ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အိုးဘိုထောင်က လွတ်လာသူတဦးနဲ့ ဆက်သွယ်မေးမြန်းချက်

မနေ့ညက မန္တလေးအိုးဘိုထောင်ကနေပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား (၁၀၁) ဦးထဲမှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်း ကျောက်ဆည်မြို့နယ် မှာဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းမှာ အဖမ်းဆီးခံရသူတွေထဲက သံဃာတော် တွေနဲ့ အရပ်သား စုစုပေါင်း(၄၆) ဦးပါဝင်ပါတယ်။ အခုလို ပြန်လွတ်လာတဲ့(၄၆) ဦးထဲက တဦးဖြစ်သူ ကျောက်ဆည်မြို့က ကိုမင်းသူကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။