ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Tin Ko Ko မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ ပေးစာ..

Tin Ko Ko မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ ပေးစာ 

 ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ခံ ကြွက်စုတ်မှ အစမ်းသပ်ခံ ပညာရေးစနစ်ကြောင့် နစ်နာခဲ့ရသော နိုင်ငံရတနာများ၏ ကိုယ်စားဝန်ကြီးသို့  ပေးစာတစ်စောင်ရေး
ပို့ လိုက်ပါတယ်။

အရင်က ဒီလိုစာမျိုး မရေးဖူးတာကြောင့် မရည်ရွယ်ပဲ အမှားများပါသွားပါက ရည်မှန်းချက်ပျောက်ပြီး ဘ၀ဆုံးနေပြီဟု ကိုယ့်ကိုယ်ကို ထင်မြင်နေတဲ့ ကျွန်တော် ကြွက်စုတ်ကို ခွင့်လွတ်စေလိုပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှ နိုင်ငံသားတစ်ယောက်ရဲ့  ရသင့်တဲ့ အခွင့်အရေးအရ နိုင်ငံသားပီပီ သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ ပညာရေးစနစ်မှာ တွေ့ ကြုံနေရတဲ့ ပွင့်လင်းမြင်သာမှုအရှိဆုံး အခက်အခဲများနဲ့ နစ်နာခဲ့မှုများကို ၀န်ကြီးသိစေရန် ရေးသားပေးပို့ လိုက်ပါတယ်။

ဝန်ကြီးခင်ဗျား...
ကျွန်တော်က ၂၀၀၈ ခုနှစ်ကစပြီး သန်လျင်နည်းပညာ တက္ကသိုလ်မှာ မြို့ ပြ အင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။၂၀၀၈ခုနှစ် ပထမနှစ်တစ်နှစ်ထဲမှာပဲ မြို့ ပြအင်ဂျင်နီယာအထူးပြုကျောင်းသား၊ကျောင်းသူပေါင်း
တစ်ထောင်ကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် အောင်စာရင်းမှာ BE ၀င်ခွင့်ကို လူနှစ်ရာကျော်ပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ လက်ရှိဝန်ကြီးအပါအ၀င် ၀န်ကြီး သုံးယောက်ပြောင်းခဲ့ပါတယ်။

ဝန်ကြီးခင်ဗျား...
ကျွန်တော်အစက ပြောခဲ့တဲ့ ကျောင်းသား၊ကျောင်းသူတစ်ထောင်ကျော်ဟာ နောက်ဆုံးနှစ် BE ၀င်ခွင့်ကို လူနှစ်ရာကျော်ပဲ ၀င်ခွင့်ရခဲ့တာဟာ ကျန်တဲ့ ကျောင်းသားတွေ မကြိုးစားခဲ့လို့ ချည်း မဟုတ်ပါဘူး။သူတို့ သာ မကြိုးစားခဲ့ရိုးမှန်ရင် မြန်မာ့ပညာတတ်
အသိုင်းအ၀န်းမှာ လူတစ်ရာမှာ ၈၀ လောက်က ငပျင်းတွေလို့ ဆိုရာရောက်ပါတယ်။ ဒီလိုငပျင်းတွေသာ များခဲ့ရင် မြန်မာနိုင်ငံဆိုတာ အခုထက်ထိရှိနိုင်ပါဦးမလား။

ဝန်ကြီးခင်ဗျား...
ကျွန်တော် ပထမနှစ်ကျောင်းသားဘ၀တုန်းက အခက်အခဲတချို့ ကို တင်ပြလိုပါတယ်။အခန်းတွင်း ထိုင်ခုံလုံလောက်မှု မရှိခြင်း၊ဆရာ၊ဆရာမတွေရဲ့  စာရှင်းပြတဲ့အသံဟာ ကျောင်းသားတွေများပြားလွန်းလို့  တစ်ခန်းလုံးကြားအောင် မလွမ်းမိုးနိုင်ပါဘူး။

နောက်ပြီး နိုင်ငံတကာမှာလို စာသင်ချိန်မှာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခွင့် သိပ်မရခဲ့ပါဘူး။အဆိုးဆုံးကတော့ လူနှစ်ရာမှာ ဖတ်စာအုပ် ကိုင်နိုင်တာ လူနှစ်ဆယ်လောက်ပဲရှိပါတယ်။ကျောင်းသားတွေမွဲနေလို့ စာအုပ်မ၀ယ်တာ
မဟုတ်ပါဘူး။စာအုပ်ကိုကျောင်းတွေမှာ အလုံအလောက်မချထားပေးလို့ ပါ။
ဒီနေ့ ထိ ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာဟာ နည်းပညာတက္ကသိုလ်တွေမှာ ရင်ဆိုင်နေရဆဲပါ။
ဆရာ၊ဆရာမတွေဘက်က ကြည့် ပြန်ရင်လည်း အရမ်းကို ပင်ပန်းလှပါတယ်။

ပထမနှစ်တုန်းက မြေတိုင်းဘာသာရပ်ကို သင်တဲ့ဆရာမဆို ကျောင်းသားပေါင်း တစ်ထောင်ကျော်(စာသင်ခန်း ၅ ခန်း) ကို သူတစ်ယောက်တည်းပဲ မရပ်မနားသင်ပေးခဲ့ရတာပါ။
အခြားဆရာ၊ဆရာမတွေကလည်း တစ်ခန်းလုံးကြားအောင် သင်ပေးနေရတာကြောင့်
အသံတွေဝင်တဲ့အထိ ဒုက္ခရောက်ကြပါတယ်။

ကိုယ်ချင်းလည်း စာမိပါတယ်။
နောက်ပိုင်း ပါချုပ်ရဲ့ စီမံမှုနဲ့ စပီကာများ၊ထိုင်ခုံများ လုံလောက်လာပေမယ့် ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာကတော့ မပြေလည်ခဲ့ပါဘူး။
အရင်ကပညာကို အပတ်တကုပ်သင်ယူမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တဲ့
ကျောင်းသားအများစုကလည်း စာသင်ခန်းတွေကို ကျောခိုင်းသွားခဲ့ကြပါတယ်။
Roll Call ခေါ်ခါနီးမှသာ အတန်းလာတက်ကြပါတော့တယ်။

ဝန်ကြီးခင်ဗျား...
သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များနဲ့ ကောလိပ်များမှာ ဆရာအင်အား၊ကျောင်းသုံး ပရိဘောဂ၊ဖတ်စာအုပ်တွေ လုံလောက်မှုမရှိတာကို မနှစ်က ကျွန်တော်ကျောင်းမှ ထွက်လာခဲ့သည်အထိ မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပါတယ်။

လက်တွေ့ နှင့် သင်ထောက်ကူပစ္စည်းများဆို ပိုလို့ တောင် မပြည့် စုံပါ။နှစ်ဆုံးတော့ ဖတ်စာအုပ်တွေ မထုတ်ပေးနိုင်တော့သဖြင့် အတန်းပိုင်ဆီမှစာအုပ်ဖိုးငွေတွေ ပြန်တောင်းခဲ့ရပါတယ်။
နှစ်သာကုန်သွားတယ်။ဖတ်စာအုပ်မရတာ ဖြစ်သင့်ပါသလား။ဘာစာကို ဘယ်လိုကျက်လို့  ဘာကိုသွားဖြေရမှာလဲ။ဆရာရှင်းပြတာကို ဘယ်စာအုပ်ထဲမှာလိုက်မှတ်ရမှာလဲ။ထားပါတော့။ကျွန်တော်တို့ တွေ မိတ္တူအားကိုးနဲ့ ထို ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။

ဝန်ကြီးခင်ဗျား...
ကျွန်တော်တို့  2008 enrolled ကျောင်းသားအများစုဟာ sample 30 အလွတ်ကျက်စနစ်နဲ့ အသားကျခဲ့သူတွေပါ။
sample 30 ဆိုတာကလည်း အရင်နှစ်နောင်တော်တွေကို စမ်းသပ်ခဲ့တဲ့ ပညာရေးစနစ်တစ်ခုပါ။

ပထမနှစ်ထဲက ဆရာ၊ဆရာမတွေက "sample မကိုင်နဲ့ ဥာဏ်စမ်းမေးမှာ ဒီနှစ်လွယ်မှာ မဟုတ်ဘူး"ဆိုတဲ့ စကားလုံးတွေနဲ့ ဆုံးမခဲ့ပါတယ်။ဒါပေမယ့် သူတို့ ဆုံးမတဲ့အတိုင်း လက်တွေ့ မှာ မဖြစ်လာပါဘူး။စာမေးပွဲမှာ
အရင်နှစ်တွေကအတိုင်း sample 30 ထဲကပဲဆက်မေးခဲ့ပါတယ်။
ပထမနှစ်လည်း sample 30 နောက်ဒုတိယနှစ်၊တတိယနှစ်တွေ လည်း sample 30 ထဲကပဲမေးလာခဲ့တော့ ကျောင်းသားအများစုက ပေါ့ပေါ့လေး တွေးခဲ့ကြပါတယ်။
2012 ခုနှစ်မှာ အလားတူ ဆိုဆုံးမမှုတွေကြားခဲ့ရတာပါပဲ...ဒါပေမယ့် ပထမနှစ်ထဲက အပြောပဲရှိပြီး အလုပ်နဲ့ သက်သေ မပြခဲ့တာတွေက B Tech Second Year မှာကျောင်းသားတွေကို အငိုက်ဖမ်းပြီး သက်သေပြခဲ့တာ ရင်နာဖို့ ကောင်းပါတယ်။မဖြစ်သင့်ဘူးလို့ လည်း ထင်ပါတယ်။

ဝန်ကြီးခင်ဗျား...
2012ခုနှစ် B Tech ကျောင်းသားအများစုဟာ First Semeter Grade တွေမထွက်ခင်ကတည်းထဲကစာကို သေချာကြိုးစားသင်ယူခဲ့ကြပါတယ်။
ကျွန်တော့်လို ဘာမှနားမလည်လို့  အလွတ်ကျက်ဖြေတဲ့သူတောင် အတန်းမှန်မှန်တတ်ပြီး စာကို သေချာကြိုးစားခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီ့နှစ်က မေးသွားတဲ့ မေးခွန်းတွေကလည်း တချို့ ဆို ဆရာတွေတောင် မမြင်ဖူး၊မသင်ဖူးတဲ့မေးခွန်းတွေ ဖြစ်နေပါတယ်။

အခုထိ အဲ့ဒီ့ မေးခွန်းတွေကို စိတ်နာလွန်းလို့ သိမ်းထားဆဲပါ။
ဝန်ကြီး လေ့လာချင်ရင် scan ဖတ်ပြီး ပို့ ပေးပါ့မယ်။ပညာရေးစနစ်ပြောင်းပြီး BE ကိုလွယ်လွယ်မပေးတော့ဘူးဆိုတဲ့ စနစ်ကြောင့် အောင်စာရင်းမှာ ကျွန်တော်အပါအ၀င် ကျောင်းသူကျောင်းသားတော်တော်များများဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ BE မပါခဲ့ကြပါဘူး။
အဲ့ဒီအောင်စာရင်းထွက်တဲ့နေ့ ဟာ ကျောင်းသားမိဘအများစုနဲ့ နိုင်ငံ့အနာဂတ်တွေရဲ့  စိတ်ဓာတ်ကို အညွန့် ချိုးခံလိုက်ရတဲ့နေ့ လို့ တောင် တင်စားပြီးပြောလို့ ရပါတယ်။

ဝန်ကြီးခင်ဗျား...
2012မှာ BE မ၀င်ခဲ့ရလို့  ကျွန်တော်ဝမ်းမနည်းခဲ့ပါဘူး။မြန်မာ့ပညာရေး အပြောင်းအလဲအတွက် ပေးဆပ်ခဲ့ရတယ်လို့ သဘောထားပြီး ဂုဏ်တောင်ယူခဲ့ပါသေးတယ်။
ဒါပေမယ့် 10.11.2013 အောင်စာရင်းမှာ အရင်ပုံစံအတိုင်း မေးခွန်းတွေကို Sample
Question ထဲကအများစုမေးပြီး အောင်စာရင်းမှာလည်း ဘန်းစကားအရ ဆွမ်းကြီးလောင်းသလို BE ပါသူတွေ အရမ်းကို များပြားခဲ့ပါတယ်။

ဝန်ကြီးခင်ဗျား...
2012 မှာ BE မပါခဲ့တဲ့ကျောင်းသားတွေဟာ အခုဆို ရည်မှန်းချက်ပျောက်သလို ခံစားနေရပါပြီ။မနှစ်က စာမေးပွဲကျခဲ့တဲ့ မိမိတို့ ရဲ့ သူငယ်ချင်းများဟာ မိမိတို့ လောက်တောင် မတော်ပဲ ယခုနှစ်မှာ လွယ်လွယ်ကူကူ BE ပါသွားတာ
ဘယ်လောက်တောင်

ခံစားရမလဲ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြင်းထန်ပြီး ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်စေပါတယ်။ ၀န်ကြီးမှာ သားသမီးရှိရင် သားသမီးချင်း ကိုယ်ချင်းစာသင့်ပါတယ်။

2011 ခုနှစ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
2013 မှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
ဘာကြောင့် 2012 လိုကြားနှစ်ထဲမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာပါလဲ။
2012 BTech Second Year ကျောင်းသားတွေထဲမှာ တိုင်းပြည် အတွက် အမှိုက်တွေများ ပါနေလို့ အဲ့ဒီ့လို လုပ်ရပ်မျိုး လုပ်ခဲ့တာလားဆိုတာ ဝေခွဲလို့ မရပါဘူး။

2012 ခုနှစ်တစ်နှစ်တည်းကိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာဟာ နိုင်ငံ့ အနာဂတ်တွေရဲ့  ဘ၀တချို့ ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။2013 ခုနှစ်မှာ ၀န်ကြီးနဲ့  မကင်းရာမကင်းကြောင်းတွေများပါလို့  လျောလျောလျူလျူ BE ၀င်ခွင့်တွေများ
ပေးလိုက်သလားဆိုပြီး မတွေးကောင်းတဲ့ အတွေးမျိုးတွေလည်း တွေးမိပါတယ်။

ဝန်ကြီးခင်ဗျား...
2012ခုနှစ်မှာ ပညာရေးပြောင်းလဲမှုတွေလုပ်ပြီး မဟန်မှန်းသိလို့  2013 မှာ ပညာရေးစနစ်ကို အရင်အတိုင်းပြန်သွားမယ်ဆိုရင် 2012ခုနှစ်တုန်းက နစ်နာသွားခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့  ဘ၀ကို သားသမီးချင်း ကိုယ်ချင်းစာပြီးအခွင့်အရေး ပြန်ပေးသင့်ပါတယ်။အခွင့်အရေးဆိုတာ အဝေးသင် တက္ကသိုလ်သွားတက်ခွင့်ကို ပြောတာမဟုတ်ပါဘူး။
BE ၀င်ခွင့်စာမေးပွဲကို ပြန်ကျင်းပပေးစေချင်တာပါ။

ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲကိုလည်း နစ်နာခဲ့ရတဲ့ ကျောင်းသားတွေက အယုံအကြည်ကင်းမဲ့လာပါပြီ။
အယုံအကြည်ကင်းမဲ့ရတဲ့ အကြောင်းရင်းတွေက နီးကပ်မှ ၀င်ခွင့်စာမေးပွဲ ရှိကြောင်းသိရခြင်း၊၀င်ခွင့်စာမေးပွဲ ကျင်းပရုံသာရှိပြီး အမှန်တကယ်ခေါ်ယူလိုခြင်း မရှိခြင်းတို့ ဖြစ်ပါတယ်။တချို့ နည်းပညာတက္ကသိုလ်တွေမှာဆို ၀င်ခွင့် အောင်မြင်သူတစ်ယောက်မှ မရှိပါဆိုတဲ့ result မျိုးတွေ ထွက်ပေါ်လာပါတယ်။

ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲတွေ ပြန်လည်ကျင်းပရာမှာ ကျောင်းသူ၊ကျောင်းသားတွေ စာပြန်လေ့လာလို့ ရအောင်အချိန်ကိုကြိုတင်ပြီး ကြေညာပေးသင့်ပါတယ်။နီးကပ်မှ
ကြေညာတာမျိုး မဖြစ်သင့်ပါ။စေတနာပါတဲ့ ၀င်ခွင့်စာမေးပွဲကိုသာလိုလားပါတယ်။ အပေါ်ယံနှမ်းဖြူး တာဝန်ကျေရုံ ၀င်ခွင့်စာမေးပွဲကို မလိုလားပါ။

ဝန်ကြီးခင်ဗျား...
ဝန်ကြီးလေ့လာလို့ ရအောင် ကျွန်တော်2012ခုနှစ်မှာ BE ၀င်ခွင့်မရခဲ့တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့  ရင်ဖွင့်စကားသံများနဲ့  အခြားနှစ်များမှ နစ်နာခဲ့ရသူတွေရဲ့ ရင်ဖွင့်စကားသံတွေကိုစုစည်းတင်ပြလိုက်ပါတယ်။
စာရှည်နေမှာစိုးလို့  ကောင်းနိုးရာ ရင်ဖွင့်စကားသံ တချို့ ကို သာ တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အခြားသူများရဲ့  စကားသံတွေလည်း ကျန်ရှိနေပါသေးတယ်။တောင်းဆိုမှုတွေကြောင့် နာမည်တချို့ ကို မဖော်ပြတာ နားလည်စေလိုပါတယ်။

ညီမက တောင်ကြီးTU ကနေ မနှစ်က BE ပြုတ်ထားတာပါ...
Civil Major ပါ...ညီမတို့ နှစ်က အများ ပြောကြသလိုပဲ အစမ်းသပ်ခံတွေပါ...သူတို့ တွေလုပ်ချင်သလို လုပ်ပြီးရင် အခွင့်အရေးလေးတစ်ခါလောက်တော့ ရပိုင်ခွင့် ညီမတို့ အားလုံးမှာ
ရှိသင့်ပါတယ်...
Entrance က ၄နှစ်မှာ တစ်ကြိမ်ရှိတယ်လို့ ကြားပါတယ်..
လက်ရှိ နည်းပညာ ၀န်ကြီးမှာသာ သားသမီးချင်းကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင် နောက်နှစ်မှာ Entrance ရှိဖို့မျှော်လင့်ပါတယ်...
Entrance ဆိုတာကလည်း အားလုံးပြောသလို လုပ်ဇာတ်ကြီးပါ..အမှန်အကန်ဖြေခိုင်းပြီး အမှန်အကန် ရွေးချယ်စေလိုပါတယ်.....ဒီလိုပြောခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်....
(တောင်ကြီး TU မှ ကျောင်းသူတစ်ဦး)

ညီမက တောင်ကြီးနည်းပညာတက္ကသိုလ် ကနေ ပြီးခဲ့တဲ့ နှစ်က B-Tech နဲ့ ကျောင်းပြီးခဲ့တာပါ...ညီမပြောချင်တာက ညီမတို့  နည်းပညာကျောင်းကို ၄နှစ်တက်ခဲ့တဲ့ အတောအတွင်း ၀န်ကြီးက ၃ယောက်ပြောင်းတယ်..တစ်ယောက်ပြောင်းပြီးလုပ်ချင်တာ
လုပ်ကြတယ်...ပြီးခဲ့တဲ့ နှစ်မှာ တကယ်အရည်အချင်း ရှိတဲ့ သူတွေပဲ ခေါ်မယ်ဆိုပြီး ဆရာတွေတောင် မမြင်ဖူးတဲ့ မေးခွန်းတွေမေးခဲ့တယ်...

