ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲ

NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်၊ပညာဒါနကျောင်း၊ ဆရာ/ ဆရာမများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲအခမ်းအနား ကို( ၅.၁၁.၂၀၁၂ )နေ့ မနက်( ၁၀း၀၀)နာရီတွင် ရွှေဂုံတိုင်အဖွဲ့ ချုပ်ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 နယကအဖွဲ့ ဝင်ဘဘဦးတင်ဦးနှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူ များ၊ စေတနာဖြစ် သင်တန်းပို့ ချပေးသော တောတိုက်ဓမ္မတက္ကသိုလ်မှ ဆရာဦးအေးသောင်းနှင့်ဆရာ/ ဆရာမများ၊ Thinking Classroom Foundation မှ Dr. သိန်းလွင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမ အယောက်( ၂၀၀ ) ကျော် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို သီတင်းကျွတ်ကျောင်းပိတ်ရက်( ၃၁.၁၀.၁၂)မှ( ၄.၁၁.၁၂ ) ထိ ဇုံ( ၅ ) ဇုံ ခွဲ၍ ပညာရေးကွန်ရက် အတွင်းရှိ မူတတန်း နှင့် အလယ်တန်း ကျောင်း ( ၃၅ ) ကျောင်းမှ ဆရာ/ဆရာမ( ၁၈၁ ) ဦးတို့ တက်ရောက်ပြီး သင်တန်းဆရာ( ၂၅ ) ဦးတို့ မှသင်ကြားမူ အထောက်ကူပြုဘာသာရပ်များကို သင်ကြား ပို့ ချပေးခဲ့ပါသည်။ သဘာပတိ ဘဘဦးတင်ဦး၊ ဆရာဦးအေးသောင်း၊ Dr. သိန်းလွင်မှသင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။



ပညာရေးကွန်ရက် 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်