မနေ့ညက မန္တလေးအိုးဘိုထောင်ကနေပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား (၁၀၁) ဦးထဲမှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်း
ကျောက်ဆည်မြို့နယ် မှာဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းမှာ
အဖမ်းဆီးခံရသူတွေထဲက သံဃာတော် တွေနဲ့ အရပ်သား စုစုပေါင်း(၄၆) ဦးပါဝင်ပါတယ်။
အခုလို ပြန်လွတ်လာတဲ့(၄၆) ဦးထဲက တဦးဖြစ်သူ ကျောက်ဆည်မြို့က
ကိုမင်းသူကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျ နေတဲ့
အကျဉ်းသား ၅၁၄ ဦးကို မနေ့ညနေပိုင်းက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား
၉၉ ဦးသာ ပါဝင် ကြောင်းနိုင်ငံရေးအကျဉ်းသား အရေး ကူညီဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေက သတင်း ထုတ်ပြန်ထား ပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်သူလေးရာကျော် ပါဝင်ပါတယ်။ သူတို့ကတော့ ထိုင်းငါးဖမ်းသင်္ဘောတွေက
ဖမ်းစီးရမိထားတဲ့ နိုင်ငံခြားသား အများစုဖြစ်ပြီး တခြားရာဇ၀တ်မူတွေနဲ့
အဖမ်းခံရသူ သာမန်အရပ်သားများလည်း ပါတယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေချီးမြှင့်တဲ့ အညတရသူရဲကောင်း ဆုရှင် အရှင်ခေမာစာရခေါ် ကိုချမ်းသာ ပါဝင်သလို ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းကျနေတဲ့ ဦးရွှေထူး အပါအ၀င် ၂ဝဝ၇ သံဃာ့ အရေး အခင်းမှာ အကျဉ်းကျခဲ့တဲ့ ရဟန်းသံဃာတွေလည်း ပါဝင်ပါတယ်။
အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်သား ၅၆ ဦး ရှိနေပေမယ့် ဒီအထဲက ၈ ဦးကိုပဲ လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ မနေ့ ညနေပိုင်းက အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ပြောပါတယ်။
အင်းစိန်ထောင်က လွတ်လာတဲ့ အကျဉ်းသား တွေကို ထောင်ဗူးဝက လွှတ်ပေးခဲ့တာ မဟုတ်ဘဲ ညပိုင်း မှောင်ချိန်ရောက်မှ ထောင် အနောက်ဘက်ပေါက် ကနေ မီဒီယာတွေ မသိအောင် လွှတ်ပေးခဲ့တာလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။
သတင်း.... RFA
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၁၅၊ ၂၀၁၂။
ကိုညိုအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းနေစဉ်မှာ ကိုညိုအုန်းမြင့်စကားတွေထဲမှာ မြောက်ပိုင်း(ပါဂျောင်)မှာ အသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေအပြင် အခြားဒေသတွေမှာလည်း အသတ်ခံရတဲ့ ကျောင်းသား ရဲဘော်တွေလည်း ရှိသေးတယ်ဆိုတာကလည်း ကျမကို သတိပြုမိစေခဲ့တယ်။
တလောတုန်းကလည်း ကျမဆီကို အမျိုးသမီးကြီးတဦး ဆက်သွယ်လာခဲ့ဖူးတယ်၊ ပဲခူးကလို့ ပြောတယ်။ သူ့ရဲ့သားကလည်း တောခိုသွားခဲ့တယ်။ တခါမှလည်း အဆက်အသွယ်မရတော့ဘူးလို့ ငိုသံ၊ရှိုက်သံတွေနဲ့ ပြောလာခဲ့တယ်။ ဘယ်သူ့ကို မေးလို့ မေးရမှန်းလည် မသိဘူးလို့ ပြောတယ်။
ကျမအနေနဲ့လည်း ဒီကိစ္စတွေကိုတော့ သေချာမသိကြောင်း၊ သူ့သားနာမည် ပြောရုံနဲ့ စုံစမ်းဖို့လည်း ခက်ခဲကြောင်း၊ လက်ရှိ ABSDF အဖွဲ့တွေနဲ့လည်း အဆက်ဆံမရှိကြောင်း၊ဒါပေမဲ့ နီးစပ်ရာ တောခိုကျောင်းသားတွေ ပြန်လာရင်တော့ မေးမြန်းပေးပါ့မယ် သူ့ကို နှစ်သိမ့်အားပေးခဲ့ရတယ်။
ဒီလိုဇာတ်လမ်းတွေက အရင်တုန်းကဆိုရင်တော့ ပုံပြင်တွေပဲလို့ မှတ်ရင် မှတ်မိလိမ့်မယ်။ ခုတော့ တကယ့်အဖြစ်အပျက်တွေပဲ ဆိုတာကို ရင်နာနာနဲ့ပဲ လက်ခံရသလို ဖြစ်နေပါတယ်။
အဲဒီလို တောထဲမှာ ပျောက်သွားတဲ့ တောခိုကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကိုညိုအုန်းမြင့်ကိုလည်း ဆက်မေးမိပါတယ်။
မေး။။အခုလိုအချိန်မှာပေါ့လေ၊အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ပြန်လာလို့ရတဲ့အချိန်မှာ အချို့ကလည်း ပြန်လာကြတယ်၊ ဒီလိုအချိန်မှာ တောခိုကျောင်းသားတွေရဲ့ မိသားစုအချို့တွေကလည်း ကိုယ့်သား၊ ကိုယ်မောင်၊ ကိုယ့်ညီ၊ကိုယ့်အကို စသဖြင့် ပြန်လာကြဖို့ မျှော်နေကြတာလည်း ရှိတယ်ပေါ့လေ။ သူများတွေ ပြန်လာတယ်၊ ကိုယ့်သား ပြန်မလာ၊ ကိုယ့်သားရဲ့ သူငယ်ချင်းနဲ့ တွေ့ပေမဲ့ ဘာမှ ပြန်မပြောနိုင်ဆိုတဲ့ မိသားစုဝင်တွေကလည်း မနည်းဘူး။
