ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြိတ်မြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၃နှစ်ခန့်က NLD မြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း အခမ်းအနား (ထားဝယ်စုနယ်မြေ)

မြိတ်မြို့တွင်လွန်ခဲ့သောနှစ်ပေါင်း၂၃နှစ်ခန့်က NLDမြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း.. 
(ထားဝယ်စုနယ်မြေ)

(၂၉၊၇၊၂၀၁၂)ရက်နေ့၊နံနက်(၉း၀၀)နာရီက မြိတ်မြို့နယ် ထားဝယ်စုနယ်မြေ၊ အမျိုးသာဒဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားအား အမှတ်(၆၀)၊ စီလမ်း၊ ထားဝယ်စုရပ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအစီအစဉ်အရ.. အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်အလံတင်ခြင်း၊ အလေးပြုခြင်း၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မရှင်မှ ဦးအော်ကောင်းမှ အဖွင့်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်..။

တက်ရောက်လာကြသော အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ရပ်/ကျေးရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စည်းကမ်းချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီးနောက် အခမ်းအနားကို
နေ့လည်(၁၀း၀၀)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ။
စုစုပေါင်း(၂၀၀)ကျော်ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား လက်ဖက်ရည်၊ ကိတ်မုန့်နှင့် စမူဆာများအား ဧည့်ခံကျွေးမွေးခဲ့ ကြပါသည်။

ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ..

ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ

၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက် နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။ 
 ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “(၆) လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန် ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦးများ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်း ဆိုင်ရာများလည်း တိုးတက် မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကိုဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင် သီလ လုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။
နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/- (သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့ စနစ်တကျ ပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
 
မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား ယခင့်ယခင် သွားရောက် ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင် အစိုးရ၏ ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ များတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့ လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့ စားဝတ်နေရေး ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။ ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသော စိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ် (ရေးသားသူ နေရဲနီ)

ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်
(ရေးသားသူ နေရဲနီ)

ပုပ္ပားအရပ်တွင် နှစ်ကျပ်ခွဲဟူသော ရွာတစ်ရွာရှိလေ၏။ ဘာပစ္စည်းဘဲ ဖြစ်ဖြစ်နှစ်ကျပ်ခွဲထက် ပိုမရောင်းရ။ ထူးခြားသည်က ထိုရွာတွင် ကျောင်းထိုင်ဘုန်းကြီး မရှိခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ရောက်လာသမျှ ဘုန်းကြီးအပေါင်း ကျောင်းထိပ်သရက်ပင်ရှိ သရဲထက်ကြီးသော သဘက်ကြီးဒဏ် မခံနိုင်သောကြောင့် ကျောင်းသို့ရောက်ပြီး မကြာခင်ပင် ပျံလွန်တော် မူကြရ။ ပျံလွန်တော်မမူလျှင် ထွက်ပြေး ကြရသည်ကများ၏။ သို့သော် နောက်ဆုံးကျောင်းထိုင်သည့် ကိုယ်တော်မှာ ဦးပြည်းစိမ်းစိမ်း အသံသာသာနှင့် ကျောင်းသို့ ရောက်လာခဲ့သည်မှာလည်း တစ်နှစ်ခွဲခန့်ကြာပြီဖြစ်သော်လည်း မည်သို့မျှ ထူးခြားမှု မရှိလေသောအခါ ရွာသူရွာသားအပေါင်းတို့က ဒီတစ်ခါတော့ကျောင်းထိပ်က သဘက်ကြီးကို နိုင်သည့် သီလသမာဓိနှင့် ပြည့်စုံသော ကိုယ်တော်ဟု အထင်ရှိကာ ဆထက်ထမ်းပိုး တိုး၍ကြည်ညိုကြလေ၏။ သုံးလေးနှစ်ခန့် ကြာပြီးနောက် ထိုဆရာတော် ပျံလွန်တော်မူ၍ မြန်မာ့ဓလေ့ ထုံးစံအတိုင်း အလောင်းတော်ကို ရေချိုးရန် သင်္ကန်းကို ခွာလိုက်သောအခါ တရွာလုံး သက်ပြင်းကြီးချလျှက် ရင်ဘတ် စည်တီးကာ ယူကြုံးမရ နောင်တကြီးစွာ ရကြလေသည်။

အကြောင်းသော်ကား " လက်စသတ်တော့ ဒင်းက ကျောင်းထိပ်က သဘက်ကြီးကို သူလိုချင်တာ တိတ်တိတ်ပေးပြီး ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်ထိုင်နေတဲ့ ရဟန်း အယောင်ဆောင်ထားတဲ့ ယောင်္ကျားရှာပေကိုး " ဟူ၍ ရွားသူရွာသားအပေါင်းက နောင်တစကားနှင့် မှတ်ချက်ပြုကြလေ၏။ (သင်္ဂဇာဆရာတော် ပုံပြင်များမှ)

