ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား? အစိုးရပိုင်စက်ရုံလား?
 အကြောင်းအရင်းမှာ ဒေါ်မို့မို့ဝင်းသည် ၄င်းစက်ရုံတွင် (စိတ်မှူး) ရာထူးဖြင့် နေ့ စဉ်ဌာနမှ ထွက်ရှိသော ဘိလပ်မြေတန်-၅၀၀ ကျော်ခန့် အား ဘိလပ်မြေရရှိသူ ကိုယ်စားလှယ်များအား သတ်မှတ် ခွဲတမ်းများအား ဖြန့် ဝေပေးရကြောင်း ၊ ယင်းသို့ ဖြန့် ဝေရာ တွင် ဒေါ်မို့မို့ဝင်းမှ သတ်မှတ်ခွဲ တမ်းများ အား ဖြန့် ဝေပေးရကြောင်း၊ ယင်းသို့ ဖြန့် ဝေရာတွင် ဒေါ်မို့မို့ဝင်း ထံသတ်မှတ်ခွဲတမ်း ရရှိသူကိုယ်စား လှယ်များမှ ၁တန်လျှင် (၅၀၀) ကျပ်နှုန်းအားတရားဝင် သဘောပေးရသည့်  အပြင်၎င်း၏ ကိုယ်ပိုင် ယာဉ်များဖြစ်သည့်  ၈ဆ/၉၆၀၆(၁၀)ဘီး ၊ ၂၈/၉၈၁၁(၁၂)ဘီးယာဉ်နှင့် ၄ဃ ၊၄၆၂၅(၂၂)ဘီးယာဉ် တို့ ဖြင့် ကိုယ်စားလှယ်များ ဘိလပ်မြေသယ်ယူသွားလိုသည့် တိုင်းနှင့် ပြည်နယ်နေရာများသို့  ယာဉ်ဌားရမ်း မည်ဆိုလျှင် ဘိလပ်မြေခွဲတမ်းအပြည့် အဝပေးပြီး ၊ ၄င်းတို့  ယာဉ်များဖြင့်မဌားရမ်းလိုဘဲ ကိုယ်စားလှယ်များမှ ၄င်းတို ၏အစီအစဉ်ဖြင့် ယာဉ်ဌားရန်မည်ဟု ပြောဆိုပါက ခွဲတမ်းအား အကြောင်းအမျိုးမျိုးပြ၍  အပြည့် အဝမပေးဘဲ ရက်ရှည်အချိန်ဆွဲထားခြင်းဖြင့် ဘိလပ်မြေထုတ်ယူလိုသည့်  ကိုယ်စားလှယ်များအနေဖြင့် ဒေါ်မို့မို့ဝင်း၏လုပ်ရပ်ကြောင့် ခရီးစရိတ်ထောင်းပြီး  အခက်အခဲနှင့် ရင်ဆိုင်နေ ရကြောင်း ဒေါ်မို့မို့ဝင်း၏ ယာဉ်ဌားရမ်းခဈေးနှုန်းများမှာလည်း ပြင်ပဈေးနှုန်းများထက် ကြီးမြင့်နေကြောင်း သို့ ဖြစ်၍  အစိုးရတာဝန်ရှိသူများအနေဖြင့် ၄င်းဘိလပ်မြေစက်ရုံ သည်ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား? အစိုးရပိုင်စက်ရုံလား? မသိဖြစ်နေရခြင်း  ဖြစ်ပါသည်။ 
                                                                              ပြည်သူတစ်ဦး