ဒါ့အပြင် အသတ်ခံခဲ့ရတဲ့ ကျောင်သားရဲဘော်တွေရဲ့ မိသားစုဝင်တွေကလည်း သူတိုရဲ့ နားမလည်နိုင်တာတွေ ထိခိုက် ခံစားချက်တွေကလည်း ရှိနေတော့ ABSDF အဖွဲ့အနေနဲ့ ယခု တာဝန်ရှိသူတွေအနေနဲ့ရော၊ အရင်တာဝန်ရှိခဲ့တဲ့ သူတွေအနေနဲ့ ရော ဒီလိုမိသားစုဝင်တွေကို ရှင်းလင်းပြောဆိုဖို့ လိုအပ်တယ်လို့မြင်ပါသလား၊ ကိုညိုအုန်းမြင့်အနေနဲ့ သူတို့အပေါ်မှာ ဘယ်လို အကြံမျိုး ပေးနိုင်ပါမလဲရှင့်။
ဖြေ။ ။ကျနော်နဲ့ ဒေါက်တာနိုင်အောင်နဲ့ သဘော မတူဘူးဗျ။ သူက ခုချိန်ထိ အဲဒီမှာ ထောက်လှမ်းရေးတွေ ရှိတယ်၊ တကယ်လည်း ဟုတ်ခဲ့တယ်ဆိုတဲ့ ဟာမျိုးမြင်ပြီး ဖြစ်ခဲ့တာပေါ့နော်။ ပြီးတော့ အဲဒီအချိန်တုန်းက ဘာကို မြင်ခဲ့ရလဲဆိုတော့ ထစ်ခနဲ ရှိရင်သတ်ပစ်လိုက်တာပေါ့။ ဦးသန်းလွင်ထွန်း(လက်ရှိ VOA မြန်မာ-ဌာနမှူး)သူ့ကိုလည်း ABSDF က သူ့ကိုလည်း ပြစ်ဒဏ်ပေးပါတယ်။ ပေးသူက အဲဒီတုန်းက ကိုသန်းဝင်းက ABSDF ရဲ့ အထွေထွေ အတွင်းရေးမှူးပေါ့နော်။ ဆိုတော့ ကိုသန်းလွင်ထွန်းကလည်း ထွက်ပြေးရတယ်။ မွန်နယ်မြေထဲက ထွက်ပြေးရတယ်။ …ဒီလိုမျိုး…ထစ်ခနဲ ရှိရင် လုပ်တဲ့ ဟာက ကျနော်တို့ ဘာကြောင့်ဒီမိုကရေစီခရီးရှည်တာလဲ…ဒီလောက် ဆိုးပါတယ်ဆိုတဲ့ လူတွေကို ကျနော်တို့ ဘာကြောင့် မနိုင်တာလဲ။ ကိုယ်က ပိုဆိုးလို့လား၊ ဒါမှမဟုတ် ကိုယ်က ပိုညံ့လို့လားပေါ့။ ဟုတ်လား ကျနော် ဒီ လက်ရှိ ABSDF က လက်ရှိ ခေါင်းဆောင်တွေနဲ့လည်း ကျနော် ရင်းနှီးပါတယ်။ ကျနော်ကတော့ ဒီပြဿနာတွေ ကို ရှင်းရှင်းလင်းလင်းဖြစ်စေရှင်တယ်။ နားလည် စေချင်တယ်။ အဲတော့ တာဝန်ရှိတာက ဘယ်လိုပဲ ကော်မရှင် ပြောပြော အဲဒီတုန်းက ကိုမိုးသီးက ဥက္ကဋ္ဌဖြစ်တယ်၊ ကိုနိုင်အောင်က ဒုဥက္ကဋ္ဌဖြစ်တယ်။ နောက်တခါ ကိုမိုးသီး၊ ကိုနိုင်အောင်ရဲ့ Power Struggle မှာ သူတို့ရဲ့ Power Struggle မှာ ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ကို ထောက်ခံတဲ့ မဲလို လာတယ်။ ကိုနိုင်အောင်ရဲ့ အဲဒီတုန်းက လုပ်ခဲ့တဲ့ အချက်က မြောက်ပိုင်းမှာ ရှိတဲ့ သူတွေရဲ့ မဲ လိုချင်တယ်။
အဲဒီအချိန်တုန်းက ကိုမိုးသီးကလည်း မြောက်ပိုင်းပေါ်မှာ အားမရှိခဲ့ဘူး။ အဲဒီတုန်းက ကိုမိုးသီးကလည်း ကျနော်တို့ နားလည်သလောက်ပြောရရင်တော့ ထောက်လှမ်းရေးလို့ ဆိုရင်တော့ သေချာ စစ်ဆိုတဲ့ ဟာမျိုး၊ အဲဒီမှာ မြောက်ပိုင်း ABSDF ရယ်၊ တောင်ပိုင်း ABSDF ရယ် ဆိုတော့ တောင်ပိုင်းအနေနဲ့လည်း မြောက်ပိုင်းအပေါ်မှာ သြဇာသက်ရောက်မှု နည်းနေတယ်လို့ ကျနော် ထင်တယ်။ အဲတော့ ခုန ပြောတဲ့ သေဆုံးသွားခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေအတွက်ကတော့ တရားမျှတမှု မရှိဘူးလို့ ဖြစ်နေမှာပဲ။
မေး။ ။ ABSDF မှာ ဒီလို ပြဿနာတွေ ရှိနေတယ်ဆိုတာက နောင်လာမဲ့ အနာဂတ်နဲ့ နောင်လာမဲ့ လူငယ်တွေမှာ နိုင်ငံရေးဆိုတဲ့ အပေါ်မှာ တမျိုးမြင်သွားနိုင်စရာတွေ ရှိနေတယ်၊ ABSDFကတော့ ဒီလိုပဲ မြန်မာ့ဒီမိုကရေစီအတွက် လူ့အခွင့်းရေးအတွက် တိုက်ပွဲ ၀င်တယ်လို့ ပြောပြီးတော့ လူ့အခွင့်အရေးချိုးဖောက်နေတာတွေ ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေကို ဖုံးကွယ်ထားတယ် ဆိုတာမျိုးကရော အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ။ နောက်ခုချိန်မှာ သူတို့ မရှင်းဘူး၊ နောက်ကာလတွေထိ ဒီပြဿနာကြီးက ပါသွားမယ်ဆိုရင်ရော ဘယ်လိုဖြစ်လာနိုင်မလဲပေါ့ အဲဒါကိုလည်း ကျမအနေနဲ့စိတ်ဝင်စားမှု ရှိတယ်ဆိုတော့ အကို့အနေနဲ့ရော ဘယ်လိုသုံးသပ်မိပါသလဲရှင့်။
ဖြေ။ ။ဟုတ်..ဟုတ်ကဲ့။
အဲဒီအချိန်မှာ ကိုညိုအုန်းမြင့်ဆီကို ဖုန်းလာတဲ့အတွက် ကိုညိုအုန်းမြင့်က ဖုန်းဖြေပါတယ်။