အထူးသဖြင့် ညီမတို CIVILMAJORကိုပါ...
ညီမတို့ အနေနဲ ဒီတစ်နှစ်သာအရင်နှစ်လို
မေးခွန်းတွေမေးပြီးအရင်နှစ်လိုသာ ရှေ့လျှောက်လုပ်မယ်ဆိုရင် ညီမတို့ BE ပြုတ်ခဲ့တာကို ဖြေသာပါတယ်...ညီမတို့ အခုအောင်တဲ့သူတွေကို မကောင်းစိတ်ထားတာ မဟုတ်ပါဘူး အစ်ကို....

အခုကျတော့ ညီမတို့ အပေါ်တစ်နှစ်ကိုလည်း မလုပ်...ခုအောက်တစ်နှစ်ကိုလည်း မလုပ်ဘဲနဲ့ ညီမတို့ နှစ်မှာမှ အဲ့လို လုပ်တာဟာ လုံးဝကို တရားနည်းလမ်း မကျပါဘူးရှင်.....ဒါကြောင့်မို့ တရားနည်းလမ်းကျပြီး မှန်ကန်တဲ့ ENTRANCE ပြန်လုပ်ပေးကိုပေးရပါမယ်...နစ်နာခဲ့တဲ့ ညီမတို့  အားလုံးတို့
အတွက် second chance ဆိုတာ ရှိကိုရှိရမှာပါ....

BE ပြုတ်တာ ညီမတို့ အပြစ်မပါဘူးလားလို့ မေးရင် ပါပါတယ်....ဒါပေမယ့် သူတို့က သိပ်ကိုရက်စက်လွန်းပါတယ်ရှင်...ညီမပြောတဲ့ အချက်တွေကို အစ်ကို့ ရဲ့ ပေးစာထဲမှာ ထည့်ပေးမယ်လို့ ယုံပါတယ်။
(နန်းလွင်ဝေထွန်း)

(၁) ကျောင်းတစ်ဝတ်တစ်ပျက်နဲ့ နစ်နာခဲ့ကြရတဲ့ A.G.T.I ၊ B-Tech ဘွဲ့သမားတွေအတွက် အင်ဂျင်နီယာ တစ်ယောက်ဖြစ်စေရန် မတင်းကြပ်သောဝင်ခွင့်စာမေးပွဲပြန်လည်ခေါ်ပေးရန်....
(လမ်းတစ်ဝက်နဲ့ ခံစားနေကြသူတွေအများကြီးပါ၊ အခွင့်အရေးပေးသင့်ပါတယ်။)

(၂) အမြဲမပြတ် သင်ယူလေ့လာမှုပြုနိုင်ရန် ညနေပိုင်း / အချိန်ပိုင်း Diploma သင်တန်းများ မေဂျာအလိုက် ဖွင့်လှစ်ပေးရန်....
(အင်ဂျင်နီယာတစ်ယောက်ဟာ အမြဲသင်ယူနေဖို့ နှင့် မြင့်တင်နေစေဖို့လိုပါတယ်။)

(၃) ကျောင်းပြီးစ ကျောင်းသားများကို အလုပ်ခွင်ဝင်စတွင် အဆင်ပြေစေရန်
သပနမှ အလုပ်သမားဝန်ကြီးဖြစ်ဖြစ်/ စက်မှုဝန်ကြီးဖြစ်ဖြစ် Job Taring လစာမဲ့ သင်ကြားခွင့်ရစေရန် နှင့် လုပ်သက်ရင့် အင်ဂျင်နီယာများမှ လက်တွဲခေါ်စေရန်....

(ဆေးကျောင်းများမှာ House Sergin ဆင်းစေပြီး အလုပ်အကြောင်းကောင်း
ကောင်းသိစေရန်နှင့် ဆရာဝန်အချင်းချင်း ဖေးမကူညီလေ့ရှိကြပါတယ်။)
အင်ဂျင်နီယာလောကမှာတော့ ဘာ Standard Code မှ မရှိသည့် အလုပ်မှာလည်း အောက်ခြေနေ့စား အလုပ်သမားကစကာအထင်သေးပြီး အချင်းချင်းဖေးမ လက်တွဲခေါ်မှုလည်း အရမ်းအားနည်းပါတယ်။

ဒါ့ထက်ဆိုးဝါးစွာခံစားနေရတဲ့ အင်ဂျင်နီယာလောက အကြောင်းကတော့ အများကြီးပါ။BE မရပဲ ယုံကြည်ချက် ပျက်နေပြီး ခံစားနေရတဲ့ သူတွေလည်း အများကြီးပါ။

(မျိုးမင်းထွန်း)

So i want to know and ask about the system. Onetime low marks, it can be all the time loser beyond other students in YTU. It is not fair for all of the student. Why their course are different and YIT student can do reexam.

Why? I want to know. It is not for me. I have been graduated. But I want to fair for all of my juniors. Different school can be understand for high marks. But different courses and reexams is not fair. We will do all of the
future of our country, life and so on.And I want to erase for the system of B-Tech. There are no B-tech in the world. It is rarely to see.
All people know only AGTI, BE. So why they want to born technology man. It is to choice for student. If they want they study. Not for a system. Why only one time get low marks ,their are all do B-tech.

Why? They must be choose their own decision. And they must be reexam for BE not M-Tech.Why they can't get BE(engineer), only M-tech. It is lied for young people. Who finished M-tech and it is not engineer only master in technology.This is a liar system for the young people like as the advertising of the courses.

They remarks all of the engineering students who are not from YIT is no qualification..... Why ? I want to know? Dont blame all of the students who are not from YIT. They have their cost. Dont measure their cost only one rule.

All of the young are born from the valuable person. All the young have their dream for building their life and their country.

Not too much unfair for young. Let the young for choice.Please it may be. That is not good for country, because they think their education is not unfair. I hope for the system no different courses and no reexams. Thank you very much for reading my messages finish. All the young can feel the sweets of education................
(Shwe Yee Win)

2001 ခုနှစ်တုန်းကပါ။ကျောင်းသားတော်တော်များများ Thesis နားလိုက်ရတာတွေရှိပါတယ်။ အဲဒါလဲ English စာ ကို ၂ လဆက်တိုက် ကျလို့ ဆိုပြီးတော့ပါ။တကယ်တော့  အဲဒါဟာ thesisအတွက်အရမ်းကြီးအရေးမပါပါဘူး ။

အဲ့ဒီတုန်းက ကျသွားတဲ့သူတွေရဲ့  မိဘတွေအတွက်အရမ်းစိတ်မကောင်းဖြစ်ခဲ့ ရပါတယ်။ ။ အခုအဲဒီလိုမဖြေရတော့ ပြန်ဘူး ။ အခုကျတော့  ကျောင်းသားတွေက English စာပြည့် ဝသွားပြီမို့ လို့ မဖြေခိုင်းတော့တာလားတွေးမိ
လို့ ပါ ။ကျွန်တော်တို့ နှစ်က YTU နဲ့ MTU ပေါင်းရင် ကျောင်းသား ၄၀,၅၀လောက်ရှိမယ်ထင်ပါတယ် ။ ရပ်ပစ်လိုက်ရတာပါ ။

အခုကျောင်းသားတွေကိုအဲဒီလိုစာမေးပွဲတွေဖြေခိုင်းပြီး ပြီးခဲ့ တဲ့ ကျောင်းသားတွေလို တွေ ကြုံခံစားစေချင်စိတ်လုံးဝမရှိပါဘူး ။ အဲ့ဒီ့နှစ်ကကျောင်းသူတစ်ယောက်ဆို Defထိုင်တဲ့ နေမှာ Englishစာလစဉ်ဖြေ ထားတဲ့ အောင်စာရင်းထွက်တာထင်တယ်။

Def ကိုထိုင်ခွင့် မရလိုက်ပါဘူး၊ Englishစာ ဆက်တိုက်ကျတာ ၂ ခါပြည် သွားလို့ ပါတဲ့ ။
(2001 ခုနှစ်တွင် Thesis လုပ်ခဲ့ရသော
YTU Bio Tech Major မှ ကျောင်းသားတစ်ဦး)

သူငယ်ချင်းတချို 10.11.2013 နေ့ ကအောင်စာရင်းကိုကြည့် ပြီး ပိုပြီးခံစားသွားရတယ်ကြားတော့ ငါလည်း ထပ်တူထပ်မျှစိတ်မကောင်းပါဘူး....အထူးသဖြင့် မနှစ်က သန်လျင်TU က တော်ပေမယ့် BE မပါခဲ့တဲ့ Civil က အယောက်တစ်ရာကျော်ရှိတဲ့
သူငယ်ချင်းတွေအတွက်ပေါ့....အစမ်းသပ်ခံခဲ့ရတဲ့သူတွေပေါ့

ငါကတော့ သူတို့ ကိုသူရဲကောင်းလို့ သတ်မှတ်တယ်.........
ဒီချိန်မှာ သက်ဆိုင်သူတွေကို အပြစ်ပြောလည်း ဘာမှ အကျိုးမရှိပါဘူး။
ငါပြောချင်တာက တိုင်းပြည်အတွက် ပေးဆပ်လိုက်ရတယ်လို့ သဘောထားပါကွာ...
ငါကတော့ တိုင်းပြည်ကို ကူညီနိုင်တဲ့ဘက်က ကူညီလိုက်ရတယ်လို့ ပဲ သဘောထားပါတယ်.

ငါတို့ ပေးဆပ်ခဲ့တာနဲ့ တန်အောင်
မြန်မာ့ပညာရေး အဖြေမှန်ကိုရှာတွေ့ ပါစေ.............
နောက်မျိုးဆက်သစ်တွေ ....ဓာတ်ခွဲခန်းထဲက ကြွက်လို
စမ်းသပ်ခံရခြင်းမှ ကင်းဝေနိုင်ကြပါစေလို့ ...............
ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ကွာ..........
(သန်လျင် TU မှ Civil Major ကျောင်းသား တစ်ဦး)

ကျွန်တော်က RIT ညကျောင်းတက်ဖူးးတယ။် BUILDING နဲ့  အရမ်းကို ကြီးကျယ်ခမ်းနားသော RITယာယီကျောင်းသားဘဝကိုဖြတ်ကျော်ဖူးးခဲ့ပါတယ်။

ပေါင်းကူးကိစ္စတွေပြဿနာတက်တော့ လူ့ သဘာဝအရ GTC ပထမဆုံး
အစမ်းသပ်ခံလမ်းကြောင်းထဲပြောင်းလဲလို့ ရောက်ရှိခဲ့ရတယ်။
DIFFERENCE ဘာတဲ့လဲ ။
သင်ရိုးညွှန်းတမ်းမရှိ ထွက်လာတဲ့စာအုပ်တွေမှာတွက်နည်းကမပါ။ ကျုပ်တို့ ကဘာအားကိုးရပါ့။
လူဦးရေ၁၀၀ကျော်ကို ပြဌာန်းစာအုပ် ၃၀ ပဲဝယ်တော့ ကဲ ကျုပ်တို
အဆောင်နေကျောင်းသား စားဖို့ ဆိုနောက်ထား ။

ဒိုင်ပင်ထိုးပြေးတိုးပြီး ဝယ်ခဲ့ရတဲ့ ပညာရေးပေါ့။ဆရာနဲ့ အယူအဆ ကွဲလွဲပိုင်ခွင့်မရှိတဲ့ ပညာရေး ။ငါနားမလည်ရင်အမှတ်မပေးနိုင်ဘူးဆိုတဲ့ပညာရေး ။
ဘာတဲ့လဲဗျာ ကျုပ်မိဘတွေကဝန်ထမ်းတွေ ဘယ်လိုလုပ်
ကျုပ် လန်းနေနိုင်မှာလ။ဲ ငါ့ကျုရှင်မတတ်ငါ့တပည့်မဟုတ်ဘူးဆိုတဲ့ အစမ်းသပ်ခံပညာရေး။

ကျုပ်လူးခဲ့ရတာပေါ့။ B Tech ပေါင်းကူးကျုပ်မပါခဲ့ဘူး။
ကိုယ်ညံ့လို့ မပါတာ ဘာမှမပြောလိုဘူး။
အမှတ်စရင်းက ၆ လကြာမှထုတ်လို့ ရတာ။
ရလာတော့ကျုပ်အဆင့်က Roll 28 ။

ဌာနမှူးကိုမေးတော့ အသနားခံစာတင်ရမယ်တဲ့။
ကျုပ်မှားနေလို့ ကတော့ သွားပေါ်အောင်ပြုံးပြုံလေးနေပြမယ် ။
ဒါပေမယ့်ဒီကိစ္စ ကျုပ်မှားခဲ့သလားဗျာ။
ကျုပ်အန်ထုပ်ချင်ခဲ့တာပေါ့။
ကျုပ်မိဘကဝန်ထမ်း။
ကိုယ်ဖြစ်ကိုယ်ခံ ဆိုလိုကတော့ ကျုပ်ကတော့ လာထားအာဘွားပဲ။

ပဒေသရာဇ် စနစ်အရ ကိုယ်ဖြစ်ကိုမိဘတော့မခံစေလိုဘူး
ရင်ပိုပြီးနာစေတာကကျုပ် မလေးရှားကိုသွားတော့ ကျုပ်ပညာရေးကိုဒင်းတို့ $ဂရုမစိုက်ဘူး မင်းဘာလက်မှတ်ပဲကိုင်ကိုင်
ဒီလစာ ကြိုက်ရင်လုပ်တဲ့။
ဘာခံစားမိလဲ မိဘကကိုယ့် သားသမီးအောက်မကျအောင်အငတ်ခံသင်ပေးထားတဲ့ပညာရေး။
အေး နောက်ဆုံးကျ@#$% ပဲကွာမပြောရရုံပါပဲ။

ကျောင်းဆင်းကာစကလေးတွေမေးကြည့်။ မင်းတို့ ဘာသိ။
ဘာမှမသိ SELF STUDY နဲ့ မယူတတ်လို
ကတော့ပိုရာသာကပ် ဝန်ထမ်းလုပ်ကြပေတော့။
ကျုပ်ပြောချင်တာတွေများနေသေးတယ်ဗျာ။
PHONE နဲ့ ဆိုတော့စိတ်သွားသလောက်မလိုက်နိုင်ဘူး။
ကိုတင်ကိုကိုရေ စိတ်ဝင်စားရင်တော့ ကျေးဇူးပါ ။

အနောက်အယှက်လို့ ထင်ရင်တော့ I REALLY OPPOLOGIZE TO U.
THX 4 READ MY FEEL.
(ဖြိုးဝေကျော် ... RIT ကျောင်းသားဟောင်းတစ်ဦး)

ဒါလူတစ်ယောက်ချင်းစီရဲ့ ဘ၀တွေပါ။ ကလေးကစားစရာတွေ မဟုတ်ပါဘူး။
(2012 တွင် BE မပါခဲ့သော သန်လျင် TU မှ ကျောင်းသားတစ်ဦး)

ဝန်ကြီးခင်ဗျား...
အခုပညာရေးစမ်းသပ်မှုကြီးကို ရပ်သင့်ပါပြီ။
အလွယ်စနစ်နဲ့ အသားကျနေတဲ့ ကျောင်းသားများကို ကျောင်းပြီးခါနီး(BE) ရခါနီးမှစနစ်သစ်နဲ့ စမ်းသပ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ ဘ၀တွေလည်းဆုံး၊တိုင်းပြည်အတွက်လည်း အကျိုးမရှိပါဘူး။

ပထမနှစ်ထဲက အဆင်မပြေတဲ့ပညာရေးကို နောက်ဆုံးနှစ်မရောက်ခင်မှာ ရုတ်တရတ် ပြောင်းလဲလိုက်ရင် ပိုလို့ တောင်အဆင် မပြေပါဘူး။
ဥပမာပေးရရင် ABCD လောက်ပဲ ရေးတတ်တဲ့ကလေးကို Essay သွားရေးခိုင်းသလို ဖြစ်နေပါတယ်။
စာမေးပွဲမှာတော့အင်္ဂလိပ်လိုဝါကျတစ်ကြောင်းလောက်
ဖြောင့်အောင်ရေးတတ်တဲ့ ကလေးက ပိုသာသွားတာကလွဲလို့  ဘာမှ မထူးခြားသွားပါဘူး။
အမှန်တကယ်မြှင့်တင်ဖို့ လိုအပ်နေတဲ့ ပညာရေးက စာတွေ့ ပိုင်းမဟုတ်ပါဘူး။
လက်တွေ့ ပိုင်းကို မြှင့်တင်ရမှာပါ။
ဒါကိုတော့ အကျယ်ချဲ့ ပြီးမတင်ပြတော့ပါဘူး။
အခုခေတ်အင်ဂျင်နီယာကျောင်းဆင်းတွေကို လက်သမား၊ပန်းရံဆရာတွေတောင်
အထင်သေးနေတာ မြင်သာလွန်းတဲ့ ကိစ္စပါ။

ဝန်ကြီးခင်ဗျား...
ပညာရေးစနစ်သစ်ဟာ သစ်လွင်ပြီးတက်ကြွနေတဲ့ ပထမနှစ်ကျောင်းသားတွေနဲ့ ပဲ သင့်လျော်ပါတယ်။
ဒါပေမယ့် နောက်မျိုးဆက်သစ်ကျောင်းသားလေးတွေကိုလည်း ၀န်ကြီးတစ်ခါပြောင်းတိုင်းစနစ်သစ်နဲ့ တစ်ခါစမ်းသပ်လိုက်၊ နောက်တစ်နှစ်မှာ
နောက်တစ်မျိုးစမ်းသပ်လိုက်မလုပ်ကြပါနဲ့ တော့လို့ တောင်းဆိုလိုပါတယ်။
ကျွန်တော်တို့ အပါအ၀င် ခေတ်အဆက်ဆက် နောင်တော်ကြီးများရဲ့ မျက်ရည်တွေ၊ မိဘတွေရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးခံရပြီး စမ်းသပ်ခံခဲ့ရတဲ့ ပညာရေးစနစ်တွေကို ကျွန်တော်တို လက်ထက်မှာပဲ အဆုံးသတ်လိုက်ပါတော့။နောက်မျိုးဆက်သစ်တွေရဲ့  အိပ်မက်တွေကို မထိခိုက်စေချင်တော့ပါဘူး။

ကျွန်တော်တို့ ဟာလူတွေပါ။ ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံကြွက်တွေ မဟုတ်ပါဘူး။အခုချိန်မှာ အရင်ဝန်ကြီးလက်ချက်၊အခုဝန်ကြီး လက်ချက်ဆိုပြီး လက်ညှိုးထိုးရမယ့် အချိန်မဟုတ်ပါဘူး။နစ်နာခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ကို စာနာသုံးသပ်ပြီး အခွင့်အရေးတစ်ကြိမ်လောက်တော့ ပေးသင့်ပါတယ်။

