ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုင်းဒေသ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဇာတိ အင်္ဂပူမှာ အုပ်ချုပ်ရေးမှုးရွေးချယ်ရာ ပွင့်လင်းမြင်သာမှု မရှိ


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ မှာ မြို့ပေါ်(၃)ရပ်ကွက်စလုံး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာ မှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သတင်းရရှိပါသည်။ မသိနားမလည်တဲ့ ပြည်သူတွေ အပေါ် မတရားလုပ် မှုတွေ ပါဝင်နေတယ်လို့ ကြားသိရပါတယ်။ 

လက်ရှိအာဏာပိုင်တွေရဲ့ ရွေးချယ်ထားတဲ့သူများကို မဲပေးရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။ မြို့ပေါ်သြဇာ ရှိ  သူ ခရိုနီခေတ်ပျက်သဌေးများ ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လက်ကိုင်တုတ် လက်ပါးစေများ မှ မိမိတို့ သြဇာခံမည့်သူများကို ရွေးချယ်တင်မြောက်ရန် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရ ပါတယ်။ ပြည်သူ အများစု အား ဆယ်အိမ်မှုး ရွေးချယ်မည် ဟု ပြောဆိုကာ မဲပေးစေခဲ့တယ် လို့ ဆိုပါတယ်။ ဗဟုသုတ နည်း ပါးသော ပြည်သူ များမှာ ဆယ်အိမ်မှုးနှင့် တန်သူများကိုသာ ရွေးချယ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှုးရွေးဖို့ မဲထည့်ရန် စောင့်မျှော်နေချိန်မှာပဲ အုပ်ချုပ်ရေးမှုး စာရင်းများထွက်ပေါ်လာပါတယ်။ 

ဗဟုသုတနည်းပါးတဲ့ ပြည်သူတွေအပေါ်မှာ နားလှည့်ပါးရိုက်လိုက်သလိုပါပဲ။ အထက်အဆင့်ဆင့် အနေနဲ့လဲ အဆိုပါဖြစ်ရပ်များအပေါ် ဖိအားပေးတာဝန်ယူ ဖြေရှင်းခြင်း မရှိသရွေ့ ပြည်သူများ၏ ချစ်ခင်မှု၊ ယုံကြည်မှုများ ရရှိသော အစိုးရတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး….ဟု အင်္ဂပူနေ ပြည်သူတစ်ဦး အနေနဲ့ တင်ပြလိုက်ရပါတယ်။