသဖြင့်
ရေပိုက်များအတွင်းသို့ပါ မကောင်းသော အညစ်အကြေးပါသည့် ရေဆိုးများဝင်ရောက်ပြီး
တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံးနှင့် ဆက်စပ်နေသည့် ပိုက်များမှတစ်ဆင့် ရောဂါဆိုးများ အရှိန်အဟုန်ဖြင့် ဖြန့်ဖြူးပေးသည့် အနေအထားဖြစ်နေပါသည်။

ပြည်သူလူထု၏ငွေများကို
ရယူထားပြီး ပြည်သူလူထုကို
အကျိုးမဲ့ ပျက်စီးရောဂါရစေသော တာဝန်ခံ တာဝန်မှု မရှိသည့် အာဏာပိုင် ဆိုသူများအား လိုအပ်သလို အရေးယူဖြေရှင်းပေးနိုင်ရန် ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ရပါသည်။

၅ ရပ်ကွက်သား

လူသားချင်း စာနာထောက်ထားသည့် လှူဒါန်းမှုအစုစုကို အလွဲသုံးစား လုပ်နေသည့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆိုပါလုပ်ရပ်ကို မသိချင်ဟန်ဆောင်နေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အရေးယူပေးပါရန် ..

လူသားချင်း စာနာထောက်ထားသည့် လှူဒါန်းမှု အစုစုကို အလွဲသုံးစား လုပ်နေသည့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆိုပါလုပ်ရပ်ကို မသိချင်ဟန်ဆောင်နေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အရေးယူပေးပါရန်... တိုင်ကြားစာ..

သို့

ဒီမိုဝေယံ ဒယ်ဒီတာခင်ဗျား
လူသားချင်းစာနာ ထောက်ထားသည့် လှူဒါန်းငွေများကို အလွဲသုံးစားပြုနေခြင်းကို
အရေးယူပေးပါရန်..

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊စေတုတÅရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊
လယ်ပြင်စုရပ်တွင် ၂၀၁၃ ခုနှစ်၊မေလ ၁၄ရက်နေ့က
မီးသင့်လောင်ခဲ့သဖြင့်အိမ်ခြေ(၈၈)စုဆုံးရှူံးမှုဖြစ်ခဲ့ပါသည်။

မြို့နယ်ချင်းဆက်စပ်သည့် စလင်းမြို့နယ်အုပ်ချုပ်ရးမှူးမှ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် အလှူခံကောက်စေခဲ့ပါသည်။ လတ်တလော ကောက်ခံရရှိငွေသား
၉၇ သိန်းကျော်နှင့် ဆန်၊ ဆီ၊ အ၀တ်အစား၊ ပန်းကန်ခွက်ယောက်များစွာ ရရှိခဲ့သဖြင့် မြို့နယ်ထွေအုပ်ရုံး
သို့ အပ်နှံခဲ့ကြ ပါသည်။

လက်ခံပြီး လက်ခံရရှိပြေစာလည်း မပေးပါ။
စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကောက်ခံရရှိငွေ ၉၇ သိန်းအား
စေတုတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ လယ်ပြင်စုရပ်မီးသင့်ပြည်သူများသို့
ယနေ့ထိပေးလှူခြင်းမရှိဘဲ ၄င်း၏ရုံးတွင် ရန်ပုံငွေ အဖြစ်ထားရှိပြီး
ကျန်အလှူပစ္စည်းများကိုလည်း ယနေ့တိုင်
စေတုတ္တရာမြို့နယ်သို့အကုန်ပေးပို့ခြင်း မရှိသေးပါ။

အလှူကောက်ခံ
ပေးကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင်
အထောက်အကူအဖွဲ့များ အနေဖြင့် အဆိုပါသတင်းကြားသိရသည့်အခါ
ရပ်ကွက်/ကျေးရွာများသို့ မျက်နှာမပြရဲလောက်အောင် ဖြစ်နေပါသည်
ပြည်သူတို့မှလည်း မိမိတို့၏ချွေးနည်းစာထဲမှတတ်နိုင်
သလောက်လှူဒါန်းမှုအား မီးသင့်လောင်ပြည်သူများဆီသို့ အမှန်တကယ် မရောက်ရှိခြင်းအတွက် မကျေမနပ် ပြောဆိုနေကြပါသည်။

လူသားချင်း စာနာထောက်ထားသည့် လှူဒါန်းမှုအစုစုကို အလွဲသုံးစား လုပ်နေသည့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆိုပါလုပ်ရပ်ကို မသိချင်ဟန်ဆောင်နေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အရေးယူပေးပါရန် ဒယ်ဒီတာမှ တစ်ဆင့်တိုင်ကြားအပ်ပါသည်။

စလင်းရပ်ကွက်/ကျေးရွာသားများ

ဦးမျိုးမျိုး၊ကန်ချောက်ရွာ၊ဖုန်း၀၉၄၀၁၆၄၇၁၃၆
ဦးစံထိုက်၊ညောင်ရွာ၊ဖုန်း၀၉၄၀၁၆၄၇၁၁၇
ဦးလောစံ၊ရွာမှတ်ရွာ၊ဖုန်း၀၉၄၀၁၆၇၆၂၇၂
ဦးကျော်ကျော်ဦး၊မိုးဝင်းရွာ၊ဖုန်း၂၅၆၁၄၅၀၄၂
ဦးခင်မောင်ဝင်း၊၈/စလန(နိုင်)၀၅၅၄၀၆၊ဆင်ဖြူကျွန်း
ဦးကျော်သိန်းဝင်း၊၈/စလန(နိုင်)၁၁၁၅၇၁၊သရက်ချဉ်ရွာ
ဦးစိုးနိုင်၊၈/စလန(နိုင်)၁၁၁၁၃၅၊ငှက်ပျောအိုင်ရွာ
ဦးတင်ရွှေ၊၈/စလန(နိုင်)၀၈၇၂၁၁၊ကန်တော်ရွာ
ဦးဝင်းအောင်၊၈/စလန(နိုင်)၀၄၃၈၄၆၊တမာချောင်ရွာ
ဦးငြိမ်းအောင်၊၈/စလန(နိုင်)၀၄၉၁၆၆၊ပေါင်းနားရပ်ကွက်
ဦးသန်းလွင်၊၈/စလန(နိုင်)၀၁၄၃၁၄၊ဆင်ဖြူကျွန်း
မအေးအေးနိုင်၊၈/စတရ(နိုင်)၀၂၁၈၇၃၊စေတုတ္တရာ