ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ချိုသောစကား ဆိုသော်လည်း လက်တွေ့ ဆန်ဘို့လိုသည်.. ဆောင်းပါးရှင်(ထွန်းအောင်ကျော်)

ဓာတ်ပုံ (AP)

ချိုသောစကား ဆိုသော်လည်း လက်တွေ့ ဆန်ဘို့လိုသည်..
ဆောင်းပါးရှင်(ထွန်းအောင်ကျော်) 
 
နေပြည်တော်တွင် သြဂုတ်လ (၁၈) ရက်နေ့က သမ္မတ ဦးသိန်းစိန်က တက်ရောက်လာသူများကို အံ့အားသင့်ဖွယ်ရာ မိန်းခွန့်ချွေ စကားပြောဆိုခဲ့သည့်အပေါ် လူအများ စိတ်ဝင်စားစွာ ထိုကိစ္စကို ဝေဘန် ပြောကြားနေခဲ့ကြသည်။ မြန်မာလူမျိုးများသည် အကောင်းမြင်တတ်ကြသူများ၊ အပြုသဘောဆောင်မှုကို လိုလားကြသူများဖြစ်သည်။ အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဘာသာရေးအရ ခွင့်လွှတ်မှု၊ သဘောထားကြီးမှုကို လက်ကိုင်ထားကြသူများဖြစ်သည်။ ဦးသိန်းစိန် မိန့်ခွန်းတွင် အရေးပါသော အချက် (၃) ချက်ပါဝင်သည်။
 
(၁) သူက ပြည်တွင်းရှိ အမြင်မတူ သဘောကွဲပြား ခြားနားသူများနှင့် အတွေးအခေါ် ယုံကြည်ချက် မတူကြသူများကို သဘောထားကြီးကြီးထား၍ လက်တွဲပြီး တိုင်းပြည်ကို ထူထောင်ကြဘို့နဲ့ “ကျွန်တော်တို့ဟာ ဒီမိုကရေစီစံနစ်နဲ့ နိုင်ငံသစ်ကို ထူထောင်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမြင်မတူတဲ့ လူတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောကြားခြင်း။
 

ဂျာနယ်ထဲမှာပါတယ်.... စာကိုဖျက်တာ ဘယ်သူလဲ......

မော်နီတာဂျာနယ်မှ လျှက်တပြက် ဦးဖျက်ခိုင်ကြောင့် မေမေစုကိုချစ်တယ် စာပျောက်သွားရတဲ့ မြင်ကွင်း

ဒီနေ့ကိုအောင်မျိုးထွန်း ပေးပို့လာတဲ့ မော်နီတာဂျာနယ်  အတွဲ (၁)၊ အမှတ် (၆၆)၊ ၂၀၁၁၊ သြဂုတ်လ၊ (၂၁)ရက်နေ့ထုတ်၊ မော်နီတာသတင်းဂျာနယ်ရဲ့ နောက်ကျောဖုံးမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံပါ အကြောင်းအရာလေးပါ..။

ပြီးခဲ့တဲ့ ၁၄ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်က အနောက်ဘက်မှာ အမျိုးသမီးတဦးမှ မေမေစုကို ချစ်တယ်ဆိုတဲ့ စာရွက်ကို ကိုင်ဆောင်ထားတာ တွေ့မြင်မိကြမှာ ဖြစ်ပါတယ်...။ သို့ပေမယ့်လည်း ...


အမေ့အားမာန် ပညာဒါနကျောင်း(ဒလမြို့ )နှင့် အမေ့အလင်းရောင် ပညာဒါနကျောင်း... (ကော့မှူးမြို့) သတင်း၊ ဓာတ်ပုံမှတ်တမ်း..

အမေ့အားမာန် ပညာဒါနကျောင်း( ဒလမြို့ )
သူငယ်ချင်းတို့ ရေ..

မနေ့ က( ၂၁.၈.၁၁ ) မှာ အမေ့စုရဲ့ စေတနာ မုန့်အလှူအတွက် ဒလမြို့ နယ်မှာ ဖွင့်ထားတဲ့ အမေ့အားမာန် ပညာဒါနကျောင်းကို အဖွဲ့ချုပ်တာဝန်ရှိလူကြီးများနဲ့ လူငယ်တွေသွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အားမာန် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၃၀)ကို စေတနာဆရာ (၆)ယောက်က ချို့ချို့တဲ့တဲ့ ပညာသင်ကြား ပေးလျှက်ရှိပါတယ်။ အဖွဲ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များ မှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
သတင်း၊ ဓာတ်ပုံများ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...

