ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..


ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..

ပရဟိတဆိုရာ၌ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အတွက် ကိုယ်ကျိုးအတ္တ မပါဘဲ အများ အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ဒါနသီလ စွမ်းတို့ဖြင့် အနစ်နာခံ ပေးဆပ်မှုပင်ဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးတို့အပြင် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအား ပေးဆပ်နေကြသော လူမှုရေးမျိုးဆက်သစ် မောင်မယ်များ၏ အင်အားတို့ဖြင့် ထူထောင်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ မြန်မာပြည်သူလူထုတို့၏ လိုအပ်ချက်များအား နိုင်သလောက် ဖြည့်ဆည်းပေးနေသော ပရဟိတအသင်းအဖွဲ့လည်း ဖြစ်ပေသည်။

မြန်မာပြည်တွင်း ဗြဟ္မစိုရ်တရားများ ပြန့်ပွားရေးအတွက်၎င်း၊ ပရဟိတစိတ်ဓါတ်များ မြှင့်တင်နိုင် ရေးအတွက်၎င်း၊ မြန်မာပြည်တွင်းရှိ ပရဟိတအသင်းအဖွဲ့များ ဆုံဆည်းရာနေရာ တစ်ခုအဖြစ်၎င်း၊ သာသ နာတော် အဓွန့်ရှည်ရေးအတွက်၎င်း ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ပြည် မြို့ တဖက်ကမ်း ရွှေဘုံသာမုနိဘုရားအလွန် တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် “မဟာပဏီတ ပရ ဟိတအောင်တော်မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်မြို့ ကြည်သာအေးမြ ဆရာတော် ဦးစီးကာ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

“မဟာပဏီတ ပရဟိတအောင်တော် မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်တွင်း/ပမှ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု ကြ သော အလှူ့ရှင်အပေါင်းတို့၏ ငွေကြေးအလှူ၊ ရတနာရွှေငွေအလှူ၊ ဘုရားတည်ဆောက်ရန်အတွက် စက် ယန္တရားအလှူရှင်များအပြင် လုပ်အားဒါနလာရောက် လှူဒါန်းကြသော ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ လာရောက်၍ လှူဒါန်းစိုက်ပျိုးသည့် အလှူရှင်များတို့အပြင် တည်ဆောက်ရေးတွင် အဓိကကျသော အုတ်၊ သဲ၊ ကျောက်တို့အား သယ်ပိုးပေးခြင်းတို့ဖြင့် ကုသိုလ် ယူကြသော ပရဟိတသမားများ (သို့) ဘုရားချစ်သောသူများတို့၏ စေတနာ၊ မေတ္တာ၊ အသွေးအသားတို့ အားလည်း အထူးကျေးဇူးတင်ရှိကာ သာဓု ခေါ်ဆိုအပ်ပါသည်။

၃.၈.၂ဝ၁၄ (တနင်္လာနေ့) နံနက် (၃းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန် ကုန်) ရုံးချုပ်မှ အသင်းသား/သူများ အယောက် (၄ဝ) ဦးတို့သည် ပြည်မြို့ တဖက်ကမ်းရှိ “မဟာပဏီတ ပရဟိတ အောင်တော်မူစေတီတော်မြတ်” သို့ ထွက်ခွာခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်၍ စည်း လုံးညီညွတ် ပျော်ရွှင်စွာဖြင့် လုပ်အားဒါနများ ထမ်းရွက်ခဲ့ကြသည်။ ထို့နောက် ပြည်မြို့ “မိုးမေတ္တာ” နာရေး ကူညီမှုအသင်း(ပြည်) ရုံးအနီးရှိ “ယဉ်ပေါင်စာ ဘုန်းတော်ကြီးကျောင်းတိုက်” ၌ ခေတ္တနားနေခဲ့ပြီး ညနေ (၃းဝဝ) နာရီအချိန်တွင် ဒုတိယအကြိမ်မြောက် ပရဟိတချွေး နဖူးမှ ပရဟိတကုန်းမြေသို့ ကျသည်အထိ လုပ်အားဒါန ပေးဆပ်ခဲ့ကြပြန်သည်။

ထိုသို့ ပရဟိတစိတ်ဓါတ်၊ ဗြဟ္မစိုရ်စိတ်ဓါတ်တို့ဖြင့် သာသနာအတွက် ထမ်းရွက်ခဲ့ကြသော မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များသည် လူမျိုးဘာသာ အလွှာပေါင်းစုံပါဝင်ခဲ့ သည့်အတွက် များစွာပီတိဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည်လည်း တစ်ချိန်က သင်္ကန်းဝတ်ဖြင့် ရခိုင်ပြည် နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်များသို့ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် တစ်လတိတိ လိုက်ပါခဲ့ရာ တွင် ဆရာတော်ကြီး၏ တရားရိပ်သာ ဆောက်လုပ်မှုလုပ်ငန်းခွင်တွင် လှူဒါန်းရန်အတွက် ငွေကြေးလုံ လောက်စွာ မပါရှိခဲ့သော်ငြားလည်း စိတ်ဓါတ်မကျဘဲ သင်္ကန်းအား ခါးတောင်ကျိုက်၍ အုတ်များ၊ သဲများ သယ်ဆောင် ကုသိုလ်ယူခဲ့ဖူးသည်။

ထိုကဲ့သို့ ယူခွင့်ရလိုက်သည့် ကုသိုလ်သည် အမြင့်မြတ်ဆုံးကုသိုလ်တ ရားဖြစ်ကြောင်း ဆရာတော်ကြီးမှ မိန့်မှာခဲ့ဖူးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားတည် သာသ နာပြုရန်အတွက် လုပ်အားဒါနများ လာရောက်ပေးခဲ့သည့် မျိုးဆက်သစ်မောင်မယ်များသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် သူတို့၏ ချွေးနည်းစာလေးများ၊ မုန့်ဖိုးများအားစုပေါင်း၍ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်” အတွက် အလှူငွေကျပ် (၁) သိန်းအားလည်း လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် နဖူးမှကျသော ချွေး၊ မြေကျသည်အထိ ပေးဆပ်ခဲ့ကြသော ကျွန်တော့်၏ ပရဟိတမျိုးဆက်သစ် မောင်မယ်များတို့အား သာသနာတော်စောင့် နတ်မင်းကြီးများ၊ ကိုယ်စောင့်နတ်မင်းများ၊ မဟာပထဝီမြေ ကြီးစောင့် နတ်မင်းများနှင့်အတူ ကျွန်တော် နှလုံးသားထဲမှ နှစ်နှစ်ကာကာ သာဓု .. သာဓု .. သာဓု ခေါ်ဆို လိုက်ရပါသည်။

(အနယ်နယ် အရပ်ရပ်ရှိ လုပ်အားဒါနပြုလိုသူများနှင့် အလှူငွေများ လှူဒါန်းလိုသော အလှူရှင်များအား လည်း နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါသည်။ လုပ်အားဒါနပြုကြသူများနှင့် အလှူ့ရှင် အလှူ့မများအတွက် မုဒိတာပွားများ သာဓု ခေါ်ဆိုနိုင်ရန်အတွက် “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်”နှင့် နဂါးရုံဘုရား တည်ထားမှုပြီးစီးနေသည့် အခြေအနေပုံရိပ်များအားလည်း ပူးတွဲတင်ပြလိုက်ရပါသည်။)