နှစ်ကျပ်ခွဲရွာမှ ကိုယ်တော် ပျံလွန်တော်မူ၍ ရေချိုးရန်သင်္ကန်းကိုခွာပါမှ ဇစ်မြစ်အစုံအလင်ကို သိရသော ရွာသူရွာသား အပေါင်းတို့ကဲ့သို့ လမ်းတစ်ခြမ်းခင်း၊ ဆင်ကြယ်ဖိနပ်စီး၊ ပြောင်းဖူးကိုင်သော မဟာရန်ကုန် ရွှေမြို့တော်ကြီး၏ မြို့တော်ဝန် ဟောင်းကြီးသည်လည်း Southern Weekend သတင်းစာနှင့် အင်တာဗျူးပါမှ သူ၏ ကိုယ်ပိုင် အရည်အသွေးနှင့် တိုင်းပြည်အပေါ် ထားရှိသော စိတ်နေစိတ်ထားတို့ကို မြို့တော်သူ မြို့တော်သား အပေါင်းတို့သည်လည်း သိခွင့်ရကြလေတော့သတည်း။

နေရဲနီ

ဓာတ်ပုံပါ ဝိတ်ပြားရှင်ရဲ့  Southern Weekend သတင်းဋ္ဌာန အင်တာဗျူးနဲ့ ပတ်သက်ပြီး တရုတ်သတင်းဋ္ဌာနမှာ ရေးသားထားတာကတော့ ဦးအောင်သိန်းလင်းရဲ့ ရုံးခန်းအတွင်းမှ အလေးမတဲ့ ဝိတ်ပြားများ ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်ဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ တဦးဟာ နိုင်ငံတော် သမ္မတ မဖြစ်နိုင်ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်..။

仰光省前省长的办公室里摆放着一副杠铃,他手拿一本缅甸宪法,这本宪法规定了和外国人结婚的缅甸人不能竞选总统。

Yangon, the former governor's office placed a barbell, he holding a Burmese constitution, the Constitution provides for the Burmese and married to a foreigner can not run for president.

ဘင်္ဂလားဒေ့ရှ်မှ ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်။ (မြန်မာ-မာမ-လူမျိုး)

ဘင်္ဂလားဒေ့ရှ်မှ ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်။ (မြန်မာ-မာမ-လူမျိုး)
Bama Thar (ဖေ့စ်ဘွတ်ခ်)
===================================================
ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်ဟာ ဘင်္ဂလားဒေ့မှာ မဟာရာဂျာစော်ဘွားတွေလို မဟာရာဂျာ စော်ဘွားအဖြစ်နေထိုင်ပါတယ်။ ၁၅၉၉မှာ နန္ဒဘုရင်ရဲ့သားတော် မောင်ရွှေဖြူဟာ စစ်တကောင်းဒေသမှာ တာဝန်ကျခဲ့ပါတယ်။ ဘိုးမောင်းဆက်အဖြစ် ယနေ့တိုင် လူ ၂ သိန်းရှိသော ရှေးကတည်းက  ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြသော မြ...န်မာ၊ မွန်၊ ရခိုင်တိုင်းရင်းသား အများအပြားကို  စစ်တကောင်းတောင်ရိုးမှာ အုပ်စိုးလျှက်ရှိပါတယ်။ ဘိုးမောင်း(BOHMONG) ၁၅ ဆက်မြောက်ဟာ ဓာတ်ပုံမှာပါသော မင်းအောင်ရွှေဖြူ ဖြစ်ပြီး ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်ဖြစ်ပါတယ်။

မာမလူမျိုးဟာ မြန်မာလူမျိုး အသံထွက်မှ ဆင်းသက်လာတာပါ။ အခုအချိန်မှာတော့ ရခိုင်စကားပဲ အဓိက ပြောတော့ပါတယ်။ ဘင်ဂလားဒေ့ရှ် လူမျိုးစုစာရင်းမှာ အသေအချာ ဖော်ပြထားပါတယ်။ သမိုင်းကြောင်းကို ဆက်စပ် လေ့လာလိုပါက အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်။ ဓာတ်ပုံများကိုလည်း အဲဒီမှ ကူးယူထားပါတယ်။
[The word “Marma” originates from the Burmese word “Myanma”, which means “Burmese Nationals”and is pronounced as “Marma”by the people of the CHT. In other explanation the word “Marma” is derived from the Burmese word “Mraima” which means “Being Born”. Hence, the predecessors of the Marma tribes were from Burma and as such, they came to be known as “Marma” or “Mraima”. ]
https://www.facebook.com/media/set/?set=a.209157909111752.64807.139310402763170
http://www.ifad.org/english/indigenous/pub/documents/tnotes/bangladesh.pdf
https://sites.google.com/site/voiceofjummaland/marma
http://en.wikipedia.org/wiki/Bandarban_District

သစ်တင်ကားကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ကြပ် အောင်သန်းထိုက်အား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးမှ မတရားရိုက်နှက် ခဲ့မှုအပေါ် တိုင်ကြားစာ..