ဖြေ။ ။ဟုတ်၊ ခုနပြောတဲ့ သမိုင်းမှာ ABSDF ရဲ့ အမည်းစက်ဆိုတာကိုရော နောင်အနာဂတ် လူငယ်တွေအတွက်ရော ဆိုတာကို ကျနော် ဒေါ်မေသင်္ကြန်ဟိန်နဲ့ သဘောတူတယ်။ နောင်အနာဂတ်မှာ လူငယ်တွေက လက်နက်ကို အားကိုးပြီးတော့ အာဏာကို အားကိုးပြီးတော့ တိုက်ပွဲဝင်ဖို့ စဉ်းစားရမယ် ဆိုတာကိုပေါ့နော်။ နောက် ကျနော် ဒီကိစ္စမှာ နှစ်ပိုင်းတွေ့ပါတယ်။ ABSDF ရဲ့ ဒီအဖြစ်အပျက်ကတော့ ကျနော်တို့ မြို့နေ လူတန်းစား သင်ခန်းစာယူသင့်တာပေါ့နော်။ နောက် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း ရှိပါတယ်။ ဥပမာ အားဖြင့် ကရင် ဆိုရင် ကျနော်တို့ ၈၉၊ ၉၀ လောက်လို့ ကျနော် ထင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော် မာနယ်ပလောမှ ရှိနေတုန်းမှာ သူနာပြု ဆရာမလေး ရွာကနေ ဒီကို ပြေးလာကြတယ်ပေါ့။ ဒုက္ခသည်တွေလည်းပါတယ်။ အဲဒီအမျိုးသမီးလေးကို ဒီမတရားပြုကျင့်တယ်။တပ်ကပေါ့နော်။ တပ်က ဗိုလ်ကြီးပြီးတော့ သူ့အောက်က အဆင့်ဆင့်ပေါ့နော်၊ ၇ ယောက် ၈ ယောက်လောက် ပြုကျင့်ကြတယ်။ နောက် ဒီကောင်မလေးက ကိုယ်ဝန်လည်း ရသွားတယ်။ အားလုံး ပြေးနေရင်းနဲ့ပေါ့ ဒါက ကျနော်တို့ စစ်ရဲ့ အနိဋ္ဌာရုံပေါ့ စစ်ပွဲတွေရဲ့ ပြဿနာတွေပေါ့နော်။ နောက်ဘေးထွက် ပြဿနာတွေကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ တိုင်းပြည်မှာ တကယ်ပဲ ဒီမိုကရေစီ ဆိုတာကို တည်ဆောက်နေပြီ ဆိုရင် တကယ်ပဲ ပြောင်းသင့်တာပေါ့နော်။ ၁၉၈၈ခုနှစ် အရေးခင်းတုန်းကလည်း စမ်းချောင်းမှာ ကိုယ့်ထမင်းစားနေတဲ့ ဆရာကတော်ပေါ့ ဘယ်ကမှ မသိပစ်လိုက်တဲ့ဟာ ထိပြီး ပွဲခြင်းပြီး သေတယ်ပေါ့၊ အဲတော့ ကျနော် ပြောချင်တာက ကြိုးစားပြောင်းသင့်ပြီလို့ ကျနော် ထင်တယ်လေ၊။
တောင်အာဖရိကမှာဆိုရင် တောင်းပန်တဲ့ဟာမျိုး။ဒါမှ မဟုတ်ရင်လည်း တရားဥပဒေစိုးမိုးရေးပေါ့။ အချို့ဟာတွေကတော့ ကာယကံရှင်တွေက တရားစွဲရင်တောင်မှ ကျနော်တို့ အပြစ်ရှိတဲ့ သူက အပြစ်ဝန်ခံရမယ်၊ ဘယ်သူရယ်မောင်ဖြူရယ် မောင်မဲရယ် လို့ မဟုတ်ပါဘူး။ ဒီအပြစ်က ဒီလူတွေကို ထောင်ကျစေချင်လို့ ဒီလူတွေကို တမင်သပ်သပ် မုန်းလို့ မဟုတ်ပါဘူး။ သမိုင်းရဲ့ သင်ခန်းစာပေါ့နော်။ သမိုင်းမှာ ဒီသင်ခန်းစာ မရှိဘဲနဲ့ သူတို့ တောခိုသွားတယ်၊ တောထဲမှာ သတ်လို့ရတယ်၊ ပြန်လာကြတယ်ဆိုတဲ့ ဟာမျိုး မဖြစ်စေချင်ပါဘူး။
ကျနော်ထင်ပါတယ်။ ကျနော်တို့ တိုင်းပြည်ကြီးက ပြောင်းနေတဲ့ ကာလ အသွင်ကူးပြောင်းဆဲ ကာလမှပေါ့ တကယ့်ကို တည်ဆောက်ချင်တယ်ဆိုရင် အုတ်မြစ်ခိုင်ဖို့ အတွက်တော့ ဒီလို မတရား အသတ်ခံခဲ့ရတာတွေ၊ ရှင်းရှင်းပြောရရင် ပျောက်သွားပြီးတော့ ဘာမှန်းမသိတဲ့ ဟာတွေ၊ စစ်အာဏာရှင်မို့ သတ်တယ်ဆိုတာက သူ့အာဏာအတွက် သတ်တာပေါ့၊ ဒီဘက်က ဒီမိုကရေစီလို့ ပြောပြီး သတ်နေတာကတော့ တည့်တည့်ကြီး လွဲတယ်လို့ ကျနော်ထင်တယ်လေ။ ပြီးတော့ ကျနော်တို့NLD(LA)က နဂိုကတည်းက လက်နက်ကိုင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီဘက်နောက်ပိုင်း ABSDF ခေါင်းဆောင်တွေကတော့ တော်တော်လေး Flexible ဖြစ်လာတာ တွေ့ရတယ်၊ ဒါပေမဲ့ သူတို့အတွေးအခေါ်ထဲမှာကိုက ရန်သူ၊ သူလျှို ဆိုတာတွေက ခုချိန်ထိ ဒီအတွေးအခေါ်တွေ ရှိသေးတယ်ပေါ့။ အဲဒီဟာတွေကလည်း ကျနောတို့ရဲ့ ရေရှည်မှာတော့ အခက်အခဲ တခုလို့ ကျနော်ထင်ပါတယ်။
မေး။ ကျမဖေဖေကလည်း နိုင်ငံရေးသမားတယောက်က ဖေဖေက အမြဲပြောဖူးပါတယ်။ နိုင်ငံရေးမှာ တယောက်နဲ့တယောက် တိုက်ခိုက်တဲ့အခါမှာ အလွယ်ဆုံးနဲ့ အောက်တန်းအကျဆုံး တိုက်ခိုက်နည်းကတော့ သူကတော့ စိတ်မချရဘူး၊ သူက သူလျှိုတို့ ၊ အစိုးရ လူပါလို့ ပြောလိုက်တာပါပဲတဲ့…အဲလို ပြောရင် တဖက်သားမှ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ထိခိုက်သွားရတာပဲ၊ ဒါကို ယုံတဲ့ သူတွေလည်း ရှိတယ်လို့ ဖေဖေက ပြောခဲ့ဖူးတယ်ဆိုတော့လေ။ ဒီနည်းလမ်းက တော်တော်လေးကို နောက်ကျခဲ့တဲ့ နည်းလမ်းဖြစ်သလို တော်တော်များများကလည်း ဒါကို သုံးကြတယ် လို့လည်း ပြောရမယ်ထင်ပါတယ်။ ခုလို အကိုတို့လည်း မြန်မာပြည်ကို ပြန်လာပြီး ကူညီလုပ်ကိုင်တော့မယ်လို့ ပြောနေတော့လေ၊ ကျမတို့ တိုင်းပြည်ကလည်း တကယ်ပဲ့ အကူအညီလိုနေတဲ့ တိုင်းပြည်ပါ။ ဒါပေမဲ့ ခုလို အသွင်ကူးပြောင်းရေး ကာလတွေမှာ ၁၉၉၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေက ၂၀၁၂ မှာမှ ပြောလာကြတယ်၊ ဆိုလာကြတယ်ပေါ့လေ။ အဲဒီလို နှစ် ၂၀လောက်တုန်းက ဖြစ်ခဲ့တာတွေကို အရင်ကရော ဘာဖြစ်လို့ ခုလို မြောက်ပိုင်းကိစ္စတွေ မပြောခဲ့ကြတာလဲ၊ ခုမှ ဘာကြောင့်ပြောလာကြသလဲပေါ့။
