ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးလွတ်မြောက်

သမ္မတဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျ နေတဲ့ အကျဉ်းသား ၅၁၄ ဦးကို မနေ့ညနေပိုင်းက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား ၉၉ ဦးသာ ပါဝင် ကြောင်းနိုင်ငံရေးအကျဉ်းသား အရေး ကူညီဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေက သတင်း ထုတ်ပြန်ထား ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်သူလေးရာကျော် ပါဝင်ပါတယ်။ သူတို့ကတော့ ထိုင်းငါးဖမ်းသင်္ဘောတွေက ဖမ်းစီးရမိထားတဲ့ နိုင်ငံခြားသား အများစုဖြစ်ပြီး တခြားရာဇ၀တ်မူတွေနဲ့ အဖမ်းခံရသူ သာမန်အရပ်သားများလည်း ပါတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေချီးမြှင့်တဲ့ အညတရသူရဲကောင်း ဆုရှင် အရှင်ခေမာစာရခေါ် ကိုချမ်းသာ ပါဝင်သလို ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းကျနေတဲ့ ဦးရွှေထူး အပါအ၀င် ၂ဝဝ၇ သံဃာ့ အရေး အခင်းမှာ အကျဉ်းကျခဲ့တဲ့ ရဟန်းသံဃာတွေလည်း ပါဝင်ပါတယ်။

အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်သား ၅၆ ဦး ရှိနေပေမယ့် ဒီအထဲက ၈ ဦးကိုပဲ လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ မနေ့ ညနေပိုင်းက အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ပြောပါတယ်။

အင်းစိန်ထောင်က လွတ်လာတဲ့ အကျဉ်းသား တွေကို ထောင်ဗူးဝက လွှတ်ပေးခဲ့တာ မဟုတ်ဘဲ ညပိုင်း မှောင်ချိန်ရောက်မှ ထောင် အနောက်ဘက်ပေါက် ကနေ မီဒီယာတွေ မသိအောင် လွှတ်ပေးခဲ့တာလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။
သတင်း....  RFA