တပ်မတော်သည် ဧရာဝတီအပေါ် သစ္စာဖောက်မဖောက်....(၁)

မေခမြစ်ပေါ်မှာ ဆောက်လုပ်နေတဲ့ ချီဖွေရေအားလျှပ်စစ်စီမံကိန်း (ဓာတ်ပုံ၊ ရုပ်သံ)

စက်တင်ဘာလ ၁၈ရက် ၂၀၀၉ခုနှစ်က ပထမအဆင့် ကွန်ကရစ်လောင်းခြင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တဲ့ မြစ်ကြီးနားမြို့နဲ့ မိုင်(၈၀)ခန့် ဝေးတဲ့ မေခမြစ်ကို ဖြတ်ပြီးဆောက်လုပ်နေတဲ့ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း မြင်ကွင်းဓာတ်ပုံတွေပါ...။

Myanmar Myitsone Chipwi power station dam Concrete pouring of the first warehouse opening September 18, 2009...
ချီဖွေရေအားလျှပ်စစ် စီမံကိန်းအား အဆိုပါစီမံကိန်းအား ၂၀၀၉ခုနှစ် စက်တင်ဘာလမှာ စတင်တည်ဆောက် နေသော်လည်း ထိုစဉ်က စစ်အစိုးရပိုင် သတင်းစာများမှာ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့မှာမှ စတင်ဖော်ပြခဲ့ပြီး ဒီဇင်ဘာ(၂၂)ရက်နေ့၌ စတင်ဖွင့်လှစ်ပွဲ ပြုလုပ်သယောင် ရေးသားဖော်ပြခဲ့ပါတယ်..။

ကလေးစစ်သားအဖြစ် မတရား ခေါ်ဆောင်သွားခံရသူများ၏ မိဘများမှ လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ယက် (H.R.W.D.N) သို့ အကူအညီတောင်းခံခြင်း... (တိုင်ကြားစာ)

သားသမီးချင်း ကိုယ်ချင်းစာကြည့်ကြပါ.. မတရား၊ အတင်းဓမ္မ ခေါ်ဆောင်သွား သူများခင်ဗျား...


ကော်ဗူးရှူတဲ့ လမ်းပေါ်က ကလေးငယ်များ... သတင်း၊ ဆောင်းပါးရှင် ဇော်ရှန် (နယူးဒေလီ)

 ရန်ကုန်မြို့မှ ကော်ဗူးရှူတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ
(ဓာတ်ပုံ The Voice Weekly)

 ကော်ဗူးရှူတဲ့ လမ်းပေါ်က ကလေးငယ်များ
သတင်း၊ ဆောင်းပါးရှင် ဇော်ရှန် (နယူးဒေလီ)

မိုးသည်းထန်စွာ ရွာသွန်းနေချိန် နေ့ခင်းနေ့လည် (၁၂) နာရီခန့်တွင် ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာတခုဖြစ်သည့် ကုန်သည်ကြီးများဟိုတယ် ဆင်ဝင်အောက်တွင် ကလေးငယ်တသိုက် တဦးနှင့်တဦး တိုးဝှေ့ထိုင်နေကြသည်။ ကလေးငယ်များမှာ အသက်အရွယ်အားဖြင့် ၁၀ နှစ်မှ ၁၃ နှစ်အရွယ်ရှိပြီး သူတို့မှာ တခုခုကို လိုလားတောင့်တနေသည့် မျက်လုံးအစုံနှင့်ဖြစ်သည်။ သူတို့ အဓိက လိုအပ်နေသည်မှာ အစားအစာ၊ ဘောလုံးတလုံး၊ တွတ်ပီကာတွန်း ရုပ်ပြစာအုပ်တအုပ်၊ အရုပ် (သို့) ဂိမ်းစက်များ မဟုတ်ဘဲ ဖိနပ်ကပ်ခြင်း၊ ပိုက်ဆက်ခြင်းတို့တွင် အသုံးပြုလေ့ရှိသည့် စိမ်းရွှေရွှေအနံ့ရှိသည့် ကော်ဗူးများသာဖြစ်သည်။