၂၀၁၂ခုနှစ် ခုနှစ်၊ ဇူလိုင်လ (၁၇ရက်နှင့် ၁၈ရက်)ရက်နေ့များက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးသည် ဓနုဖြူ မြို့မရဲစခန်းမှ ကျွန်းတံခါး (၁၃)တန် တင်ဆောင်လာတဲ့ သစ်ကား ဖမ်းဆီးသည့် အမှုနှင့် ပတ်သက်ပြီး ဓနုဖြူမြို့တွင် ညအိပ် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဒုရဲမှူးကြီး ဘိုဘိုဦးမှ သစ်ကားကို ဖမ်းဆီးလိုက်သော  ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ဟင်္သာတခရိုင် သစ်တောဦးစီးအရာရှိ၊ ဓနုဖြူသစ်တော အရာရှိတို့၏ ရှေ့တွင် ရိုက်ပုတ် နှိပ်စက်ခဲ့သဖြင့် ဓနုဖြူဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရပါသည်။

ဥပဒေအရဆိုလျှင် မှုခင်းဆေးစာ ပေးပြီး အရေးယူ ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ရိုက်နှက် နှိပ်စက်သူမှာ အထက်အရာရှိကြီး ဒုရဲမှူးကြီး ဘိုဘိုဦး ဖြစ်နေသဖြင့် မည်သူကမျှ အရေးယူနိုင်ခြင်း မရှိဖြစ်နေပါသည်။ တာဝန်အရ သစ်ကားအား ဖမ်းဆီးခဲ့မှုတွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ထိုကဲ့သို့ ကြီးနိုင်၊ ငယ်ညှဉ်း အနိုင်ကျင့်နှိပ်စက်မှုတွေဟာ ယခုကဲ့သို့ ခေတ်စံနစ် ပြောင်းသွားချိန်မှာ မရှိသင့်တော့ပါ။ သို့ပါသော်လည်း ကျွန်တော် တို့ရဲတပ်ဖွဲ့တွင် ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့် အထက်လူကြီးများကို မဖြစ်မနေ ငွေပေးဖားယားလုပ်မှ အဆင်ပြေမှု ရှိနေပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် ဘယ်လောက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်အောင် လုပ်ဆောင် ပါသော်လည်း အထက်လူကြီးများမှ မကြိုက်ကြပါ။ ငွေပေးနိုင်မှ အဆင်ပြေတယ် မျက်နှာရသလို ဖြစ်နေပါတယ်..။

ဒီထက်မက အဖြစ်အပျက်တွေ ရှိပါသေးတယ်၊ သစ် ၁၃တန် တရားခံများအား ပြေးခိုင်ပြီး တာဝန်အရ ဖမ်းတဲ့ ရဲတွေကျတော့ ပြသနာ ရှာနေပါတယ်။ သစ်ကားကို လွတ်မပေးဘဲ ဖမ်းခဲ့တယ်ဆိုတဲ အကြောင်းပြချက်နဲ့ ရုံးခန်းပိတ်ပြီး သစ်သားတုတ်ဖြင့် ရက်စက်စွာ ရိုက်ပုတ်ခဲ့သဖြင့် ယခုအခါ တာဝန်ကျေပွန်မှုနဲ့ မတရား ညှင်းပန်းနှိပ်စက် ခံရတဲ့ ရဲဒုတပ်ကြပ် အောင်သန်းထိုက် ဓနုဖြူဆေးရုံမှာ တက်ရောက် ကုသနေရတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြည်ထဲရေးဝန်ကြီးဌာန။ နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များ အဖြစ်မှန်ကို သိစေရန် တင်ပြပေးဖို့ ဒီမိုဝေယံမှ တဆင့်တောင်းဆို  တင်ပြလိုက်ရပါတယ်..။
 အဖြစ်မှန် ပေါ်ပေါက် စေလိုသူ..

ပြည်ပဖိအားမှသည် အမျိုးသားရင်ကြားစေ့ရေးဆီသို့..