တိုးတက်ဖွံ့ ဖြိုးတဲ့နိုင်ငံတော်သစ်ကို အင်ဂျင်နီယာ စွမ်းအားနဲ့  တစ်ဖက်တစ်လမ်းကအကျိုးပြုဖို့ ကျွန်တော်တို့ တွေအားလုံးဝန်ကြီးရဲ့ 
ဆုံးဖြတ်ချက်ကိုမျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေပါတယ်။
ဂရုဏာတရားကြီးမားပြီးမှန်ကန်စွာဆုံးဖြတ်မယ့်ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို
နိုင်ငံအ၀ှမ်းမှာရှိတဲနစ်နာခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူများစွာက
မျှော်လင့်ချက်ကြီးမားစွာ စောင့်မျှော်နေကြောင်း
လေးစားစွာတင်ပြအပ်ပါတယ်။
ရိုသေလေးစားစွာဖြင့်
Tin Ko Ko
(ဓာတ်ခွဲခန်းထဲမှ အစမ်းသပ်ခံကြွက်စုတ်တစ်ကောင်)

မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ

မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ

 (မှတ်တမ်း ရုပ်သံ) BRO Malaysia

အသားတိုး ဒေသ ခံကြက်စီမံကိန်း အပိုင်း(၂) (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ) ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)

အသားတိုး ဒေသ ခံကြက်စီမံကိန်း အပိုင်း(၂)
(တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်) 

  ဒေသခံ ဥစား  အသားစား- ကြက်စီမံကိန်း

သဘာဝ ဒေသခံ  ကြက်များကို  အများအားဖြင့် ကျေးလက်တွင်အဓိက သဘာဝအတိုင်း လွှတ်ကျောင်းမွေးမြူကြပါသည်။  ဒီတော့ ထုံးစံအတိုင်း ကျေးရွာတွေမှာ  တခါတရံ  ကြက်နာရောဂါ ကျတတ်တော့   ကြက်နာကျလျင်  ရွာလုံးကျွတ်  ကြက်မျိုးတုံးသော  အဖြစ်များကို    မကြာခန ကြုံကြရပါသည်။  တခါ ကြက်ဥကို သဘာဝနည်းအရ  ကြက်မကြီးကို ဝပ်စေသောအခါ ကြက်ကလေးများ ပေါက်ဖွားနှုန်းမှာ  ဖေါက်စက်ဖြင့်  ဖေါက်သော နှုန်းလောက် မရနိုင်သလို  ကြက်မတစ်ကောင်သည်  ပျှမ်းမျှ-  ကြက်ကလေး ၁၂ - ကောင်လောက်ဘဲ ပေါက်တတ်ပြီး  သားခွဲချိန်အရောက်တွင်  အသားတင် ကြက်ကလေး..၆ - ကောင်လောက်သာ  ပျှမ်းမျှရနိုင်ပါသည်။

တနည်း သဘာဝနည်းဖြင့်တော့  ဒေသခံကြက်ကိုမွေးမြူပြီး နို်င်ငံတော်တွင်  ကြက်သားအထွက်တိုးရန် စီမံချက်ကို    အားကိုးလို့ မရသည်ကတော့ သေချာပါသည်။ သို့ အတွက်  ကျနော်သည်  ယခုစီမံကိန်းကို တွေးတော ကြံဆယူမိပါသည်။.  ဘယ်နိုင်ငံတွင်မှ  စမ်းသပ်ခြင်း  လက်တွေ့ ကျင့်သုံးထားခြင်း မရှိသေးသော စီမံချက်ဖြစ်ပါသည်။  တနည်း   MY  BRAIN  CHILD  PROJECT   မြန်မာလိုတော့  ကျနော်ဦးဏှောက်က မွေးဖွားလာသော စီမံချက်ဖြစ်ပါသည်။

ဒီနေရာမှာ  စကာအသုံးအနှုန်းလေးကို (သိသူများရှိပါသည်။ မသိသေးသူများကို ရည်ညွှန်းပါသည်)။  အထက်ပါ စကားစု  BRAIN  CHILD   နင့်   CHILD  BRAIN မှာ  ပြောင်းပြန်ဖြစ်နေသလို အဓိပ္ပါယ်မှာလဲ ပြောင်းပြန်ဖြစ်ပါသည်။   Child  Brain ကလေးဥိးဏှောက်  ဟု နိမ်ပြောသော ဝေါဟာရဖြစ်ပါသည်။    Brain Child ဦးဏှောက်မှ  မွေးဖွားလာသော နှင့်အဓိပ္ပါယ်  ပြောင်းပြန်ဖြစ်ပါသည်။

ယခု စီမံချက်ကို ဆက်လက် တင်ပြလိုပါသည်။  ဒေသခံရွာ  ကြက်မကြီးက  ဥများဥပြီး  ဥများလာသောအခါ   ကြက်မကြီးက  ဥများအပေါ်တွင် ဝပ်ပေးပြီး ဖေါက်ပါသည်။   ကြက်ကလေးများ ပေါက်ရန်   ၂၁ - ရက် ကြာဝပ်ရပါသည်။

ယခုနည်းတွင်  ကြက်မကြီး စတင်ဝပ်လို့  ၂-ရက်ရတာနဲ့ ကြက်ဥဖေါက်စက်ဖြင့် ဖေါက်ထားသော  ကြက်ပေါက်ကလေးများကို ထဲ့ပေးလိုက်တော့  ကြက်မကြီလဲ မပင်ပန်း  ကြက်ပေါက်ချိန် ကိုလျှော့ချပေးနိုင် လိုက်ပါသည်။  မိမိလိုချင်သော  ကြက်အကောင်ပေါက် အရေအတွက်ကို  ထဲ့ပေးနိုင်ပါသည်။

ကြက်မကြိးသည် ဝပ်နေစဉ်တွင် တရက်လျှင်  တစ်ကြိမ်သာ  ဝပ်ကျင်းမှ ဆင်းကာ  အညောင်းဖြေ.. အစာစား   ရေသောက် တကြိမ်သာပြုရသည်မှာ  အလွန်ပင်ပန်းသော ဖြစ်စဉ်ဖြစ်ပါသည်။ ပေါက်ပြန်တော့လဲ  ကြက်အကောင်ရေ အနည်းငယ်သာ ရပါမည်။

ကြက်မကြီးသည်  သဘာဝသဘောအရ  ကြက်ဥ ၁၂ -ဥ မှ ၂ဝ -ဥ ခန့် ဥပြီးလျှင်  ကြက်ဥများအပေါ် ၀ပ်ပါတော့သည်။  ယခုနည်းတွင်  ကြက်မကြီးကို  ကြက်ဥအတုများ အပေါ်ဝပ်စေပါမည်။  သဘာဝတွင် ကြက်ကလေးများပေါက်ရန် ၂၁-ရက် ဝပ်ရပါသည်။  ဒီနည်းမှာတော့ ကြက်မကြိးဝပ်ရက်..၂-  ရက်အရတွင်  ဖေါက်စက်မှ တစ်ရက်သား  နှစ်ရက်သား ကြက်ကလေးများ  (အကောင် အရေအတွက်  ( ကြက်မအရွယ်အစားကို လိုက်ပြီး ) အကောင် ၂၅-ကောင်မှ ၃၅ -ကောင်အထိ ကြက်မကြိးထဲကို   ညဘက်တွင်ထဲ့ ပေးရပါမည်။

နောက်တနေ့ တွင်  ကြက်မကြီးနှင့်  ကြက်ပေါက်လေးများကို  (၁ဝ-ပေ x ၁ဝ-ပေ) ကျယ်သော ခြံကလေးတွင်  ထားရှိပါမည်  ၎င်းခြံတွင်  ရက်သတ္တ.၂- မှ ၃-ပတ်ခန့်  အထိကြက်ပေါက်လေးများ သန်မာလာသည်အထိ ထားရှိပါမည်။

၎င်း (၁ဝ x ၁ဝ) ခြံလေးခြံကို  အောက်ခြေကို (ကြက်ပေါက်လေးများ မထွက်နိုင်အောင်) အပိတ်အစ (ပလပ်စတစ်အထူ..။ မြွေခွံအိတ်အထူ၊  တာပေါ်လင်)  စသည်ဖြင့် ကာရံထားရပါမည်။  ကြက်ပေါက်လေးများ  တဖက်ခြံဘက်သို့ ကူးသွားမိလျှင်  တဖက်ခြံမှ ကြက်မက  သေအောင် သတ်တတ်ပါသည်။  အပေါ်ပိုင်းကိုမူ ငါးဖမ်းပိုက်ကွန်အဟောင်း (ဈေးပေါသည့်) ဖြင့်ကာထားပါမည်။  ကြက်ခြံလေးခုကို  လေးဒေါင့်ဆက်စပ် ထိထားပါမည်။  အလယ်ကို လိုအပ်လျှင်  မီးအပူပေးနိုင်ပါသည်။

ကြက်ပေါက်လေးများကို  ကာကွယ်ဆေး ပြည်ပြည့်စုံစုံပေးထား  ထိုးထားမည်ဖြစ်သဖြင့်  တော်တန်ရုံကြက်နာ မကျနိုင်တော့ပါ။  ခြံအတွင်း  အစာရေစာ လုံလောက်စွာနှင့် ထားရှိသည့်အတွက်  အန္တရာယ်ကင်းပြီး ကြီးထွား နှုန်းမြင့်မားပါသည်။

ကြက်ကလေးများကို အစာရေစာ လုံလောက်စွားကျွေးမွေးပြီး   ၎င်းခြံတွင် ရက် ၂ဝ-ခန့်ထားပြီး သဘာဝ လွှတ်ကျောင်းနိုင်ပါပြီ။  နှစ်လခန့် အရတွင်  သားခွဲပါတော့သည်။   ကြက်သားခွဲလျှင်  ကြက်မကြီးကို  အဖွဲ့ သို့ ပြန်ပေးရပါမည်။ ကြက်ပေါက်ကလေးများကို  သဘာဝအတိုင်း အစာရှာ စားသောက်စေသလို မနက်ပိုင်းနှင့် ညနေအိပ်တန်းတက်ခါနီးတွင်  သဘာဝအစာများ  (ပြောင်းဆံ ..ပြောင်းဖူးစေ့) များကျွေးမွေးနိုင်သလို  သိပ္ပံစပ်ကြက်စာများလဲ ကျွေးနိုင်ပါသည်။  ၄-လမှ  ၆- လခန့် အရတွင် ကြက်ကလေးများသည် အလေးချိန် ၇၅ - ကျပ်သားခန့် စီးလာလျှင်  ရောင်းချနိုင်ပါတော့သည်။  ၈ - လခန့် အထိမွေးလျှင် လည်းပိုအသားတိုးပါသည်။  သဘာဝအတိုင်း လွှတ်ကျောင်းထားသဖြင့် ပိုးမွှားလေးများကိုလဲ စားနိုင်ခွင့်ရစေပါသည်။

၎င်းနည်းဖြင့်မွေးထားသော ရွာကြက်များကို  FREE  RANGE  ORGANIC  CHICKEN  ဟုသတ်မှတ်နိုင်ပါသည်။  အနောက်နိုင်ငံနှင့် ဂျပန်နိုင်ငံတွေမှာတော့ ဈေးအလွန်ကြီးပါသည်။  ကျနော်တို့ များများ ထုတ်လုပ်နိုင်လျင်  မီဒီယာများတွင်လည်း  သဘာဝရွာကြက်က  ယောက်ျားဟော်မုန်း ပြည့်ဝစွာပါတာကို  ရေးသားလာကြလျှင်  ကျနော်တို့  ပြည်ပဈေးကွက်ပင် တိုးလာပါမည်။

ကြက်ကလေးများ  ဈေးကွက်ရောင်းချချိန်တွင်  အဖွဲ့ သို့  ယူထားသော ကြက်အပေါက်ကောင်ရေအလိုက် (ဥပမာ-  ကြက်ပေါက် ၁ဝ- လျှင် တစ်ကောင်နှုန်း)  ပြန်ပေးဆပ်စေပါမည်။  သို့ မှသာလျှင်အဖွဲ့ တွင် ဘတ်ဂျက် တိုးပွားလာသလို  အဖွဲ့ တွင်လုပ်နေသာ အဖွဲ့ သားများကို လစာထောက်ပံ့နို်င်ပါမည်။ လက်ခံ တောင်သူတွင်လည်း  မိမိနည်းရိုးရာသဘာဝ  မွေးသည်ထက်  ဝင်ငွေအဆများစွာ ပိုမိုလာပါမည်။    WIN - WIN ဖြစ်ပါသည် ။

သို့မှသာ   စီမံကိန်းအလှုရှင်ကိုလဲ  သူ၏အလှုသည် မည်မျှတိုးပွားလာပြီး  တောင်သူမိသားစုအတွက် အဘယ်မျှ ဝင်ငွေတိုးတက် စေသည်များကို  စားရင်းဇယားအတိအကျနင့်  ပြသနို်င်ပါမည် ။  အလှုရှင်သည်မိမိအလှု  ခြောက်လလျှင် တကြိမ်  မည်မျှတိုးပွားလာနေသည်။  အဖွဲ့ တွင်လဲ  မိမိလှူထားသော ကြက် (ဥပမာ -၁ဝဝ ကောင်)မှ အဖွဲ့ အတွက် မည်မျှတိုးနေပြီ။  လယ်သမားမိသားစု  မည်မျှဝင်ငွေရရှိထားပြီ၊ ကြက်အကောင် မည်မျှအထိ တိုးပွားနေပြီကို  သီးခြားစာရင်း ဇယားများဖြင့် ပြသနေနိုင်ပါမည်။ တခါလှူရုံနင့်  ပဒေသာပင်လို တိုးပွားနေသော အလှုဖြစ်ပါမည်။

တောင်သူလယ်သမား၏  ဒုတိယဝင်ငွေ

လယ်သမားတစ်ဦးသည်  မြေနေရာအကျယ်အဝန်းအလိုက် ကြက်ပေါက်လေးများကို  အဖွဲ့ မှ ရယူနိုင်ပါသည်။  မြေကျယ်ကျယ်ရှိသူ တစ်ဦးလျင် ကြက်မ ၄ မှ ၁ဝ ကောင်အထိ မွေးလို့ ရပါသည်။ ကြက်မတစ်ကောင်လျင် ပျှမ်းမျှ ကြက်ပေါက် ၂၅  မှ  ၃၅ အထိထိန်း မွေးမြူစေနိင်ပါသည်။

လယ်သမားတစ်ဦးသည် ကြက်မ လေးကောင်ယူလျင် တစ်ကြိမ်ကို ၅- လခန့် မွေးရပါမည်။  မျှမ်းမျှ တနှစ်လျင် နစ်ကြိမ်ယူနိုင်လျှင်  ကြက်ပေါက် အကောင်ရေ  ( ၃ဝ x ဂ - ၂၄ဝ ) ရယူထားပါမည်။  အရွယ်ရောက်ကြက် အကောင် ၂ဝဝ အသားတင် ရှင်လျှင် အဖွဲ့ သို့  (၁ဝ ကောင် တစ်ကောင်နှုန်းပြန်ဆပ်လျှင် ၁၇၅ ကောင်ရောင်းချနိုင်ပါမည်။

တစ်ကောင်သည် ပျှမ်းမျှ ၇၅ ကျပ်သားခန့် လေးပါသည်။  ကြက်ပိဿာချိန် ၁၃ဝ ပိဿာရှိပါမည်။  ကာလပေါက်ဈေး (ဒိုင်သွင်းဈေး ) - ၄၅ဝဝ ကျပ် ဈေးဖြင့်သွင်းရလျှင် ၅၈ဝဝဝဝ ခန့် ဝင်ပါမည်။  အစာဖိုးနုတ်လျှင် ၄ဝဝဝဝဝ (လေးသိန်း) ခန့်ဝင်ပါမည် ။

စာရင်းစစ်အဖွဲ့ များလာရောက်စစ်ဆေးနိုင်အောင်  နေ့ စဉ်စားရင်ကိုင်းအဖွဲ့ ထားရှိထားရပါမည်။

အချုပ်အားဖြင့်

(၁) သဘာဝနည်းအတိုင်း ကြက်မကြီးကို ဝပ်စေသောနည်းဖြင့်နိုင်ငံတော် တွင်အသားအထွက် တိုးအောင်လုပ်ဆောင်ရန်   ဘယ်လိုမှ မအောင်မြင်နိုင်ပါ။

ယခုနည်းသော်၎င်း အလားတူ ပိုမိုကောင်းမွန်သောနည်းသော်၎င်း  တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ရပါမည်။  ရွာကြက်သား အထွက်တိုးလာလျှင်  သိပ္ဗံကြက်သားဈေးမှာ  ချက်ချင်းကျလာပါမည်။ သူတို့ မှာ လိုအပ်လျှင် ဈေးချနိုင်ပါသည်။

(၂) တောင်သူလယ်မားများ  မြို့ ငယ်နေ ခြံကျယ်ရှိသော မိသားစုများ ၊  တပ်မတော် မိသားစုများ ကို  ဒုတိယဝင်ငွေတိုးစေပါမည်။  သမ္မတကြီး၏  ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်  တစ်နည်းတစ်ဖုံ အထောက်အကူ ဖြစ်စေပါမည်။


(၃)ကျားဟိုမုန်းများသော  ဒေသခံ  ကြက်သားကို စားသုန်းခြင်းဖြင့်  မြန်မာနိုင်ငံသား  ယောက်ျားလေးများ  အခြာက်ဖြစ်မှု များလာမှုမှ  တားဆီးနိုင်ပါမည်။

(၄) စားသုံးသူတို့ အတွက်လည်း  အရသာပိုကောင်းသော  အဟာရပိုမိုပြည့်ဝသော။  သဘာဝကို မလွန်ဆန်  အသားကို ပေါပေါလင်လင် စားသုံးခွင့်ရစေပါမည်။

(၅) ယခုနည်းသည်  ကြက်ဥဖေါက်စက် အတွက်သာ အရင်းအနည်းငယ်ရှိပြီး  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် လွယ်ကူပြီး  လုပ်ငန်းချဲ့ ရန်လွယ်ကူသည့်အတွက်  အလျင်အမြန်ချဲ့ ထွင်နိုင်ပါသဖြင့်  ကြက်အကောင်ရေတိုးရန်  အသားအထွက်တိုးရန်  အရင်းအနှီး အနည်းဆုံး နည်းဖြစ်ပါသည်။

(၆) မီဒီယာများနင့် ဆေးပညာရှင်များမှ  ဟော်မုန်းကိစ္စ  သဘောတူလက်ခံပြီး  ကမ္ဘာသိလာအောင် ရေးသားလာကြလျင်  မြန်မာတောရွာကြက်ဈေးကွက် ကမ္ဘာကိုဖြန့် နိုင်လာပါမည်။ FREE   RANGE  ORGANIC  CHICKEN  ဈေးကွက်ကြီး ပေါ်လာပါမည်။   ထိုင်းနိုင်ငံသည်  ထိုဈေးကွက်၏  ပင်မဖေါက်သည် ဖြစ်ပါသည်။

(၇) ကြက်မကြီးနင့် ကြက်ပေါက်လေးများ သားခွဲပြီးလျင်  မွေးမြူသူသည်  ၎င်းလုပ်နိုင်  ထိန်းနိုင်လျင် တနှစ်ကို ကြက်မနှင့် သားပေါက် ၅ ကြိမ်ခန့် အထိ ယူနိုင်ပါသည်။  ထိုပမာဏနှင့် မွေးနိုင်လျှင် တနှစ်ဝင်ငွေ ၁ဝ သိန်းခန့် အပိုဝင်ငွေ တိုးစေပါမည်။

(၈) ကျေးရွာတွေမှာ အလုပ်အကိုင်ရှားပါး၍ တနေ့ တခြားလူများမြို့ သို့ ရွှေ့ပြောင်း လာနေမှုကိုဟန့် တားနိုင်ပါမည်။

(၉) မြန်မာများကြက်သား  နှင့်ကြက်ဥဈေးပေါလျှင် များများစားလာကြသည့် အတွက်  မြန်မာလူမျိုးများ  ခန္ဓာကိုယ် ဖွံ့ ဖြိုးကြီးထွားလာပြီး  ကျမ်းမာရေး စားရိတ် လျော့ကျလာပါမည်။  ကျန်းမာသန်စွမ်းသည့်အတွက်  လုပ်အားစွမ်းရည်များလည်းတိုးပွားလာပါမည် ။

ကျနော် စဉ်းစားမိသမျှ ဝေမျှလိုက်ပါသည်။ တစ်နိုင်ငံလုံးကျန်းမာ  ချမ်းသာကြပါစေ။

လေးစားစွာဖြင့်

လှိုင်မြင့်

အသားတိုး ဒေသ ခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်) အပိုင်း(၁) ပြန်ဖတ်လိုလျှင်

ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၄ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်.

