ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"သားများသို့ ပန်ကြားလွှာ။" (ကဗျာရှင် အမေ မြန်မာပြည်)

"သားများသို့ ပန်ကြားလွှာ။"

အမေ ချစ်တဲ့ သားတို့ ရယ်
ငြိမ်းချမ်းကြပါကွယ်။
သားကြီး သမ္မတ သြရသ
အပစ်ရပ်ဖို့ အမိန့် ချ။
သားငယ် KIA လူလေးရေ
အပစ်ရပ်ဖို့ ပြောပေးလေ။
သားတို့ မငြိမ်းချမ်း ပြည်တစ်ဝှမ်း
ပြည်သူတွေမှာ စိတ်ပင်ပန်း။
မြန်မာပြည်ကြီး အေးချမ်းရင်
လူတွေ ပျော်ကြ ရွှင်။
မြန်မာပြည်ကြီး မအေးချမ်း
အမေ့ ခေါင်းမှာ သွေးတွေလွှမ်း။
ကချင်၊ ရခိုင် ၊ မွန် ၊ ဗမာ
အမေ့သားသမီးပါ။
ရှမ်း ၊ ကယား နဲ့ ချင်း ၊ ကရင် လည်း
အမေ့ သားသမီးပဲ။
ဘယ်သူတွေပဲ နာကျင်ကျင်
အမေနဲ့ ထပ်တူနာသလိုပင်။
မင်းတို့ ညီအစ်ကို
စည်းလုံးမှ
အမေစိတ်အေးရ။
ကမ္ဘာ့ အလယ် ၊ ဂုဏ်ဝင့် ထယ်
သာတူ ညီမျှခံစားမယ်။
ပြည်သူတွေပျော် ရွှင်ဖို့ 
အပစ်အခတ်တွေ ရပ်စဲလို့ 
အမေတို့ အားလုံး ငြိမ်းချမ်းစို့ ။

                                                အမေ မြန်မာပြည် ။