ပြည်ပဖိအားမှသည် အမျိုးသားရင်ကြားစေ့ရေးဆီသို့

ယနေ့မနက် RFAမှ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရဲ့ သတင်း တပုဒ် နားထောင်လိုက်ရသည်။ ရခိုင်ပြည်နယ် အရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားကို မြန်မာအစိုးရက ဖိတ်ခေါ်တာတောင် မလုံလောက်ဆိုသည့် ပုံစံပြောဆိုသွားခဲ့သည်...။

ထိုသို့ဆိုလျှင် မစ္စတာကင်တားနား၏ လက်ရှိအခြေအနေသည် မည်သို့ဖြစ်သွားမည်နည်း..။ ထားတော့ မြန်မာပြည်ရဲ့ အရေး တိုင်းရင်းသား အရေးသည် မြန်မာပြည်သားများသာ အသိဆုံးဖြစ်သည်..။ ယခုတလော ဘင်္ဂလီရိုဟင်ဂျာ အရေးနဲ့ ...ပတ်သက်ပြီး သတင်းမှား၊ မှားယွင်းသော မီဒီယာ သတင်း အချက်အလက်များနှင့် အတူ ပြည်ပမွတ်စလင်နိုင်ငံများသို့ မဟုတ်မမှန် လှုံဆော်မှုကြောင့် အစ္စလာမ်နိုင်ငံများ၏ ဖိအားပေးမှုများနှင့် အတူ အကြမ်းဖက်အဖွဲ့အစည်း တချို့မှလည်း ခြိမ်းချောက် ထုတ်ပြန်မှုများ အစီစဉ်တကျ ထွက်ပေါ်လာခဲ့သည်..။

ရိုဟင်ဂျာ အရေး ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံးအနေဖြင့် သမ္မတဦးသိန်းစိန်မှ တရားဝင်ထုတ်ပြန် ခဲ့သလို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဥပဒေနှင့် နှိုင်းယှဉ် ပြောဆိုခဲ့ပြီးဖြစ်သည်..။ ၈၈မျိုးဆက်မှလည်း ဦးကိုကိုကြီး၊ ကိုမြအေးတို့မှလည်း ပြောဆိုခဲ့ပြီး ဖြစ်သည်..။ ယနေ့လက်ရှိ အခြေအနေသည် ပြည်ပမှ ဖိအားများကို ကာကွယ် တားဆီးရန် အစိုးရ၊ အတိုက်အခံ ပေါင်းစည်း ကာကွယ်ရတော့မည့် အချိန်ဖြစ်သည်..။ ဖြစ်ပေါ်လာသည့် ဖိအားတခုကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား ခွဲခြားမနေပဲ ပူးပေါင်း ထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်ကြေငြာခြင်းဖြင့် သွေးစည်းမှုကို ပြသရတော့မည့် အချိန်ဖြစ်သလို ထိုကဲ့သို့ ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့ အနှစ်နှစ်အလလက လိုလားခဲ့သော အမျိုးသား ရင်ကြားစေ့ရေးအတွက် ခြေလှမ်းတရပ်ကိုလည်း အကောင်အထည် ဖော်မိပြီး ဖြစ်ပေမည်...။

လူဦးရေ အဆမတန် များပြားသော နိုင်ငံကြီးများ ကြား၌ မြန်မာပြည်သည် နှစ်ပေါင်းထောင်ချီကာ ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့သည်..။ အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့တဲ့ ဆရာမောင်သော်က ပြောခဲ့သည့် စကားတခုရှိပါတယ်..။ ကျွန်တော်တို့ မြန်မာတွေ အုတ်ကြားမှာ မြက်ပေါက်နေသူတွေတဲ့ ... ဆရာဆိုလိုသည်မှာ ကလေကချေကို ဆိုလိုခြင်းမဟုတ်..။ ဤသို့သော လူဦးရေနှင့် ယဉ်ကျေးမှု ကာလကြာရှည်စွာ တည်ရှိခဲ့သော နိုင်ငံကြီး ၂ခုကြား၌ မြန်မာပြည်သည် အဆိုပါနိုင်ငံကြီးများ ကြား၏ သြဇာခံ ကျူးကျော်ခံ မဖြစ်ခဲ့သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အုတ်ကြားမှာ မြက်မဟုတ်ပဲ တခြားသော အမာခံ တခုခုဖြစ်ပါက ပျောက်ကွယ်သွားဖို့ လွယ်ကူပေလိမ့်မည်..။ အုတ်ကြားမှာ ရှိနေတဲ့မြက်သည် သတ်ရခက်သည် နှုတ်ပယ်ရ ခက်သည်..။ မြန်မာပြည်သူတို့သည် အဆိုပါ အုတ်ကြားမှ မြက်ကဲ့သို့ သတ်မရ ပြုမရ ဖယ်မရပါ နိုင်ငံကြီးများကြားတွင် အမြဲရှင်သန် နေနိုင် ခဲ့သည်...။ ဆရာသော်က(ခ) ဗိုလ်မှုးဘသော်သည် အမိမြေကို ချစ်ခင်သော မွတ်စလင် ဘာသာဝင် တပ်မတော်ရေတပ် အရာရှိတဦး ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် တဦးဖြစ်လေသည်..။