များမကြာမီ ၁၄ နှစ်အရွယ်ရှိ လူငယ်တစ်ဦး ကော်ဗူးတစ်ဗူး ကိုင်ပြီး သူတို့အုပ်စုရှိရာသို့ ပြေးလာသည်။ “ဟေ့ကောင်တွေ ဒီကနေလစ်မယ်။ ငါတို့အတွက်ရိက္ခာပါလာတယ်။ အခြေအနေတော့ သိပ်မကောင်းဘူး” ဟုဆိုကာ ရန်ကုန်ဘူတာကြီးဘက်သို့ မဆိုင်းမတွ ခပ်သွက်သွက်ပင် ထွက်သွားတော့သည်။ ကျန်ရှိနေသည့် ဆယ်ကျော်သက်အရွယ် လူမယ် ၄ ယောက်လည်း ထိုသူသွားရာ လမ်းအတိုင်း ပြေးလိုက်သွားကြသည်။ လူအသွားအလာရှင်းသည့် ရန်ကုန်ဘူတာကြီးနှင့် မနီးမဝေးရှိ သံလမ်းပေါ်တွင်မူ မုန့်ကြွပ် ဟုခေါ်သော ထိုလူငယ်ယူဆောင်လာသည့် ကော်ဗူးကို မုန့်ကြွပ်နှင့် အပေါင်းအပါတစုက တလှည့်စီ အငမ်းမရ ရှုရှိုက်နေကြသည်ကို လှမ်း၍ မြင်တွေ့နေရသည်။


စစ်ကိုင်းတောင်ဆင်းလမ်းက တောင်းရမ်းစားသောက်နေကြတဲ့ အမေအိုတွေအကြောင်း (တိုင်ကြားစာ)

ဒီမိုဝေယံသို့ ပေးပို့တိုင်ကြားလာတဲ့ စစ်ကိုင်းတောင်ဆင်းလမ်းက တောင်းရမ်း စားသောက်နေကြတဲ့ အမေအိုတွေအကြောင်း တင်ပြလိုက်ရပါတယ်...။

သို့...

 ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ရင်မောစရာ ပုံတွေကတော့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ အထွတ်အမြတ်ထားရာ စစ်ကိုင်းတောင်ဆင်းလမ်းမှာ အစီအရီ တောင်းခံစားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေပါ။ ရင်မောစရာဆိုတာကတော့ အဲဒီ့ သက်ကြီးရွယ်အိုတွေ အတွက်တင်မကပါဘူး။ ပုံမှာ တွေ့ရတယ့်အတိုင်းပဲ အဲဒီ့ အလှူခံနေတဲ့ နေရာတွေဟာ တောင်အဆင်းကားတွေ အရှိန်ထိန်းဖို့က အလွန်ခက်ခဲတဲ့ နေရာတွေမှာပါ။


“အဝေးမြေမှ ညီအစ်ကိုများသို့" ဆောင်းပါးရှင် (အောင်မျိုးထွန်း)

"အဝေးမြေမှ ညီအစ်ကိုများသို့.."
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
အဝေးမြေမှ ညီအစ်ကိုတို့ရေ ပြန်လာချင်စိတ် ရှိခဲ့ရင်လည်း အောင့်အီးသည်းခံ နေပေးကြပါဦး။ မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အချိန်ထိပေါ့။ ကျေးဇူးမမေ့ပါဘူး။”

ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော်ရေးခဲ့တဲ့ စာသားလေးပါ။ နိုင်ငံရေးမှာ သံယောဇဉ်တို့၊ ခံစားမှုတို့ ဆိုတာ ရှိကိုရှိရမယ်လို့  ကျွန်တော်ခံယူထားပါတယ်။ ဦးနှောက်နဲ့ စဉ်းစားရမယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော့်ဘ၀ တလျှောက်လုံး ငြင်းပယ်ထားပါတယ်။ ၁၉၈၈ ခု၊ စစ်အာဏာသိမ်းအစိုးရရဲ့ အသားလွတ်ရင့်သီးနှိပ်စက်မှုတွေကို ထိုက်သင့်သလောက် ကျွန်တော်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ဖမ်းမမိလို့ အဖေနဲ့ ကျွန်တော့်ဇနီးကို စမ်းချောင်းရဲစခန်း၊ အင်းစိန်အကျဉ်းထောင်တို့ကို ပို့ပြီး ယုတ်မာရက်စက်စွာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာတွေကို ကျွန်တော် ဘယ်လို ဖျောက်ဖျက်ရပါ့မလဲ။ အဖေနဲ့ ဇနီးဟာ တစ်ချက်မှ မငြီးငြူခဲ့ပါဘူး။

