ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အားမာန် ပညာဒါနကျောင်း(ဒလမြို့ )နှင့် အမေ့အလင်းရောင် ပညာဒါနကျောင်း... (ကော့မှူးမြို့) သတင်း၊ ဓာတ်ပုံမှတ်တမ်း..

အမေ့အားမာန် ပညာဒါနကျောင်း( ဒလမြို့ )
သူငယ်ချင်းတို့ ရေ..

မနေ့ က( ၂၁.၈.၁၁ ) မှာ အမေ့စုရဲ့ စေတနာ မုန့်အလှူအတွက် ဒလမြို့ နယ်မှာ ဖွင့်ထားတဲ့ အမေ့အားမာန် ပညာဒါနကျောင်းကို အဖွဲ့ချုပ်တာဝန်ရှိလူကြီးများနဲ့ လူငယ်တွေသွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အားမာန် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၃၀)ကို စေတနာဆရာ (၆)ယောက်က ချို့ချို့တဲ့တဲ့ ပညာသင်ကြား ပေးလျှက်ရှိပါတယ်။ အဖွဲ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များ မှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
သတင်း၊ ဓာတ်ပုံများ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...
အမေ့အလင်းရောင် ပညာဒါနကျောင်း (ကော့မှူးမြို့ )

သူငယ်ချင်းတို့ ရေ..

မနေ့က(၂၁.၈.၁၁) မှာပဲ အမေ့စု ရဲ့ စေတနာမုန့် အလှူအတွက် ဒလမြို့ နယ်ပြီးတော့ ကော့မှူးမြို့နယ်မှာ ဖွင့်ထားတဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းကို အဖွဲ့ချုပ် တာဝန်ရှိလူကြီးများနဲ့ လူငယ်များ ဆက်လက်သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အလင်းရောင် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၆၉)ဦးကို စေတနာဆရာ (၁၂) က ချို့ချို့တဲ့တဲ့ ပညာသင်ကြားပေးလျှက် ရှိပါတယ်။ ရန်ကုန်မှဆရာ(၈)ဦး၊ တွံတေးမှဆရာ(၃)၊ ကော့မှူးမှ ဆရာ(၁)တို့ ပညာဒါနပြုနေကြပါတယ်။

ရန်ကုန်အဖွဲ့ချုပ်မှ လူငယ်ဆရာများကတော့ အချိန်ပြည့်နေပြီး ဦးဆောင်သင်ကြားပေးနေပါတယ်။

စာသင်ချိန်များကတော့ ( တနင်္လာ မှ သောကြာ )
မနက်( ၆း၃၀ ) မှ ( ၈း၃၀ ) ထိ သူငယ်တန်း မှ ဒုတိယတန်း
ညနေ( ၃း၃၀ ) မှ ( ၆း၃၀ ) ထိ တတိယတန်း မှ စတုတ္ထတန်း
ညနေ( ၆း၃၀ ) မှ ( ၉း၃၀ ) ထိ ပဉ္စမတန်း မှ အဋ္ဌမတန်း
(စနေ + တနင်္ဂနွေ) တစ်နေလုံး အတန်စုံ သင်ကြားပေးနေပါသည်။

အဖွဲ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များမှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )