ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓ တက္ကသိုလ်ရှေ့မှာ ပြုလုပ်တဲ့ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ... (သတင်း၊ ဓာတ်ပုံ)

ယနေ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓ တက္ကသိုလ်ရှေ့မှာ ပြုလုပ်တဲ့ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ... (သတင်း၊ ဓာတ်ပုံ)

ယနေ့  ဇူလိုင်လ (၈)ရက် မနက် (၉)နာရီက ဗုဒ္ဓဂါယာရှိ Magadh University မှာ ပညာသင်ကြားနေကြတဲ့ မြန်မာ၊ သီရိလင်္ကာ၊ နီပေါအပါအဝင် နိုင်ငံတကာမှ စာသင်သား ရဟန်းတော်များနှင့် အိန္ဒိယနိုင်ငံသားများ ပူးပေါင်း၍ ဇူလိုင်လ (၇)ရက်နေ့က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ကန့်ကွက် ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်..။

အဆိုပါ အကြမ်းဖက်မှုရှုံချပွဲအား Magadh Universityမှ နိုင်ငံတကာမှ နိုင်ငံတကာ ကျောင်းသားများနှင့် အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၀၀ခန့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်..။

မနေ့က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲ၌ မြန်မာနှင့် တိဘက်ဘုန်းတော်ကြီး (၂)ဦးအပါအဝင် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်..။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ ဗုဒ္ဓဂါယာအနီးရှိ လမ်းအချို့အား ပိတ်ထားဆဲ ဖြစ်ပြီး အိန္ဒိယစစ်တပ်မှ လာရောက် စောင့်ကြပ်လျှက်ရှိသည်..။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံ ဖြစ်သည့် သီရိလင်္ကာသမ္မတမှ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ညံ့ဖျင်းမှုအား ဝေဖန်ပြောဆိုခဲ့သည်..။

 Magadh Universityရှေ့မှာ ပြုလုပ်တဲ့  ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအား အိန္ဒိယစံတော်ချိန် မနက်(၉)မှ စတင်ကာ ယနေ့ မနက် ၁၁နာရီထိ ကျင်းပါ ပြုလုပ်ခဲ့သည်..။

ယနေ့ ဇူလိုင်လ (၈)ရက်နေ့မှာတော့ ဗုဒ္ဓဂါယာရှိ လမ်းများအား ပိတ်ထားဆဲ ဖြစ်ပြီး မနေ့က အကြမ်းဖက် ဗုံးဖောက်မှုအတွင်း ဒဏ်ရာရသူများအား အိန္ဒိယအစိုးရ ဝန်ကြီးများမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး အကြမ်းဖက်သမားများအားလည်း အလျင်အမြန် စုံစမ်းဖော်ထုတ် ပေးမည်ဟု ကတိစကား ပြောကြားခဲ့သည်..။

ယနေ့ ညနေ(၄)နာရီမှာလည်း Magadh Universityမှ နိုင်ငံတကာ စာသင်သားများနှင့် အိန္ဒိယနိုင်ငံသားများမှ ဆုတောင်းပွဲ ပြုလုပ်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်..။

သတင်းမီဒီယာများ ယနေ့ အဆိုပါ ဆန္ဒပြပွဲအား ဆက်သွယ်မေးမြန်းလိုပါက ဗုဒ္ဓဂါယာရှိ Magadh University မှာတက်ရောက် သင်ကြားနေတဲ့ အရှင်နန္ဒာစရိယ ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉သို့
 စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။

ဓာတ်ပုံ... အရှင်နန္ဒာစရိယ
သတင်း...  ဒီမိုဝေယံ