(ဓာတ်ပုံများ ဦးသန်းဝင်း-အားကျေးဇူး အထူးတင်ရှိပါသည်) 
 ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၄ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်. 
 
(နိုဝင်ဘာ ၁၀ရက်နေ့)က ဂျပန်နိုင်ငံ တိုကျိုမြို့ ရောက် မြန်မာမိသားစုများမှ (၄)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်..။

ဂျပန်နိုင်ငံမှ တိုကျို၊ နာဂိုယာ၊ ကျူးရှုးမြို့များမှာ သီတင်းသုံးနေသည့် ဆရာတော် သံဃာတော်များ အပါအဝင် မိတ္ထီလာ၊ သံလျင်၊ ရန်ကုန်နှင့် မြိတ်မြို့များမှ ခေတ္တကြွရောက် တော်မူကြသည့် ဆရာတော် သံဃာတော် (၉)ပါးအား ဘုံကထိန်ခင်း ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာမိသားစု ၁၀၀ကျော်ခန့်က ဆွမ်းစုပေါင်း ဆပ်ကပ် ပူဇော်ခဲ့ကြပြီး ကထိန်တရား အနုမောဒနာ နာယူခဲ့ကြသည်။

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုရဲ့ စုပေါင်းကထိန်အလှူ နတ်လူသာဓု ခေါ်စေသော်။

ဒီမိုဝေယံ


အသားတိုး ဒေသခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ) ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)

အသားတိုး ဒေသ ခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)

 (၁) ကြက်သားဈေးနှုန်း ( မြန်မာနှင့် ကမ္ဘာ့ဈေး)

 မြန်မာနိုင်ငံတွင်  စီပီကြက်သားဈေးမှာ  ဖွံ့ ဖြိုးတိုးတက်ပြီးကမ္ဘာတွင်  လစာနုံး အလွန်မြင့်မားသော သြစတေးလျနိုင်ငံထက်ပင်  ဈေးပိုကြိးနေသည်မှာ  သဘာဝမကျ ဖြစ်နေပါသည်။  သြစတေးလျနိုင်ငံ၏  အနိမ့်ဆုံး  အလုပ်သမားလုပ်ခမှာ  တစ်နာရီလျှင် ၁၈.၅- ဒေါ်လာ သတ်မှတ်ထားသောနိုင်ငံဖြစ်ပါသည် ။  သန့် ရှင်းရေးအလုပ်သမားတဦးသည်ပင်  တနေ့ -၈-နာရီအလုပ်ဆင်းလျှင်ပင်  တရက်ကို..ဒေါ်လာ-၁၅ဝ - ခန့် ရသောနိုင်ငံတွင်  ကြက်သားဈေးမှာ  ..စတိုးဆိုင်ကြိးများတွင်ပင်.
...တစ်ကီလိုလျှင် ၃.၅ ဒေါ်လာ  ခန့် ရှိရာ..တစ်ပိဿာလျှင်..မြန်မာငွေနှင့်..  ၄၂ဝဝ  မှ ၅၅ဝဝ ကျပ် - ခန့် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် (ပေါင် ဖြင့်ရောင်းသည် ) တစ်ပေါင်လျင် - ၁- ဒေါ်လာဖြစ်သဖြင့် တစ်ပိဿာ (၃.၆ ပေါင်) ဆိုလျင် ၃.၆ ဒေါ်လာဖြစ်ပါသည်။   မြန်မာငွေဖြင့်  တစ်ပိဿာလျင် ၃၄ဝဝ -ကျပ်သာရှိပါသည်။  အမေရိကန်တွင်  အနိမ့်ဆုံး လုပ်ခမှာ  တစ်နာရီလျင် (၈.၅ ဒေါ်လာဖြစ်ပါသည်)။
လက်ကားဝယ်ယူလျင်  တပိဿာလျှင် ကျပ် ၂၅ဝဝ- ခန့်သာလျှင်ရှိ၏။
တနည်း  အော်ဇီမှ  အလုပ်ကြမ်းသမားတဥိးတနေ့ ဝင်ငွေဖြင့်  ကြက် ပိသာ...၅ဝ - ခန့် ဝယ်နို်င်ပါသည်။  မြန်မာပြည်တွင်မူ  အလုပ်သမားတဦး၏ ဝင်ငွေဖြင့်ဆိုလျှင်..ကြက်..ပိဿာတစ်ဝက်ခန့် သာဝယ်ယူနို်င်ပါမည်။  တခုခုတော့လွှဲချော်နေပါသည်။ 

အလုပ်သမားခ  အလွန်ဈေးကြိးပြီး  မွေးမြူရေးကုန်ကြမ်းဈေးကြီးသော နိုင်ငံတွင်  ကြက်သားဈေးနိမ့်နေပြီး အလုပ်သမားခနှင့် မွေးမြူရေးကုန်ကြမ်းဈေး   အလွန်နိမ့်သော  နိုင်ငံတွင် ကြက်သားဈေးမြင့်နေတာကတော့  အဖြေရှာလို့ ရနိုင်မယ်ထင်ပါတယ်။  ကြက်သားဈေးကို  ချနိုင်ရပါမည်။  ကြက်သားဈေးမချနိုင်ဘဲ   အစိုးရမှ အဟာရပြည့်ဝဖို့  ပြောဆိုနေခြင်းမှာ  အိတ်ပေါက်နင့် ဖါးကောက်နေခြင်းသာ ဖြစ်ပါမည်။  အစိုးရသည်  အမှန်တကယ်  ကြက်သားဈေးချလိုလျင် မခက်ခဲလှပါ။
IF   THERE  IS  A  WILL,  THERE IS  A WAY.  ဆန္ဒရှိက နည်းလမ်းရ  ဆိုသကဲ့သို့ပင်။  သမ္မတကြီး ပြောနေကြ  လူထုအတွက်အဓိကထား စဉ်းစားမည်ဆိုလျှင်  အခြေခံစားကုန်လဲဖြစ်  မြန်မာလူငယ်များခန္ဓာကိုယ်ဖွံ့ ဖြိုးရန်  အဓိကကျသောအသားဓါတ် ကြက်သားဈေးကို  အများစားသုံးနို်င်သောဈေး  လူအများစုအခြေခံလစာနင့်သင့်မျှသောဈေးသို့ ချပေးရန် စဉ်းစားကြရပါမည်။


(၂)  ကြက်သားဈေး ကျဆင်းရေးစီမံချက် (ဒေသခံကြက်မွေးမြူရေးစီမံချက်)

လယ်သမားများကို  တပိုင်တနိုင် ကြက်မွေးမြူနို်င်အောင်  NGO အဖွဲ့ အစည်းများမှ  ပံ့ပိုးကူညီနိုင်လျှင်  ကြက်သားအထွက်တိုးလာပြီး  ကြက်သားဈေး ကျဆင်းလာနိုင်ပါသည်။  သို့ အတွက် ကြက်တပိုင်တနိုင်မွေးမြူရေး  ယခုစီမံချက်ကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ဒီစီမံကိန်းကို  အပြည့်အစုံမရေးခင်   အသားတိုးကြက်သား နင့် သဘာဝ ရွာကြက်နိုင်းယှဉ်ချက်ကို ပထမရေးလိုပါသည် ။
(၃) မိန်းမလျာဖြစ်ပွားနှုန်းနှင့် သိပ္ဗံအသားတိုး အသားများ၏ဆက်နွယ်နေမှု

 ယနေ့ အထိ ကမ္ဘာပေါ်တွင်  ဆွေးနွေးခြင်းမရှိသေးသောအယူအဆ  တခုကိုလဲတင်ပြလိုပါသည် ။  မိမိ၏ ကိုယ်ပိုင်တွေးတော  ဆင်ခြင်ယူဆချက်သာဖြစ်ပြီး  သိပ္ဗံနည်းကျ လက်တွေ့သုသေသန ပြုလုပ်နိုင်စွမ်းမရှိသေးပါ။  ဘယ်ပညာရှင်များမှလဲ   ကျနော်တွေးတောယူဆချက်ကို  မတွေးမိကြသေးဟု ယူဆပါသည်။

ကျနော်ဒါကိုတင်ပြလိုက်လျင် သဘောထားအမြင်မတူသူတွေကြား  ပွဲဆူကောင်းဆူသွားပါမည်။  ဒါကျနော် လေ့လာထားမိ  မြင်ထားမိတာများအပေါ်သုံးသပ်ထားချက်သာဖြစ်ပါကြောင်း။   စာပေပေါ် ကဖတ်ထားတာမဟုတ်ပါ။  စာပေပေါ်မပါတာကိုရေးလျှင်၊  ပြောလျင်  ထပွဲဆူချင်ကြသူတွေ နှင့်တော့  ပြသနာ။ ပွဲဆူအောင်လုပ်သည်  အပြောခံရတာလဲ  ခနခန။
ကျနော့်တွေးဆချက်  ကျနော့် လေ့လာထားချက်တွေပါ။  အမြင်မတူသူတွေဆီက  အမြင်ကိုလဲ  ပညာအမြင်တွေလဲ  ရချင်ပါတယ်။  လူငယ်များလည်း  ဝိုင်းဝန်းသုံးသပ်လာကြမည်ဆိုလျင်   အတွေးအခေါ် သုံးသပ်ချက် အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

ကနေ့  ကမ္ဘာပေါ်တွင်၊   အထူးသဖြင့်  ထိုင်းနိုင်ငံနှင့် အနောက်နိုင်ငံကြိးတွေမှာ  မိန်းမလျှာ (အခြောက်တွေ) ဟာ  တနေ့ တခြားပိုမိုများပြား  လာနေပါတယ်။ အထူးသဖြင့်  ထိုင်းနိုင်ငံ မှာ ရာခိုင်နှုန်း အတော်များနေပါပြီ။  သေသေချာချာ စဉ်းစားကြည့်ကြရအောင်ပါ။  ဓမ္မဓိဌာန်ကျကျ တွေးကြည့်ကြရအောင်။

လူတွေမှာ  မိန်းမ နှင့် ယောင်္ကျား အားလုံးတွင်     ကျားဟော်မုန်း နှင့်  မဟော်မုန်း နစ်မျိုးလုံး  သူ့ အချိုးနင့်သူရှိကြသည်ပင်။ ယောင်္ကျားများတွင် (မ) ဟော်မုန်းအချိုးက နည်းပြီး  (ကျား) ဟော်မုန်းက ပိုများနေပါသည်။ အလားတူပင်  မိန်းမများတွင် (မ) ဟော်မုန်းက  များပြီး (ကျား) ဟော်မုန်းက နည်းပါသည်။  တကယ်တော့ ကျား-ဟော်မုန်းဆိုသည်မှာ ခန္ဓာကိုယ်ရှိ   မ-ဟော်မုန်းမှတဆင့်  အဆင့်  ၄ - ဆင့်တက်ပြောင်းလဲမှ  ကျားဟော်မုန်းဖြစ်လာခြင်း  ဖြစ်ပါသည်။ ယောက်ျားတစ်ယောက်တွင်  အထီးဟော်မုန်းနည်းပြီး  အမဟော်မုန်းများခဲ့လျင်  ထိုသူဟာ မိန်းမလျာ  ဖြစ်ပေတော့မည် ။  မိန်းခလေးတစ်ယောက်တွင်လည်း  (အထီး) ကျားဟော်မုန်းက ရှိသင့်သည်ထက် များနေလျင်  ထိုမိန်းခလေးသည်   ယောက်ျားစိတ်ပေါက်ပါတော့မည်။

တခါ ထူးဆန်းနေတာက  သဘာဝတွင်ရှိနေသော အစားအစာများတွင်   မ-ဟော်မုန်းက ကုန်ကြမ်းအဖြစ် များများစားစား ရှိပါသည်။  အသီးအနှံ တွေမှာ  (မ) ဟော်မုန်းပါဝင်သောအစားအစာ များစွာရှိပါတယ် ။  ဥပမာ ပဲပိစပ်။ Cranberries ,  ကျားဟော်မုန်းကတော့  အလွန်ရှားပါး  ပါသည်  ။  အသီးအနှံ များတွင်ပါဝင်ခြင်းမရှိပါ။  ပါဝင်လျင်လဲ  တိရိဆန်တို့ ၏အသားမှာသာ  ပါဝင်ပါသည်။ တရုတ်လူမျိုးတွေနဲ့  အာရှလူမျိုးတချို့ ကတော့ ကျား - ကြံ့ - ဖျံ - တောက်တဲ့  - အိမ်မြောင် စုံနေအောင်  တိရိစ္ဆာန်ပေါင်းစုံကနေ ကြံကြံဖန်ဖန်   ကျားဟော်မုန်း အားကောင်းသည်ဆိုကာ  စားသောက်နေကြပါတယ်။  တနည်း  ကျား-ဟော်မုန်းဓါတ်ဟာ အမျိုးသားတွေအတွက် အလွန်အရေးကြီးသော  အရာဖြစ်နေသည်ကတော့  ကျား၊  ကြံချို  ဖျံသိုလ်  တွေရဲ့ ဈေးနှုန်းက  သက်သေပြနေပါပြီ။

အထူးသဖြင့်အသက်ကြိးလာလေ  ကျား-ဟော်မုန်းဓါတ်ကို  ပိုမိုတန်ဖိုးပေး  အလေးထားလာတတ်တာဟာ  လူကြိးပိုင်းတွေအတွက် အလွန်အရေးကြိးသောဆေးဝါး  ဖြစ်နေပါသည်။  လူ့သဘာဝအရ အသက်ကြီးလာချိန်တွင်  ကာမစိတ် အားနည်းလာတတ်ကြပါသည်။  သို့သော် အချို့တွင်  ဖြစ်သင့်သည်ထက်ပိုမို  အားယုတ်လာတတ်ကြပါသည်။  ပန်းသေသည့်အဆင့်အထိ  တစတစ ဆိုးလာပါတော့သည် ။

သတ္တဝါတွေမှာ  ဒီလို--မ-ဟော်မုန်းကို အသီးအနှံတွေကပင် များများစားစား ရနိုင်သော်လည်း  ကျား-ဟော်မုန်းကတော့ ရှားပါးနေပါတယ်။  အထီး-သတ္တဝါတွေဆီမှသာ   ရနိုင်ပါသည်။  တခါ ယခုခေတ်တွင်  အထီးသတ္တ၀ါကနေ  ရယူရန်ကလဲ  ဥပမာ  အသားတိုးကြက်က  အထီးတော့ အထီးပါဘဲ။  ဂန်ဒူးဖြစ်နေတာက  ပြသနာပါ။   အသားတိုးရန်နှင့် အသားနူးညံ့နေရန်  မဟော်မုန်းနင့် သိပ္ဗံနည်းဖြင့်  မျိုးဆက်ကိုပြုပြင်ယူလာသော  အသားများဖြစ်နေပါသည်။
ထိုကြောင့်  အသားတိုး ကြက်သားမှာ  အသားများပြီး နုးညံ့ နေပါသည်။  ယောင်္ကျားတစ်ယောက် အသားနှင့် မိန်းမတစ်ယောက်အသား ကွာခြားသလို  သဘာဝ ဟော်မုန်းအပြည့်ပါဝင်သော  တောကြက်သားနင့်  မွေးမြူရေးကြက်သား  နုးညံ့မှု  အသားပါဝင်မှု ကွားခြားသလို ကွာခြားနေပါသည်။ မွေးမြူရေး သိပ္ပံကြက်ကိုစားလျှင်  ကျနော်ပြောနေတာလေး  မျက်စေ့ထဲ မြင်မိစေချင်ပါသည်။  မွေးမြူရေးအသားများများ စားလျင်  ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမည်လဲ။  ကျားဟော်မုန်းတွေ စားမိနေတာလား  မဟော်မုန်းတွေ စားမိနေတာလား  မိမိဖါသာစဉ်းစားကြည့်ကြပါ။
တခုမေးစရာရှိလာပါသည်။  သက်သတ်လွတ်စားသူတွေ  ဘာကြောင့် မိန်းမရှာမဖြစ်သလဲ။  ဟုတ်ကဲ့။  သူတို့က သိပ္ပံအသားကို မစားတော့  မဟော်မုန်းထိတွေ့ မှု  မရှိပါဘူး။ သဘာဝအပြောင်းအလဲ မရှိတော့ပါ။
(၄) ကြက်အထီးများ၏ ဟော်မုန်း  ခန့် မှန်းကြည့်ခြင်း..