အဲဒါကိုလည်း ကျမ စဉ်းစားကြည့်ပါတယ်။ အကို့အနေနဲ့ရော အဲဒီပေါ်မှာ ဘယ်လိုမြင်ပါသလဲရှင့်။
ကိုညိုအုန်းမြင့်က တအောင့်လောက်စဉ်းစားတယ်၊ ပြီးမှ ဆက်ပြောပါတယ်။
ဖြေ။ ။ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်ပေါ့၊ ခုလို အသွင်ကူးပြောင်းနေတဲ့ ကာလမှာပေါ့ တကယ်ပဲ ပြောင်းချင်နေတာလား။ ဒါမှ မဟုတ်ရင်လည်း ပြုပြင်ပြောင်းလဲမှုရဲ့ နောက်နားမှာ အချို့ မပြောင်းချင်တဲ့ သူတွေကလည်း ပါပါတယ်။ ဒါကတော့ နှစ်ဘက်စလုံးမှာပါပဲ။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ရဲ့ ၀ိုင်းလုပ်ပေးနေတော့လည်း ဒါကိုမြင်တယ်။ ပြီးတော့ ကျနော်တို့ဘက်တွေမှာလည်း ရှိပါတယ်။ အဲဒီတော့ ဟို …တချိြု့ပဿနာတွေမှာ ကျနော်တို့ ဆီမှာ ကြောက်စရာအကောင်းဆုံးက ခုနပြောသလို စိတ်မချရဘူး၊ ရန်သူရဲ့ လူဖြစ်တယ်။ အဓိကကလည်း ခုလိုဖြစ်တဲ့ အပိုင်းမှာတော့ ကျနော်တို့အနေနဲ့လည်း အမှုမှန်ပေါ်စေချင်တယ်။ အမှုမှန်မပေါ်သရွေ့၊ ပေါ်အောင် မလုပ်နိုင်သရွေ့ပေါ့နော်။ ဖြစ်ခဲ့မှာပါပဲ။
ကေအန်ယူဆိုရင်လည်း စွပ်စွဲမှုတွေ အများကြီး ကြုံရတယ်။ KNU ဖဒိုမန်းရှာဆိုရင်လည်း ထိုင်နေရင်းနဲ့ အပစ်ခံရတယ်ဆိုတော့ ကျနော်တို့ ဒါတွေဟာ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုတွေ၊ နိုင်ငံရေးပြဿနာတွေပေါ့နော်။ ကျနော်ဆိုရင် သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့လည်း ထောင်ထဲမှာ ၁၇ နှစ် ၁၉ နှစ်လောက်ကျခဲ့တာတွေ ဆိုတော့ ခင်ဗျားဘာဖြစ်လို့ ကျလည်းလို့ မေးလိုက်တော့ လူ့အခွင့်ရေး ကြေငြာစာတမ်းကိုင်ခဲ့လို့ ၇ နှစ်၊ ပုံနှိပ်အက်ဥပဒေက ၇ နှစ် အဲလိုမျိုးတွေ ပေါင်းလိုက်တော့ ၂၁ နှစ်လောက်ဖြစ် သွားတယ် ဆိုတာမျိုးတွေပေါ့။ လျော့ရက်နဲ့ဆိုတော့ ၁၈ နှစ်ဆိုလား မသိဘူး၊ ပြန်ပြီးတော့ ထွက်လာတယ်။ ဒါတွေက နောင်ကို ကျနော်တို့ ဒါတွေကို Remind လုပ်ကြမလဲ။ ကျနော်တို့မှာ ဒါတွေက တာဝန်ရှိတယ်။ ဒါက ကျနော်တယောက်တည်းမှာ မဟုတ်ဘူး။ဒေါက်တာ နိုင်အောင်၊ မိုးသီးဇွန်၊ ကိုသန်းလွင်ထွန်း ကျနော်တို့အားလုံးမှာ ပြည်သူတွေက နောက်တခါ ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံကြဖို့ ဆိုတာ အဓိက ။ ဒါ သင်ခန်းစာလို့ ကျနော်ထင်တယ်ပေါ့နော်။ အဲဒီထဲကမှ ဒါ တကယ်ခံရတဲ့ သူတွေဘက်ကလည်း တရားစွဲခြင်းခံရမှာပေါ့လေ။ ကျနော်တို့ ABSDF မှာဖြစ်သွားခဲ့တဲ့ ဟာက ကျနော်တို့ ၈၈တွေရဲ့ သမိုင်းမှာ အင်မတန်မှ အရုပ်ဆိုးခဲ့တယ်။ ပြည်သူတွေကလည်း ယုံချင်မှကို ယုံမှာ။
ကိုညိုအုန်းမြင့် ပြောရင်း စကားသံရပ်သွားတယ်။
မေး။။ အခု ကျမတဦးတည်းရဲ့ ခံစားချက်အနေနနဲ့ ပြောရရင်ကို ဒီကိစ္စကို တယောက်ယောက်က တာဝန်ယူဖြေရှင်းတာမျိုး တာဝန်ရှိတဲ့ သူ တယောက်ယောက်က တာဝန်ယူတာမျိုး ဖြစ်စေချင်တာ ဖြေရှင်းစေချင်တာ …အဲဒီလို ရှင်းလင်းတာမျိုးကို ကျမက တိတ်တိတ်ကလေး ရင်ထဲကနေ မျှော်လင့်တာ။ ရှင်းစေချင်တယ်။ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ် ပြည်သူလူထုကြားမှာလည်း ဒီကိစစကို အမြင်ရှင်းစေချင်တာပေါ့လေ။ နောက် ကျမတို့ နိုင်ငံမှာက နိုင်ငံရေးဆိုတာ ကြောက်စရာဆိုတဲ့ အမြင်က နအဖ လက်ထပ်ကတည်းက ရှိခဲ့ကြတော့လေ ဒီကိစ္စကိုများ မရှင်းဘဲ ထားခဲ့ရင် လူငယ်တွေအနေနဲ့ နိုင်ငံရေးဆိုတာ တကယ့်ကို ကြောက်စရာပဲ လုံးဝ မတို့မထိသင့်တဲ့ အရာလို့များ မြင်သွားနိုင်သလားရှင့်။ ဘယ်လိုမြင်သွားနိုင်မလဲပေါ့လေ။
ဖြေ။ ဖြစ်နိုင်ပါတယ်။ တာဝန်ခံမှု မရှိဘူးဆိုရင်တော့ ခေါင်းဆောင် လုပ်လို့မရဘူး။ ကိုယ့်ဟာကို အဖွဲ့ဖွဲ့၊ ကိုယ့်ဟာကို ဥက္ကဋ္ဌလုပ်၊ ကိုယ့်ဟာကို အတွင်းရေးမှူး လုပ်လုပ်၊ ကြိုက်တာ လုပ်လို့ရတယ်။ ခေါင်းဆောင်ဆိုတာကတော့…ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲ။ ရှင်းရှင်းပြောရရင် ပြည်သူတွေကပဲ ပြောပြော သူ့အပေါ် အသိအမှတ်ပြုခံရမှု ပေါ့နော်၊ တကယ်တော့ ကျနော်တို့အတွက် ဒီသင်ခန်းစာက နှစ်ဖက်ပါ။ အကောင်းဘက်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ ….
