ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

ရွှေညဝါဆရာတော်နှင့် လက်ထောက်ဆရာတော် ဂျာမဏီနိုင်ငံသို့ ရောက်ရှိ..

မြန်မာနိုင်ငံမှ ပြည်သူအတွက်ဆိုလျှင် အချိန်မရွေး နေရာမရွေး မရောက်ရောက်အောင် သွားရောက် အားဖြည့် ကူညီပံ့ပိုးပေးသည့် ရွှေညဝါဆရာတော် (ဦးပညာသီဟ)နှင့် လက်ထောက်ဆရာတော် ဦးသူရိယတို့သည် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်လေဆိပ်သို့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆နာရီမှာ ရောက်ရှိလာပါသည်။

သြဂုတ်လ (၁)ရက်နေ့မှ စ၍ သြဂုတ်လ(၃၁)ရက်နေ့ တိုင်အောင် ဥရောပနိုင်ငံများရှိ မြန်မာမိသားစုများအား တရားရေအေး၊ နိုင်ငံရေး၊ လူမှုရေးတရားများ ဟောကြားမှာ ဖြစ်ပြီး စက်တင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလတိုင်အောင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ သီတင်းသုံး နေထိုင်မှာ ဖြစ်ပါတယ်..။

ဂျပန်သံရုံး ဝန်ထမ်းအချို့ရဲ့ နားလည်မှု လွှဲမှားမှုနဲ့ ဗီဇာ နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရပြီး ဂျပန် ကောင်စစ်ဝန် ကိုယ်တိုင် ဗီဇာ အဆင်မပြေဖြစ်မှု အတွက် သွားရောက် လျှောက်ထားတောင်းပန် ခဲ့ရတဲ့ နာမည်ကျော် ဂျပန်ခရီးစဉ်ကတော့ အမေရိကန်နိုင်ငံမှ အပြန် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်..။ နောင်ခရီးစဉ်များမှာ ဂျပန်သံရုံးအနေနဲ့ ဆရာတော်အတွက် နှောင့်နှေးကြန့်ကြာမှု မရှိရအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိကဝက်များ ရရှိထားပြီး ဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံမှာ တရားပွဲများ စီစဉ်ထားပြီး မပြုလုပ်လိုက်ရတဲ့ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ဆွမ်းကပ်လှူမယ့် ဒကာ၊ ဒကာမများအတွက်လည်း သတင်းကောင်းပါးအပ်ပါတယ်..။

ဒီမိုဝေယံ