ဘာလို့ အသားတိုးကြက်ကို  ဂန်ဒူးလို့ ပြောရပါသလဲဆိုတာကို ကြည့်ရအောင် ၊   သဘာဝ(  ရွာကြက် ၊  တိုက်ကြက်)  ကြက်ငယ်လေးတွေ  အသက် ၃-ပတ်သား မှ တလ သို့ မဟုတ် ၂-လသားအရွယ်လေးတွေကို  လူတဦးက မိမိလက်မှာ  ဝါဂွမ်းလုံးလေးတခုသော်၎င်း...ကြက်အရုပ်လေးသော်၎င်း  ကိုင်ပြီး  ခွပ်သလိုပုံစံနဲ့  ကြက်ကလေးတွေကို  တို့ လိုက်လျင်  ကြက်အမလေးတွေက  ကျိကျိ နဲ့  အသံပေးပြီး ထွက်ပြေးတတ်ပြီး  ကြက်အထီးလေးတွေက  ရင်ကော့တက်လာပြီး ခွပ်ဖို့ လုပ်ပြတတ်ကြပါတယ်။  သဘာဝအရ တိုက်ကြက်ပေါက် လေးတွေဟာ  အချင်းချင်းသွေးတွေ  ထွက်အောင်မကြာခန ခွပ်နေတတ်ကြပါတယ်။

အထူးသဖြင့်တိုက်ကြက်များမှာ   ကျားဟော်မုန်းများတတ်တော့ ပိုသိသာပါတယ်။     အသားတိုး သိပ္ပံကြက်ကလေးတွေကို တို့လိုက်ရင်တော့  (အထီး နင့် အမ အားလုံး) ဟာ ဂန်ဒူး သတ္တိပြကြတော့တာပါဘဲ။  အကုန် ထွက်ပြေးကြတော့တာပါဘဲ။  အသားတိုးကြက်တွေမှာ  အချင်းချင်းခွပ်တာ  တစ်ကြိမ်တစ်ခါမှ မရှိပါ။

တခါ ဒီအသားတိုး ကြက်အထီးကို ကြီးအောင်မွေးထားရင်  ကောင်းကောင်း မတွန်တတ်ဘူး။  ကြက်မကိုလဲ မလိုက်တတ်ဘူး။ ဒီတော့ ဂန်ဒူးပြောတာ  မလွန်ပါဘူး။  ဒီလိုဂန်ဒူးစိတ်ရှိနေတဲ့ အကောင်တွေရဲ့   အသားကိုချည်းဘဲ စားနေမယ်ဆိုလျင်  ရေရှည်မှာ  မိန်းမရှာ စိတ်ပေါက်နိုင်မယ်လို့ယူဆမိတာပါ။  ယူဆချက်ပါ။ 
(၅)  ဒါဆိုလျင်  သိပ္ပံအသားတိုးတွေကို  မိန်းခလေးတွေ များများစားလျှင်
 
 အန္တရာယ်မရှိဘူးပေါ့လို့   ပြောနိုင်ပါသလား။  ကျနော့် သုသေသနတော့ မလုပ်နိုင်ခဲ့ပါ။  ဒါပေမယ့်  အသိမိတ်ဆွေမိသားစု နှစ်ခုမှာတော့  သိပ္ဗံအသားတိုး ကြက်သားအစားများသူ  မိန်ခလေးနှစ် ယောက် (မိဘတွေက အလိုလိုက်ပြီး  ကြက်ကင်တွေ  ဝယ်ကျွေးတာများသွား၏)။  ထိုမိန်းခလေးနှစ်ဦးသည်  အသက်အရွယ်တူ အခြားမိန်းခလေးများထက်  ခန္ဓာကိုယ်အရွယ်ကြီးပြီး  လေးတန်းမှာပင်  ရင်သားတွေ ကြီးထွားနေပါသည်။  တစ်ဦးက  လေးတန်းနှစ် အလယ်မှာပင်( အသက် ၉  -နစ်အရွယ် )  ရာသီသွေးစပေါ်ပါသည်။  တဦးက  ငါးတန်း  ( အသက် ၁ဝ -နှစ်မှာ ) ရာသီစပေါ်ပါသည်။

၉ -နစ်မှာ ရာသီစပေါ်ခဲ့သူသည်   အသက် ၁၃ - နှစ်အရွယ်တွင် လိင်ကိစ္စသောင်းကျန်းတဲ့ သတင်း ကြားရပါတော့သည်။  အိမ်ပြုသင့်သော အရွယ်မရောက်မှီ  အိမ်ထောင်ရှိ လူကြီးတစ်ယောက်နင့်  ဖေါက်ပြားနေပါတော့သည်။  လိင်စိတ်ဖေါက်လာလျှင်  မိဘစကားနာမထောင်နိုင်  ကမူးရှုးထိုး ရမ်းပါတော့သည်။ ၁ဝ -နှစ်မှာ ရာသီသွေးစပေါ်သူ၏  သတင်းအစအန မရပါ။  အဆက်အသွယ် ပြတ်သွားပါသည်။ သတိထားရန်ပါ။

(၆) ကျား-ဟော်မုန်းကို  သဘာဝအရလူခန္ဒာကိုယ်ကလဲ  ချက်လုပ်နေပါတယ်။ 
 
 သို့သော် ကုန်ကြမ်းလိုအပ်ပါတယ်။ ကုန်ကြမ်းပိုရနိုင်တော့ ပိုအဆင်ပြေ  ပိုအားကောင်းနို်င်တာပေါ့။ ဥပမာ  ဗိုက်တာမင်အားဆေးတွေကို  လူ့ ခန္ဒာကိုယ်က သဘာဝအရ ချက်လုပ်နေတာပါဘဲ။  သို့သော်  မလုံလောက်ပါဘူးဆိုပြီး  သိပ္ဗ့ပညာရှင်တွေ  ဆရာဝန်တွေက  ဗိုက်တာမင်အားဆေးတွေ (Vitamins & Minerals)  စားဖို့ တိုက်တွန်းနေကြပြီး  ကျား-ဟော်မုန်းဓါတ်အတွက် သဘာဝကုန်ကြမ်း ချို့ ယွင်းနေမှုကိုတော့  မစဉ်းကြသေးတာပါဘဲ။  ဆရာဝန်တွေ  သိပ္ဗံပညာရှင်တွေကို  စဉ်းစားကြဖို့ ကျနော်တိုက်တွန်းလိုပါတယ်။
ထိုင်းမှာ  အသားတိုးကြက်အစားများလို့   အခြောက်နိုင်ငံဘက်ကို တက်လှမ်းနေပါပြီ ။  ကျနော်တို့ နိုင်ငံမှာ  ကျေးလက်တောရွာတွေမှာ  အခြောက်မရှိသလောက် နည်းပါး၏။  တောရွာတွေမှာ သဘာဝအကောင်တွေကို မွေး ၊  ပစ်ခတ်စားနေကြရတော့  ကျားဟော်မုန်း  ပြည့်ပြည့်ဝဝ ရနေပါသည်။  အထူးသဖြင့် တောင်တန်းဒေသတွေမှာ  အခြောက်အလွန်ရှားပါသည် ။

ယနေ့ ကာလတွင်  ကာမကိစ္စအားနည်းတာကို Viagra ကဲ့သို့ ကာမနိုးကြွစေတဲ့ ဆေးတွေတော့ တီထွင်ဖေါ်ထုတ်လာကြ၏။   အသက်ငယ်ရွယ်သူတွေ  ဒီဆေးတွေသုံးစွဲလျှင်   အသက် ၄ဝ ဝန်းကျင်မှာပင်  ဒီဆေးမစားရလျှင်  ကာမစိတ်မလာတော့တဲ့ ဆိုးကျိုးတွေ အများကြုံတွေ့ နေကြရပါသည်။  သတိထားကြရန်ပါ။  ဒီဆေးပေါ်လာတာ နှစ် ၂ဝ ခန့် ဘဲရှိသေးသည်။  ဆိုးကျိုးတွေ  ကကြောက်စရာ။

အခုခေတ်မှာ  အထက်ပါနိုင်ငံကြီးတွေမှာ  သဘာဝကြက် (ရိုးရာတောကြက်) ကို လုံးဝ မရနိုင်တော့ပါ။   အသားတိုးကြက်  အသားတိုးဝက်တွေသာ ရနိုင်ပါတော့သည်။  ကြက်ဥဆိုရင်လဲ အခုခေတ်မှာ  လေဥ (အထီးနဲ့ အမ - စပ်ယှက်ပြီး သန္ဓေအောင်ထားတဲ့ဥ) ဆိုတာ ဈေးမှာ လုံးဝ မရနိုင်တော့ပါ။  တောကြက်ဥနှင့် သိပ္ပံကြက်ဥ နှစ်မျိုးကို ယှဉ်စားကြည့်ကြပါဦး။  အရသာမည်မျှကွာခြားသည်ကို လူတိုင်းလက်ခံကြပါမည်။

(၇) တခါ အသားတိုးကြက်ကိုလေ့လာကြည့်လိုက်ရင်  
 
သူက သဘာဝလွန်ပြီး ရက်ပိုင်းအတွင်း  အမြန်ကြီးထွားလာတဲ့ အမျိုးအစား။  ဒီတော့အသားက ပွစေ့စေ့ ။  ကြက်အထီးရောအမပါ  ရန်ကိုရင်ဆိုင်ရဲ  သောသတ္တိစိတ်မရှိကြဘူး။  ကြက်ပွပွကြီး အကောင်သာကြိးတယ်  မခွပ်ရဲကြဘူး။ တနည်း   ကြက်ဂန်ဒူးတွေ။  အထီးဟော်မုန်းနည်းတဲ့  ကြက်အခြောက်တွေ။
တခါ  သဘာဝမှာကိုက  တိရိစ္ဆာန်တွေ ကြိးထွားမြန်အောင်  မဟော်မုန်းကို ကျွေးတာများပါတယ်။  ဒီအသားတိုးတွေက  ဒီလိုဟော်မုန်းတွေနဲ့  ပြုပြင်မျိုးစပ်ယူထားတာတွေပါ ။
လူတွေက  ဒီလိုကြက်ဂန်ဒူးတွေဘဲစားကြရတော့  မ-ဟော်မုန်းကို ပိုများများစားနေတဲ့ သဘောရောက်နေပြီး  ကျား-ဟော်မုန်း  မစားရသလောက် ဖြစ်နေကြပါတော့တယ်။  ရေရှည်မှာ  အကျိုးသက်ရောက်နိုင်မလား..မသက်ဘူးလား  စဉ်းစားကြပါ။  အကျိုးမသက်ရောက်ဘူး ဆိုရင်တောင်  ကျနော့်မြေးမြစ်တွေကိုတော့ အသားပွပွ ဂန်ဒူးစိတ် မိန်းမရှာကြက်တော့ ဖြစ်နို်င်ရင်  မကျွေးချင်ပါဘူး။  မတော်ဂန်ဒူးဖြစ်သွားရင်  ရင်ကျိုးရချည့်ရဲ့ ။  အမေရိကန်မှာ သိပ္ပံ အသားတွေအစားများပီး  လူခန္ဓာကိုယ်ကြီးတွေ  ကြီးထွားလာပြီး  သွေးတိုး  နှလုံး စတဲ့ ရောဂါတွေက အများကြီး တိုးလာပါတော့တယ်။

နောက်တချက်က  ဒီလိုဂန်ဒူးကြက်တွေရဲ့ အရသာက  သဘာဝတော့ကြက် ( ရွာကြက်. .အော်ဂဲနစ်ကြက်) လောက်အရသာမရှိပါဘူး။ အရသာ-သာလွန်မှုက  တောကြက်ကို ဈေးပိုပေးရမှုက  သက်သေပြ  စကားပြောနေပါတယ်။
ကြက်သားဈေး  ထိန်းချုပ်ရေး  ဈေးနှုန်းချရေး  လူမှုစီမံချက်။

တခါ  မြန်မာနိုင်ငံမှာ  အထက်ကတင်ပြခဲ့သလိုဘဲ  ကြက်သားဈေးကြိးနေတာကို ဈေးချနိုင်ဖို့  လူအများစု ပါဝင်နိုင်သော၊  အထူးသဖြင့် ကျေးလက် တောင်သူလယ်သမားတွေ ပါဝင်နိုင်သော  ကြက်မွေးမြူရေး စီမံချက်ကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် ကြက်သားဈေးကျလာပြီး  လူအများစု  ကြက်ဥကြက်သား ပိုမိုတိုးစားလာနိုင်ရင်  တနေ့ တခြားလူကိုယ်ထည် သေးငယ်လာသော  ကျနော်တို့ မြန်မာတွေရဲ့ အရပ်အမောင်းတွေ ပြန်လည် တိုးတက်လာစေမှာကတော့  ငြင်းစရာမလိုသော သိပ္ပံတွေ့ ရှိချက်တွေ  ညွှန်ပြထားပြီးပါပြီ။

သို့အတွက်  ကျနော်သည်  လက်တွေ့ ဖေါ်ဆောင်နိုင်သော ယခုစီမံချက်ကို တင်ပြလိုက်ရပါသည်။

     ဒေသခံ ဥစား  အသားစား- ကြက်စီမံကိန်း

(ဆက်လက် ဖေါ်ပြပါမည်)

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း.. တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)...

တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)


သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်
                                နေ့စွဲ။        ။ ၆.၁၁.၂၀၁၃

အကြောင်းအရာ။      ။ တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း

ကျွန်မက တပ်မတော်(ကြည်း)မှ အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ILO အဖွဲ့အစည်းကို အဓမ္မ စေခိုင်းမှုများ ပပျောက်စေရမည်ဟု ကတိပေးခဲ့တာ ကြားသိရတော့ ကျွန်မတို့ ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သည်ဇနီးသည်တွေမှာ အလွန်ပင် အားတက်ခဲ့ရပါတယ်ရှင်။

ဒါကြောင့်လည်း တပ်ရင်းကော်မတီက ချမှတ်ထားတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ခိုင်းရုံသာမက လူကြီးကတော်တွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စတွေကိုပါ အစေခံသဖွယ် သဘောထားပြီး အဓမ္မခိုင်းစေခံနေရတဲ့ ကျွန်မနဲ့ ကျွန်မကဲ့သို့ ဘ၀တူ တပ်မတော်သားတွေရဲ့ အိမ်သူ ဇနီးမယားတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုရော နိုင်ငံတော်သမ္မတကြီး သိရှိပြီး လိုအပ်သလို ကြည့်ရှု စောင့်ရှောက် ပေးနိုင်ပါစေရန် ယခုလို စာရေး တိုင်ကြားလိုက်ရခြင်းဖြစ်ပါတယ်။

သမ္မတကြီးရဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကစလို့  အခုအချိန်အထိ တပ်တွေမှာ အရင်ထက် ပိုဆိုးနေပါတယ်။ အရပ်ဘက်အာဏာမရှိတော့တဲ့အခါ တပ်တွေထဲမှာပဲ အာဏာလိုက်ပြနေကြပါတယ်။ တပ်ရင်းမှာ စစ်သည် မိသားစုတွေ တပ်နေပျော်စေဖို့ဆိုပြီး တာဝန်တွေပေးထားပေမယ့် တကယ်တော့ အဲဒီတာဝန်တွေကို မဖြစ်မနေ ကျေပွန်အောင် လိုက်ပြီးလုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အရာရှိကတော်တွေ တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး အတင်းလိုက်နေခိုင်းပါတယ်။

 လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး ကျွန်မတို့ကို ဘယ်ကိုမှ ပေးမသွားပါဘူး။ တပ်မတော်လေ/ရေ တို့မှာတော့ အဲဒီလို အတင်းခြိမ်းခြောက်ပြီး လိုက်နေခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ ကျွန်မတို့မှာ သူတို့ရဲ့ လခစားဝန်ထမ်း၊ အမှုထမ်းတွေ မဟုတ်ပေမယ့် သူတို့ပေးတဲ့တာဝန်၊ ခိုင်းတဲ့အလုပ်မှန်သမျှ ငြင်းခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အထက်လူကြီးတွေနဲ့ ဇနီးတွေကို အမြဲကြောက်နေရပါတယ်။

ခင်ပွန်းဖြစ်သူရတဲ့ လစာနဲ့ မလုံလောက်တဲ့အတွက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရှေ့ရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေလေးရအောင်လည်း လုပ်ခွင့်မရှိပါဘူး။ အစိုးရအလုပ်လုပ်နေတာဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ အခြားကုမ္ပဏီ အလုပ်တွေဆို လုံးဝမလုပ်ရဘူးလို့ အမိန့် ထုတ်ထားပါတယ်။ အပြင်အလုပ်လုပ်နေရင်လည်း အလုပ်က အတင်းထွက်ခိုင်းပါတယ်။ ကျွန်မတို့မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရဘဲ တပ်အလုပ်တွေပဲ အဆူအဆဲ မခံရအောင် မနားမနေ လုပ်နေပါတယ်။ လစဉ်ပုံမှန် အစည်းအဝေးတွေ၊ အပတ်စဉ် ဆွေးနွေးပွဲတွေ၊ ဆန္ဒခံယူပွဲတွေလုပ်ရပါတယ်။

အရာရှိဇနီးတွေ၊ စစ်သည်ဇနီးတွေအားလုံး မပျက်မကွက် တက်ရပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ ပျက်ကွက်လို့မရပါဘူး။ ပျက်ကွက်ရင် အရေးယူခံရပါတယ်။ တပ်တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရပြီး အင်အားဘယ်လောက်နဲ့ လုပ်ခဲ့ပါတယ်ဆိုတာတွေ တင်ပြရပါတယ်။။ ရဲဘော်ဇနီးတွေ လုပ်အားပေးမလာရင် ရုံးတင်ခံရပါတယ်။ ရဲဘော်တွေရဲ့ သားသမီးတွေ စာမေးပွဲ အောင်ချက်ကိုလည်း လစဉ်တင်ပြရပြီး အောင်ချက်နည်းရင် ကျွန်မတို့ကို တာဝန်မကျေဘူးဆိုပြီး အဆူခံရပါတယ်။ မူကြိုကျောင်းမှာ ကလေးတွေကို အာဟာရကျွေးဖို့အတွက် ကျွန်မတို့ကို မုန့်ဟင်းခါးရောင်းပြီး ငွေရှာခိုင်းပါတယ်။

မိဘကသင်ပေးခဲ့လို့ မိမိပညာနဲ့လုပ်ခွင့်ရတဲ့ ဂုဏ်ရှိတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အခုတော့ ကျွန်မတို့မှာ အထက်အမိန့်အရ လမ်းဘေး ဈေးသည်ဖြစ်နေရပါတယ်။ ပြီးတော့ လပြည့်/လကွယ် အဖိတ်၊ ဥပုသ်နေ့တိုင်း ဓမ္မာရုံမှာ မဖြစ်မနေ ၀တ်ရွတ်ဖို့ တာဝန်ရှိပါတယ်။ ဘာသာရေးအတွက် ၀တ်ရွတ်ရတာ ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ခါတစ်ရံ အထက်အမိန့်အရ ယတြာချေဖို့ ပဌာန်းရွတ်ပွဲတွေ လုပ်ရပါတယ်။ သဒ္ဓါတရားမပါဘဲ အောင့်သက်သက်နဲ့ လုပ်ရတဲ့အတွက် ကျွန်မတို့မှာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေရပါတယ်။

ယောက်ျားတွေ တပ်မှာမရှိလဲ ကျွန်မတို့မှာတော့ တပ်မှာပဲ နေရပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ သင်္ကြန်ပိတ်ရက်တို့မှာလည်း တပ်မှာ အလုပ်တွေရှိတယ်ဆိုပြီး ခွင့်မပေးလို့ ဘယ်မှသွားလို့မရပါဘူး။ မိဘနေမကောင်းလို့ မိဘအိမ်ပြန်ပြီး ပြုစုချင်တာ၊ လူမှုရေးကိစ္စ ဘာသာရေးကိစ္စနဲ့ သွားချင်လာချင်တာတောင် သွားခွင့်မရပါဘူး။ ခွင့်ရမှ သွားရလာရပါတယ်။ စနေ၊ တနင်္ဂနွေဆိုတာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပေမယ့် ကျွန်မတို့အတွက်ကတော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

ကျမတို့မှာ ထွက်ပေါက်မရှိ ဖြစ်နေပါတယ်။ ဒီလို တရားမျှတမှုမရှိတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုက္ခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။
နောက်ပြီး အထက်ဌာန အကြီးအကဲတွေနဲ့ သူတို့ ဇနီးတွေ တချိန်လုံး တပ်စစ်ဆိုပြီး လာနေပါတယ်။  သူတို့အားနေလို့ လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာ အားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ သူတို့ လာတဲ့အခါတိုင်း ကျွန်မတို့မှာ အလွန်အမင်း စိတ်ဒုက္ခရောက်ကြရပါတယ်။

လူကြီးလာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန် အထိ မိမိရဲ့ မိသားစုကိစ္စတွေကို လုံးဝပစ်ထားလိုက်ရပြီး ဘာမှအမှားအယွင်းမရှိအောင် အထူးသတိထားပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ နေနေရပါတယ်။ ကျွန်မတို့မှာ ချက်ရေးပြုတ်ရေး ဧည့်ခံရေးအပြင် အခိုင်းအစေများသဖွယ် သဘောထား ဆက်ဆံခံနေရပါတယ်။  အဲဒီအချိန် ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေ နေမကောင်းဖြစ်နေတာတောင်မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် မရပါဘူး။

 လူကြီးတွေရဲ့ သားသမီးတွေ အလည်အပတ်ဆိုပြီး လိုက်လာကြရင်လည်း စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ စောင့်ရှောက်ပေးရပြီး ဝေယျာဝစ္စများ လုပ်ကိုင်ပေးရပါတယ်။ အိမ်မှာ ဖျားနေတဲ့ မိမိရင်သွေးကိုတော့ ဖြစ်သလို ပစ်ထားခဲ့ရပြီး လူကြီးသားသမီးတွေကိုတော့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖြစ်တဲ့ ကျွန်မတို့မှာ အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မတို့ကို စိတ်တိုင်းကျ ခိုင်းစေလို့ အားမရတဲ့အခါတိုင်း ခင်ပွန်းဖြစ်သူတို့ကို အထက်အရာရှိက အကြောင်းရှာပြီး အရေးယူတာ၊ ထိုးကြိတ်တာတွေ လုပ်ပါတယ်။

လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။ ကျွန်မတို့ရဲ့ မိဘတွေက လူ့အောက်မကျအောင် ပညာတွေသင်ပေးခဲ့ပေမယ့် အခုတော့ ကိုယ်ထမင်းကိုယ်စားပြီး သူများကို အစေခံသဖွယ် ဒူးထောက်ခစားရ၊ ပြောဆိုဆက်ခံ ခိုင်းစေခံနေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာ သည်းခံနေတာပါ။ စစ်တပ်ဆိုတာကြီးကို စိတ်ကုန်နေတာ တော်တော်ကြာပါပြီ။

အခုဆို တပ်တွေမှာ အခြေအနေ အရမ်းဆိုးနေပါတယ်။  ရဲဘော်တွေကိုလည်း ကိုယ့်တပ် သက်သာ ချောင်ချိရေး ကိုယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တစ်နေကုန်မတက်ရတဲ့သူနဲ့၊ တစ်နေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ် သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် ရှင်းပြီးသားလမ်းပေါ်ကို သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုတောင် ခွင့်မလွှတ်တတ်ပါဘူး။

အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ယောက်ျားတွေမှာပူနေတော့ ဇနီးမယားများမှာလည်း အလွန်ပင် စိတ်ဆင်းရဲနေကြရပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။

ရဲဘော်တွေခမျာ နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းခံနေရပေမယ့် လစာကတော့ မလောက်ငစမြဲပါပဲ။ ယောက်ျားရဲ့လစာနဲ့ မလုံလောက်တဲ့အခါကျတော့ မိသားစုရဲ့ စားဝတ်နေရေးကို မိန်းမဖြစ်သူကပဲ ဖြေရှင်းရပါတယ်။

ရဲဘော်ဇနီးတွေခမျာ ကောက်ရိတ်ချိန် ကောက်ရိတ်၊ ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ကျွန်မလည်း သူတို့ရဲ့အခက်အခဲတွေကို သိနေပေမယ့်  အထက်အမိန့်အရ ရင်နာနာနဲ့ ခိုင်းစေနေရပါတယ်။
နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တပ်သားတွေရဲ့ ဇနီးမယားတွေကို ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီး ပြိုင်ပွဲတွေလည်း လုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့မိသားစု ၀မ်းရေးအတွက် အလုပ်သွားမလုပ်ရဘဲ ဘုရားစာထိုင်ကျက်နေရပါတယ်။ အလုပ်သွားမလုပ်နိုင်တဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။

တချို့ရဲမေတွေဆိုရင် တပ်တွင်းပြိုင်ပွဲတွေ ၀င်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ခိုင်းခံရပါတယ်။  သေနတ်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဂျူဒို… အစုံပါပဲ။ စားဝတ်နေရေး မပြေလည်တဲ့ကြားက ဒီလိုအတင်းအဓမ္မခိုင်းတဲ့ အလုပ်တွေ ဘယ်သူက သွားလုပ်ချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး သူတို့ မိသားစုကို ဖြစ်သလို ထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေး လမ်းညွှန်သူများကတော့ ရဲမေတွေ လုပ်ချင်လား/မလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေး ခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ သူတို့မျက်နှာရဖို့ တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်အောင် အတင်းဖိအားပေးကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူထားကြတာ မဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်း မရှိကြရှာဘူး။ ဒီလို အတင်းအကြပ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။

ပြီးတော့ ကြက်တွေ ကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင် မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစ်စုကို ဘာဘယ်နှစ်ကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့ အတင်းမွေးခိုင်းရင်လည်း မွေးရပါတယ်။  ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာ သိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါပဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါပဲ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေ လာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်း နေကြတာပါပဲ။

အထက်လူကြီးတွေ လာစစ်တဲ့အခါ ဘာအဆင်မပြေတာရှိလဲလို့ တာဝန်ကျေရုံ မေးပေမယ့် ကျွန်မတို့မှာ တကယ်အဆင်မပြေတဲ့အကြောင်းတွေ မတင်ပြရဲပါဘူး။ တင်ပြရင်လည်း မိမိ ခင်ပွန်းသည် ဒုက္ခရောက်မှာပါပဲ။ သူတို့အမိန့်ကို မနာခံချင်ရင်၊ သူတို့ပြောဆိုသမျှ ခေါင်းငုံ့မခံချင်ရင်၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်နိုင်ရင် အိမ်ထောင်ရေးပြိုကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။ မိန်းမတွေအချင်းချင်း အာဏာပြ၊ အတင်းအဓမ္မ အမိန့်ပေးနေတာတွေ ပပျောက်စေချင်ပါပြီ။ ကျွန်မတစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရသူတွေအားလုံး အတွက် ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။

သမ္မတကြီးရှင့်

ကျွန်မ အခုလို စာရေးသား တိုင်ကြားရခြင်းမှာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်မနှင့်တကွ အရာရှိစစ်သည်များရဲ့ ဇနီးမယားများ၊ ရဲဘော်များရဲ့ ဇနီးမယားများ ခံစားနေရသော ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အမှန်အတိုင်း သိရှိပြီး တရားမျှတမှု မရှိသော အမိန့်နှင့် အတင်း အဓမ္မ ခိုင်းစေခံနေရတဲ့ ဘ၀များမှ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ခြင်း မဟုတ်ပါ။

ကျွန်မရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုထိရောက်မယ်ဆိုတာသိပေမယ့် ကျွန်မရဲ့ခင်ပွန်းကို အငြှိုးအတေးထားပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် အပြည့်အစုံ မဖော်ပြရဲပါရှင့်။ ဒါ့ကြောင့် ယခုကဲ့သို့ မတရားသော အမိန့်အာဏာများ၊ အတင်းအဓမ္မ ခိုင်းစေမှုများ၊ ဖိနှိပ်ချုပ်ကိုင်မှုများ ပပျောက်သည်အထိ နိုင်ငံတော်သမ္မတကြီးမှ လိုအပ်သလို တည့်မတ် ထိန်းကျောင်းပေးပါရန် ယုံကြည်အားကိုးပြီး အထူးမေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်ရှင့်။

ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့်
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး

ကလေးပြုစုရေး (၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကလေးပြုစုပျိုးထောင်ရေး  ပညာရပ် (အပိုင်း ၂)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကလေးတွေကို  မနက်ခင်း မိဘတွေလာအပ်ချိန်ဟာ  အရေးကြီးပါတယ်။
တချို့ ကလေးတွေက  မနက်ခင်းမှာငိုလိုက်တာ  တခါတရံ တမနက်လုံး ငိုနေတတ်ပါတယ်။  ကလေးတစ်ယောက်ငိုနေလျှင်ကျန်ဆရာမတွေ အလုပ်ပိုရပါတယ်။  အဆင်မသင့်လို့   တအားလွန်လွန်မင်းမင်း ငိုနေလျှင် မိဘကို ဖုံးဆက်ခေါ်ရပါတယ်။  မိဘကလဲ  တချိန်လုံး  ဖုံးဆက်မေးနေတတ်ပါတယ်။  ဖုံးဆက်မေးလျှင်  လိမ်ပြောခွင့်လုံးဝမရှိပါ။

တချို့ မိဘက ပိုသေးတယ်။  သူသမီိးမငိုဘူးပြောတာကို  ကလေးကို နာမည်ခေါ်ကြည့်ပါ  လုပ်လာရင်ပြသနာ။ ကလေးကငိုနေတုံး။ သူကလဲ သူ့ ကလေးက နာမည်ခေါ်ရင်  ရီတတ်တယ်  ထူးတတ်တယ် ဆိုပြီးအသံနဲ့  စစ်ဆေးတတ်သူက ရှိသေးတယ်။ Check လုပ်တတ်သူဆို သတိထားရတယ်။

ကြွားတယ်မပြောကြပါနဲ့ ဦး။  ကလေး ၁ဝ-ယောက်လာရင်  ၃ ယောက်လောက်က သူဟာသူနေတယ်။  ၇-ယောက်လောက်က  ဆရာမတွေ ချီချော့ခေါ်ယူရတယ်။  အဲဒီထဲက ၆ ယောက်က ကျနော်ချီမှရတယ်။ တချို့က အမေ ဆီကနေ ခုန်ကူးလာတဲ့အထိ ခင်မင်ကြပါတယ်။

ကလေးတွေကိုဆူတတ်သူ    ငေါက်တတ်သူ  စိတ်တိုတတ်သူဆို  ကလေးက  မှတ်ထားပါတယ်။    အဲဒီလိုလူမျိုးနဲ့သာဆို  ကလေးကမိဘဆီက  ချော့ခေါ်လို့ ကိုမရတော့ပါ။

 အဲဒီမှာ  ဆိုးတဲ့ကလေးတွေ ပါတတ်တယ်။  သူတို့ ကို နားလည်အောင် ချော့ပြောဖို့ ကလဲငယ်သေး။ ဥပမာ  ကလေးတစ်ယောက်ကို ကိုက်တယ်။  ကလေးကကိုက်ပြီးရင်  သူဘာလုပ်မိတယ်  သိပ်မသိဘူး။ တခါတလေကိုက်တာက  စိတ်မဆိုးဘဲ သာသာလေး ကိုက်တတ်တာကရှိသေး။  တချို့ က  သူပါးစပ်ရှေ့ ရောက်လာတာအကုန်ကိုက်တတ်တယ်။  လူကြီးလက်မောင်းသူ့ ရှေ့ ရောက်လာတာနဲ့  လှမ်းကိုက်တတ်သူကလဲရှိတယ်။

တဖြေးဖြေးချော့ပြောယူရတယ်။  ကျနော်ကချော့မော့ပြောတဲ့သူ။  ဆရာမတွေက  ဆူငေါက်စေချင်တယ်။  ကျနော် ဘယ်တော့မှမငေါက်ဘူး။  ဘာသွားတွေ့ သလဲဆိုတော့  အဲဒီခပ်ဆိုးဆိုးလေးတွေက  ကျနော်က ပြောရင်နားထောင်တယ်။  ဆရာမတွေပြောရင်  ငြင်းဆန်တယ်။  ပိုရွဲ့ ပြတယ်။

ကလေးနှစ်ဦးဆိုလျှင်    အိမ်မှာလဲဆိုးနေတယ်။  အိမ်မှာ  နားမထောင်တဲ့အခါ  အဖေက  အမေဆီကို  ဖုံးနဲ့ မက်ဆေ့ရိုက်လိုက်တယ်။  မက်ဆေ့အသံရတာနဲ့  အမေကဖုံးကိုင်ပြီး   ဘီလီ(ဆရာလှိုင်မြင့်)ဆီက မက်ဆေ့လာတယ်။ မင်းလိမ္မာရဲ့ လားမေးနေပြီ။  ငါလိမ္မာတယ်ဖြေလိုက်မယ် ဆိုတာလုပ်ရတယ်။  အိပ်ချိန်ဆို်  ဘီလ်ီဆီက  မက်ဆေ့လာတယ်   ဘီလီက   အားလုံးမျက်စေ့ပိတ်တဲ့   ပြောရင်သူနားထောင်ပြီ ။  အားလုံးအံ့သြကြရပါတယ်။   ပညာတစ်ခုတိုးခဲ့ပါတယ်။

အဲဒါကိုကျောင်းအုပ်နဲ့  တခြားဆရာမတွေကို  ပြောပြတတ်တယ်။  ပြောလိုတာကတော့  ကလေးတွေကို  နားလည်မှုပေးလျှင်သူတို့ က  အဲဒီလူရဲ့ စကားကို  ပိုပြီးနားထောင်တတ်ကြပါတယ် ။ ကလေးကိုရိုက်တာနဲ့   ရလဒ်က  တခြားဆီပါ။  နောက်တော့  အဲဒီခပ်ဆိုးဆိုးလေးနှစ်ယောက် လိမ္မာလာပါတယ်။

အဲဒီဆိုးတဲ့ကလေးတွေရဲ့ အကျောကိုလေ့လာရတယ်။  တချို့ ကလေးက  တီဗွီထဲက  Spider Man   Super man, စတာတွေကြိုက်တတ်တယ်။  တချို့ ကအငိုသန်တယ်။  မိဘကလာအပ်ရင်  ကျနော်က  ကျောင်းဘေးက  မိုးမြင့်တိုက်ကြီးတွေကို  ကြည့်နေတယ်။  အမေဖြစ်သူကမေးတယ်။  တမင်လုပ်နေတာကို  အမေကသိတယ်။    ဘီလီ-ဘာကြည့်နေတာလဲ။    ဟာ  မနက်အစောကြီးတုံးက  Spidermen ဒီတိုက်ပေါ်ကစောက်ထိုးဆင်းလာတာ  ခြေရာတွေကျန်သေးတယ်ပေါ့။  ဟိုကောင် ကျနော့်ဆီခုန်ကူးလာပြီ။  အမေက  လစ်ပြီ။

တချို့ ကလေးက  အလုပ်ကူလုပ်ချင်သူဆိုရင်  ငါကွာ  လေမှုတ်စက်ပျက်သွားလို့   မင်းမငိုနဲ့ ။  ငါမင်းအကူအညီလိုနေတယ်။  လာစက်ထားတဲ့ အခန်းသွားပြီးစက်ကို ဖွင့်ကြည့်ရအောင်ပေါ့။  အမေကလစ်ပြီ။

ကျောင်းရဲ့ ပေါ်လစီ (မူဝါဒ) က  မိဘတွေဟာ  ကလေးတွေကို နုတ်ဆက်ပြီးမှ  ပြန်ရတာ။  တချို့ ကလေးက  နုတ်ဆက်ဖို့  မဖြစ်နိင်တော့ ၊ မရတော့  မူဝါဒကိုလဲ ဘေးချိတ်တန် ချိတ်ရတာပါဘဲ။

ကလေးတွေကို  အော်မှ  ငေါက်မှအဟုတ်ထင်နေသူတွေ  စမ်းကြည့်ကြပါ။  ကြီးလာလျှင်လည်း  သူတို့ ဘဝကို  လေးလေးနက်နက် တွေးထားသူလို့ သူတို့ ကမြင်ထားလျှင်  စကားလေး  ဆယ်မိနစ်  ဆယ့်ငါးမိနစ်ပြောဆို  သွန်သင်လိုက်တာနဲ့   ဂ-ကွေ့ ပြုပြင်တတ်ကြပါတယ်။   သူတို့ ကိုအော်ငေါက်ကြိမ်းမောင်းထားလျှင်  တော်ရုံနားမထောင်ချင်ကြပါဘူး။  သတိထားကြည့်ကြပါ။  ပြောလေ  ပိုဆိုးလေးဖြစ်တတ်တယ်။

ဒီကိစ္စက  အမျိုးတွေ  မိတ်ဆွေမိသားစုတွေကြားမှာ  သူတို့ သားသမီးတွေကို ပြောဆိုမရလျှင် ကျနော်ကို ပြောခိုင်းတတ်ကြတာ မကြာခဏပါ ။  ဥပမာ  ကျနော့်အမ  ညီမ ဆရာဝန်တွေဘဲ။ သားသမီးတွေကလဲ ပညာတတ်တွေ။  တချို့ ကိစ္စလေးတွေမှာမိဘပြောလျှင်  နားမထောင်ကြဘူး။  ဒီတော့  ကိုကို (ကျနော်ကို  တမျိုးလုံးက ကိုကို  ဟုဘဲခေါ်ပါသည်)။  ကိုကိုပြောပေးပါဦး။  ကျနော်ပြောလိုက်တော့လဲ  ဂ -ငယ်ကွေ့ ပြင်သွားကြတယ်။ တလောက စင်ကာပူဝင်ရင်း တူတွေနဲ့ ဆုံပြီး  မင်းတို့ ကွာ မင်းတို့ မိဘတွေက အရာရှိကြီးတွေ  ပြောတာနားမထောင်ကြဘူး။  ငါပြောတော့ လဲနားထောင်တယ်ဆိုတော့  တူတစ်ယောက်က  ပါပါကြီးပြောတာက  နာခံသာတယ်တဲ့။

တူတစ်ယောက်က  အရွှမ်းဖေါက်တတ်တယ်။  ပါပါကြီး  ပါပါကြီးဒေါ်လာလိုရင်  သားကိုပြော  သားနဲနဲဆိုးပေးလိုက်ရင်  မေမေက  ပါပါကြီးပါးကိုနမ်းပြီး  အင်္ကျီင်္အိပ်ထဲ ဒေါ်လာ ၁၅ဝ - ၂ဝဝ ထဲ့ပေးတတ်တာ   ကျနော်သိတာပေါ့ ။  လူငယ်တွေသူတို့  ခံစားချက်  ဘဝကိုနားလည်ဖို့ အရင်ကြိုးစားမှသာ  ကိုယ်ဖြစ်စေလိုတာ ဖြစ်လာပါမည်။

 ကျနော့်ကျောင်းမှာ ကလေးတွေကို  မနက် ၈.၃ဝ မှာ ပုံပြင်တိုတိုလေး ဖတ်ပြရပါတယ်။  ကလေးစာအုပ်က  တမျက်နှာလုံး  အရောင်ကွဲပြားတဲ့  ပုံကြီးတွေနဲ့ စာအုပ်။  သိုးကလေးအကြောင်းဆို သိုးသံလေးလုပ်ပြရတယ်။  အဲဒီအချိန်မှာ  မာမီ   ဒယ်ဒီဆိုတဲ့  စာသားပါလာရင်  မပြောရပါဘူး။  တချို့ ကလေးက  မာမီဆိုတာကြားလိုက်တာနဲ့  ထငိုတတ်တာကရှိသေး ။  မာသားလို့ ပြော်ရတယ်။