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်စွာဖြင့်
မေသင်္ကြန်ဟိန်(မြစ်မခ)
source : facebook may thingyan hein
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးအတွက် လာမယ့်
တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု ကိုထွက်ခွာမှာဖြစ်ပါတယ်။
အမေရိကန် အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုရဲ့အထူးဧည့် သည်တော် နိုင်ငံခေါင်းဆောင် တစ်ဦးအနေနဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုဖို့ ပြင်ဆင်ထားပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရင် ဥရောပ ခရီးစဉ်ထက်စာရင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဖိအားပေးခံရဖွယ်ရှိတယ်လို့ တွက်ဆနေသူတွေ လည်းရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပါတယ်။
"ဒေါ်စုကလည်း မျှော်လင့်ပါတယ်။ ဒီဟာက မေးခွန်းတစ်ခု ဖြစ်နေမှာပေါ့။ issue တစ်ခုအနေနဲ့ သူ့ကိုမေးကြ မြန်းကြမယ်လို့ ယူဆတယ်။ အဲတော့ သူကလည်း ကျွန်တော်တို့ကို ပြောတယ်။ သူ့ရပ်တည်ချက်ကတော့ ဥပဒေစိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေးသာ သေသေချာချာရှိနေရင် ဒီလိုပြဿနာ မဖြစ်နိုင်ဘူးပေါ့။ ဒီအခြေခံနဲ့ပဲ ဆွေးနွေးမယ်လို့ သူပြောပါတယ်။ အခု သွားတဲ့ခရီးစဉ်မှာ congressional award တွေလည်း ရှိတယ်လေ။ အဲတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေတွေပေါ်မှာ ဆွေးနွေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လေ။ ဒီအပေါ်မှာ ကျွန်တော်တို့က အကျိုးအမြတ်တွေ ရလာနိုင်တာပေါ့။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုလည်း ဒေါ်စုမှာ ရှင်းပြဖို့ အခွင့်အရေးရတာပေါ့။ အဲဒီလိုတော့ မျှော်လင့်ထားပါတယ်"
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်
ကြိုဆိုမယ်ဆိုရင် လာမယ့် စက်တင်ဘာလ (၂၄) ရက်နေ့ နယူးယောက်မြို့မှာ
ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့
အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း အမေရိကန်အစိုးရရဲ့ ဆက်ဆံရေး
အရေးကြီးတယ်လို့မြန်မာ့အရေး လေ့လာနေသူတွေက ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ (၁၆) ရက်နေ့ ကနေအောက်တိုဘာလ (၃) ရက်နေ့ထိ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အသေးစိတ်ကို NLD က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရင် ဥရောပ ခရီးစဉ်ထက်စာရင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဖိအားပေးခံရဖွယ်ရှိတယ်လို့ တွက်ဆနေသူတွေ လည်းရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပါတယ်။
"ဒေါ်စုကလည်း မျှော်လင့်ပါတယ်။ ဒီဟာက မေးခွန်းတစ်ခု ဖြစ်နေမှာပေါ့။ issue တစ်ခုအနေနဲ့ သူ့ကိုမေးကြ မြန်းကြမယ်လို့ ယူဆတယ်။ အဲတော့ သူကလည်း ကျွန်တော်တို့ကို ပြောတယ်။ သူ့ရပ်တည်ချက်ကတော့ ဥပဒေစိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေးသာ သေသေချာချာရှိနေရင် ဒီလိုပြဿနာ မဖြစ်နိုင်ဘူးပေါ့။ ဒီအခြေခံနဲ့ပဲ ဆွေးနွေးမယ်လို့ သူပြောပါတယ်။ အခု သွားတဲ့ခရီးစဉ်မှာ congressional award တွေလည်း ရှိတယ်လေ။ အဲတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေတွေပေါ်မှာ ဆွေးနွေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လေ။ ဒီအပေါ်မှာ ကျွန်တော်တို့က အကျိုးအမြတ်တွေ ရလာနိုင်တာပေါ့။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုလည်း ဒေါ်စုမှာ ရှင်းပြဖို့ အခွင့်အရေးရတာပေါ့။ အဲဒီလိုတော့ မျှော်လင့်ထားပါတယ်"
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ (၁၆) ရက်နေ့ ကနေအောက်တိုဘာလ (၃) ရက်နေ့ထိ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အသေးစိတ်ကို NLD က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သတင်း... RFA Burmese
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာမြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့အတွက် ၀ါရှင်တန်အခြေစိုက် National Endownment for Democracy –NED ကယခုနှစ် အတွက် ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိကန်ပြည်ထောင်စုကို မသွားဖြစ်တော့ပါဘူး။
အခုလို မသွားဖြစ်တော့တာလည်း ပါ့စ်ပို့ ကိစ္စ အခက်အခဲဖြစ်နေရလို့ပါ။ အစိုးရက ပါ့စ်ပို့ ထုတ်ပေးမည် လို့ ပြောခဲ့သော်လည်း ၈၈
ကျောင်းသားများအတွင်း ခွဲခြား ထုတ်ပေးမှုကို မလိုလား၍ တန်းတူညီမျှစွာနဲ့
အနည်းဆုံး နိုင်ငံရေး အကျဉ်းသားဟောင်း၂၀ကို ဦးစွာ ပထမ ထုတ်ပေးသင့်ကြောင်း တင်ပြပြောဆို ထားခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် သမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော် ၂ ရပ်တို့ရဲ့ အထက်မှာရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင် ရာ( ကာ/ လုံ ) ဆိုတဲ့အဖွဲ့ကြီးကတင်ပြတောင်းဆိုထားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀ ကို နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး လက်မှတ်မထိုးပေးဘဲ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို.ကိုသာPassport ရကြောင်း အကြောင်းကြား လာတဲ့အတွက်လျှောက်ထားသူ အားလုံးမရဘဲနှင့် ခွဲခြားမထုတ်ယူနိုင်ကြောင်းရဲဘော်ရဲဖက်စိတ်ဓါတ်၊ ခေါင်းဆောင်စိတ်ဓါတ်ဖြင့် မထုတ်ယူပဲဆုယူရေး ခရီးစဉ်ကိုလည်း မသွားရောက်တော့ပါဘူး။
