ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယုံကြည်ချက်နဲ့  ကိုယ်ကျိုးစွန့်  အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့သူတွေကို မမေ့ကြပါနဲ့ ။

ယုံကြည်ချက်နဲ့  ကိုယ်ကျိုးစွန့်  အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့သူတွေကို မမေ့ကြပါနဲ့ ။ မမေ့ရုံတင်မက တိုင်းပြည်နဲ့  လူမျိုး အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ ဆိုတာ သူတို့ တင်မှမဟုတ် အသင်တို့ မှာလည်း အမျိုးသားရေးအဖြစ် တာဝန်ဝတ္တရားရှိပါတယ်။

တိုင်းပြည်နဲ့  လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် စွန့် လွတ်အနစ်နာခံပြီး ရဲဝန့် စွာ ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသော နိုင်ငံရေးအကျဉ်းသားအပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။


တိုင်းသူပြည်သားအပေါင်းအားလည်း အထူးမေတ္တာရပ်ခံတောင်းပန်လိုတာကတော့ မိမိတို့ အားလုံးအတွက် အာဏာရှင်တို့ ရဲ့  ကြမ်းကြုတ်ရက်စက်လှသော ထောင်များအတွင်းမှာ အနစ်နာခံ စွန့် လွှတ်လျက်ရှိကြသော နိုင်ငံရေးအကျဉ်းသား ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းတို့ ရဲ့ လေးစားဖွယ်ကောင်းသော ဆောင်ရွက်ချက်များကို မမေ့သင့်ကြဖူးဆိုရင်တော့ အာဏာရှင်နအဖကို မိမိတို့  တတ်နိုင်သည့်ဘက်များမှ ကန့် ကွက်ဆန့် ကျင်ပေးကြဖို့  လှိုက်လှဲစွာ မေတ္တာရပ်ခံလိုပါတယ်။

အာဏာရှင် နအဖရဲ့  ထောင်တွင်းမှာ အသင်တို့ ရဲ့  ရဟန်းသံဃာတွေ သားသမီးရင်သွေး ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ စက္ကန့် နဲ့ အမျှ မိနစ်ပိုင်းနဲ့ အမျှ အာဏာရှင်ရဲ့  ရက်စက်မှုကို ဒူးမထောက် လက်မမြောက်ဘဲ ရဲရဲဝန့် ဝန့်  ကြံ့ ကြံ့ ခိုင်ခိုင် တော်လှန်တိုက်ပွဲဝင်လျက်ရှိတယ်ဆိုတာ အသင်တို့ ကို အသိပေးလိုပါတယ်။

တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ စွန်လွှတ်ရဲတဲ့၊ ရဲ့ ဝန့် ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်ချက်အပြည့်နဲ့  လုပ်ရဲတဲ့သူတို့ ဟာလည်း သင်တို့ လိုဘဲ ပြည်သူထဲက ပြည်သူများပါဘဲ။ အသင်ကရော? ….

ကျွန်ုပ်တို့ အားလုံး မျှော်မှန်းတဲ့ အနာဂတ် လှပသာယာဖို့ ဆိုတာ အမိမြန်မာပြည်မှာ အာဏာရှင်များ လုံးဝဥဿုန် မရှိမှ ဖြစ်မှာပါ။

ပြည်သူအားလုံး ဒီနေ့  စုပေါင်း တော်လှန်၊ ဒီနေ့  အာဏာရှင် အမြန် ပြုတ်ကျစေရမယ်။

(ပြည်သူများအတွက် ရင်တွင်းခံစားချက် အပြည့်အ၀ဖြင့် တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့အား အထူးဂုဏ်ယူ လေးစားရပါကြောင်းနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။


နအဖရဲ့  အတုအယောင် အလိမ်အညာ ကောက်ကျစ်ဟန်ဆောင်လှည့်ဖြားမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီလိုပါဗျာ။

(တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ အား အထူးဂုဏ်ယူလေးစားရပါကြောင်းနဲ့  ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။

မျှဝေပေးပို့ပေးသူ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.....