ယခုလို ပြည်ပကျူးကျော်သူ ဘင်္ဂလီများ အရေးတွင် အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားများသာမက ပြည်တွင်းမှာ တမြေတည်းနေ တရေတည်းသောက် ဆိုးတူကောင်းဖက် အစ္စလာမ် ဘာသာဝင်များ၏ ပူးပေါင်းပါဝင်မှု အရေးဟာလည်း အင်မတန်မှ လိုအပ်ပါတယ်..။ ဆရာကြီးဦးရာဇာတ်၊ ဆရာသော်က၊ ကိုမြအေးတို့ ကဲ့သို့ မြန်မာ့နိုင်ငံရေးတွင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသော အစ္စလာမ် ဘာသာဝင်များ အနေနဲ့ ယခုလို အခြေအနေတွင် သွေးစည်း သစ္စာစောင့်သိမှုကို ပြပြီး မိမိတို့ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေငြာခြင်းဖြင့် အမြင်တိမ်းစောင်း နေမှုများကို ဖယ်ရှားပြသဖို့ အချိန်ကျရောက်နေလေပြီ။

ကျွန်တော်တို့ မြန်မာပြည်သူတွေ သွေးစည်းညီညွတ်လျှင် အင်မတန်မှ အင်မတန်အင်အားကြီးပြီး ကြောက်စရာကောင်းကြောင်း မြန်မာနိုင်ငံ သမိုင်းကို လေ့လာခဲ့သူများမှ ထုတ်ဖော် ပြောဆိုခဲ့ဘူးသည့် သာဓကများ ရှိခဲ့လေသည်...။ အချုပ်အားဖြင့် ဆိုသော် ယခုကဲ့သို့သော ပြည်ပမှ အချုပ်အခြာကို ထိပါးလာသူများနှင့် ပြင်ပမှ နိုင်ငံများ၏ ဖိအားပေးမှုများကို ကျွန်တော်တို့ အတိုက်အခံ၊ အစိုးရ၊ တိုင်းရင်းသား ခွဲခြားမနေပဲ သွေးစည်းညီညွတ်မှုကို မြို့ရွာအနှံ ပြသထုတ်ဖော်ပြီး တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အမျိုးသားရင်ကြားစေ့ရေးကို ခြေလှမ်းတလှမ်း လှမ်းပြီး ထုတ်ဖော်ပြသဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါတယ်..။

ဒီမိုဝေယံ

မျိုးချစ်မြန်မာလူငယ်များ အဖွဲ့၏ သမ္မတဦးသိန်းစိန် ထောက်ခံပွဲနှင့် UNHCR အဆို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲ ဖိတ်ကြားလွှာ (ရန်ကုန်)

မျိုးချစ်မြန်မာလူငယ်များ အဖွဲ့မှ ထုတ်ပြန်ကြေငြာချက်

ကျွန်ုပ်တို့မြန်မာမျိုးချစ် လူငယ်များသည် တိုင်းပြည်နှင့် လူမျိုးရေး အတွက် ပြတ်သားရဲရင့်စွာ ဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတကြီးကို ထောက်ခံကြောင်းနှင့် UNHCR မဟာမင်းကြီးမှ ဘင်္ဂလီရိုဟင်ဂျာများနှင့် မြန်မာပြည်သူများကို အတူငြိမ်းချမ်းစွာ လက်တွဲနေထိုင် သွားရေးဆိုသော အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခြင်း ကို ရန်ကုန်မြို့ UNHCR ရုံးရှေ့တွင် ပြုလုပ်သွားပါမည်။ ထိုကိစ္စနှင့်ပတ်သက် ပြီး စုဝေးတိုင်ပင်ရန် စိတ်ဝင်စားသူ မည်သူမဆို (29.7.2012) တနင်္ဂနွေနေ့တွင် ရွေတိဂုံဘုရား မြောက်ဘက်မုခ် ရှင်ဥပဂုတ္တပန်းခြံသို့ နေ့လည်(၂း၃၀)တွင် လာရောက် ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြား အပ်ပါသည်။

သုဓနု

နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့ ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)

နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့ ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက် က၀ိမင်္ဂလာ လမ်းထိပ်ရှိ ရေကန်တွင် ၂၅.၇.၂၀၁၂နေ့ နေ့လည် ၂နာရီခန့် အချိန်က မောင်ဥာဏ်မျိုးအောင်၊ မောင်သံချောင်းနှင့် မောင်မင်းမင်းတို့ လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများမှ လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် မတရား တရားရုံး တင်ခံလိုက်ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်း မရှိပါဘဲ မတရားစွာ ရုံးတင် ခံလိုက်ရပါသည်။ 

တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင် တစ်သောင်း တောင်းသော်လည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီး အမှုကိုမူ မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။

တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။ အမှုလိုနေ၍ မဟုတ်သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော် သမ္မတကြီး၏ "Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် အထက်ပါ အောက်ခြေမှ ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များသည် သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေသလို အကျည်းတန် အရုပ်ဆိုးလှပါတယ်..။ ထို့ကြောင့် တရားဥပဒေအား အလွဲသုံးစားပြု၍ ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ တာဝန်ရှိသူများအား နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာနမှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည် ခင်ဗျား။

မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး

တနသာင်္ရီတိုင်းဝန်ကြီးချုပ် အစုရှယ်ယာ ပါဝင်သော ထားဝယ်အများပိုင် ကုမ္မဏီမှ အဆောက်အဦး ဆောက်လုပ်ရန်အတွက် စိုက်ပျိုးပြီးသား လယ်မြေပေါ်တွင် သဲမှုတ်တင်နေခြင်းအား (တိုင်ကြားစာ)

ဝန်ကြီးချုပ် အစုရှယ်ယာ ပါဝင်သော ထားဝယ်အများပိုင် ကုမ္မဏီမှ အဆောက်အဦး ဆောက်လုပ်ရန်အတွက် စိုက်ပျိုးပြီးသား လယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်း
 လယ်မြေပေါ်တွင် မြေနေရာ သတ်မှတ်ထားပုံ..
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ကမြောကင်း တံတားအနီး၊ ကမြောကင်းလမ်း ဘယ်ညာတွင် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင်ကုမ္မဏီမှ စိုက်ပျိုးပြီးသား လယ်မြေများပေါ်တွင် Shopping Center နှင့် အခြားအဆောက်အဦများ ဆောက်လုပ်ရန်အတွက် ထားဝယ်မြစ်အတွင်း သဲလှေများမှ သဲများအား စပါးစိုက်ထားသော လယ်မြေပေါ်သို့ သဲများဖြင့်ဖုံးခြင်းအား 2012 ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှ စတင်ကာ ဆောင်ရွက်နေပါသည်။
 သဲမှုတ်တင်ထားပုံ
 တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ အများပိုင် ကုမ္မဏီကြီးများ၊ ထားဝယ်သား စီးပွားရေး လုပ်ငန်းရှင်များ၊ တနင်္သာရီတိုင်း ဒေသအတွင်းရှိ ကုမ္မဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များစွာရှိတဲ့အနက် ၀န်ကြီးချုပ် ဦးမြတ်ကိုဟာ ထားဝယ်ဖွံ့ ဖြိုးတိုး တက်မှု အများပိုင်ကုမ္မဏီမှ ဦးခင်စိုး တစ်ဦးတည်းကိုသာ အခွင့်အရေးများစွာ ပေးခြင်း၊ ဦးခင်စိုး လုပ်ဆောင်မည့် မည်သည့် လုပ်ငန်းကိုမဆို တာဝန် ယူဆောင် ရွက်ပေးခြင်းဖြစ်သလို အဆိုပါကုမ္မဏီမှ သူဌေးများသည်လည်း ဌာနဆိုင်ရာများသို့ လာရောက်ရာတွင် ၀န်ကြီးချုပ် ရှယ်ယာ ပါဝင်သည့် ကုမ္မဏီဖြစ်ကြောင်း ပြောဆိုပြီး ၀န်ထမ်းများကို ရုံးဆင်းချိန်၊ ရုံးပိတ်ရက်များပါမကျန် အမြန်ဆုံး ပြီးပြတ်အောင် စာရွက်စာတမ်း များကိ ဆောင် ရွက်ခိုင်းခြင်းများကြောင့် ၀န်ထမ်းများ အနေဖြင့် စိတ်ဆင်းရဲမှုများနှင့် ကြုံတွေ့နေရပါသည်။
Shopping Center ဆောက်ရန် လယ်မြေများပေါ်တွင် မြေနေရာ သတ်မှတ်ထားပုံ
ထားဝယ်မြို့တွင်းရှိ မြေနေရာ များအပြင်၊ ရေနက်ဆိပ်ကမ်းနှင့် အနီးဆုံး မြေနေရာများ၊ ယိုးဒယားနိုင်ငံနှင့် ထိစပ်နေသော ထီးခီးဒေသရှိ မြေနေရာများ၊ ဟိုတယ်ဆောက်လုပ်ရန် မောင်းမကန်ကမ်းခြေ မြေနေရာများ၊ မြေခံအော်ဒေသမြေနေ ရာများ၊ ကျောက် တွင်းဒေသမြေနေရာများနှင့် စီးပွားရေး ဈေးကွက်ကောင်းသော မြေနေရာ အတော်များများ စုစုပေါင်းဧက(၅၀၀၀၀) ၀န်းကျင်ကို မကြာသေးခင် ကာလအတွင်း သူဌေးကြီးခင်စိုးကိုသာ လုပ်ပိုင်ခွင့် ပေးခဲ့ပါသည်။ ယခုလက်ရှိလည်း ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ထားဝယ်နှင့်အနီးဆုံး စိုက်ပျိုးထားသော မြေနေရာတွင် SHOPPING CENTER များနှင့်အခြား အဆောက်အဦး ဆောက်လုပ်ရန် ဦးခင်စိုးမှ လယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်း လုပ်ရက်မှာ အတော်ကို အကျည်းတန်လှပါတယ်...။
Shopping Center ဆောက်ရန် လယ်မြေများပေါ်တွင် သဲမှုတ်တင်ထားပုံ..
.အဆိုပါမြေနေရာတွင် လယ်လုပ်သူများမှာ လက်တွန်းထွန်းစက်တောင် မရှိပါဘူး.... နွားနှင့်ဘက်ပြီး လယ်ထွန်တယ်၊ စပါးပင်တွေ ကြီးလာတော့ အများပိုင်ကုမ္မဏီက သူဌေးတွေက ၀န်ကြီးချုပ်အမိန့်ဖြင့် လာရောက်ပြီး အစိုးရမှ သိမ်းသည့် သဘောမျိုးဖြင့် လယ်လုပ်နေသူများကို ဖယ်ခိုင်းပါတယ်။ အများပိုင်ကုမ္မဏီ အနေဖြင့် ဒေသဖွံ့ရေးဆောင်ရွက်မယ် ဆိုလျှင် နိုင်ငံတော် သမ္မတ၏ လမ်းညွန်ချက်အရ ဆင်းရဲနွမ်းပါးမှု လျော့နည်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် လမ်းညွန်ထားသော်လည်း လယ်သမားများ၊ ယာသမားများတို့ကို စိုက်ပျိုးရေးအတွက် နည်းပညာများနှင့် စက်ကရိယာများကို ကျွန်တော်တို့ ထားဝယ်ဒေသမှာ အများပိုင်ကုမ္မဏီနှင့် အခြားလုပ်ပိုင်ခွင့် ရကုမ္မဏီများအနေဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးရမည့် အစား စိုက်ပျိုး ပြီးသား လယ်မြေပေါ်သို့  သဲမှုတ်တင်ခြင်းဟာ ဦးခင်စိုးအပါအ၀င် အများပိုင်ကုမ္မဏီရဲ လုပ်ရက်ဟာ ထားဝယ်ဒေသအတွက် အကျည်းတန် (တရားလွန်)လှပါတယ်။