အခုနောက်ဆုံးမှာတော့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုး ဆက်ကျောင်းသားများ ကချင်ပြည်နယ်ကို ယနေ့ မနက်ကဘဲ ထွက်ခွာသွားပါတယ်။
သတင်း... Kyaw Swar Myint
ထပ်ပြောရဦးမယ်…. အဘစိန်ရေ
၇.၉.၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း၃ဝ နာရီ၊ အမေရိကန်နိုင်ငံ
နယူးယောက်မြို့ စံတော်ချိန် (၆းဝဝ) နာရီအချိန်
ကျွန်တော့်ထံသို့ရောက်ရှိလာသော အီးမေးလ်စာတစ်စောင်ကြောင့် ကျွန်တော်အထူး
တုန်လှုပ်သွားခဲ့သည်။
အကြောင်းမှာ
ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နာရေးကူညီမှု
ဈာပနလမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်သည်။ ယခုလို
မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့
ပြောင်းသွားသူ ဦးရေသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် (၄ဝ) ဦးရေမှ (၄၅)
ဦးရေ ခန့်သာရှိခဲ့သည်။ ပူပြင်းလှသော နွေရာသီ အချိန် ကာလများတွင် သေဆုံးသူ
ဦးရေအားဖြင့် တစ်နေ့လျှင် (၅ဝ) ဦးကျော်ခန့်သာ ရှိခဲ့သည်။ သို့ရာတွင်
၇.၉.၂ဝ၁၂ ရက်နေ့တွင် ညနေ ၄း၃ဝ နာရီအချိန်လောက်မှာပင် နာရေးကူညီမှုပေါင်း
(၅၇) ဦး ရှိနေသောကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။
ထိုကဲ့သို့
လူ့လောကကြီးမှ ထွက်ခွာမှု များပြားနေခြင်းကို ကျွန်တော်တွေးတော စဉ်းစား
မိတော့သည်။ လူရယ်လို့ လူ့ဘဝကြီးတွင် လျှောက်လှမ်းနေစဉ် ကာလအတွင်းတွင်
ရင်ဆိုင်ကြုံတွေ့ နေရသော အာဏာအတွက် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက်
တိုက်နေတဲ့စစ်ပွဲ၊ အာဏာတအတွက် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးအတွက်
တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးအတွက်
တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက်
တိုက်နေတဲ့ စစ်ပွဲ၊ အိမ်ထောင်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးအတွက်
တိုက်နေတဲ့စစ်ပွဲ စသည့် …. ဝိရောဓိ စစ်ပွဲများကြောင့် လူသားတို့
သေကြေဆုံးရှုံးခဲ့ရမှုများကို တွေ့မြင်ရတော့သည်။ ထိုကဲ့သို့ ဘဝစစ်ပွဲများအား
ရင်ဆိုင် တိုက်ပွဲဝင်မှုများတွင် အိမ်ထောင်ရေးစစ်ပွဲ၊ အချစ်ရေးစစ်ပွဲ ဟူသော
စစ်ပွဲတွင် ကျဆုံးမှုများမှာ မပြောစ လောက် ရှိသော်ငြားလည်း ကျန်းမာရေး၊
ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အာဏာ၊ လွတ်လပ်မှု၊ အာဃာတ ... စသည့်
တိုက်ပွဲများတွင် ကျဆုံးမှုများသည် ရာခိုင်နှုန်းအားဖြင့် များပြားမှုကို
သိမြင်ခဲ့ရ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဝိရောဓိစစ်ပွဲများ ရပ်စဲသွားကာ
ငြိမ်းချမ်းသော ကမ္ဘာအပြင်၊ ငြိမ်းချမ်း သော မြန်မာ့မြေပြင်အဖြစ်
ရပ်တည်နိုင်အောင် ကြိုးစားကြရမည် ဖြစ်တော့သည်။
ငြိမ်းချမ်းမှုများ မရမီစပ်ကြား ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့်
အများပြည်သူတို့အပေါ် တတ်နိုင်သည့်ဘက်မှ ကိုယ်ကျိုးစွန့်၍အတ္တများကိုဖြုတ်ကာ
ပေးဆပ်သွားရင်းဖြင့် ပြည်သူပြည်သားတို့၏ စောင့်ထိန်းရမည်ဖြစ်သော
လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားများကိုလည်း တတ်နိုင်သ၍ မှန်ကန်သော
တရားမျှတသော လမ်းကြောင်းပေါ်သို့ တင်ပေးရမည်ဖြစ်သည်။
ထို့အပြင်
လူ့အခွင့်ရေး အပြည့်အဝရရှိရေး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား
လူသားခြင်းစာနာစိတ် မွေးဖွားနိုင်ဖို့အတွက်လည်း ကြိုးပမ်း ပေးရမည်ဖြစ်သည်။
ဤနေရာတွင် လူ့အခွင့်အရေးပြည့်ဝမှုနှင့် ပတ်သတ်၍ ကျွန်တော် လက်တွေ့ ခံစားရမှု
တခုအား တင်ပြလိုတော့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း
လူမျိုးဘာသာမရွေးတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးမှုများစွာ ရှိနေသည်ကို
သိမြင်ကြမည်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိခဲ့ ပြီးနောက်
လူ့ဘဝကို လျှောက်လှမ်းပြီးသောအချိန် လူ့လောကကြီးမှ
ထွက်ခွာသွားရသည့်အချိန်တွင် တသက်တာ လဲလျောင်းနေရမည့် သုသာန်မြေအကြောင်းကို
ကျွန်တော် တင်ပြသွားမည်ဖြစ်သည်။ သုသာန်မြေအကြောင်းဟု ဆိုလိုက်သည်နှင့်
စာဖတ်သူအပေါင်းတို့အတွက် မင်္ဂလာမရှိခြင်း၊ ဆက်၍ မဖတ် ရှုလိုခြင်းတို့ကို
စိတ်ထဲတွင် မပေါ်ပေါက်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေဟူသည်ကား
လူသားအားလုံးနှင့် ဆက်နွယ်၍ ပတ်သက်မှုရှိနေခြင်းဟူ၍
သာဓကရှိခဲ့ပြီးဖြစ်သည်။
ဗုဒ္ဓ
မြတ်စွာဘုရားရှင် လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ
ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံး ထဲက ဂုဇ္ဈကုဋ်တောင်ပေါ်ကို
တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုပ်ဖို့ သားဖြစ်သူကို
ပြတယ်။ ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊
အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့
ပုဏ္ဏားကြီးယူဆထားတဲ့နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ
အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တဝါတစ်ယောက်ရဲ့
ဘဝတွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာ ကို ပြပါတယ်။
ဥပသာလက နာမာနိ၊
သဟဿနိ စတုဒ္ဒသ။
အသ္မိံပဒေသေ ဒဂနိ
နတ္တိလောကေ အနာမတံ။
ပုဏ္ဏားကြီး သင်ယခုညွှန်ပြသောနေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်း
ကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသင်္ဂြိုလ်
လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေ အပြင်၌ လူသေ ကောင်ပုတ်
မမြုပ်ဖူးသောနေရာဟူ၍ မရှိပေ။"