အဲဒီလိုဖြစ်စဉ်မျိုးတွေ၊ တွေးလိုက်တိုင်း တနုံ့နုံ့ နာကျင်နေရတာမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ဒုနဲ့ဒေးပါ။ သား၊ သမီးတွေက နိုင်ငံရေးကြောင့် ထောင်ကျချိန်မှာ မိဘတွေက ကွယ်လွန်တိမ်းပါးသွားတာတွေ၊ မိဘတွေက အကျဉ်းထောင်ထဲရှိချိန်မှာ မိဝေးဘဝေးစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ရင်နှစ်သည်းချာတွေရဲ့ ဘ၀တွေ၊ နောက်ဆုံးထွက် သက်တွေကို မတွေ့လိုက် မမြင်လိုက်ရဘဲ ထာဝရဝေးကွာသွားခဲ့ကြတဲ့ နိုင်ငံရေးမိသားစုဝင်တွေ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုရအောင်လည်း ခက်လှပါတယ်။


မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်...

 ယနေ့မြန်မာ့အလင်း သတင်းစာပါ... ဓာတ်ပုံ၊ သတင်း
ငယ်ငယ်တုန်းက သီချင်းလေးတပုဒ် ကြားဘူးပါတယ်...။ ဘယ်သူဆိုမှန်းတော့မသိ "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်"  ဆိုလား...။ ဒီကနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည် သတင်းတွေကတော့ မျက်စိတွေလည်.. လမ်းတွေမှား အပြောင်းအလဲတွေက မြန်ဆန်... သာမာန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ် ဆိုတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်ကို အရပ်သားအစိုးရ ဆိုသူတွေက ချက်ချင်းလက်ငင်းကြီး နွေခေါင်ခေါင်မှာ မိုးရွာချသလိုလို တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို လုပ်လိုလုပ်၊  နအဖ ခေတ်အဆက်ဆက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဘေးချိတ် ဖျောက်ဖျက်ထားရာက သမ္မတရုံးခန်းမှာ ချိတ်ပြလိုချိတ်ပြနဲ့ ကြည့်နေ၊ မြင်နေခံစားရတဲ့ ရသတွေကတော့ ရုပ်ရှင်ကြည့်နေရာက အခွေကို Slow Motion ပြောင်းပြန် ပြန်ရစ်ပြီး ပြန်ကြည့်နေရသလိုလို၊  ရှေးဟောင်း အသံတိတ်ကားတွေထဲက အမြန်ပြကွက်တွေကို ကြည့်နေရသလိုလို၊ ခြေလှမ်းတွေ နောက်ပြန်ဆုတ် မျဉ်းပြိုင်(၂)ကြောင်းကို အတင်းကောက်ကြောင်းပေးပြီး ဆုံခိုင်းသလိုမျိုးပေါ့...။ လူရွှင်တော်တွေ မျက်နှာလို မဲ့နေရာကရီ၊ ရီနေရာကမဲ့သလို အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး ရသမျိုးစုံ ခံစားနေရပါတယ်...။

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ ဆောင်းပါးရှင်(မောင်မောင်ဝမ်း)

ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲနဲ့ အမေစုဟောပြောပွဲမှာ မြင်တွေ့ရတဲ့ ကလေးငယ်တစ်ဦးရဲ့ အားကိုးယုံကြည်စွာနဲ့ လက်အုပ်ချီနေတဲ့ မြင်ကွင်း 
ဓာတ်ပုံများ (AP)

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ
 ဆောင်းပါးရှင်(မောင်မောင်ဝမ်း)

ပဲခူးခရီးစဉ်အတွက် မီဒီယာတွေကတဆင့် ကြည့်လိုက်ရတာ ကြက်သီးတောင်ထမိတယ်။ များပြားလိုက်တဲ့ပရိတ်သတ် အန်တီစုမိန့်ခွန်းကလည်း အတွေ့အကြုံတွေများလာလို့ မသိဘူး ပိုရင့်ကျက်လာတယ်။ အန်တီစုလွတ်လာကတည်းက ပဲခူးခရီးစဉ်အဆုံး.. အန်တီစုကိုဝန်းရံနေကြတဲ့.. လူပင်လယ်ကြီးကို ကြည့်ပြီး..(ခင်ဗျားသာ အစိုးရအဖွဲ့ဝင် တဦးဦးဖြစ်ခဲ့မယ်ဆိုရင်) ဘယ်လိုမြင်မိမလည်း။

ဒါတွေဟာတကယ်လား.. ဖန်တီးယူတာတွေလား.. ဖန်တီးထားတာတွေလားဆိုတာ… အားလုံးအသိဖြစ် နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာ… ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကိုလိုချင် တယ်ဆိုတာကို ပြသလိုက်တာနဲ့ အတူတူပါပဲ… ဒါ.. ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ်။