ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်...။ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...

 ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီမှတ်ပုံတင်ရန် သွားရောက်မည့် အဖွဲ့ချုပ်ခေါင်းဆောင်များအား ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်.. (ဓာတ်ပုံ ဒီမိုဝေယံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်.
(ဆက်သွယ် မေးမြန်းချက်)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။ လာမည့် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်တဲ့ နေရာ(၄၈)နေရာ အတွက် ယှဉ်ပြိုင်အရွေးခံမည့် အမည်စာရင်းများအား လာမည့်(၁၁)ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဖွဲ့ချုပ် ဖွဲ့စည်းပုံအားလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး သဘာပတိအဖွဲ့နဲ့ စီအီးစီ အဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်..။ 

အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များ
ဦးတင်ဦး (သဘာပတိအဖွဲ့ နာယက)
ဦးသန်းထွန်း၊
ဦးလှဖေ၊
ဦးညွှန့်ဝေ၊
ဦးဝင်းတင်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)

စီအီးစီ အဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
ဦးဥာဏ်ဝင်း၊
ဦးဟံသာမြင့်၊
ဦးထွန်းထွန်းဟိန်၊
ဦးဝင်းမြင့်၊
ဦးအုန်းကြိုင်၊
ဒေါ်မေဝင်းမြင့်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)
လစ်လပ်နေသော မဲဆန္ဒနယ် (၄၈)ခုနဲ့ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်၊ ကြေငြာခြင်း မပြုသေးတဲ့ ပြီးခဲ့တဲ့ ဇန္နဝါရီလ (၆)ရက်နေ့က ကျန်းမာရေး အခြေအနေကြောင့် နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ဦးကျော်စွာခိုင် (ယခင် စက်မှု၁ ဝန်ကြီး)နဲ့ ဦးခင်ဇော် (တနင်္သာရီတိုင်း ဒေသဝန်ကြီးချုပ်)တို့ရဲ့ လစ်လပ်သွားသော မဲဆန္ဒနယ်(၂) နေရာ ပါဝင်ပါက မဲဆန္ဒနယ် နေရာ(၅၀)ထိ လစ်လပ်မှာ ဖြစ်ပါတယ်..။

လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက  
အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...
(ပေးစာ)

နောက်ဆက်တွဲ ရရှိထားတဲ့ သတင်းတစ်ခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပပြုလုပ်တဲ့ ပညာရေးဝန်ကြီးဋ္ဌာန အဆင့်မြင့် အစည်းအဝေးတစ်ခု၌ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ မိမိတာဝန်မှ အနားယူသည့် နောက်ပိုင်းမှာ မိမိနေရာသို့ ရောက်ရှိလာမည့် နိုင်ငံခေါင်းဆောင်မှာ မိမိထက် ပိုမိုလုပ်နိုင် ကိုင်နိုင်ပြီး၊ နိုင်ငံတကာနဲ့ ဝင်ဆန့် ဆက်ဆံနိုင်သူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း ပြောဆိုသွားတယ်လို့  အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ပညာရေးဝန်ထမ်းတဦးမှ ပေးပို့လာပါတယ်..။ ထို့အတွက်ကြောင့်လည်း မိမိတို့ ပညာရေးလောကမှာ ဝမ်းသာအားတက် ဖြစ်နေရကြောင်း၊ နှစ်ပေါင်းများစွာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် အားတက်မိကြောင်း ပညာနဲ့ နိုင်ငံကို တိုးတက်အောင် အမြန်ဆုံး တည်ထောင်ရမှာ ဖြစ်ကြောင်း ရေးသား ပေးပို့လာပါတယ်..။ တခြားအတည် မပြုရသေးတဲ့ သတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိလာပါက.. အစိုးရအဖွဲ့အတွင်း ပညာရေးနဲ့ ကျန်းမာရေးအား တွဲဘက် တာဝန်ပေးအပ်မှာ  ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်..။

သတင်း၊ ဓာတ်ပုံ (ဒီမိုဝေယံ)