ထို့ကြောင့်
ယခု ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံရှိ မြို့အသီးအသီးတို့တွင်
သုသာန်များအား လိုက်လံကြည့်ရှု လေ့လာသောအချိန်တွင် ကျွန်တော်များစွာ
ကြေကွဲမှုကို စိတ်တွင်ဖြစ်ပေါ် ခဲ့ရတော့သည်။ အမေရိကန်နိုင်ငံတွင်မက အခြားသော
ပြည်ပနိုင်ငံများတွင် လူသားတို့၏ နောက်ဆုံးခရီးအားပို့ဆောင်
သင်္ဂြိုလ်ပေးမှုလုပ်ငန်းများသည် များစွာလူ့အခွင့်အရေး အပြည့်အဝကို
ရရှိစေခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့သော ပြည်ပနိုင်ငံကြီးများတွင်
လူတစ်ယောက် သေဆုံးသွားပါက မြေမြုပ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း စသည့်
အသုဘအခမ်းအနားများအတွက် ကုန်ကျငွေများသော်ငြားလည်း အသုဘပို့သူ၊ အသုဘရှုသူ
အပေါင်းတို့အပြင် ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောသူများအတွက်လည်း
ငြိမ်းအေးမှု၊ စိတ်ချမ်းသာ မှု အေးချမ်းငြိမ်သက် မှုတို့ကို တွေ့ကြုံခံစား
ရမည်ဖြစ်သည်။
ယင်းကဲ့သို့သော
အေးငြိမ်းခံစားမှု ရသများကို ပြည်ပနိုင်ငံများတွင် ခရစ်ယာန်လူမျိုး
တစ်မျိုးထဲတွင်မက ဂျူးလူမျိုး၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်
များပါမကျန် ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများအနေဖြင့် မိမိမွေးရပ်မြေ မြန်မာပြည်အတွင်းတွင်သာ
နောက်ဆုံးခေါင်းချချင်သော ဆန္ဒရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ခေါင်းချခဲ့ ရသော
မြန်မာလူမျိုးများစွာရှိခဲ့သည်။
ထိုထဲတွင်
ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသော အထင်ကရ ဆရာတော်များ၊ အနုပညာရှင်များလည်း
ပါဝင်ခဲ့ရသည်။ ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ဘဝခရီးအား အေးချမ်းမှုဖြင့်
အဆုံးသတ်ခဲ့ရပုံများကို တွေ့မြင်ခဲ့ရကာ လူ့အခွင့်အရေး အပြည့်အဝကို
ရရှိခဲ့သော လူပီသစွာ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူမိသော်ငြားလည်း
ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူ့ဘဝခရီးအား အဆုံးသတ်ရမည့် မြေနေရာ
(သုသာန်မြေ) များအားလည်း သန့်ရှင်းသပ်ရပ် ငြိမ်းချမ်းမှုရှိသော အထင်ကရ
ပန်းခြံကြီးများကဲ့သို့ ဖြစ်ပေါ်စေလိုသော ဆန္ဒများ ပြင်းပြ ခဲ့ရသည်။
ယခုမူ
မြန်မာပြည်တွင်းရှိ သုသာန်များသည် မြို့ပြင်၊ ရွာပြင်များတွင် အခိုင်အမာ
တည်မြဲမှု မရှိခြင်း၊ ပြည်ပနိုင်ငံများတွင် မြို့ပြင်၊ ရွာပြင်များတွင်သာမက
မြို့လယ်ခေါင်၊ ရွာလည်ခေါင်များတွင် ခံ့ညား ထည်ဝါစွာဖြင့် အပန်းဖြေစရာ
ဥယျာဉ်ခြံကြီးများအဖြစ် သမိုင်းမှတ်တိုင်များ ထူထောင်ထားခြင်းကို တွေ့မြင်
ရသည်။ ထို့အပြင် သုသာန်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များသည်လည်း
တိတ်ဆိတ်ငြိမ်သက် လုံခြုံမှုရှိခြင်းကြောင့် အခြားသော ရပ်ကွက်များထက်
ဈေးနှုန်းမြင့်မားမှုများကို တွေ့ရှိရသည်။
မြန်မာ
ပြည်တွင်းတွင် သုသာန်မြေနှင့် နီးလျှင် မနေလိုခြင်း၊ သုသာန်မြေနှင့်
နီးသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း စသည့် အယူသီးမှုများ
လွှမ်းခြုံနေဆဲဖြစ်သည်။
ပြည်ပနိုင်ငံရှိ လူ့ဘဝ၏ နောက်ဆုံးမှတ် တိုင်မြေနေရာ (လူသင်္ချိုင်း)ကို
မဆိုထားနှင့် ... ပြည်ပနိုင်ငံ ရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ကြောင်၊
ခွေး၊ ယုန်၊ ငှက် စသည့် တိရစ္ဆာန်များ၏ နောက်ဆုံးခရီး မှတ်တိုင်ဖြစ်သော
တိရစ္ဆာန်သင်္ချိုင်းများကပင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ
လူသင်္ချိုင်းများထက် အဆပေါင်းမြောက်များစွာ သာယာမှု၊ အေးချမ်းမှု၊
သန့်ရှင်းမှုများဖြင့် ပြည့်စုံနေတော့သည်။
ယခုမူ
မြန်မာ ပြည်တွင်းရှိ သုသာန်မြေများသည် ရှုပ်ထွေးလှသောချုံပုတ်များ၊
ညစ်ပတ်လှသော ရွံနွံများ၊ ပျက်စီး ယိုယွင်း နေသောအုတ်ဂူများဖြင့်
ခြောက်ခြားဖွယ်ရာ ရှိနေသကဲ့သို့ အချို့သောဒေသမြို့နယ်များတွင် သုသာန်
မြေများအား တူးဖော်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏
သိမ်းဆည်းခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ ဖြစ်နေရသည်။ ထို့ကြောင့်
လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ ကျွန်တော့်အဖို့ "သေသောသူသည်
သုသာန်သို့သာ သက်သက်သာသာ သွားသင့်သည်" ဟူသော ခံယူချက်အတိုင်း
လူသားခြင်းစာနာ ထောက်ထားသောစိတ်ဖြင့် "ပြောရဦးမယ်... အဘစိန်ရေ" ဟူ ၍
ဆောင်းပါးတစ်ပုဒ်၊ တိုက်တွန်းမှုတချက်၊ ဟစ်တိုင်တစ်ခုအဖြစ်
တင်ပြခဲ့ပြီးဖြစ်သည်။
ယခုထပ်မံ၍
" ထပ်ပြောရဦးမယ်... အဘစိန်ရေ" ဟူ၍သာ ထပ်မံ ကြွေးကြော်လိုက်ရပါသည်။
အဘယ်ကြောင့်ဆိုသော် "သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန် ဇယား (သက်တမ်း
၇၅ နှစ်)" ဟူသော တွက်ချက်မှုဇယားအရ -
သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန်ဇယား (သက်တမ်း ၇၅ နှစ်)
သင့်အသက် သုံးပြီးသောအသက် လက်ကျန်ရက်
၁ဝ နှစ် ၃၆၅ဝ (ရက်) ၂၃၇၂၅ (ရက်)
၁၅ နှစ် ၅၄၇၅ (ရက်) ၂၁၉ဝဝ (ရက်)
၂ဝ နှစ် ၇၃ဝဝ (ရက်) ၂ဝဝ၇၅ (ရက်)
၂၅ နှစ် ၉၁၂၅ (ရက်) ၁၈၂၅ဝ (ရက်)
၃ဝ နှစ် ၁ဝ၉၅ဝ (ရက်) ၁၆၄၂၅ (ရက်)
၃၅ နှစ် ၁၂၇၇၅ (ရက်) ၁၄၆ဝဝ (ရက်)
၎ဝ နှစ် ၁၄၆ဝဝ (ရက်) ၁၂၇၇၅ (ရက်)
၄၅ နှစ် ၁၆၄၂၅ (ရက်) ၁ဝ၉၅ဝ (ရက်)
၅ဝ နှစ် ၁၈၂၅ဝ (ရက်) ၉၁၂၅ (ရက်)
၅၅ နှစ် ၂ဝဝ၇၅ (ရက်) ၇၃ဝဝ (ရက်)
၆ဝ နှစ် ၂၁၉ဝဝ (ရက်) ၅၄၇၅(ရက်)
၆၅ နှစ် ၂၃၇၂၅ (ရက်) ၃၆၅ဝ (ရက်)
၇ဝနှစ် ၂၅၅၅ဝ (ရက်) ၁၈၂၅(ရက်)
၇၅ နှစ် ၂၇၃၇၅ (ရက်) . . . . . . . . .
