(ဓာတ်ပုံ ၂၈.၁၀.၂၀၁၂
(တနင်္ဂနွေနေ့)တွင် မုံရွာဆိပ်ကမ်း တာရိုးပေါ်တွင် တောင်ကြည့်ပွဲပြုလုပ်ရင်း
လမ်းလျှောက်ကြစဉ် မုံရွာရဲတပ်ဖွဲ့မှ ခွင့်ပြုမိန့်မတင်သောကြောင့်ဟုဆိုကာ တားဆီးနေပုံ)
တနင်္ဂနွေနေ့ ညနေလေးနာရီတွင် မုံရွာဆိပ်ကမ်း တာရိုးတွင် ကျင်းပပြုလုပ်လေ့ရှိသည့် လက်ပံတောင်တောင်ကြည့် ပွဲတွင် တာရိုးတလျှောက် စီတန်းလမ်းလျှောက်ခွင့်လျှောက်ထားခြင်းအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ပယ်ချခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောအပတ်က တောင်ကြည့်ပွဲပြုလုပ်ရာတွင် လက်ပံတောင်းတောင် အရေး လှုပ်ရှားသူ
များမှ စီတန်; လမ်းလျှောက်ခဲ့ကြခြင်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သောကြောင့် ယခုအပတ်တွင် တရားဝင်စာတင်၍ စီတန်းလမ်းလျှောက်ခွင့် တောင်းခြင်းအား ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
ဘုရားကြီးရပ်ကွက်နေ ဦးမြင့်အောင်နှင့် ထန်းတောရပ်ကွက်နေ
ဦးအောင်မြင့်ဦးတို့က သက်ဆိုင်ရာ အာဏာပိုင်များထံ
ခွင့်ပြုမိန့်လျှောက်ထားခဲ့
ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လ
ည်ခွင့်ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၃ အရ ညီညွတ်ခြင်းမရှိခြင်း၊ လက်ပံတောင်းတောင်သည် ဆားလင်းကြီးမြို့နယ် တွင် တည်
ရှိသောကြောင့် ဆားလင်းကြီးမြို့နယ် အထွေထွေဦးစီးဌာန၏ ခွင့်ပြုချက် မပါသောကြောင့် ငြင်းပယ် လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
"အရင်အပတ်က တောင်ကြည့်ပွဲမှာ ကျွန်တော်တို့ စီတန်းလမ်းလျှောက်တယ်၊ အဲဒီမှာ
စာမတင်လို့ ခွင့်မပြုနိုင်ဘူး၊ နောက်အပတ်အတွက် စာတင်ပါ၊
ခွင့်ပြုပေးပါ့မယ်လို့ ကျွန်တော်တို့ကို တားတဲ့ ရဲ တစ်ယောက်ပြောတယ်၊ အဲဒါနဲ့
အခုအပတ်အတွက် စာတင်တယ်၊ ခွင့်မပြုဘူး၊ အပြောနဲ့လက်တွေ့ မညီဘူး" ဟု
လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။
"ဆားလင်းကြီးမြို့နယ်ကို သွားပြီး စီတန်းလမ်းလျှောက်မှာမဟုတ်ဘ
ူးလေ၊ ဒီဘက် မုံရွာဆိပ်ကမ်းကနေ လက်ပံတောင်းကို လှမ်းကြည့်မယ့်ကိစ္စကို ဆားလင်းကြီးအုပ်ချုပ်ရေးမှူ
းရဲ့
ခွင့်ပြုချက် ယူရမယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ကတော့ မနက်ဖြန် တောင်ကြည့်ပွဲ ကို ဖြစ်အောင်လုပ်မယ်" ဟု
ထပ်မံပြောကြားခဲ့သည်။
မူရင်းလင့် ..
http://www.facebook.com/photo.php?fbid=215749181890745&set=a.162439053888425.36755.161087474023583&type=1