ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သစ်တင်ကားကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ကြပ် အောင်သန်းထိုက်အား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးမှ မတရားရိုက်နှက် ခဲ့မှုအပေါ် တိုင်ကြားစာ..


၂၀၁၂ခုနှစ် ခုနှစ်၊ ဇူလိုင်လ (၁၇ရက်နှင့် ၁၈ရက်)ရက်နေ့များက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးသည် ဓနုဖြူ မြို့မရဲစခန်းမှ ကျွန်းတံခါး (၁၃)တန် တင်ဆောင်လာတဲ့ သစ်ကား ဖမ်းဆီးသည့် အမှုနှင့် ပတ်သက်ပြီး ဓနုဖြူမြို့တွင် ညအိပ် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဒုရဲမှူးကြီး ဘိုဘိုဦးမှ သစ်ကားကို ဖမ်းဆီးလိုက်သော  ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ဟင်္သာတခရိုင် သစ်တောဦးစီးအရာရှိ၊ ဓနုဖြူသစ်တော အရာရှိတို့၏ ရှေ့တွင် ရိုက်ပုတ် နှိပ်စက်ခဲ့သဖြင့် ဓနုဖြူဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရပါသည်။

ဥပဒေအရဆိုလျှင် မှုခင်းဆေးစာ ပေးပြီး အရေးယူ ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ရိုက်နှက် နှိပ်စက်သူမှာ အထက်အရာရှိကြီး ဒုရဲမှူးကြီး ဘိုဘိုဦး ဖြစ်နေသဖြင့် မည်သူကမျှ အရေးယူနိုင်ခြင်း မရှိဖြစ်နေပါသည်။ တာဝန်အရ သစ်ကားအား ဖမ်းဆီးခဲ့မှုတွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ထိုကဲ့သို့ ကြီးနိုင်၊ ငယ်ညှဉ်း အနိုင်ကျင့်နှိပ်စက်မှုတွေဟာ ယခုကဲ့သို့ ခေတ်စံနစ် ပြောင်းသွားချိန်မှာ မရှိသင့်တော့ပါ။ သို့ပါသော်လည်း ကျွန်တော် တို့ရဲတပ်ဖွဲ့တွင် ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့် အထက်လူကြီးများကို မဖြစ်မနေ ငွေပေးဖားယားလုပ်မှ အဆင်ပြေမှု ရှိနေပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် ဘယ်လောက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်အောင် လုပ်ဆောင် ပါသော်လည်း အထက်လူကြီးများမှ မကြိုက်ကြပါ။ ငွေပေးနိုင်မှ အဆင်ပြေတယ် မျက်နှာရသလို ဖြစ်နေပါတယ်..။

ဒီထက်မက အဖြစ်အပျက်တွေ ရှိပါသေးတယ်၊ သစ် ၁၃တန် တရားခံများအား ပြေးခိုင်ပြီး တာဝန်အရ ဖမ်းတဲ့ ရဲတွေကျတော့ ပြသနာ ရှာနေပါတယ်။ သစ်ကားကို လွတ်မပေးဘဲ ဖမ်းခဲ့တယ်ဆိုတဲ အကြောင်းပြချက်နဲ့ ရုံးခန်းပိတ်ပြီး သစ်သားတုတ်ဖြင့် ရက်စက်စွာ ရိုက်ပုတ်ခဲ့သဖြင့် ယခုအခါ တာဝန်ကျေပွန်မှုနဲ့ မတရား ညှင်းပန်းနှိပ်စက် ခံရတဲ့ ရဲဒုတပ်ကြပ် အောင်သန်းထိုက် ဓနုဖြူဆေးရုံမှာ တက်ရောက် ကုသနေရတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြည်ထဲရေးဝန်ကြီးဌာန။ နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များ အဖြစ်မှန်ကို သိစေရန် တင်ပြပေးဖို့ ဒီမိုဝေယံမှ တဆင့်တောင်းဆို  တင်ပြလိုက်ရပါတယ်..။
 အဖြစ်မှန် ပေါ်ပေါက် စေလိုသူ..