စာဖတ်စဉ် သိုးလေးအကြောင်းဖတ်လျင်  သိုးအသံလေးတွေ  ကိုယ်ကလဲလုပ်ပြ  သူတို့ ကိုလဲ  ဆိုခိုင်းပေါ့။  ၅-မိနစ်  ၁ဝ- မိနစ်လောက်ဘဲ ဖတ်ရပါတယ်။  ပြီးအရုပ်လေးတွေ  ထုတ်ပြ  ဇါတ်လမ်းလေးတွေလုပ်  သီချင်းလေးတွေဆိုပြ ။  ဒါလဲ  ၅ / ၁ဝ မိနစ်ထက်မပိုရပါဘူး။

ပြီးသီချင်းလေးတွေဆိုပေးပါတယ်။  သူတို့ ဆိုတတ်တာ  ကြိုက်တတ်တာလေးတွေ  ဆိုပြီး  တစ်ဦးချင်းနာမည်ခေါ်   လက်ဆေးသင်ပေးရပါတယ်။  လက်ဆေးပြီးရင်  နံနက်စာကျွေးရပါတယ်။  ကျနော်တို့ ကျောင်းမှာတော့  နွားနို့နဲ့ ပေါင်မုန့်ကို  ယို   သို့မဟုတ် Vegemite  ဆိုတဲ့  အော်ဇီအစာပါ။  အသီးအရွက်ကနေ ထုတ်ထားတဲ့ ငံသောအနစ်ပါ  ညိုညိုပါ။  ပုန်းရည်ကြီးငံငံ သဘောပါဘဲ ။  ကလေးတွေကကြိုက်တတ်ကြတယ်။  သူတို့ ဟာသူတို့ စားကြတာများပါတယ်။  ပြီးလျှင်  ပန်းသီး  လမ္မော်သီး  သခွားသီး  ခရမ်းချဉ်းသီးတွေ ဆက်ကျွေးပါတယ်။

Cheese ကတော့  တော်တော်လေးကျွေးပါတယ်။  ဆရာ  ဆရာမတွေကလဲ  ကလေးတွေနဲ့ အတူ  ထိုင်စားပြရပါတယ်။  ကျနော်မှာက  တစ်ဒုက္ခ။  သူတို့ အစာတွေတစ်ခုကိုမှ  ကျနော်မစားတတ်ပါ။  တဲ့လဲမတဲ့ဘူး။  ပန်းသီး သခွားသီးလောက်ဘဲ  စားပြရပါတယ်။

ပြီးကလေးတွေကို  ကစားကွင်းထဲခေါ်ထုတ်ရတယ်။  သူတို့ ဆီမှာ  သဲကစားကွင်း sand pit ကတော့ မပါလို့ မရဘူး။  လေးဘက်သွားစကလေးကနေ  ပြေးလွှားနိုင်သူအထိ  သဲကွင်းကိုမက်ကြတယ်။  သဲကိုနဲနဲလေး စိုအောင်လုပ်ထားပြီး   sand castle,  sand moulding အရုပ်ပုံလေးတွေလောင်း ပြရပါတယ်။   ထမင်းချက်တမ်းကစား။  ကျနော်တို့ ကိုယ်တိုင်ကလေးတွေ  ပုံစံနဲ့ ဝင်ကစားရပါတယ်။  ထိုင်ကြည့်နေရုံမရဘူး။

သူတို့ နဲ့  သူငယ်ချင်းပုံစံ အတူကစားနေရပါတယ်။  ဘောလုံးပုတ်တမ်း   ပြေးတမ်းလိုက်တမ်း   တူ့ တူပုန်းတမ်း။  တူရိယာတွေရှိတယ်   တီးခတ် မှုတ် သီချင်းဆို  အတူတူလုပ်နေရပါတယ်။
ပန်းချီဆွဲတာ  play dough ဂျုံမှုန့် နဲ့ လုပ်ထားတဲ့  ရွှံ့ သဘော အရုပ်လုပ်တမ်းကစားတာ အစုံလုပ်ပြကြရပါတယ်။

အဲဒီမှာ   ကလေးဗဟိုပြု ပညာရေးကစတယ်။  ကျနော်တို့ ဆီမှာ  ကစားစရာတွေကို  သီတင်းတပတ်လောက်  ထုတ်ပေးတယ်။  အဲဒါလဲနေ့တိုင်း မထပ်စေရဘူး။  တပတ်ပြည့်လျှင်  အဲဒီကစားစရာ  အစုကို  တစ်လ၊ နှစ်လ လောက်  ထုပ်ပိုးသိမ်းထားလိုက်ပြီ။  နောက်တစ်ကြိမ်ထပ်ထုတ်ပေးတော့   သူတို့ အတွက်  အသစ်လိုဖြစ်နေတော့ စိတ်ဝင်စားမှုပိုကောင်းတယ်။

ကလေးဗဟိုပြုဆိုတာ  အဲဒီတပတ်စာထဲက  သူတို့ ကြိုက်တာကို  သေသေချာချာကြည့်ထားပြီး  မှတ်တမ်းရေးထား နောက်နေ့ အတွက်  စီမံချက်ကြိုရေးထား ကိုထုတ်ပေးရတာ။ မိုက်ကယ် က ဘယ်လိုကစားနည်းကို စိတ်ဝင်စားတယ်။  ဂျူလီယာ က ဘယ်အရုပ်ကိုမှ ဘယ်လိုကစားတယ်။  နောက်နေ့ မှာ အဲဒီအရုပ်ကို အဝတ်အစား ဝတ်ပေးတဲ့အထိ  တိုးတက်လုပ်လာအောင်  ဘယ်လိုစီမံထားမယ်။  စီမံချက်ရေး  ရေးထားတဲ့အတိုင်း ထုတ်ပေးရတာကို  ကလေးဗဟိုပြုပညာရေးပါဘဲ။

အဲဒီလို  ကလေးဗဟိုပြုပညာရေးစီမံချက်က ကျနော်တို့ဆီမှာ  အသက် ၂ -စ်အောက်ကလေးတွေဆိုလျင်  ကလေး ၄ -ယောက်ကို ဆရာမ တစ်ယောက်အချိုး ထားရှိပါတယ်။  အသက် ၂ -နစ်နင့် ၄ နစ်ကြားကို  ကလေး ၈ -ယောက်ကိုဆရာမ တစ်ယောက်။  အသက် ၄ နင့် ၆ ကြားကို ကလေး ၁ဝ ယောက်ကို ဆရာမ တစ်ယောက်နုံး သတ်မှတ်ထားပါတယ် ။

အကြီးတန်းကျတော့  သူတို ကြိုက်တာ ရွေးခိုင်းပြီး  ချပေးတာ။  မူကြိုတန်းကျတော့ သူတို့ ဘာသာ ကစားချင်ဆာကို ဆရာမကိုတင်ပြပြီး ကိုယ်တိုင်ရွေးထုတ် ကစားရပါတယ်။ ပြီး တစ်ခုကိုသိမ်းပြီမှ နောက်တစ်ခုကိုထုတ်ရပါတယ်။  ကစားပြီးရင်နေရာတကျပြန်သိမ်း။  နေရာတကျသိမ်းပြီးမှ  နောက်တစ်ခု  ပြန်ယူလို့ ရတယ် ။   ကစားစရာကို  သူ့ သတ်မှတ်နေရာမှာဘဲ  ကစားခွင့်ပေးထားတယ်။

ဥပမာ  ရထားတွဲကစားလျှင်  တစ်နေရာ။   ထမင်း  ဟင်းချက်လျှင်  တစ်နေရာ။

 ၁၁.၃ဝ  ထိုးတာနဲ့  နေ့ လည်စာကျွေးပါတယ်။  မကျွေးခင် ၁၅-မိနစ်ခန့်   ပုံပြင်ဖတ်ပြ သီချင်းဆိုပြရပါတယ်။ အဲဒီအချိန်မှာ  ဘယ်ကလေးက   ပုံပြင်ကို  ပြီးတဲ့အချိန်အထိ  နားစိုက်ထောင်တယ်။  ဘယ်သူက  တဝက်နဲ့  မငြိမ်တော့ဘူးတွေ  မှတ်ရပါတယ်။
ပြီးနေ့ လည်စာကျွေးပါတယ်။

နေ့ လည်စာကျွေးပြီးရင်  နေ့ ခင်းအိပ်ချိန်  သိပ်ရပါတယ်။  အဲဒီမှာ  ကလေးအကျောမသိရင်  အကြာကြီးပုတ်သိပ်နေလဲ  မအိပ်သူက  မအိပ်ဘူး ။  ကလေး အကျောသိအောင် ကြည့်ထားရင်  ခနလေးနဲ့ အိပ်ပါတယ်။   ဆရာမတွေ  သိပ်လို့ မရသူတွေကို  ကျနော်သိပ်ပေးလျင် ၂ မိနစ်လောက်  ၅ မိနစ်ဆိုအိပ်ပြီ။  အဲဒီလိုအိပ်ချိန်ကျတော့  ဆရာမတွေ  အကွန် မတက်ရဲဘူး။  ကလေးအကျောဘယ်လို ကြည့်ရမယ်ဆိုတာ  ကျနော် သိတာ မမျှခဲ့ဘူး။  မျှလဲ နားထောင်မှာမဟုတ်ဘူး။  ဘဝင်တွေ။

ဆူတတ်ငေါက်တတ်  စိတ်တိုတတ်သူဆို  တချို့ ကလေးက  မယုံစားတော့  တော်တော်နဲ့ မအိပ်ဘူး။  တချို့ ဆို လုံးဝမအိပ်တာ။  ကျနော်က  ဘေးကပ်ထိုင်လိုက်တာနဲ့   သူ့ ဟာသူအိပ်သွားကြတာ။  သူတို့ သိပ်လို့ အိပ်လျှင်တောင်  ခနနေ  နိုးတော့တာ။

စိတ်မချစိတ်   မလုံခြုံတဲ့စိတ်က  ကလေးဘဝတွေမှာကို ရှိနေပြီ။  တချို့ ဆို  အိမ်မှာလဲနေ့ ခင်းဘက်  မအိပ်ဘူး။  မိဘသိပ်လဲမအိပ်ဘူး။  တခြားဘယ်သူသိပ်သိပ်မအိပ်ဘူး။  ကျနော်ဘေးက  အသာလေးထိုင်ပေးတာနဲ့  အိပ်တယ်။  ကျနော့်ကိုသူတို့ ရဲ့ သူငယ်ချင်းအဖြစ်မြင်ထားတာလေ။  သူတို့ ကိုငေါက်ထားဖူးတာ  ရှိလျင်  မအိပ်တော့ဘူး။  အိပ်နေချိန်သူတို့ ကိုထားခဲ့ပြီး  အပြင်ထွက်သွားဖူးတာမျိုးလဲ  စိတ်ကရှိနေတတ်တယ်။

တစ်ခါမှာတော့   တရုတ်မလေး။  ရှစ်လအရွယ်လာအပ်တယ်။  အမေကကျောင်းမှာ တလလောက် အတူတူ နေနေတယ်။  နေ့ လယ်ကလေးသိပ်ခါးနီးတိုင်း ပြန်ခေါ်သွားတယ်။  တလလောက်နေတော့  တစ်နေကုန်အပ်ထားခဲ့ပြီ။  ကလေးက  ကျနော့်ကိုကပ်တော့   သူတို့ ကလဲသိနေတော့  ကျနော့်တာဝန်ပေါ့ ။ အိပ်ချိန်ကျတော့  လူပေါ်ဘဲအိပ်တာ။  ချတာနဲ့ နိုးပြီ။  ဒီတော့ အိပ်တာနဲ့  ကုတင်ပေါ်တင်  လက်ဖဝါးနစ်ဖက်နဲ့   ကျောနဲ့ ရင်ကို သာသာလေးညှပ်ဖိပေးထားပြီး  တဖြေးဖြေးချင်း အသာ လွှတ်ပေးထားတော့  အိပ်သွားတယ်။  သိလိုက်ပြီ။  ဒါနဲ့  ဗွီဒီယို  နင့် ဓါတ်ပုံရိုက်ထားလိုက်တယ်။

  ခနနေတော့ အမေက ဖုံးဆက်လာတယ်။  သူ့ သမီးအိပ်ပြီလားပေါ့ ။  အိပ်ပြီ ။  ဘယ်မှာသိပ်လဲ။ ကုတင်ပေါ်မှာဆိုတော့  ရှင်   တကယ်လားပေါ့ ။  ချက်ချင်းပြေးချလာတယ် ။  ပြီးမှ  သူသမီးကမွေးကထည်းက   လူကြီးပေါ်မှာဘဲ အိပ်တာ ။ ဒါ ပထမဦးဆုံးအကြိမ် ကုတင်ပေါ်အိပ်တာပါပေါ့ ၊    မယုံနိုင်ဖြစ်နေရှာတယ်။  ကလေးရဲ့ အမေကို  ဘယ်လိုသိပ်ရတယ် ရှင်းပြရတာပေါ့။  ကျေးဇူးတင်လွန်းလို့   မျက်ရည်တောင်ကျရှာတယ်။  ပျော်လဲပျော်သွားရှာတယ်  ကျေနပ်သွားတယ ။

ဘာပြောကောင်းမလဲ  သူစကားဖြန့် တာနဲ့  နောက်ထပ်  တရုတ်ကောင်လေးတစ်ယောက်  ထပ်ရောက်လာပါသေးတယ်။  ဒီပုံစံပါဘဲ။  အော်မိဘမေတ္တာ  တယ်ကြီးမားရှာတာပါဘဲ ။

နောက်တခုကတော့  မနာလိုစိတ်  Jealousy စိတ်။  အဲဒါကအိမ်မှာ  အငယ်ရှိလာပြီးသူ့ ကိုအလေးမထားတော့လျှင်  စိတ်ခံစားလာတတ်တာ။   အဲဒါကိုတော့  အငယ်လေးကို  သူများက  ယူသွားမယ်  မင်းစောင့်ပေး။  မင်းမရှိရင်  အငယ်လေးကငိုတယ်။   တခါတလေ သူ့ ကိုနို့ တိုက်ခိုင်းတာမျိုး။  အဲဒီလိုပြုပြင်ယူရတယ်။

ဒီကလေးအငယ်ရှိလာလို့ သူ့ ကိုဂရုမစိုက်တာအတွက် စိတ်ဓါတ်ကျတဲ့ သဘောဆန်ဆန်ဖြစ်တာကို  ပေါ့ပေါ့ထားလို့ မရဘူး။
သူငယ်ချင်းအချင်းချင်းလဲ  မနာလိုတတ်တာရှိရင်  ကုပ်တာဖဲ့တာ  ကိုက်တာလုပ်တတ်တယ်။  အဲဒါမျိုးကတော့ အကောင်းဆုံးက  ပြေးတမ်းလို်က်တမ်းအတူတူ ကစားပေးရင်  ဘော်ဒါလိုပြန်ရင်းနှီးသွားပါတယ်။  ကိုက်တတ်သူကို  ဒီနည်းက   ကိုက်တတ်တဲ့အကျင့်ကို  မြန်မြန်ပျောက်စေပါတယ်။  ဒီကိုက်တတ်သူက  သူရဲကောင်းပုံစံနဲ့   သူကလိုက်သူကို  ရင်ဆိုင်ရဲတယ်။  ဆရာကြီးလုပ်တတ်ပြီး  ကိုက်တတ်တာလေး မေ့သွားတတ်တယ် ။

ဒီဆိုးတဲ့  စွာတဲ့ကလေးတွေကလဲ  ကျနော့်ကိုပိုခင်တွယ်  ပိုကပ်တယ်။   ကိုက်လိုက်ပြီဆို  ကျနော်မှာ  အစီရင်စာခံဖေါင်  ဖြည့်ရပြန်ပြီ။  ညနေမိဘကိုလက်မှတ်ထိုးခိုင်း   ကျေနပ်အောင်ပြောရ  တာဝန်ပိုတယ် ။  ဆရာမတွေက  ဘီလီ  မင်းကောင်  ကိုက်ပြန်ပြီ။  ကုတ်လို်က်ပြန်ပြီ။  ကျနော်ကလဲ  ကျနော်ကောင်မဟုတ်ဘူး။  အားလုံးရဲ့ ကလေးပါပေါ့။

အတန်းနဲနဲကြီးလာချိန်မှာ  အဲဒီကိုက်တတ်သူတွေကို  မိန်းခလေးတွေက  ပိုခင်တွယ်တတ်ကြတယ်။  သူတို့က  ယောက်ျားစိတ်ပိုရှိတဲ့ပုံ။  ဝိုင်းဝိုင်းလည် ။ သတ္တိလဲပိုရှိတတ်ကြတယ်။
နောက်တခုကတော့  ကျောင်းသင်ရိုးညွှန်းတမ်းမှာ  ကလေးငိုသံအမျိုးမျိုးကိုနားလည်ဖို့  သင်ပေးတယ်။  နို့ ဆာရင်ဘယ်လိုအသံ  သေးစိုနေရင်ဘယ်လိုအသံ။  စိတ်တိုလျှင် ဘယ်လိုအသံပေါ့။   တခါသင်ထားဘူးရင်  သိလာတယ်။

အဲဒီမှာ  မသင်ထားတဲ့အသံတွေကို  ကျနော်ကသတိထားမိလာတာရှိတယ်။  ကလေးတစ်ယောက်က  စငိုစမှာကို  အသံကိုဖြဲငိုတတ်တာရှိတယ်။  ဂါး  ဂါး အစအသံကိုမြင့်ထားတယ်။ အဲဒီကလေး  ဒေါသကြီးမယ်။  ကိုက်မယ်  ကျနော်ကြိုပြောနိုင်ပြီ။

တချို့ကလေးက  စငိုတာ  တိုးတိုးနောက်မှ အသံကျယ်ဆွဲငိုတတ်တယ်။  ငှဲငှဲတိုးတိုးပြီးမှ  အား။ တဖြေးဖြေးအသံဆွဲငိုတာ။  အဲဒီကလေး  ကြောက်တတ်တယ်။  နဲနဲလဲ  ခြောက်တယ် ။

နောက်ကျနော်လေ့လာခဲ့တာပေါ့။  ခုနက အသံအစမှာ  ဂါး ဂါးစအော်တတ်သူတွေက  ဝှေးစေ့ကြီးတယ်။  လူဆိုးတွေ ။  လူကြီးကိုတောင် ပြန်ကိုက်တတ်တယ်။ စိတ်တိုလာရင်ကော့ထိုးတတ်တယ် ။ မျက်နှမိရင်   မျက်နာကုပ်ဆွဲတတ်သူတွေ။

အသံတိုးတိုးနဲ့ စတတ်သူတွေက  ဝှေးစေ့  သေးသေးလေးတွေ ။  တစ်ချို့ ဆိုလျှင်   ဝှေးစေ့က  ရှိတောင်မရှိရှာဘူး။   အပြင်ဗန်းကြည့်လျှင်  လူလိမ်မာလေးတွေပေါ့။  ထားသလိုနေတယ် ။  နားထောင်တတ်တယ် ။  ရန်မဖြစ်တတ်ဘူး။  ဟိုကောင်တွေကတော့  ထစ်ဆိုလုပ်ပြီးပြီ။  ရိုက်ပြီးပြီ ။  ကိုက်ပြီးပြီ။

