ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြိတ်မြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၃နှစ်ခန့်က NLD မြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း အခမ်းအနား (ထားဝယ်စုနယ်မြေ)

မြိတ်မြို့တွင်လွန်ခဲ့သောနှစ်ပေါင်း၂၃နှစ်ခန့်က NLDမြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း.. 
(ထားဝယ်စုနယ်မြေ)

(၂၉၊၇၊၂၀၁၂)ရက်နေ့၊နံနက်(၉း၀၀)နာရီက မြိတ်မြို့နယ် ထားဝယ်စုနယ်မြေ၊ အမျိုးသာဒဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားအား အမှတ်(၆၀)၊ စီလမ်း၊ ထားဝယ်စုရပ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအစီအစဉ်အရ.. အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်အလံတင်ခြင်း၊ အလေးပြုခြင်း၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မရှင်မှ ဦးအော်ကောင်းမှ အဖွင့်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်..။

တက်ရောက်လာကြသော အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ရပ်/ကျေးရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စည်းကမ်းချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီးနောက် အခမ်းအနားကို
နေ့လည်(၁၀း၀၀)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ။
စုစုပေါင်း(၂၀၀)ကျော်ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား လက်ဖက်ရည်၊ ကိတ်မုန့်နှင့် စမူဆာများအား ဧည့်ခံကျွေးမွေးခဲ့ ကြပါသည်။