ယခုလို လုပ်ရက်များကြောင့် ထားဝယ်ဒေသ တစ်ခုလုံးမှာရှိတဲ့ လယ်မြေတွေကို သဲမှုတ်တင်ပြီးရင် အဆောက်အဦးတွေ ဆောက်လုပ် ရမယ်ထင်ပြီး မန္တလေးက သူဌေးတွေ လယ်မြေတွေ လာဝယ် နေကြတဲ့အတွက် လယ်မြေဈေးတွေ တက်ကုန်ပါတယ်။ လယ်လုပ်သူများ လယ်ယာမြေတွေ ရောင်းစားပြီး မလေးရှား၊ ယိုးဒယားတို့လို နိုင်ငံတွေမှာ အလုပ် သွားလုပ်ခိုင်းနေတာနဲ့ အတူတူဘဲ ဖြစ်မနေဘူးလား။ နိုင်ငံတော်အစိုးရက တစ်ဘက်နိုင်ငံကို ရောက်နေတဲ့ ထားဝယ်သားများ ထားဝယ်ကို ပြန်လာပြီး အလုပ်အကိုင် အခွင့်အရေးရအောင် လယ်ယာမြေ ပြန်လည် လုပ်ဆောင်ရမည့်အစား တစ်ဘက်နိုင်ငံကို ကျွန်သွား လုပ်ခိုင်းတာနဲ့ မတူဘူးလား။ ဒီလုပ်ရက်တွေကို ကျွန်တော်တို့ထားဝယ် သားတွေပြန်လည် သုံးသပ်ဖို့လိုအပ်ပါတယ်။