ကျနော်က  ကလေးငယ်ငယ်လေးကထဲက  ဒီကောင်ကိုက်မဲ့သူ။  ဒီကောင်  လိမ္မာမဲ့သူပေါ့။   ကြီးလာတော့ မှန်နေတယ်။  ဆရာမတွေက    ရှင်ဘယ်လိုလုပ်ကြိုသိတာလဲပေါ့။  ပြောရခက်နေတယ် ။  အသံကိုတော့ ပြောပြလို့ ရတယ်။  ဝှေးစေ့ကြည့်ထားတာပြောပြရင်  ကျနော်ပြသနာတက်မယ်။  မပြောခဲ့ဘူး ။

မိမိသားယောက်ျားလေးတွေမှာ  ဝှေးစေ့ကို  သေသေခြာခြာစစ်ကြည့်ကြပါ။  သံသယရှိလျှင်  ဆရာဝန်နဲ့  ကြိုတိုင်ပင်စေချင်ပါတယ်။  ပြောသာပြောရတာ  ဆရာဝန်အများစုက   ကျနော့်အယူအဆကို  လက်ခံကြပါ့မလား ။  သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲမှာမှ  မပါသေးတာ။

ဒါနဲ့  ဆက်စပ်ပေါ့ ။    ကျနော်ရန်ကုန်ပြန်ရောက်စတထည်းက  သူငယ်ချင်းဆရာဝန်နှစ်ယောက်က  ဘီလီ  မင်းအခုယောက်ျားတွေ  အသက်နဲနဲရလာရင်ကို သွေးသားကိစ္စအားနည်းနေကြတယ် ။ မင်းအဲဒါကုတတ်ရင်  တစ်ယောက်  ၂ -သိန်းလဲ  လာကြမယ။  ၅-သိန်းလဲလာကြမယ်ပေါ့ ။  အဲဒီကိစ္စ ပြသနာ ကျနော့်အမြင်လေးဆွေးနွေးပါဦးမယ်။   အမြင်ပါ။ (ဆောင်းပါးသီးသန့် ရေးပါမည်)

 ကလေးတွေမှာ  ငယ်ငယ်လေးကထည်းက  မိန်းမလျာစိတ် ရှိနေတတ်တာလေးတွေ  အကြောင်းလဲရေးပါဦးမည်။  စောစောသတိထားနိုင်ရင်   မိမိသားယောက်ျားလေးတွေ   မိန်းမလျာဖြစ်သွားခြင်းမှ  ကာကွယ်နိုင်ကောင်း၏ လို့ယူဆမိလို့ ပါ။

အခု ကျနော် ဆစ်ဒနီပြန်ရောက်တော့  ကျနော့်အလုပ်ကိုသွာလည်ခဲ့ပါတယ်။  စိတ်မကောင်းတာက

(၁) ကလေးကစားကွင်းသန့် ရှင်းရေး  အလွန်ညံ့နေပါသည်။ ကျနော်လို အပင်ပန်းခံရှင်းမဲ့သူမရှိတော့ ကလေးတွေ အညစ်အကြေးတွေအပေါ်  လေးဘက်ထောက် သွားနေတာမြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။  ဆရာမတွေ ကိုယ့်သားသမိးဆို ဒီလိုထားပါ့မလား  အတွေးပေါ်လာတော့၏။

(၂) ကျနော့်ဘော်ဒါ ဆရာမတစ်ယောက်က  ဘီလီ  မင်းမရှိတော့  ဆိုးတဲ့ကလေးတွေ သိပ်မရှိဘူး။  အော် ကျနော်က  ဆိုးအောင်  ပြန်အာခံရဲအောင်သင်ပေးတာကို  ဆိုလိုပါသည်။  ကျနော်က  ငယ်ငယ်ကထဲက  ပထမဆုံးသင်ပေးတဲ့ စကားက  နိုး (NO) ကိုသင်ပေးတာကို ဆရာမတချို့ ကမကြိုက်ကြတာပါ။  ကျနော်က  လူမှန်လျင်  နိုးပြောရဲရမည် လို့ လက်ခံထားသူ။

( ၃ ) ကလေးတွေ  ပျော်ရွှင်ပြီး  ကီး ၊  အား ၊ ဟီးဟား  အော်သံတွေ တိတ်ဆိတ် နေပါတော့သည်။  ကျနော်ရှိစဉ်က ဆူညံ့နေတတ်လို့  တခြားအခန်းက  အသံတွေထိမ်းပေးဖို့  လာပြောတတ်ကြသည်။  အခုငိုသံတွေ  လွှမ်းနေပါတော့သည် ။

ကျနော်ကလေးကျောင်းမှာ အလုပ်ပြန် မဝင်ဖြစ်တော့ပါ။


ဆက်လက်ဖော်ပြပါမည်.

အားလုံးကိုလေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ကလေးပြုစုပျိုးထောင်ရေး  ပညာရပ် (အပိုင်း ၁) ပြန်ဖတ်လိုလျှင်

သစ်ချောက်ပင်ကြီးများ ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်ချောက်ပင်ကြီးများ
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်တစ်ပင်ကောင်းရင်

ငှက်တစ်သောင်းမှီခို အောင်းနိုင်တယ်တဲ့

ဒါပေမဲ့

မှီအောင်းစရာသစ်ပင်ကရှားပါး

ခိုနားမိတဲ့သစ်ပင်ကျတော့ အရိပ်ကမရ

ကိုင်းကပါကျိုးကျ

ဒုက္ခတွေတော့ရကုန်ကြပြီ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)



မှတ်ချက်။ ကျောင်းမြေရောင်းစားသော အကျင့်ပျက်ကျောင်းထိုင် ဘုန်းကြီးဦးဇောတိကကို သံဃာပိုင်ကျောင်းအား ရောင်းစားပိုင်ခွင့် မရှိကြောင်းကိုငါးထပ်ကြီး ရှိသံဃာတော်များနှင့်တကွ လက်မှတ်ထိုးကာ သံဃာ့မဟာ နာယက ဆရာတော်ကြီးများကို လျှောက်ထား တိုင်ကြားပါသည်။

သို့ပါသော်လည်း အကျင့်ပျက်ကျောင်း ထိုင်ဘုန်းကြီးသည် သံဃာ့မဟာနာယကကို ငွေပေးနိုင်သဖြင့် အရေးယူ ဆောင်ရွက်ခြင်းမပြုပဲ ငွေမပေးနိုင်တဲ့ သူငယ်ချင်းဖြစ်သူ တိုက်အုပ်စာချဆရာတော် ဦးဃောသိက ( သာသနဓဇဓမ္မာစရိယ၊ ဓမ္မကထိက)အား သံဃာ့မဟနဆရာတော်များသည် အမိန့်ဖြင့် မောင်းထုတ်ပါသဖြင့် သီတင်းကျွတ်လပြည့် ကျော်(၁) ရက်နေ့က ယခုသီတင်းသုံးနေထိုင်ရာ ငါးထပ်ကြီး၊ လိပ်ပြာကန်တိုက်၊ အလယ်တိုက်ကြီးကျောင်းမှ ထွက်ပေးခဲ့ရသည်ကို သူငယ်ချင်း ဖြစ်သူအတွက် စပ်ဆိုထားသော ကဗျာဖြစ်ပါသည်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ပေးပို့သည်..။

တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...


တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...

ယနေ့ထုတ် သတင်းစာအချို့နဲ့ ဂျာနယ်အချို့မှာ ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိတဲ့
စာနယ်ဇင်းလောကမှ စုန်းပြူးများအား ဖယ်ရှားပေးနိုင်ပါရန် တင်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးဆန်းဆင့်မှ တိုင်ကြားခဲ့သူ "မီဒီယာလောကသားတစ်ဦး" ဆိုသူအား ရှာဖွေ ဖော်ထုတ်တရားစွဲမည်ဟု ဖော်ပြပါရှိသည်..။

မနေ့က သတင်းစာရှင်းလင်းပွဲသို့လည်း ဒီမိုဝေယံဟု By name ဖြင့် ဖိတ်စာပေးပို့သည်ဟုလည်း သိရသည်။ ဝန်ကြီးအနေဖြင့် မိမိသည် စာနယ်ဇင်းသမား၊ မီဒီယာသမား၊ အသံလွှင့်ဋ္ဌာနမှ သတင်းထောက်တဦးဟု ထင်မြင်၍ ဖိတ်စာပေး ခေါ်ယူသည်ဟု ယူဆမိသည်..။ မိမိဘလော့ဂ် ဖေ့စ်ဘွတ်သည် ထိုမျှလောက် ဖြေရှင်းခေါ်ယူရသည့် အနေအထား အထိရောက်ရှိ နေသလားဟု မိမိကိုယ်တိုင်ပင် မသိဖြစ်မိသည်။

ဒီမိုဝေယံမှ တိုင်ကြားစာများအား အများသူငှာ သိစေရန် တတ်နိုင်သ၍ ဖော်ပြပေးလျှက်ရှိပါသည်...။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်သည် သတင်းစာလည်း မဟုတ် ဂျာနယ်လည်းမဟုတ် ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ RFA ကဲ့သို့ အသံလွှင့် မီဒီယာလည်း မဟုတ်သည့် အတွက် အဆိုပါ တိုင်ကြားစာအား ထိုမျှလောက် ရေးကြီးခွင်ကျယ် ဖြေရှင်းစရာ မဟုတ်ဟု ယူဆမိသည်။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်တို့တွင် ဖော်ပြပါရှိသော တိုင်ကြားစာ၊ ပေးစာများအား
ကိုယ်နဲ့ ဆိုင်မှ ဖြေရှင်းမယ် မဆိုင်ရင် အနေသာ ဆိုသလိုတော့ မဖြစ်စေလိုပါ..။

မိမိဘလော့ဂ်မှာ တင်သည့် တိုင်ကြားစာများအား ယခုကဲ့သို့
အရေးတယူရှိသည် ဆိုလျှင် ယခင်၊ ယခင်က ပြည်သူများမှ တိုင်ကြားလာတဲ့ တိုင်ကြားစာများအားလည်း အရေးယူပေးဖို့ တောင်းဆိုအပ်ပေသည်။

ဒီမိုဝေယံသို့ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလာသည့် ပြည်တွင်းဂျာနယ် တခုအား အင်တာဗျူးဖြေဆိုပြီး ဖြစ်ပါကြောင်းနဲ့ ပြည်သူများ၏ တိုင်ကြားစာများအား အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း။

ဒီမိုဝေယံ


HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောမည်..


HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောမည်..

မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောခြင်းခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားအား ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် ၂ဝဝ၅ ခုနှစ်မှ စတင်၍ HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခု၊ မြို့ပေါင်း (၂၅၅) မြို့သို့စက်ဘီးဖြင့် တကိုယ်တော်ခရီးစဉ်အား ခုခံ အားကျဆင်းမှုရောဂါနှင့် ပက်သက်၍ ကြုံတွေ့ခဲ့ရသည်များကို မိဘပြည်သူများသို့ ရှင်းလင်းပြောကြားခြင်း များ ပြုလုပ်ခဲ့ပြီး ခရီးစဉ်အား ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ စတင်ထွက်ခွာမည်ဖြစ်သည်။

သူ၏အတွေး၊ သူ၏အိမ်မက်များအား အကောင် အထည်ဖော် ဖြစ်မြောက်ရေးအတွက် Srako (စရကို)သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စက်ဘီး ဝယ်ယူနိုင်ရန် အကူအညီတောင်းခံလာခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည် Srako (စရကို)၏ စိတ် ဓါတ်နှင့် လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်၊ ဇွဲလုံလတို့အား လေးစားဂုဏ်ယူသောအားဖြင့် စက်ဘီးဝယ် ယူရန်အတွက် မိဘပြည်သူတို့လှူဒါန်းထားသော အလှူငွေများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။

ယနေ့ ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် Srako (စရကို)မှ သတင်းမီဒီယာများမှတဆင့် မိဘပြည်သူသို့အား ခရီးစဉ်နှင့် ပက်သက်၍ အသိပေး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် နိုဝင်ဘာလ (၂) ရက်နေ့သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ၏ (၅၄) နှစ်မြောက်မွေးနေ့ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ရှိသော၊ အဓိပ္ပါယ်ရှိသော၊ အတိတ်နမိတ်ကောင်းများနှင့် ပြည့်စုံသော နေ့ရက်လေး ဖြစ်ပါတော့သည်။

အခမ်းအနားအား နေ့လည် (၁းဝဝ) နာရီအချိန်တွင် အစီအစဉ် (၈) ရပ်ဖြင့်ကျင်းပခဲ့သည်။ အခမ်း အနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ Srako (စရကို)နှင့် ၄င်း၏ ဖခင်ဖြစ်သူ ဦးကက်နက်ထွန်းမောင်၊ MPG (Myanmar Positive Group) ဥက္ကဌ ဦးမျိုးသန့်အောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းသူ/သား များဖြင့် စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမှူးအဖြစ် Miss Myanmar မနန်းခင်ဇေယျာမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနား မစတင်မီ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ နည်းပြဆရာ ဦးခင်မောင်လွင် (ပတ္တလား)၊ ဦးဇော်မျိုးအောင် (တယော)၊ တေးသံရှင် ဦးတင်အောင်ကျော်တို့မှ ဦးကျော်သူ၏ (၅၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုပေးခဲ့သည်။

အခမ်း အနားတွင် ဦးကျော်သူမှ Srako (စရကို)၏ ခရီးစဉ်နှင့်ပက်သက်၍ အသင်းမှ ကူညီပံ့ပိုးဖြစ်ပုံနှင့် ခရီးစဉ်မှ မိဘပြည်သူတို့အတွက်ရရှိလာမည့် အသိပညာများနှင့် အဆိုပါခရီးစဉ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နယ်ဒေသများရှိ အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ခရီးစဉ်အတွင်း လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေး နိုင်ရန် စီစဉ်မှုများအား ရှင်းလင်းပြောကြားခဲ့ရာတွင် “ကျွန်တော် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း မေတ္တာရပ်ခံထားတယ်။ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး၊ ရိုးရိုးဖျားတာဆိုရင် မခေါ်နဲ့၊ အက်ဆီးဒင့် ဖြစ်လို့ မေ့မျောနေတဲ့ အချိန်မှာဆိုရင်တောင် ရောက်တဲ့နေရာမှပဲ ရအောင်ကုပေးပါ။

ကျွန်တော် နောက်ပြန်မဆုတ်ချင်လို့ပါ။” ဟုပြောကြားခဲ့သည်။ ၂.၁၁.၂ဝ၁၃ ရက်နေ့ထုတ် (The Messenger) နေ့စဉ် ထုတ်သတင်းစာတွင်လည်း “ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံတာ မကြုံခဲ့ရဘူး” ဟူသောခေါင်းစဉ်ဖြင့် အခန်း ဆက် အင်တာဗျူးဆောင်းပါးလည်း ပါဝင်လာခဲ့သည်။ အဆိုပါ ဆောင်းပါးထဲတွင် “လူတော်တော်များများ ရဲ့ စိတ်ထဲမှာ ရှိနေကြတာက HIV ရောဂါရှိတဲ့သူကို မိန်းမလိုက်စားလို့၊ မူးယစ်ဆေးသုံးစွဲတာကိုပဲ အာရုံ ထားနေကြတယ်။ ဝေဒနာရှင်ကိုယ်တိုင်ကလည်း လူတွေကို ဖွင့်မပြောရဲဘူး။ အဲဒီတော့ ဘာဖြစ်ကြသလဲ ဆိုတော့ မလိုလားအပ်ဘဲ ကျန်တဲ့သူတွေကိုပါ ကူးစက်သွားနိုင်တယ်” ဟု မိဘပြည်သူများ သတိချပ်စရာ၊ မှတ်သားစရာ စကားစုလေးပါလာခဲ့သည်။

ထို့နောက် Srako (စရကို)၏ဖခင် ဦးကက်နက်ထွန်းမောင်နှင့် MPG ဥက္ကဌ ဦးမျိုးသန့်အောင်၊ ဒေါက်တာရဲဖြိုးကျော်၊ ကိုမျိုး(မြန်မာစာ) တို့မှ အမှတ်တရစကားများ အသီးသီးပြောကြားပေးခဲ့ပြီးနောက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ နိဂုံးချုပ် ကျေးဇူးတင် စကားပြောကြားပေးရာတွင် “မိမိတို့အနေဖြင့် HIV ဝေဒနာခံစားနေရသော ဝေဒနာရှင်များနှင့် (၃) ကြိမ်ဆုံခဲ့ဖူးကြောင်း၊ ပထမတကြိမ်တွင် သုခရိပ်မြုံမှ ဝေဒနာရှင်ကလေးများ ထားရှိရန်အတွက် အိမ်ငှါး ရန် အခက်အခဲကြုံတွေ့စဉ် ကျွန်မသူငယ်ချင်းက သန်လျင်မှသူ့အိမ်ကို မေတ္တာဖြင့် အခမဲ့ ကူညီပေးခဲ့တဲ့ အတွက် သုခရိပ်မြုံဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဦးဆုံး HIV ဝေဒနာရှင် မိဘမဲ့ကလေးငယ် ညီအစ်ကို နှစ်ယောက်ကို ဦးကျော်သူ၏ကိုယ်ပိုင်ကားနဲ့ ပုလဲမြို့သစ်မှခေါ်ဆောင်၍ သန်လျင်နေအိမ် သုခရိပ်မြုံကို ပို့ဆောင်ပေးခဲ့ဖူးတယ်။

ဒုတိယအကြိမ်ကတော့အခုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖွင့်လှစ် တည်ထောင်ထားတဲ့ HIV ဝေဒနာသည်ဂေဟာကို အစိုးရမှ ဖျက်သိမ်းခိုင်းရာတွင် ဒေါ်အောင်ဆန်းစု ကြည်မှ အကူအညီတောင်းခံလာတဲ့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ ဂီတအနုပညာရှင် များ၊ စာပေပညာရှင်များနှင့် လက်တွဲပြီး ကူညီဖေးမခဲ့ကြတဲ့အတွက် ဖျက်သိမ်းမခံခဲ့ရတော့ဘဲ ယခု Srako (စရကို)၏ ခရီးစဉ်အား တတိယအကြိမ်အဖြစ် ကူညီပေးခွင့်ရတာပါ” ဟု ပြောကြားခဲ့သည်။

အခမ်းအနား မပြီးဆုံးမီ တစ်ကိုယ်တော် စက်ဘီးစီးသမား ဦးအေးကြူ အသက် (၆၅) နှစ်သည်လည်း Srako (စရကို) အတွက် တက်ရောက်၍ အားပေးချီးမြှင့် ဂုဏ်ပြုခဲ့သည်။ အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့် သည်တော်များအား ရေခဲမုန့်များအား ရွှေငါးမောင်မောင်မှ ဒါနပြုခဲ့ပြီး ကော်ဖီ၊ မုန့်တို့အား ဦးကျော်သူမှ မွေးနေ့အလှူအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တော့သည်။

Srako (စရကို)၏ ခရီးစဉ်သည် အောင်မြင်ချောမွေ့မှုများဖြင့် ခရီးစဉ်ပြီးဆုံးသည်အထိ အောင်မြင် နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းကူညီ အားပေး စောင့်ရှောက်ကြပါရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။

(ကမ္ဘာ့ပြည်သူ/သား၊ မြန်မာ့ပြည်သူ/သားများအားလုံး ရောဂါဘေးဆိုး ကပ်အမျိုးမျိုးတို့မှ ကျော်လွှားနိုင်ကြပါစေ)

နာရေးကူညီမှုအသင်း (ရန်ကုန်)