ယင်း
သင့်ဘဝ လက်ကျန်အချိန်ဇယားသည် ပျှမ်းမျှတွက်ချက်ထားသော ဇယားကွက်ဖြစ်သည်။
ထိုအချိန်ထက် စောလျင်စွာ ဘဝကူးပြောင်းရမည့်သူများလည်း ရှိမည်ဖြစ်သကဲ့သို့
ထိုအချိန်ထက် ကြာမြင့် စွာ လူ့ဘဝတွင် နေထိုင်ခွင့်ရမည့်
သူများလည်းရှိပေမည်။
မည်သို့ပင်ဖြစ်စေ
မိမိအတွက်လူ့ဘဝထဲ တွင် နေထိုင်ရန် ကျန်ရှိသော လက်ကျန်နေ့ရက်များတွင်
အများကောင်းကျိုးအတွက် အတ္တများကိုဖြုတ်၍ ပရဟိတ စိတ်ဓာတ်တို့ဖြင့်
ကုသိုလ်ကောင်းမှုတို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်သွားပါက ငြိမ်းအေး သာယာ
ချမ်းမြေ့သော ကမ္ဘာသစ်တစ်ခုကို တည်ဆောက်သွားနိုင်တော့မည် ဖြစ်ပါသည်။
ကျွန်တော်သည် လူမှုရေးသမားဖြစ်သည်နှင့်အညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊
သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ အများပြည်သူတို့အား ကူညီဖေးမပေးနေသော
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်တွေ့ခံစား ကြုံတွေ့မှုများကို
အများပြည်သူနှင့် ထပ်တူထပ်မျှ ခံစားတင်ပြ ရေးသားရခြင်း ဖြစ်ပေ သည်။
အတိတ်က
"ပြောရဦးမယ်... အဘစိန်ရေ"
ယခုပစ္စုပ္ပန်မှာ "ထပ်ပြောရဦးမယ်... အဘစိန်ရေ"
နောက်အနာဂတ်မှာ "ပြောစရာကို မရှိတော့ဘူး... အဘစိန်ရေ" ဟူသော
ဆောင်းပါးတစ်ပုဒ်အား ရေးသားလိုသည့် စိတ်ဆန္ဒ ပြင်းထန်လျှက် ရှိနေပါတော့သည်။
မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ကူညီဖြေရှင်းရန်ရောက်ရှိနြေ ကသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့သည် ယနေ ညနေ(၄း၃၀) နာရီ က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့် မသွဲ့သွဲ့အေး၊ မဖြူဖြူဝင်း၊ မအေးနက်တို့(၃)ဦးအား မုံရွာအကျဉ်းထောင်မှကြိုဆို ၍ ၀က်မှေးကျေးရွာသို့ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရသည် ။
အလားတူ မသွဲ့သွဲ့အေးတို့ကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံထားရသော ကိုဝေဠုကိုလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းကချောင်းဦး မှ သွားရောက်ကြိုဆိုနေပြီဟုလည်သိရှိရသည်။

စိတ်ပန်းလူပန်းဖြစ်နေသည့် မဖြူဖြူဝင်း
မျက်ရည်ကျရလောက်အောင်ထိ ကို ဖြစ်နေကြသည့် လာရောက်ကြိုဆိုနေကြသူများ
မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်
လမ်းတစ်လျှောက် လာကြိုကြသည့် ကျေးရွာသူကျေးရွာသားများအား နှုတ်ဆက်နေသည့် မအေးနက်
သတင်း...... 88 Generation Students
ဓာတ်ပုံ...Aung Nay Myo
14-9-2012 ရက်နေ့ အဖမ်းထားရသည့် မသွဲ့သွဲ့ဝင်း မဖြူဖြူဝင်း မအေးနက်တို့ ဆွေးမျိုးများနှင့် ပြန်လည် လွတ်မြောက်လာသည့် (၉)ဦးအား ပုလဲလွတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ လာရောက်အားပေးပြီ ဒီနေ့တော့ သတင်းကောင်း ကြားရမှာပါဟု ပြောကြားသွားကြောင်း သိရ
၁၄-၉-၂၀၁၂ ၇က်နေ့ 88 မျိုးဆက် ကိုဂျင်မီနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးနှင့် သွားရောက်တွေ့ဆုံပြီ မသွဲ့သွဲ့ဝင်း မဖြူဖြူဝင်း မအေးနက်တို့၏ ဆွေးမျိုးများနှင့် တွေ့ဆုံကာ မကြာမီ ပြန်လွတ်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြားကြောင်း ပြန်လည်ပြောပြနေပုံ"
လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ တောင်သူမသွဲ့သွဲ့ဝင်း၊ မအေးနက်၊မဖြူဖြူဝင်းနှင့် ကိုဝေဠုတို့ကို စက်တင်ဘာလ ၁၀ရက်နေ့က စပြီး ဖမ်းဆီးထားသည်မှာ ယနေ့ ၄ရက်မြောက်နေ့ဖြစ်သည်။
ရင်းမြစ်...http://www.facebook.com/aungnay.myo.5
Subscribe to:
Posts (Atom)