ထားဝယ်သူ ထားဝယ်သားအနေဖြင့် အများပိုင် ကုမ္ပဏီ ထူထောင်တာကို ကျွန်တော်တို့ဝမ်းမြောက် စွာအားပေးပါတယ်။ ထားဝယ်သားတွေ ပိုင်တဲ့လယ်တွေ၊ မြေတွေကို ဈေးကောင်းတယ်ဆိုပြီး ဦးခင်စိုးအနေနဲ့ မြေဈေးကစားဖို့၊ မန္တလေးက တရုတ်သူဌေးတွေကို ခေါ်ချတာနဲ့ အတူတူဘဲမို့လား၊ သူ့ရဲ့ စီးပွားရေးအတွက် လုပ်ဆောင် နေတာကို ထားဝယ်သူ/သားတွေ သိကြရဲ့လား။

ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထားဝယ်အသင်းဥက္ကဌ၊ အများပိုင်ကုမ္ပဏီဥက္ကဌတို့ကို ရွေးချယ်တင်မြောက်မယ်ဆိုရင် အကျင့်စာရိတ္တ ကောင်းသူဖြစ်ရမည်၊ မှောင်ခိုစီးပွားရေးလုပ်ပြီး ချမ်းသာတဲ့သူ မဖြစ်ရဘူး၊ အပေါ်ယံ အရေခြုံသူ မဖြစ်ရဘူး၊ သူများသားမယား ဖျက်ဆီးသူ မဖြစ်ရဘူး၊ အဲဒီလို လူမျိုးကိုဖယ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့ လူမျိုးထားဝယ်သူ/သားထဲမှာရှိပါတယ်၊ အဲဒီလိုလူမျိုးမှ ရွေးချယ်တင်မြောက်ပြီး ဦးဆောင်နိုင်မည်ဆိုလျင် ထားဝယ်သားများပိုင် လယ်/မြေများ မပျောက်ဘဲ ထားဝယ်ဒေသကြီး ဖွံဖြိုးတိုးတက်လာမည်မှာ ထားဝယ်သူ/ သားများအားလုံးမှ ယုံကြည်ကြောင်း တင်ပြလိုက်ရပါတယ်။

ထားဝယ်ကိုကိုကြီး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲ (သတင်း၊ ဓာတ်ပုံ)

ကာတွန်းဆရာကြီး ရွှေမင်းသား
ကာတွန်းဆရာ စိုးစံဝင်း
ကာတွန်းဆရာကြီး ဦးဖေသိန်း(ကွယ်လွန်)၏ဇနီး အန်တီနွယ်
ဆရာဦးမိုးသူ(ဘကြီးမိုး)နှင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်
တက်ရောက်လာသော ဆရာကြီးများသို့ ကာတွန်းစာအုပ်များလက်ဆောင်ပေးနေစဉ်
ဆရာကြီးဦးမိုးသူ(ဘကြီးမိုး)မှ ကျေးဇူးတင်စကားပြောကြားစဉ်
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အဖွင့်အမှာစကားပြောကြားစဉ်
ဆရာ၊ဆရာမကြီးများ ကာတွန်းပြပွဲသို့ တက်ရောက်လာကြစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲ (သတင်း၊ ဓာတ်ပုံ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲအား ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ လောကနတ် ပန်းချီပြခန်း၌ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(ကာတွန်းကွန်ယက်-မြန်မာ)မှ  ကာတွန်းဆရာ (၆၀) ဦး၏ ကာတွန်းပုံပေါင်း (၁၆၆)ပုံအား ခင်းကျင်း ပြသခဲ့ပါသည်..။ အဆိုပါအခမ်းအနားသို့ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမောင်မိုးသူ(ဘကြီးမိုး)၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းကိုမောင်မောင်၊ ကာတွန်းဇော်ဝိတ်၊ ကာတွန်းစိုးစံဝင်း၊ ကာတွန်းဝလုံး၊ ကာတွန်းအောက်တိုဘာ အောင်ကြီး အစရှိသည့်နာမည်ကြီး ကာတွန်းဆရာများနှင့် သတင်းမီဒီယာများမှ သတင်းထောက်များ တက်ရောက် ခဲ့ကြပါသည်။ 

ဖွင့်ပွဲ အခမ်းအနား၌ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်မှ အမှာစကား ပြောကြားခဲ့ပြီး ကာတွန်းဆရာကြီး ဦးဖေသိန်း(ကွယ်လွန်)၏ဇနီး ဒေါ်နွယ်မှ ဆရာကြီးဦးဖေသိန်း၏ ကာတွန်းစာအုပ် ရောင်းရသော အမြတ်ငွေ(၂၀)ရာခိုင်နှုန်းအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်